#World_News
Published_ 30 May 2023
မြောက်ကိုရီးယားအနေနဲ့ ဇွန်လအတွင်း ထောက်လှမ်းရေးစပိုင်ဂြိုဟ်တုတစ်လုံး လွှတ်တင်သွားမယ်လို့ အတည်ပြုပြောကြားလိုက်ပါတယ်။
အမေရိကန်နဲ့ သူ့ရဲ့မဟာမိတ်တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို အချိန်နဲ့တပြေးညီ စောင့်ကြည့်ရန် ကင်းထောက်ဂြိုဟ်တုလိုအပ်ကြောင်း မြောက်ကိုရီးယားကပြောကြားခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက မေလ ၃၀ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။
ပြုံယမ်းက ဂြိုဟ်တုလွှတ်တင်လာနိုင်ချေရှိကြောင်း ဂျပန်ဘက်က ပြောကြားလာသလို တကယ်တမ်းကတော့ မြောက်ကိုရီးယားက ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဖီဆန်တဲ့ ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုမျိုး စီစဉ်နေတာဖြစ်နိုင်တယ်လို့ ဂျပန်က သတိပေးလိုက်ပါတယ်။
စစ်ရေးကင်းထောက်ဂြိုဟ်တုနံပါတ် ၁ ကို ဇွန်လမှာ လွှတ်တင်သွားမယ်လို့ အာဏာရပါတီဗဟိုစစ်ကော်မရှင် ဒုဥက္ကဌ'ရီပြုံချောလ်'ရဲ့ပြောကြားချက်ကို မြောက်ကိုရီးယားနိုင်ငံပိုင် ဗဟိုသတင်းအေဂျင်စီက ကိုးကားဖော်ပြခဲ့ပါတယ်။
အသစ်စမ်းသပ်မယ့် ထောက်လှမ်းရေးဂြိုဟ်တုက အမေရိကန်နဲ့ လက်အောက်ခံတပ်များရဲ့ အန္တရာယ်ပြုစစ်ဘက်ဆိုင်ရာလုပ်ရပ်များကို ခြေရာခံစောင့်ကြည့်ရန်နဲ့ အချိန်နဲ့တပြေးညီ သိရှိစေရန်အတွက် မရှိမဖြစ်လိုအပ်တယ်လို့ ဖော်ပြထားပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ မဆင်မခြင်မှုများကို ရည်ရွယ်ကာ မြောက်ကိုရီးယားအနေနဲ့ ကာကွယ်ရေးနဲ့ တိုက်ခိုက်ရေးလက်နက်အမျိုးမျိုး မြှင့်တင်ရန်၊ အချက်အလက်များ ပိုမိုသိရှိရန်၊ စစ်ရေးပြင်ဆင်မှုများမြှင့်တင်ရန် လိုအပ်နေတယ်လို့ခံစားရကြောင်း ရီပြုံချောလ်က ဆိုလိုက်ပါတယ်။
ကိုရီးယားကျွန်းဆွယ်နဲ့ အနီးတဝိုက်မှာ အမေရိကန်တို့ ရန်ဆောင်တဲ့လေကြောင်းလျှို့ဝှက်လှုပ်ရှားမှုများ လုပ်ဆောင်နေတယ်လို့လည်း စွပ်စွဲလိုက်ပါတယ်။
ဂြိုဟ်တုတစ်ခုအနေနဲ့ ဖော်ပြထားပေမယ့် ပဲ့ထိန်းဒုံးကျည်တစ်စင်း ပစ်လွှတ်တာနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားသတိပေးချက်တွေကို စုဆောင်းဖို့ တာဝန်ရှိသူတွေကို မှာကြားထားတယ်လို့ ဂျပန်ဝန်ကြီးချုပ်'ဖူမီယိုကီရှီဒါ'က ပြောပြထားပါတယ်။
