#Health_Matters
++++++++++++++++++++++
Published - 25 March 2023
-ကျန်းမာရေးအတွက် ရေဟာ ဘယ်လောက်အရေးကြီးပါသလဲ??
#YMG#Yangon_Media_Group
#Local_News
Published_ 25 March 2023
ဧရာဝတီတိုင်းဒေသကြီး၊ကြံခင်းမြို့အနီးတွင် မတ်လ(၂၅)ရက်နေ့လည်ပိုင်းက အင်အားရစ်(ခ်)တာစကေး(၄.၀)အဆင့်ရှိငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊မြေငလျင်ဌာနခွဲ၏ထုတ်ပြန်ချက်အရသိရသည်၊၊
ထုတ်ပြန်ချက်တွင် မတ်လ (၂၅) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၃)နာရီ၊ (၂၁)မိနစ်၊ (၄၉)စက္ကန့် အချိန်တွင် ဂွမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၆၆) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ကြံခင်းမြို့၏ အနောက်မြောက်ဘက် (၄) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၈.၃၇) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၁၉)ဒီဂရီ၊ အနက် (၅၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၀)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်းဖော်ပြထားသည်၊၊
အခုလပိုင်းအတွင်းစစ်ကိုင်းတိုင်းအပါအဝင် ဒေသအချို့တွင်မြေငလျင်ငယ်များ၊မြေငလျင်လတ်များ မကြာခဏလှုပ်ခတ်လေ့ရှိပြီး ပြတ်ရွေ့ကြောပေါ်ရှိဒေသများ၌တစ်ကျော့ပြန်ငလျင်ကြီးများလည်းလှုပ် ခတ်နိုင်သည့်အတွက် သတိပြုနေထိုင်ကြရန်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊မြေငလျင်ဌာနခွဲ၊တာဝန်ရှိသူများထံမှသိရသည်၊၊
ymg/tthl
Yangon_Media_Group
#LocalNews
Published_ 25 March 2023
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ သာဂရအမြန်လမ်းမီးသတ်စခန်းအပိုင်တွင် မတ် ၂၄ ရက်နံနက်က အိမ်စီးကားတိုင်းရော့ဒ်ပြုတ်ထွက်၍ လမ်းဘေးရှိ ယူကစ်ပင်အား ဝင်တိုက်မိခဲ့သည်ဟု အမြန်လမ်းမီးသတ်စခန်းမှ သိရသည်။
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ သာဂရအမြန်လမ်းမီးသတ်စခန်းအပိုင် မိုင်တိုင်အမှတ် ၁၆၈/၆ နှင့် ၁၆၈/၇ ကြားတွင် ရန်ကုန်ဘက်မှနေပြည်တော်ဘက်သို့ မောင်းနှင်လာသည့် CLAZ(အဖြူရောင်)အိမ်စီးကား မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အမျိုးသား ၂ ဦးနှင့်အမျိုးသမီး ၃ ဦးလိုက်ပါလာသည့် အိမ်စီးကားသည် အခင်းဖြစ်နေရာ၌ ရှေ့မှသွားနေသည့်ကားအားကျော်တက်စဉ် ရှေ့ညာဘက်တိုက်လော့ပြုတ်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးမြေသားလမ်းရှိ ယူလစ်ပင်အား ဝင်တိုက်မိခဲ့ကြောင်း သိရသည်။
ထို့ပြင် ထိခိုက်ဒဏ်ရာများရရှိခဲ့သည့် အမျိုးသား ၂ ဦးနှင့်အမျိုးသမီး ၂ ဦးတို့အား နေပြည်တော်ကုတင်(၁၀၀၀)သို့ ပို့ဆောင်ပေးခဲ့ကြပြီး ကားမောင်းသူအား သာဂရအမြန်လမ်းရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ymg/ppk
