#Local_News

Published 1 October 2023

အိန္ဒိယနိုင်ငံ၏ အမျိုးသားဖခင်ကြီးဖြစ်သော မဟတ္တမဂန္ဒီမွေးနေ့ပွဲအထိမ်းအမှတ်အဖြစ်" (၁၅၄)နှစ် မြောက်မဟတ္တမဂန္ဒီ၏မွေးနေ့အထိမ်းအမှတ်အခမ်းအနား"ကိုရန်ကုန်မြို့တွင်ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံးမှသိရသည်။

 

အဆိုပါအခမ်းအနားကို  အောက်တိုဘာလ၂ရက်နေ့တွင် ကုန်သည်လမ်းနှင့်ရွှေဘုံသာလမ်းထောင့်ရှိ Swami ViVekanand Cultural Center(India Center)၌ကျင်းပသွားမည်ဖြစ်သည်ဟုဆိုသည်။

 

မဟတ္တမဂန္ဒီသည် အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေး ဖခင်ကြီး ၊အမျိုးသားဖခင်ကြီး တစ်ဦးဖြစ်ပြီး  နှစ်စဉ်မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံး၏စီစဥ်မှုဖြင့် သံတမန်များ၊မြန်မာနိုင်ငံရောက် အိန္ဒိယနိုင်ငံသားများ၊မြန်မာနိုင်ငံတွင်းရှိအိန္ဒိယနွယ်ဖွားများ၊မြန်မာနိုင်ငံသား‌မိတ်ဆွေများစုပေါင်းကာ ဂန္ဒီ၏ မွေးနေ့ အထိမ်းအမှတ်အခမ်းအနားကိုကျင်းပလေ့ရှိကြောင်းသိရသည်။


#tth  #lYangon_Times