#Local_News
Published_ 2 October 2023


အာရှအားကစားပြိုင်ပွဲတွင် အမျိုးသားလေးယောက်တွဲ ပိုက်ကျော်ခြင်းပွဲစဉ်၌မြန်မာအသင်းက ဗီယက်နမ်အသင်းကိုအနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ သိရသည်။

 

မြန်မာ( လေးယောက်တွဲ ) အမျိုးသားပိုက်ကျော်ခြင်းအသင်းသည်အုပ်စုအတွင်းမှာ အင်ဒိုနီးရှားတစ်သင်းကိုသာရှုံးနိမ့်ထားပြီး လာအိုအသင်းနှင့် ဗီယက်နမ်အသင်းတို့ကို အနိုင်ရရှိခဲ့ခြင်းကြောင့် အောက်တိုဘာလ ( ၃ ) ရက်နေ့လည် ( ၁၂ ) နာရီခွဲအချိန်တွင် ‌ဆီမီးဖိုင်နယ်ပွဲစဉ်ကို ဆက်လက်ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။

 

မြန်မာပိုက်ကျော်ခြင်းအသင်းသည် အုပ်စုဒုတိယနေရာမှထိုက်ထိုက်တန်တန် အုပ်စုတက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

 

#Local_News #မြန်မာပိုက်ကျော်အသင်း #ဆီမီးဖိုင်နယ်တက်ပြီ  #tthl #Yangon_Times