"ဂြိုဟ်တုလို့ဖော်ပြထားပေမယ့် ပဲ့ထိန်းဒုံးကျည်နည်းပညာကို အသုံးပြုပြီး လွှတ်တင်တာဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ရာကျတယ်" လို့ ကီရှီဒါက သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားက ဂြိုဟ်တုလွှတ်တင်တယ်ဆိုပြီး ပဲ့ထိန်းဒုံးကျည်တွေ ပစ်လွှတ်တဲ့နမူနာတွေရှိပါတယ်။
၂၀၁၂ နဲ့ ၂၀၁၆ တို့မှာ မြောက်ကိုရီးယားကပစ်လွှတ်လိုက်တဲ့ ပဲ့ထိန်းဒုံးကျည်တွေဟာ ဂျပန်တောင်ပိုင်းအိုကီနာဝါဒေသကို ဖြတ်ကျော်ပျံသန်းခဲ့ပါတယ်။
ယခုလအတွင်း လွှတ်တင်ရန်ပြင်ဆင်နေချိန်မှာ နိုင်ငံရဲ့ပထမဆုံးစစ်ရေးသူလျှိုဂြိုဟ်တုကို မြောက်ကိုရီးယားခေါင်းဆောင်'ကင်မ်ဂျုံအန်'က စစ်ဆေးခဲ့ပြီး အနာဂတ်လုပ်ဆောင်ချက် အစီအစဉ်များအတွက် ခွင့်ပြုပေးလိုက်ပါတယ်။
Source: WION
#World_News #မြောက်ကိုရီးယား #စပိုင်ဂြိုဟ်တုလွှတ်တင်မည်
#YMG #Yangon_Media_Group
#World_Science
Published 30 May 2023
မာဆာချူဆက်နည်းပညာတက္ကသိုလ်နဲ့ မက်မာစတာတက္ကသိုလ်တို့မှ သုတေသီတို့က AI ဉာဏ်ရည်တုနည်းပညာကိုအသုံးပြုကာ ဆေးယဉ်ပါးရောဂါပိုးကူးစက်မှုဖြစ်စေတဲ့ ဘက်တီးရီးယားကို တိုက်ဖျက်နိုင်မယ့် ပဋိဇီဝဆေးအသစ်ကို ရှာဖွေဖော်ထုတ်ခဲ့ကြပါတယ်။
အဆုတ်ရောင်ရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါနဲ့ အခြားရောဂါကူးစက်မှုများဖြစ်စေပြီး ဆေးရုံတွေမှာတွေ့ရတတ်တဲ့ Acinetobacter baumannii ဘက်တီးရီးယားကို အဆိုပါဆေးက ကူညီတိုက်ဖျက်နိုင်ဖွယ်ရှိပါတယ်။
ထိုဘက်တီးရီးယားကပဲ ဒဏ်ရာရတပ်သားများမှာ ရောဂါပိုးကူးစက်ခြင်းဖြစ်ရတဲ့ အဓိကအကြောင်းအရင်းဖြစ်နေပါတယ်။
A. baumannii ဘက်တီးရီးယားကြီးထွားမှုကို ဟန့်တားနိုင်ခြင်းရှိမရှိ အကဲဖြတ်ပေးဖို့ ဖန်တီးလေ့ကျင့်ပေးထားတဲ့ AI ကိုအသုံးပြုပြီး ဆေးဒြပ်ပေါင်း ၇ ထောင်ခန့်ထဲမှ ဆေးအသစ်တစ်မျိုးကို တွေ့ရှိခဲ့ပါတယ်။
Acinetobacter က အတွေ့များတဲ့ဘက်တီးရီးယားဖြစ်ပြီး ဆေးရုံတံခါးလက်ကိုင်တွေ၊ ပစ္စည်းကိရိယာတွေမှာ အချိန်ကြာမြင့်စွာ အသက်ရှင်နေနိုင်ကာ ပတ်ဝန်းကျင်မှ ပဋိဇီဝယဉ်ပါးမျိုးရိုးဗီဇတွေ ရရှိလာပါတယ်။
AI နည်းပညာဖြင့်လေ့ကျင့်သင်ယူတဲ့နည်းလမ်းဟာ ဓာတုနေရာလွတ်များကို အလျင်အမြန်ရှာဖွေနိုင်ကာ ဘက်တီးရီးယားဆန့်ကျင်မော်လီကျူးအသစ်တွေကို ရှာတွေ့နိုင်ချေများပါတယ်။
ဆေးမျိုးစုံယဉ်ပါးနေတဲ့ လူတွေရဲ့နံပါတ် ၁ ရန်သူ Acinetobacter ကို အဓိကအာရုံစိုက်နေကြပါတယ်။
