#Local_News
Published_ 27 May 2023
ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံဘွဲ့ရပညာရှင်များကိုပါ မွေးထုတ်နိုင် ရေး နှင့် ဘွဲ့ကြိုသင်တန်းများ ဖွင့်လှစ်သွားနိုင်ရေးကို ဆက်လက်လုပ်ဆောင်သွားကြရန် မေလ ၂၆ ရက်ကနေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ သစ်တောနှင့် ပတ်ဝန်းကျင် ဆိုင်ရာတက္ကသိုလ်(ရေဆင်း)၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သောသစ်တောပညာ နှစ်(၁၀၀) ရာပြည့်အထိမ်းအမှတ်အခမ်းအနား တွင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကေ ပြာကြားခဲ့သည်။
ကမ္ဘာပေါ်ရှိ နိုင်ငံအများစုသည် လူသားများ အမှီပြုနေထိုင်ကြသည့် တစ်ခုတည်းသောကမ္ဘာမြေကို ပိုမိုရေရှည်တည်တံ့စေရေး ပတ်ဝန်းကျင် နှင့် ညီညွတ်သည့် လူနေမှုဘဝများကိုဖြစ်နိုင်သမျှ ပြောင်းလဲဖော်ဆောင်နိုင်ရန် ဦးစား ပေးဆောင်ရွက်နေကြပြီဖြစ်သောကြောင့်မိမိတို့နိုင်ငံအနေဖြင့်လည်းသစ်တော ကဏ္ဍနှင့် ဆက်စပ်လျက်ရှိသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အထောက်အကူပြု စီးပွားရေးဖွံ့ဖြိုးမှုအခြေခံသည့် အစိမ်းရောင်စီးပွားရေးလုပ်ငန်း(Green Economy)၊ ကမ်းရိုးတန်းနှင့် သမုဒ္ဒရာကိုအခြေခံသည့် အပြာရောင်စီးပွားရေးလုပ်ငန်း (Blue Economy)နှင့်သဘာဝကို အခြေခံဖြေရှင်းသည့် ဖွံ့ဖြိုးမှုလုပ်ငန်း (Nature-based Solutions) သဘောတရားများကို နားလည်ပြီး လက်တွေ့နယ်ပယ်၌အသုံးချနိုင်သည့် ကျွမ်းကျင်ပညာရှင်များမွေးထုတ်နိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း ယင်းက ဆိုသည်။
အဆိုပါလုပ်ငန်းစဉ် များကို သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၏ ပင်မလုပ်ငန်းစဉ် နယ်ပယ် တစ်ရပ်အဖြစ် တိုးမြှင့် သင်ကြားပေးနိုင်ရေး၊ သစ်တောပညာရပ်ဘွဲ့ကြို၊ ဘွဲ့လွန်ဆိုင်ရာ သင်တန်းများသာမက ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံဘွဲ့ရပညာရှင်များကိုပါ မွေးထုတ်နိုင် ရေး၊ ဘွဲ့ကြိုသင်တန်းများ ဖွင့်လှစ်သွားနိုင်ရေးကို ဆက်လက်လုပ်ဆောင်သွားကြရ မည်ဖြစ်ကြောင်း နစက ဥက္ကဌက ပြောသည်။
၂၀၂၃ ခုနှစ်အထိသစ်တောသိပ္ပံဘွဲ့ရ ကျောင်း သားကျောင်းသူ (၃,၀၅၂)ဦးရှိပြီး အမျိုးသမီး သစ်တောသိပ္ပံဘွဲ့ရ ( ၃၅၃ ) ဦးတို့ကို လည်းမွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊၁၉၉၅ ခုနှစ်မှစတင်ပြီး အမျိုးသမီး သင်တန်းသူ(၁၂)ဦး ခေါ်ယူခဲ့ပြီး ၂၀၀၆ ခုနှစ်မှစပြီး အမျိုးသမီးကျောင်းသူ ပါဝင်မှုအချိုးအစားကို နှစ်စဉ်(၂၀)ရာခိုင်နှုန်းဖြင့် ဆောင်ရွက်နေကြောင်း စာရင်းဇယားများကို အခြေခံ၍ ယင်းက ပြောသည်။