#Yangon-Media-Group

#LocalNews
Published_ 25 March 2023
မတ်လ ၃၁ နေ့နောက်ဆုံးထားကာဖေါင်းကြွနံပါတ်ပြားတွေပြောင်းလဲတပ်ဆင်ဖို့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကနည) ကထုတ်ပြန်ထားသည်။
ဖောင်းကြွနံပါတ်ပြားကို ပိုင်ရှင်ကိုယ်တိုင်လျောက်ထားပါကကျပ် ၉၀၀၀ ပဲကျသင့်မယ်လို့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကနည) က ဆိုသည် ။
ပွဲစားတွေနဲ့မလုပ်ဘဲ ဖောင်းကြွနံပါတ်ပြား အသစ်လဲလှယ်လိုသူတွေအနေဖြင့် ကိုယ်တိုင်ဖြစ်စေ၊ စိတ်ချယုံကြည်ရသူ ဆွေမျိုးသားချင်း တပည့်မြေးတစ်ဦးဦးကိုဖြစ်စေ ယာဉ်မှတ်ပုံတင် စာအုပ် သက်သေခံ လက်မှတ်တို့တကွ စေလွှတ်ဆောင်ရွက်မည်ဆိုပါကဖောင်းကြွနံပါတ်ပြားဖိုး ကျပ် ၉၀၀၀ သာ ကျသင့်မယ်လို့သိရသည်။
ပိုင်ရှင်ကိုယ်တိုင် လာရောက်သူတွေအတွက် သီးသန့်ကောင်တာဖွင့်ထားကြောင်းထုတ်ပြန်ထားသည်။
လူမှုကွန်ယက်တွေမှာ တရားမဝင် ကြေညာဆောင်ရွက်နေတဲ့ အကျိုးဆောင် ပွဲစားတွေနဲ့လည်း မလုပ်ကြရန်ထုတ်ပြန်ချက်ထဲ ဖော်ပြထားသည်။
ymg/ppk
#Yangon-Media-Group
#LocalNews
Published_ 25 March 2023
ထိုင်း မြန်မာနယ်စပ်ချစ်ကြည်ရေးတံတားကို ကိုဗစ်ကာသုံးနှစ်ကျော်ကြာပိတ်ထားပြီး ၂၀၂၃ ခုနှစ်ဇန်နဝါရီလမှာ ပြန်လည်ဖွင့်လှစ်ခဲ့တာဖြစ်သည်။ယခုမနက်တိုက်ပွဲဖြစ်ပွားမးကြောင့် အဆိုပါချစ်ကြည်ရေးတံတားကို ယာယီပြန်ပိတ်ထားကြောင်း ဒေသခံများက YMG ကိုပြောသည်။
တိုက်ပွဲဖြစ်ပွားမူကြောင့် မြဝတီ မြို့တွင်းမှ အာရှလမ်းမကြီးကို ယာဉ်သွားလာမူပိတ်ထားပြီး လူနေရပ်ကွက်အတွင်းမှတစ်ဆင့် သွားလာနေကြကြောင်း ဒေသခံများရဲ့ပြောကြားချက်အရသိရသည်။
ယနေ့ နံနက် (၆) နာရီဝန်းကျင်အချိန်မှ စတင်ကာ မြဝတီ နယ်စပ်ကုန်သွယ်ရေးဇုန်နှင့် သင်္ဃန်းညီနောင် ရဲစခန်းအနီးတဝိုက်တွင် တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်ပြီး မြဝတီမြို့ပေါ်ရပ်ကွက်အချို့ရှိ လမ်းများပါ ပိတ်ထားကြောင်း မြဝတီမြို့ခံအချို့က ပြောသည်။တိုက်ပွဲကြောင့် မြဝတီ - ကော့ကရိတ်လမ်းပိုင်းတွင်လည်း မိုင်းထောင်ဖောက်ခွဲမှုကြောင့် လမ်းပိုင်းနေရာအချို့တွင် ပျက်စီးမှုများရှိကြောင်း သိရသည်။
ymg/ynzw
#Yangon_Media_Group
#LocalNews
Published_ 25 March 2023
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် နိုင်ငံ၏ဂျီဒီပီ ၃ ဒသမ ၄ ရာခိုင်နှုန်းသို့တိုးတက်လာခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
မတ်လ ၂၄ ရက်က ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးပြုလုပ်ရာတွင် ယင်းက အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