သုတေသီတွေက ဓာတ်ခွဲခန်းထဲမှာ A. baumannii ကိုမွေးမြူကာ မတူညီတဲ့ ဓာတုဒြပ်ပေါင်း ၇,၅၀၀ နဲ့ထိတွေ့စေပြီး ဘယ်ဟာက ဘက်တီးရီးယားဖွံ့ဖြိုးမှုကို တားဆီးနိုင်လဲဆိုတာကို လေ့လာခဲ့ပြီး မော်လီကျူးတစ်ခုစီရဲ့တည်ဆောက်ပုံကို AI မှာထည့်သွင်းခဲ့ပါတယ်။
ကြွက်တွေမှာစမ်းသပ်ရာမှာ abaucin လို့အမည်ပေးထားတဲ့ဆေးက A. baumannii ကြောင့်ဖြစ်တဲ့ကူးစက်ဒဏ်ရာတွေကို ကုသပေးပြီး အခြားဆေးယဉ်ပါးကူးစက်မှုများမှာလည်း အလုပ်ဖြစ်ပါတယ်။
Source: India Today
#World_Science #ဆေးယဉ်ပါးရောဂါပိုး #ရှားပါးပဋိဇီဝဆေး #AIနည်းပညာ
#YMG #Yangon_Media_Group
#Local_News
Published_ 30 May 2023
ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပ အလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာလုပ်သား(၁၃၁)ဦးကို မေလ၃၀ရက်(ယနေ့) စေ လွှတ်ခဲ့ကြောင်း ဆိုလ်းမြို့၊ မြန်မာသံရုံးက သိရသည်။
ယင်းကဲ့သို့စေလွှတ်ခဲ့သည့်မြန်မာလုပ်သားများတွင် ကုန်ထုတ်လုပ်သားသစ် (၁၂၁) ဦး၊ စိုက်ပျိုး/မွေးမြူရေးလုပ်သားသစ် (၉)ဦး ပါဝင်ကြောင်း သိရသည်။
မြန်မာလုပ်သားများ ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ချိန်တွင် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက် များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်းသိရသည်။
မေလ၁၆ရက်ကလည်း EPSစနစ်ဖြင့် ကုန်ထုတ်လုပ်သားသစ် ၁၃၅ဦး၊ စိုက်ပျိုး/မေွးမြူရေးလုပ်သားသစ်၁၅ဦး၊ စုစုပေါင်း(၁၅၀)ဦးကို စေလွှတ်ခဲ့ကြောင်းသိရသည်။
#ymg/pl
#YMG #Yangon_Media_Group

#World_Health
Published_ 30 May 2023
နှစ်ပေါင်းများစွာသုတေသနပြုချက်များအရ အစိမ်းရောင်ဟင်းသီးဟင်းရွက် များများစားသုံးခြင်းဟာ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကို အထောက်အကူဖြစ်စေရုံမက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုလည်း မြှင့်တင်ပေးနိုင်ကြောင်း တွေ့ရှိထားပါတယ်။
အများကြီးစားစရာမလိုဘဲ နေ့စဉ်အသီးအနှံ ဟင်းသီးဟင်းရွက် အနည်းငယ်ပိုစားသုံးပေးရုံဖြင့် စိတ်ပိုင်းဆိုင်ရာတိုးတက်စေမှာဖြစ်ပါတယ်။
၂၀၂၃ ဗြိတိန်လေ့လာချက်တစ်ခုမှာ အသီးအနှံများများစားပေးခြင်းဖြင့် စိတ်တည်ငြိမ်မှု၊ ကိုယ့်ကိုယ်ကိုယုံကြည်မှု၊ ခွန်အားရရှိစေခြင်းတို့နဲ့ ဆက်စပ်နေပါတယ်။