၁၉၉၆ ခုနှစ်တွင်ဘွဲ့လွန်သစ်တောပညာ မဟာသိပ္ပံသင်တန်းကို စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး မဟာသိပ္ပံ (သစ်တော)ဘွဲ့-M.Sc. (Forestry)နှင့် မဟာသိပ္ပံ(သစ်တောထွက်ပစ္စည်း)-M.Sc.(Forest Products)ဘွဲ့များကို ပေးအပ်ချီးမြှင့်ခဲ့ရာတွင် မဟာသိပ္ပံဘွဲ့ရရှိသူ(၆၂) ဦးနှင့် ဒီပလိုမာဘွဲ့ရရှိသူ(၁၇)ဦး ၊ စုစုပေါင်း(၇၉) ဦးတို့ကို ဘွဲ့လွန်သစ်တောပညာရှင်များအဖြစ် မွေးထုတ် ပေးနိုင်ခဲ့ကြောင်း။သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ မွေးထုတ်ပေးလိုက်သည့် သစ်တောသိပ္ပံဘွဲ့ရများသည် အမေရိကန်၊ ဂျာမနီ၊ ဩစတြေးလျ၊ နယ်သာလန်၊ ဂျပန်၊ ကိုရီးယားအပါအဝင် ပြည်ပနိုင်ငံများမှာ မဟာသိပ္ပံဘွဲ့သင်တန်းများနှင့် ပါရဂူဘွဲ့သင်တန်း များကို အရည်အချင်းပြည့်မီစွာဖြင့် တက်ရောက်သင်ယူနိုင်ခဲ့ကြကြောင်းလည်း သိရသည်။
၁၉၂၃ ခုနှစ်မှစတင်ပြီး ရန်ကုန်တက္ကသိုလ်တွင် သစ်တောပညာဌာနကို ဖွင့်လှစ် နိုင်ခဲ့ခြင်းဖြစ်သဖြင့် သစ်တောပညာဌာနသည် ၁၉၂၀ ပြည့်နှစ်တွင် ဖွင့်လှစ်ခဲ့သည့် ရန်ကုန်တက္ကသိုလ်နှင့် မရှေးမနှောင်းဖွင့်လှစ်နိုင်ခဲ့သည့် ဌာန ဖြစ်ကြောင်းလည်း သိရသည်။



#ymg/pl #Local_News #သိပ္ပံဘွဲ့ရပညာရှင်များ မွေးထုတ်နိုင်ရန်နစကဥက္ကဌပြော
#YMG #Yangon_Media_Group
#World_Health
Published 27 May 2023
ဆိုရှယ်မီဒီယာအသိုင်းအဝိုင်းက လူငယ်တွေအတွက် ဘေးကင်းစိတ်ချရအောင် ဂရုစိုက်သင့်ကြောင်း အမေရိကန်အထွေထွေခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာ'ဗီဗက်မာသီ'က ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။
ဆိုရှယ်မီဒီယာအသုံးပြုခြင်းက ကောင်းကျိုးအချို့ရရှိနိုင်ပေမယ့် ကလေးတွေနဲ့ ဆယ်ကျော်သက်တွေရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို အန္တရာယ်ဖြစ်စေနိုင်တယ်လို့ ညွှန်ပြနေပါတယ်။
ကမ္ဘာတဝှမ်းမှာ အသက် ၁၃ နှစ်မှ ၁၇ နှစ်ကြားရှိ ၉၅ ရာခိုင်နှုန်းသောလူငယ်တွေဟာ ဆိုရှယ်မီဒီယာအသုံးပြုကြပြီး ၃ ပုံ ၁ ပုံကျော်လောက်က ဆိုရှယ်မီဒီယာကို စဉ်ဆက်မပြတ်အသုံးပြုတယ်လို့ ပြောပြခဲ့ပါတယ်။