၂၀၂၀ ပြည့်နှစ် ကိုဗစ် - ၁၉ ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ နိုင်ငံ့စီးပွားရေး တဖြည်းဖြည်းကျဆင်းလာခဲ့ရာ၂၀၂၀- ၂၀၂၁ ခုနှစ်ဘဏ္ဍာရေးနှစ် တွင် နိုင်ငံ၏ ဂျီဒီပီသည် အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း၊ သို့သော်လည်း စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့ခြင်းကြောင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် အောက်တိုဘာမှ မတ်လအထိ ပထမခြောက်လပတ် ကာလတွင် နိုင်ငံ၏ဂျီဒီပီမှာ ၂ ဒသမ ၄ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ကာ အနုတ် ၅ ဒသမအ ၉ ရာခိုင်နှုန်းမှ အပေါင်း ၂ ဒသမ ၄ ရာခိုင်နှုန်းအထိ တိုးတက်လာကြောင်း၊၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ၃ ဒသမ ၄ ရာခိုင်နှုန်းသို့တိုးတက်လာခဲ့ပြီး ဆက်လက်ပြီးတိုးတက်မှုများရှိမည်ဟု ဘဏ္ဍာရေးဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ခန့်မှန်းထားကြကြောင်းလည်း ၎င်းကပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံရေးအရ နိုင်ငံတော်ကို အရေး ပေါ်ကြေညာပြီး တာဝန်ယူဆောင်ရွက်ချိန်တွင် နိုင်ငံရေးအရ သဘောထားမတိုက်ဆိုင် သည့် အချို့သောပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းတစ်ချို့က အစိုးရ၏အုပ်ချုပ်မှု ယန္တရားနှင့် ဘဏ်လုပ်ငန်းစနစ်များ ပြိုလဲစေရန်အတွက် ရည်ရွယ်ချက်ရှိရှိဖြင့် ထိုးနှက်တိုက်ခိုက်မှုများကိုပြုလုပ်ခဲ့ကြသည့်အတွက် ထိခိုက်ပြိုလဲမှုများ မဖြစ်ပေါ်စေရေး ထိန်းသိမ်းဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းတွင် လည်ပတ်သုံးစွဲငွေများ ပုံမှန်အတိုင်း ပြန်လည်ဖြစ်ပေါ် ခဲ့ကြောင်း ယင်းက ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်သည့် အခြေအနေကောင်းများကို ပိုင်ဆိုင်ထားရှိပြီးဖြစ်ကြောင်း၊အများစုမှာ စပါးကိုစိုက်ပျိုးကြပြီး မိုးစပါး စိုက်ဧကမှာ ၁၅ သန်းခန့်ရှိပြီး နွေစပါးစိုက်ဧကမှာ ၃ သန်းခန့်ရှိပြီး မိုးစပါးစိုက်ဧက ၁၅ သန်းတွင် လယ် ၁၃ ဒသမ ၂ သန်းကျော်ရှိကြောင်း၊ ကျန်စိုက်ပျိုးမှုများမှာ ယာ၊ တောင်ယာ၊ အခြားမြေများဖြစ်ရာ ယင်း ၁၃ ဒသမ ၂ သန်းအနက် တစ်သီးသာ စိုက်သည့်မြေ ဧက ၅ သန်းခန့်ရှိနေကြာင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group



#World_Politics
Published 25 March 2023
ဗြိတိန်ဘုရင်ဖြစ်ပြီးနောက် ပထမဆုံးအကြိမ်နိုင်ငံခြားလည်ပတ်မှုအဖြစ် ပြင်သစ်နိုင်ငံသို့ သွားရောက်ရန်စီစဉ်ထားတဲ့ ချားလ်စ်ဘုရင်ရဲ့ခရီးစဉ်ဟာ သောကြာနေ့က ရွှေ့ဆိုင်းလိုက်ရပါတယ်။