၂၀၂၂ ဩစတြေးလျလေ့လာချက်မှာ အမျိုးသမီး ၄ ထောင်ကျော်ကို စမ်းသပ်ခဲ့ရာ နေ့စဉ် ဟင်းသီးဟင်းရွက် ၅ ကြိမ်စားသုံးခြင်းဖြင့် တစ်ကြိမ်ထက်ပိုပြီး မစားတဲ့သူထက်စာရင် ၁၅ နှစ်တာကာလအတွင်း စိတ်ဓာတ်ကျအန္တရာယ်ဖြစ်နိုင်ချေ ၁၉ ရာခိုင်နှုန်းလျော့နည်းသွားပါတယ်။
အသီးအနှံကို ၄ ကြိမ်စားသုံးသူတွေကတော့ စိတ်ဓာတ်ကျခြင်းဖြစ်နိုင်ချေ ၂၅ ရာခိုင်နှုန်းလျော့နည်းနေပါတယ်။
ဟင်းသီးဟင်းရွက် ၁၀၀ ဂရမ်စားသုံးတိုင်းမှာ စိတ်ကျရောဂါလက္ခဏာဖြစ်နိုင်ချေ ၃ ရာခိုင်နှုန်းကျဆင်းသွားပါတယ်။
ဟင်းသီးဟင်းရွက် ပိုမိုစားသုံးလို့ရရှိတဲ့အကျိုးကျေးဇူးဟာ ကာလကြာရှည်စွာအလုပ်မရှိဘဲဖြစ်နေရာမှ အလုပ်အသစ်ရသွားတဲ့စိတ်ခံစားမှုမျိုးနဲ့ နှိုင်းယှဉ်ဖော်ပြကြပါတယ်။
နေ့စဉ်အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်ကို တစ်ကြိမ်ခန့်ပိုပြီးစားသုံးပေးရုံဖြင့် ၈ ရက်အတွင်း ၁၀ မိနစ်ကြာလမ်းလျှောက်ခြင်းကြောင့် ရရှိတဲ့စိတ်ကျန်းမာရေးတိုးတက်မှုနဲ့ တူညီနေကြောင်း ဗြိတိန်မှသုတေသီများ တွေ့ရှိခဲ့ပါတယ်။
ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ ပိုမိုစားသုံးခြင်းဖြင့် စိတ်ကျန်းမာရေး၊ စိုးရိမ်ပူပန်မှုတွေကို ထိန်းချုပ်ရာမှာ အထောက်အကူဖြစ်စေကြောင်း အထောက်အထား အများအပြားတွေ့ရှိလာပါတယ်လို့ အမေရိကန် မာဆာချူဆက်အထွေထွေဆေးရုံမှ 'အူမာနိုင်ဒူ'က ပြောပြသွားပါတယ်။
Source: The Jerusalem Post
#World_Health #ဟင်းသီးဟင်းရွက်နှင့်အသီးအနှံ #စိတ်ကျန်းမာရေး #
#YMG #Yangon_Media_Group
#Local_News
Published_ 29 May 2023
ကမ္ဘာ့ရွှေပေါက်ဈေးဟာ မေလ ၂၉ ရက်နေ့ မနက်ပိုင်းမှာ တစ်အောင်စကို ၁၉၄၅ ဒေါ်လာပေါက်ဈေးရှိနေပါတယ်။
#Local_News #ပြင်ပရွှေဈေးသိန်း၃၀ကျော် #ရန်ကုန်ရွေအသင်း
#YMG #Yangon_Media_Group
#World_Military
Published_ 29 May 2023
အီရန်နိုင်ငံက ခီဘာလို့ခေါ်တဲ့ နောက်ဆုံးပေါ် ပြည်တွင်းထုတ် ပဲ့ထိန်းဒုံးကျည်ကိုကြာသပတေးနေ့က အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ကြောင်း ထုတ်ဖော်ပြသလိုက်ပါတယ်။
#World_Military #နောက်ဆုံးပေါ် ပြည်တွင်းထုတ်ပဲ့ထိန်းဒုံးကျည် #အီရန်အောင်မြင်စွာ စမ်းသပ်ပစ်လွှတ် #YMG #Yangon_Media_Group
#Local_News
Published_ 29 May 2023