ကလေးတွေနဲ့ ဆယ်ကျော်သက်တွေ ဦးနှောက်ဖွံ့ဖြိုးမှုအရေးကြီးဆုံးအချိန်တွေမှာ ဆိုရှယ်မီဒီယာတွေကြောင့် ပိုမိုထိခိုက်စေနိုင်တာကြောင့် မူဝါဒချမှတ်သူတွေ၊ နည်းပညာကုမ္ပဏီတွေ၊ သုတေသီတွေ၊ မိသားစုတွေ၊ လူငယ်တွေအနေနဲ့ ဆိုရှယ်မီဒီယာအသုံးပြုခြင်းရဲ့ အကျိုးသက်ရောက်မှုတွေကို အပြည့်အဝနားလည်အောင်၊ ကောင်းကျိုးအများဆုံးရရှိအောင်၊ ဆိုးကျိုးအနည်းဆုံးဖြစ်အောင်၊ ဘေးကင်းစိတ်ချရတဲ့အွန်လိုင်းနေရာဖြစ်အောင် အရေးတကြီးအားထုတ်ရမှာဖြစ်တယ်လို့ ပြောပြပါတယ်။
ဆိုရှယ်မီဒီယာအသုံးပြုခြင်းက လူငယ်တွေရဲ့စိတ်ကျန်းမာရေးကို ထိခိုက်စေတယ်ဆိုတဲ့ အထောက်အထားတွေ များပြားလာပါတယ်။
ဆိုရှယ်မီဒီယာပေါ်က ကြမ်းတမ်းတဲ့ဖြစ်ရပ်တွေ၊ လိင်ပိုင်းဆိုင်ရာဖြစ်ရပ်တွေ၊ အနိုင်ကျင့်နှိပ်စက်တဲ့လုပ်ရပ်တွေကို ကလေးတွေမြင်တွေ့နေရကာ ဆိုရှယ်မီဒီယာအသုံးပြုခြင်းကြောင့် သူတို့ရဲ့အိပ်စက်ချိန်နဲ့ ပေါင်းသင်းဆက်ဆံရေးတို့ကို ထိခိုက်စေပါတယ်။
နိုင်ငံတကာမှာ လူငယ်စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာကြား ရောက်ရှိနေပြီး ဆိုရှယ်မီဒီယာက အဓိကအကြောင်းအရင်းဖြစ်နေကာ အရေးတကြီးဖြေရှင်းရမယ့်ကိစ္စဖြစ်တယ်လို့ ပြောကြားသွားပါတယ်။
ဆိုရှယ်မီဒီယာသုံးခြင်းကြောင့် အန္တရာယ်ဘယ်လောက်ဖြစ်စေလဲဆိုတာက အသုံးပြုကြာချိန်၊ ကြည့်ရှုတဲ့အကြောင်းအရာ၊ အိပ်စက်ခြင်းနဲ့ကျန်းမာရေးကို ဘယ်လောက်ထိခိုက်စေလဲဆိုတာတွေအပေါ် မူတည်နေပါတယ်။
အမေရိကန်ဆယ်ကျော်သက်တွေကြား ဆိုရှယ်မီဒီယာအသုံးပြုခြင်းက သူတို့အတွက် အကျိုးဖြစ်စေတယ်လို့လည်း ဖော်ပြထားကြပါတယ်။
ဒါပေမဲ့ အလွန်အကျွံအသုံးပြုလာကာ တစ်နေ့ကို ၃ နာရီထက်ကြာအောင် အသုံးပြုနေတယ်ဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာများ ဖြစ်နိုင်ချေ ၂ ဆပိုများနိုင်ကြောင်း မကြာသေးမီကသုတေသနမှာ တွေ့ရှိထားပါတယ်။
၂၀၂၁ က ဆယ်ကျော်သက်တွေကို စစ်တမ်းကောက်ယူခဲ့ရာမှာ ပျမ်းမျှအားဖြင့်တစ်နေ့ကို ဆိုရှယ်မီဒီယာ ၃ နာရီခွဲအသုံးပြုကြပြီး မကျေမနပ်ဖြစ်ခြင်း၊ စားသောက်မှုမမှန်ခြင်း၊ နှိုင်းယှဉ်ပြီး မိမိကိုယ်ကိုယုံကြည်မှုနည်းခြင်းတို့ ဖြစ်စေပါတယ်။
ကလေးတွေနဲ့ ငယ်ရွယ်သူအားလုံးမှာ ဆိုရှယ်မီဒီယာကို ဘေးကင်းစိတ်ချစွာအသုံးပြုနိုင်အောင် စံညွှန်းသတ်မှတ်ချက်တွေဖြင့် အဆင့်ဆင့်လုပ်ဆောင်သင့်ကြောင်း မူဝါဒချမှတ်သူတွေကို တိုက်တွန်းလိုက်ပါတယ်။
Source: The Jerusalem Post #World_Health #ဆိုရှယ်မီဒီယာအသုံးပြုခြင်းသည် ဆယ်ကျော်သက်များဘေးအန္တရာယ်ဖြစ်စေနိုင်
#YMG#Yangon_Media_Group
#Local_News
Published_ 26 May 2023
