#Local_News
Published-2 October 2023

တောင်ကိုရီးယားဘာသာအရည်အချင်းစစ် အထူးသီးသန့်စာမေးပွဲ(Special EPS- TOPIK)မှာ မသမာတဲ့နည်းနဲ့ ဝင်ရောက်ဖြေဆိုလျှင် ဖြေဆိုခွင့် ၄နှစ်ကြာပိတ်ပင်ခံရမည်ဟု အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA-EPS) က ကြေညာထားသည်။

 

တောင်ကိုရီးယားဘာသာအရည်အချင်းစစ် အထူးသီးသန့်စာမေးပွဲကို အောက်တိုဘာလ ၄ ရက် မှ ၂၀ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး လူဦးရေ ၁၇၀၀ နီးပါး ဝင်ရောက်ဖြေဆိုသွားမ ည်ဟုသိရပြီး ကိုးရီးယားဘာသာအရည်ချင်းစစ် အထူးသီးသန့်စာမေးပွဲဖြေဆိုမည့်သူများသိရှိလိုက်နာရန်အချက် များနှင့်ပတ်သက်၍ (POEA-EPS)က အသိပေးထားခြင်းဖြစ်သည်။

 

စာမေးပွဲဖြေဆိုချိန်တွင် မမှန်မကန်နည်းဖြင့်ပြုလုပ်နိုင်မည့် စက် ပစ္စည်းများ၊ ယူဆောင်ခွင့်မရှိကြောင်းနှင့် စာမေးပွဲ အတွင်းမမှန်ကန်သည့် အပြုအမူများ၊ လုပ်ဆောင်ခဲ့လျှင်ဖြေဆိုခွင့်အား (၄)နှစ်ကြာ ပိတ်ပင်ခံရမည်ဟု အသိပေးထားသည်။

 

သို့​ဖြစ်ပါ၍ဖြေဆိုခွင့်ပိတ်သည့် အရေးယူမယ့်ကာလသည် ယခင်စာမေးပွဲများထက် ပို၍ ဖြေဆိုသူများအနေဖြင့် မှန်မှန်ကန်ကန်ဖြေဆိုကြရန် အကြံပြုထားသည်။

 

ထို့အတူစာမေးပွဲဖြေဆိုခွင့်လျှောက်ထားရာတွင်လည်း အမည်၊ မွေးသက္ကရာဇ် ၊ နိုင်ငံကူးလက် မှတ်စသည့်အချက် များသည် နိုင်ငံကူးလက် မှတ်တွင်ပါရှိသော အချက်အလက် များနှင့် တူညီရန်လိုအပ်ပြီး ကွဲလွဲမှုရှိခဲ့လျှင် အပြီးသတ်အောင်စာရင်းတွင်ပါဝင်ခြင်းနှင့် အလုပ်ခွင်ဝင်ရောက်ခွင့်ရရှိမည်မဟုတ်ကြောင်း အသိပေးထားသည်။

 

Photo-(POEA-EPS)
#Local_News #ကိုရီးယားဘာသာ #အထူးသီးသန့်စာမေးပွဲ #ဖြေဆိုခွင့် ၄ နှစ်ပိတ်ခံရ #Yangon_Times/PP