လတ်တလောကာလ မြန်မာ့အထည်ချုပ်လုပ်ငန်းတွေမှာ ဥရောပနဲ့ အမေရိကန်တို့က အပ်ထည်အများစုကို လက်ခံချုပ်ပေးနေရတယ်လို့ မြန်မာအထည်ချုပ်လုပ်ငန်းရှင်များအသင်းက သိရပါတယ်။
#Local_News ##မြန်မာ့အထည်ချုပ်လုပ်ငန်း #အမေရိကန် #အော်ဒါအပ်ထည်များ
#YMG #Yangon_Media_Group
#Local_News
Published_ 29 May 2023
စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး လုပ်ငန်းမတီအနေနဲ့ မေလ ၂၉ ရက်နေ့ကနေ ဇွန်လ ၄ရက်နေ့အထိ စားသုံးဆီတစ်ပိဿာကို ငွေကျပ် ၃၉၆၀ကျပ် ရည်ညွှန်းသတ်မှတ်ထားပြီး အရင်အပတ်ထက် စျေးနူန်းကျဆင်းလာကြောင်း ထုတ်ပြန်ချက်အရသိပါတယ်။
#Local_News #စားအုန်းဆီ #အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း #အရင်အပတ်ထက်စျေးကျ
#YMG #Yangon_Media_Group
#Local_News
Published_ 29 May 2023
ဟိုးအရင်တုန်းက ပုဂ္ဂလိကပညာရေးဥပဒေမရှိသေးတဲ့အတွက် ပုဂ္ဂလိကကျောင်းအချိုဟာ စည်ပင်နဲ့အခြားအစိုးရဌာနတွေမှာမှတ်ပုံတင်ပြီးဖွင့်လှစ်ခဲ့တာတွေရှိခဲ့ဖူးပါတယ်၊၊
#Local_News #ပုဂ္ဂလိကပညာရေးဥပဒေ #ပုဂ္ဂလိကကျောင်းအားလုံး #ပညာရေးဝန်ကြီးဌာန
#YMG #Yangon_Media_Group
#Daily_News
Published_ 29 May 2023
၁။ ပုဂ္ဂလိကပညာရေးဥပဒေ ရှိလာ၍ ပုဂ္ဂလိကကျောင်းအားလုံး ပညာရေးဝန်ကြီးဌာနမှာပဲမှတ်ပုံတင်ဖွင့်လှစ်ရမည်ဟုဆို
၂။ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ်၃၉၆၀ သတ်မှတ်အရင်အပတ်ထက် စျေးကျ
၃။ မြန်မာ့အထည်ချုပ်လုပ်ငန်းတွေမှာ ဥရောပနဲ့ အမေရိကန်က အော်ဒါအပ်ထည်အများစုရရှိ
၄။ နောက်ဆုံးပေါ် ပြည်တွင်းထုတ် ပဲ့ထိန်းဒုံးကျည်အား အီရန်အောင်မြင်စွာ စမ်းသပ်ပစ်လွှတ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 29 May 2023
လာမယ့်နွေရာသီမှာ အယ်နီညိုဖြစ်စဉ်ကြောင့် မိုးခေါင်၊ရေရှားနိုင်တဲ့အတွက် စိုက်ပျိုးရေးသမားတွေအနေနဲ့ အခုနှစ်မိုးရာသီကာလမှာကတည်းက မိုးရေတွေကြိုတင်စုဆောင်းထားသင့်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်၊
#Local_News #အယ်နီညိုကြောင့်မိုးခေါင် #ရေရှားနိုင် #မိုးရာသီ #စိုက်ပျိုးရေး
#YMG #Yangon_Media_Group
#Local_News
Published_ 29 May 2023