အကြောင်းအရင်းကတော့ ပြင်သစ်မှာ နေရာအနှံ့လူထုမငြိမ်မသက်ဖြစ်နေကြတာကြောင့် ဖြစ်ပါတယ်။
ဗြိတိန်ဘုရင်ရဲ့ခရီးစဉ်ဟာ အင်္ဂလန်နဲ့ပြင်သစ်ကြား သဟဇာတဆက်ဆံရေး ကဏ္ဍအသစ်အထိမ်းအမှတ်အဖြစ် ကျင်းပဖို့ရည်ရွယ်ထားတာဖြစ်ပါတယ်။
ထိုခရီးစဉ်အတွင်း ဗာဆေးလ်ရှိ တော်ဝင်နန်းတော်ဟောင်းမှာ ဧည့်ခံစားသောက်ပွဲပြုလုပ်မှာ ဖြစ်တဲ့အပြင် ဝိုင်ထွက်ရှိရာ ဘော်ဒိုးကိုလည်း သွားရောက်ရမှာဖြစ်ပေမယ့် ထိုနေရာတွေမှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေကာ လူအုပ်ကြီးက အဆောက်အအုံတွေကို မီးရှို့ပြီး ရဲတွေကိုတိုက်ခိုက်နေကြပါတယ်။
ခရီးစဉ်ရွှေ့ဆိုင်းရမှုက ချားလ်စ်အတွက် စိတ်ပျက်စရာဖြစ်ရသလို ပြင်သစ်သမ္မတ'အီမန်နျူယယ်မက်ခရွန်'အတွက်လည်း အရှက်ရစရာဖြစ်ရပါတယ်။
ဘုရင်နဲ့ဘုရင်မတို့က အလည်အပတ်ခရီးသွားဖို့ အရမ်းမျှော်လင့်ထားကြတာပါလို့ ဘက်ကင်ဟမ်နန်းတော်မှ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
ပြင်သစ်သမ္မတနဲ့ စကားပြောဆိုခဲ့တဲ့အကြောင်း ယူကေဝန်ကြီးချုပ်က ဘုရင်ကိုအသိပေးခဲ့ကာ ပြင်သစ်သမ္မတက ခရီးစဉ်ရွှေ့ဆိုင်းဖို့အကြံပြုခဲ့သလို ဘုရင်ကလည်း ဝန်ကြီးချုပ်ရဲ့အကြံဉာဏ်ကို နားလည်သဘောပေါက်ကို ရွှေ့ဆိုင်းဖို့လက်ခံခဲ့ပါတယ်။
ချားလ်စ်က သူ့ကြင်ယာတော်'ကာမယ်လာ'နဲ့အတူ ပထမဆုံးနိုင်ငံခြားခရီးစဉ်အဖြစ် ပြင်သစ်ကိုအရင်ဆုံးသွားရောက်ပြီး ဂျာမနီသို့ဆက်လက်သွားရောက်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။
ချားလ်စ်က လွှတ်တော်အမတ်များနဲ့ မိန့်ခွန်းပြောကြားဖို့လည်း စီစဉ်ထားကာ ဘော်ဒိုးကိုဆက်လက်သွားရောက်မှာဖြစ်ပါတယ်။
မက်ခရွန်အစိုးရအဖွဲ့က ပင်စင်ဥပဒေကြမ်းတစ်ရပ်နဲ့ပတ်သက်ပြီး အယုံအကြည်မရှိမဲခွဲရာမှာ ပွတ်ကာသီကာဖြင့် ဆက်လက်တည်မြဲနေတာဖြစ်ပါတယ်။
အရင်ခေတ်အဆက်ဆက်က သွားလာလည်ပတ်လို့ကောင်းတဲ့ ပြင်သစ်နေရာတွေမှာ အခုဆိုရင် ဆူပူအုံကြွနေကြပြီလို့ ပြင်သစ်နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း'ပီတာရစ်ကတ်စ်'က Sky News ထံပြောကြားခဲ့ပါတယ်။
ပြင်သစ်အတွက် အလွန်ခက်ခဲတဲ့အနေအထားဖြစ်နေတာကို ဘက်ကင်ဟမ်နန်းတော်လည်း ရှင်းရှင်းလင်းလင်း သဘောပေါက်မှာပါလို့ ဆိုပါတယ်။
အခုလိုရွှေ့ဆိုင်းလိုက်ရတဲ့အတွက် အနာဂတ်မှာ တွေ့ဆုံလို့ရမယ့်နေ့ရက်ကို နှစ်ဖက်စလုံးမှ မျှော်လင့်နေပါတယ်။
"သူတို့နှစ်ယောက်တွေ့ဆုံဖို့အတွက် လပေါင်းများစွာကြာမြင့်နိုင်ပြီး ပြင်သစ်မှာ အခြေအနေတွေ တည်ငြိမ်သွားတဲ့အချိန်မှဖြစ်ပါလိမ့်မယ်၊ အဲဒီအချိန်ရောက်လာရင်တော့ တကယ်ကိုအောင်ပွဲခံဆင်နွှဲကြမှာပါ" လို့ ရစ်ကတ်စ်က ပြောပြသွားပါတယ်။
Source: Reuters
#Yangon_Media_Group
Published 25 March 2023
အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ်နောက်ထပ် စီးပွားရေးအရေးယူပိတ်ဆို့မှုအသစ်တွေထပ်မံပြုလုပ်ကြောင်း ကြေညာခဲ့ပါတယ်။ ဒီတစ်ခါမှာ မြန်မာ့တပ်မတော်ကို ဂျက်လောင်စာဆီ ပေးသွင်းနေတဲ့ ကုမ္ပဏီတွေကို ပစ်မှတ်ထား အရေးယူတာဖြစ်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ကြေညာချက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ရေးသားပါတယ်။
အဲဒီအရေးယူမှုမှာ လူပုဂ္ဂိုလ်နှစ်ဦးနှင့် ကုမ္ပဏီ (၆)ခုပါရှိတယ်လို့လည်း သတင်းကဆိုပါတယ်။
အဲဒီကုမ္ပဏီတွေက Asia Sun Group ၊ Asia Sun Trading Co. Ltd၊ Cargo Link Petroleum Logistics Co. Ltd ၊ Star Sapphire Group of Companies ၊ Star Sapphire Trading Company Limited နှင့် STAR SAPPHIRE GROUP PTE. LTD.တို့ဖြစ်ကြပါတယ်။ လူပုဂ္ဂိုလ်နှစ်ဦးကတော့ ဦးထွန်းမင်းလတ်နှင့်ဇနီးဖြစ်သူ ဒေါ်ဝင်းမင်းစိုးတို့ဖြစ်ကြတယ်လို့ ကြေညာချက်မှာဖော်ပြထားပါတယ်။
ယခုအရေးယူပိတ်ဆို့မှုဟာ အမေရိကန် ပြည်ထောင်စုနှင့် အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေများစွာထဲက နောက်ဆုံးချမှတ်မှုဖြစ်ပါတယ်။
အရေးယူပိတ်ဆို့မှုတွေရှိနေသော်ငြားလည်း မြန်မာနိုင်ငံရဲ့စီးပွားရေးဟာ တိုးတက်လာနေတယ်လို့ နစက,က ပြောဆိုနေပါတယ်။
မြန်မာနိုင်ငံရဲ့ ဂျီဒီပီဟာ အနှုတ်၅ ဒသမ ၉ ရာခိုင်နှုန်းမှ အပေါင်း ၂ ဒသမ ၄ ရာခိုင်နှုန်းအထိ တိုးတက်လာပြီး ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်တွင်မြန်မာ့စီးပွားရေးသည် ၃ ဒသမ၄ ရာခိုင်နှုန်းသို့ တိုးတက်လာခဲ့တယ်လို့ နစက ဥက္ကဋ္ဌက မတ်၂၄ ရက်နေ့ကကျင်းပတဲ့ အစည်းအဝေးတစ်ခုမှာ ထုတ်ဖော်ပြောဆိုထားပါတယ်။
-ymg/knl
#မြန်မာနိုင်ငံအပေါ်အမေရိကန်ကစီးပွားရေးပိတ်ဆို့ကန့်သတ်မှုအသစ်ထပ်လုပ်
#မြန်မာစီးပွားရေးတိုးတက်
#YangonMediaGroup
#World_Health
Published 25 March 2023
လှုပ်ရှားလေ့ကျင့်ခန်းအမျိုးမျိုးက ကျန်းမာရေးအကျိုးကျေးဇူးတွေရရှိကြောင်း လေ့လာတွေ့ရှိထားပေမယ့် တစ်မျိုးကတော့ အားနည်းချက်ရှိနေပါတယ်။
တာဝေးပြေးခြင်းက မျက်နှာပိန်လှီပြီး အိုမင်းသွားနိုင်တယ်လို့ နယူးယော့ခ်အခြေစိုက် ပလတ်စ်တစ်ခွဲစိတ်ဆရာဝန်ဒေါက်တာ'ဂျရဲလ်အင်ဘာ'က ဗီဒီယိုမှာပြောကြားလိုက်ပါတယ်။
ဗီဒီယိုထဲမှာ အင်ဘာက အိုမင်းရင့်ရော်ခြင်းကို ကာကွယ်တဲ့အကြောင်းနဲ့ ရင့်ရော်ခြင်းကိုမြန်စေတဲ့အကြောင်းတို့ကို နှိုင်းယှဉ်ဆွေးနွေးခဲ့ပါတယ်။
တာဝေးပြေးခြင်းက မျက်နှာပိန်လျားပြီး ရင့်ရော်စေကာ ဒူး၊ ခြေကျင်းဝတ်၊ နောက်ကျောတို့ ထိခိုက်ပျက်စီးစေပါတယ်။
တာဝေးပြေးခြင်းကို အကြံမပြုပေမယ့် တစ်ပတ်ကို မကြာခဏ တာတိုပြေးခြင်းကိုတော့ အင်ဘာက အကြံပြုထားပါတယ်။
အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ရန်နဲ့ ခန္ဓာကိုယ်လေ့ကျင့်ခန်းအတွက် အေရိုးဗစ်က အကောင်းဆုံးလေ့ကျင့်ခန်းလို့ ဆိုပါတယ်။
ပြေးခြင်းလို ပြင်းထန်တဲ့လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ ဓာတ်တိုးဖိစီးမှုတွေကို တိုးများစေကြောင်း နယူးယော့ခ်ရှဝိုင်ဂါအရေးပြားဌာနမှ ဒေါက်တာ'ရေချယ်နာဇာရီယန်'က ပြောပြခဲ့ပါတယ်။
အရေပြားပေါ်မှာ ဓာတ်တိုးဖိစီးမှုဖြစ်ပေါ်လာပါက အိုမင်းရင့်ရော်ပုံပေါက်လာပြီး ကော်လာဂျင်နဲ့ အီလက်စ်တင်တို့ပြိုကွဲကာ အရေပြားတွဲကျလာကြပါတယ်။
ဒါ့အပြင် အပြင်ဘက်မှာ ပြေးခြင်းက နေရောင်ခြည်ထိတွေ့မှု ပိုများတာကြောင့် ခရမ်းလွန်ရောင်ခြည်က DNA ထိခိုက်ပျက်စီးကာ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာဖြစ်ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#LocalNews
Published_ 25 March 2023
ကရင်ပြည်နယ်မြဝတီမြို့ ကုန်သွယ်ရေးဇုန်အနီးမှာ မတ်ဘ ၂၅ ရက်နေ့မနက်အစောပိုင်းက လက်နက်ကြီးပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတချို့က YMG ကိုပြောကြားခဲ့သည်။
လတ်တလော စုံးစမ်းထားသည့်သတင်းများအရ မည်သည့်အဖွဲ့က ပစ်ခတ်သည်ကိုမသိရှိသေးခြေ လက်ရှိမှာ ကုန်သွယ်ရေးဇူန်ကို ခေတ္တပိတ်ထားပြီး ကုန်သွယ်ရေးဇုန်နဲ့ သဃန်းညီနောင်ကြားက အာရှလမ်းကိုယာဉ်အသွားအလာပိတ်ထားကြောင်းသိရှိရပါသည်။
ymg/ynzw
#Yangon_Media_Group

\




#LocalNews
Published _25 March 2023
ဖမ်းဆီးမိသည့် လိုင်စင်မဲ့မော်တော်ယာဉ်များကို ဖျက်ဆီးဆောင်ရွက်နေဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မတ်လ ၂၄ ရက်တွင် ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပစဉ် ထည့်သွင်း ပြောကြားခဲ့သည်။
မော်တော်ယဉ်စည်းကမ်းထိန်းသိမ်းမှုနှင့်ပတ်သက်၍ လိုင်စင်မဲ့မော်တော်ယာဉ်များပပျောက်စေရေး နိုင်ငံတော်အနေဖြင့် စီမံချက်ချ၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ဖမ်းဆီးရမိသည့် မော်တော်ယာဉ်များကိုလည်း ဖျက်ဆီးဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ တရားမဝင်တင်သွင်းမှု၊ ရောင်းချမှုနှင့် စီးနင်းမှုများမဖြစ်စေရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
လိုင်စင်မဲ့ မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ တင်သွင်းခြင်း၊ ရောင်းချခြင်းနှင့် စီးနင်းခြင်းများကြောင့် နိုင်ငံတော်၏ အခွန်ငွေများကိုထိခိုက်စေသည့်အပြင် အကြမ်းဖက်လုပ်ရပ်များ လုပ်ကိုင်ရာတွင် အဆိုပါလိုင်စင်မဲ့ယာဉ်များကို အသုံးပြုခြင်းကြောင့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှုလုပ်ငန်းစဉ်များကို ထိခိုက်စေလျက်ရှိကြောင်းလည်း ဆိုသည်။