မြန်မာနိုင်ငံအတွင်းက ကျောင်းသားကလေးသူငယ်များ၊ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ နျူကလီးယား စွမ်းအင်နှင့်ပတ်သက်သော လေ့လာမှုများကို စိတ်ဝင်စားနေကြကြောင်း သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနက သိရသည်။
"အခုလို မြန်မာနိုင်ငံအတွင်းက ကျောင်းသားကလေးသူငယ်တွေ၊ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေ နျူကလီးယား စွမ်းအင်နဲ့ ပတ်သက်တဲ့ လေ့လာမှုတွေကို စိတ်ဝင်တစားပြုလုပ်နေချိန်မှာ သူတို့ကို နျူကလီး ယားစွမ်းအင်အပေါ်ယုံကြည်မှုတွေ၊ ပျော်ရွှင်မှုတွေ ပေးစွမ်းနိုင်မှာလည်း သတင်းမီဒီယာတွေသာ ဖြစ်ပါတယ်၊ ဒါပေမဲ့မြန်မာနိုင်ငံမှာ နျူကလီးယားစွမ်းအင်နဲ့ ပတ်သက်လို့ ကြောက်ရွံမှုတွေနဲ့ သတင်းအမှားတွေ ရှိနေပါတယ်၊ အခုအချိန်မှာ ဘေးအန္တရာယ်ကင်းရှင်းပြီး ယုံကြည်စိတ်ချ မှုရှိတဲ့ နျူကလီးယားစွမ်းအင်နဲ့ပတ်သက်လို့ ရှင်းလင်းပြတ်သားကာ တိကျခိုင်မာမှုရှိတဲ့ သတင်းအချက်အလက်တွေကို မြန်မာ့သတင်းမီဒီယာတွေကို ပံ့ပိုးပေးချင်တဲ့အတွက် အခုလို အခမ်းအနားကို ကျင်းပရတာ ဖြစ်ပါတယ်"ဟု အဆိုပါ ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် က ပြောသည်။
ယနေ့ မေလ ၂၉ ရက်က နျူကလီးယား သတင်းအချက်အလက် စင်တာ တွင် ပြုလုပ်သော နျူကလီးယားစွမ်းအင်ဆိုင်ရာ အသိပညာ ပေးဆွေးနွေးပွဲအခမ်းအနားအတွင်း ယင်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတို့အကြား ငြိမ်းချမ်းသောရည် ရွယ်ချက်များအတွက် နျူကလီးယားစွမ်းအင် အသုံးချရေးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရန် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ဇူလိုင်လ ၁၁ ရက်က မော်စကိုမြို့တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နှင့် ROSATOM နျူကလီးယား စွမ်းအင်နယ်ပယ်ဆိုင်ရာ လေ့ကျင့်ရေးနှင့် ကျွမ်းကျင်မှုအရည်အသွေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာ ၊ နျူကလီးယား စွမ်းအင်အပေါ် ပြည်သူလူထု၏ အပြုသဘောဆောင်သော သဘောထားအမြင်များ ရရှိစေရန်ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ (၂) စောင်ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
ယင်းအပြင် နျူကလီးယားနည်းပညာအသုံးချနယ်ပယ် (၁၄) ခု အတွက်လည်း အစိုးရအချင်းချင်းပူး ပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်ကိုလက်မှတ်ရေး ထိုးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
"ဒီနေ့ပြုလုပ်တဲ့ ဆွေးနွေးပွဲဟာ ဖေဖော်ဝါရီလကပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့ Rnion ရဲ့ ညွှန်ကြားရေးမှူးချုပ် Mr.Nexey Lilhache. တက်ရောက်ချီးမြှင့်ခဲ့ပြီး နိုင်ငံတော်အဆင့် ပူးပေါင်းဖွင့်လှစ်ခဲ့တဲ့ နျူကလီးယား သတင်းအချက်အလက် စင်တာမှာ ကျင်းပခွင့်ရတာကြောင့်သည့်အတွက်ကျနော်အနေနဲ့ အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။
ဒီနေ့ဆွေးနွေးပွဲ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာရှိ တဲ့ သတင်းမီဒီယာသမားတွေကို နျူကလီးယားကို ငြိမ်းချမ်းစွာအသုံးပြုပြီး မျက်မှောက်ခေတ်ကမ္ဘာကြီးနဲ့ မိတ်ဆက်ပေးမှာဖြစ်ပြီး သတင်းမီဒီယာသမားတွေအတွက် နျူကပီးယားနည်းပညာနဲ့ပတ်သက်လို့ လိုအပ်တဲ့ တိကျတဲ့ သတင်းအရင်းအမြစ်တွေ၊ ၊ သတင်းအချက်အလက်တွေကို ပွင့်လင်းမြင်သာမှုရှိရှိ ရယူနိုင်ဖို့ ဖြစ်ပါတယ်။
နျူကလီယားစွမ်းအင်နည်းပညာနဲ့တ်သက်လို့ အချိန်အတော်ကြာ သတင်းအမှောင်ဖုံးထားတာတွေ ရှိခဲ့ပါတယ်။
ဒီလိုမျိုး သတင်းအမှောင်ဖုံးထားတဲ့အတွက်၊ နျူကလီယားစွမ်းအင်နည်းပညာနဲ့ပတ်သက်လို့ယုံတမ်းစကားတွေ၊ သတင်းအမှားတွေဟာ ပြည်သူလူထုကြားပေါက်ဖွားလာပြီး ကြောက်ရွံ့မှုတွေကို ဖြစ်ပေါ်စေပါတယ်။
ဒါကြောင့်မိုလို့ သတင်းမီဒီယာသမားတွေရဲ့ အကူအညီနဲ့ ၊ နျူကလီယားစွမ်းအင်နည်းပညာနဲ့ ပတ်သက်လို့ ယုံတမ်းစကားတွေ သတင်းမှားတွေကို ဖျောက်ပျက်နိုင်ပြီး နျူးကလီးယားနည်းပညာ အကျိုးကျေးဇူးတွေ အကြောင်း၊ နျူကလီးယားနည်းပညာကိုငြိမ်းငြိမ်းချမ်းချမ်းအသုံးပြုပြီး တိုင်းပြည်တိုးတက်အောင်ဘာတွေဆောင်ရွက်ပေးနိုင်စွမ်းရှိတယ်ဆိုတာကို နိုင်ငံမှာရှိတဲ့ပြည်သူတွေကို ပြန်ပြီး ပြောပြနိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်"ဟုရုရှားဖက်ဒရေးရှင်းနိုင်ငံ ၊နိုင်ငံပိုင် အနုမြူစွမ်းအင် ကော်ပိုရေးရှင်းမှ တာဝန်ရှိသူက ပြောသည်။
နျူကလီး ယားနည်းပညာသတင်းအချက်အလက်စင်တာတွင် ကျောင်းသားလူငယ်များ၊အများပြည်သူများ အနေဖြင့် ခေတ်မီနျူကလီးယားနည်းပညာများကို လေ့လာရန် အခွင့်အလမ်းများ ရရှိလာမည် ဖြစ်ကြောင်းလည်း အဆိုပါ အခမ်းအနားက သိရသည်။
ymg/pl
#Local_News #ခေတ်မီနျူကလီးယားနည်းပညာ #ကျောင်းသားများစိတ်ဝင်တစားရှိ
#YMG #Yangon_Media_Group




Page 1169 of 1958