ယင်းကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စနစ်တကျကြပ်မတ်ဆောင်ရွက်ရေးနှင့် ယာဉ်နံပါတ်ပြားများကိုလည်း ပုံစံသစ်လဲလှယ်တပ်ဆင်အသုံးပြုရေးတို့အတွက် ကြပ်မတ်ရန် ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများအား ပြောကြားခဲ့သည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published _25 March 2023
နိုင်ငံရေးပါတီတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်များ လာရောက်လျှောက်ထားလျက်ရှိရာတွင် မတ်လ ၂၄ ရက်တစ်နေ့တည်း ပါတီ ၁၂ ခုထိ လျှောက်ထားခဲ့ကြရာ မှတ်ပုံတင်လျှောက်သည့် ပါတီ ၅၂ ပါတီ ရှိလာပြီဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ စာရင်းများအရ သိရသည်။
မတ်လ ၂၄ ရက်က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုသော ( ၁ ) ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ( ၂ ) နာဂအမျိုးသားပါတီ [Naga National Party (NNP)( ၃ ) မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီ THE 88 GENERATION STUDENT YOUTHS (UNION OF MYANMAR) PARTY( ၄ ) “ဝ”အမျိုးသားပါတီ (WA NATIONAL PARTY)( ၅ ) ဓနုအမျိုးသားများအဖွဲ့ချုပ်ပါတီ (DNOP)( ၆ ) ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီTHE UNION OF MYANMAR FEDERATION OF NATIONAL POLITICS PARTY( ၇ ) ပြည်သူ့ပါတီ (People's Party)( ၈ ) မြန်မာနိုင်ငံတောင်သူလယ်သမား အလုပ်သမား ပြည်သူ့ပါတီ( ၉ ) အမျိုးသမီးပါတီ (မွန်)(၁၀) မြိုတိုင်းရင်းသားပါတီ(၁၁) ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (Zomi Congress for Democracy Party)(၁၂) ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ (Danu National DemocracyParty)တို့ လျှောက်ထားခဲ့ကြခြင်းဖြစ်သည်။
ယင်းကြောင့် ဖေဖော်ဝါရီလ ၁ ရက်မှ မတ်လ ၂၄ ရက်ထိ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ လျှောက်ထားသော ပါတီ ၈ ပါတီ၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ လျှောက်ထားသော ပါတီ ၄၄ ပါတီဖြစ်၍ စုစုပေါင်း ၅၂ ပါတီ ရှိပြီ ဖြစ်ကြောင်း သိရသည်။
ယင်း ၅၂ ပါတီတွင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီ ၁၂ ပါတီ နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီ ၄၀ ပါတီဖြစ်ပြီး၊ အဆိုပါ ပါတီများကို တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ymg/mt
#Yangon_Media_Group
Page 1168 of 1854