မိုခါမုန်တိုင်းကြောင့်ပျက်စီးသွားတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှ လျှပ်စစ်ဓာတ်အားလိုင်းတွေပြုပြင်ဖို့ ကွန်ကရစ်တိုင်တွေ၊ တာဝါသံဘောင်တွေကို သင်္ဘောဖြင့်ဆက်လက် ပို့ဆောင်ပေးနေတယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရပါတယ်၊၊
#Local_News #ရခိုင်တွင်လျှပ်စစ်တာဝါတိုင်များပြုပြင်
#YMG #Yangon_Media_Group
#World_Industry
Published 25 May 2023
တောင်အာဖရိကနိုင်ငံဟာ ဝိုင်ထွက်ရှိရာအဖြစ်ကျော်ကြားသလို သံလွင်ဆီနဲ့ပတ်သက်ရင်တော့ ဂရိ၊ အီတလီ၊ စပိန်တိုက အငြင်းပွားဖွယ်မရှိ အကောင်းဆုံးဖြစ်နေပါတယ်။
#World_Industry #အရည်အသွေးမြင့်သံလွင်ဆီ #အသိအမှတ်ပြုနိုင်ရေးတောင်အာဖရိကကြိုးပမ်း #YMG #Yangon_Media_Group
Published 26. May 2023
မြနန်း စံကျော် ရွှေနန်းတော်ကြီး အတွင်းရှိ အဆောင်များအလိုက် အခန်းများအတွင်း ရှေးခေတ်အသုံးအဆောင်များနှင့် ပုံစံတူများ ထားရှိနိုင်ရေးအတွက် မှတ်တမ်းများ ပြန်လည်ကြည့်ရှုဆောင်ရွက်သွားကြရန် နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူတွေကို မှာကြားခဲ့ပါတယ်။
နစကဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့ မေလ ၂၆ ရက် မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများလိုက်ပါပြီး မန္တလေးနန်းမြို့တွင်းရှိ မြနန်း စံကျော် ရွှေနန်းတော်ကြီး ထိန်းသိမ်းထားရှိမှု အခြေအနေများကို သွားရောက် ကြည့်ရှု စစ်ဆေးရာမှာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုနှင့် အရာရှိများက မြနန်းစံကျော် ရွှေနန်းတော်ကြီး အဝန်းအဝိုင်းတစ်ခုလုံးကို ထိန်းသိမ်း ထားရှိမှုများနှင့် ပတ်သက်၍ တင်ပြတဲ့အခါမှာ နစက ဥက္ကဋ္ဌက ယခုကဲ့သို့ ပြောဆိုမှာကြားခဲ့တာဖြစ်တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက် အရသိရပါတယ်။
မြနန်းစံကျော် ရွှေနန်းတော်ကြီးသည် အခြား နန်းတော်ကြီးများ နှင့် မတူဘဲ တည်ဆောက်ပုံ၊ တည်ရှိပုံများနှင့်ပတ်သက်၍ မှတ်တမ်းမှတ်ရာများ ပြည့် ပြည့်စုံစုံရှိသည့် နန်းတော်ကြီးဖြစ်တယ်လို့ နစက ဥက္ကဋ္ဌကပြောပါတယ်။ ကိုလိုနီခေတ်ကတည်းက ပြည်တွင်း၊ပြည်ပ မှတ်တမ်းမှတ်ရာ၊ အကိုးအကားများ စုံစုံလင်လင်ရှိပြီးဖြစ်သည့်အတွက် ခိုင်မာသည့် သမိုင်းအထောက်အထားများ၊ မှတ်တမ်းမှတ်ရာများနှင့် ကိုက်ညီအောင် အတတ်နိုင် ဆုံး ဆောင်ရွက်သွားရန်လိုတယ်လို့လည်း သူက ဆက်လက်ပြောကြားပါတယ်။ရှေး ဟောင်း အမွေအနှစ်လက်ရာများဖြစ်သည့်အတွက် အထူးဂရုပြု ထိန်းသိမ်းစောင့် ရှောက်သွားရန် လိုကြောင်းနှင့် သန့်ရှင်းသပ်ရပ်မှုရှိအောင် ထိန်းသိမ်းဆောင်ရွက် မည်ဆိုပါက လာရောက်လေ့လာသူများကိုလည်း ပိုမိုဆွဲဆောင်နိုင်မည်ဖြစ်တယ်လို့ ဗိုလ်ချူပ်မှူးကြီးကပြောခဲ့ပါတယ်။
ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင် နှင့် အဖွဲ့ ဝင်တွေဟာ မှန်နန်းတော်ကြီး၊ ဗောင်းတော်ဆောင်၊ ညီလာခံကျင်းပရာအဆောင်များ၊ မှန်နန်းဆောင်၊ အလယ်နန်းဆောင် တို့အပါအဝင် ရွှေနန်းတော်ကြီးအတွင်း လှည့်လည် ကြည့်ရှုခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
-ymg/knl
#မြနန်းစံကျော်ရွှေနန်းတော်
#ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်
#YangonMediaGroup




#Local_News
Published_ 26 May 2023
ကမ္ဘောဒီးယား နိုင်ငံက ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေးအလုံးရေတစ်သန်း မြန်နိုင်ငံကိုပေးအပ်လှူဒါန်းမှာဖြစ်တယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က ပြောဆိုခဲ့ကြောင်း ကမ္ဘောဒီးယား ဒေသတွင်းသတင်းများအရ သိရပါတယ်။
#Local_News #ကိုဗစ်ကာကွယ်ဆေးအလုံးရေတစ်သန်းမြန်မာသို့လှူဒါန်း
YMG #Yangon_Media_Group
#Local_News
Published_ 26 May 2023
မြန်မာဆက်သွယ်ရေး MPT က မှတ်ပုံတင်ထားတာမရှိတဲ့ ဆင်းကဒ်တွေနဲ့ အချက်အလက် မမှန်သေးတဲ့ ဖုန်းဆင်းကဒ်တွေကို မေလ ၂၈ ရက် ကစပြီး ၊ ဖုန်းခေါ်ဆိုမှု ကန့်သတ်သွားမယ်လို့ MPT က ထုတ်ပြန်လိုက်ပါတယ်။
#Local_News #MPT #မှတ်ပုံတင်မထားတဲ့ဆင်းကဒ်တွေကိုခေါ်ဆိုမှုကန့်သတ်
YMG #Yangon_Media_Group
Published 26. May 2023
၂၀၂၃ ခုနှစ်၊ မေ ၂၅ ရက်(ကြာသပတေးနေ့)၊ ည ၁၁ နာရီ ၁၁ မိနစ်တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့တဲ့ သက်တော်(၉၄)နှစ်၊ သိက္ခာတော်(၇၄)ဝါရ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ ဗန်းမော်ကျောင်းတိုက်ကြီး၏ ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တ ကုမာရာဘိဝံသမဟာထေရ်မြတ်ကြီး၏ ဥတုဇရုပ်ကလပ်တော်အား ဗန်းမော်ကျောင်းတိုက်၌ပူဇော်ထားလျက်ရှိရာ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ မေလ ၂၆ ရက် မွန်းလွဲပိုင်းတွင် သွားရောက်ဖူးမြော်ကြည်ညိုခဲ့ပါတယ်။
ဦးစွာ ဗိုလ်ချူပ်မှူုးကြီးနှင့်အဖွဲ့ဝင်များသည် ဗန်းမော်ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလပ်တော်အား ဖူးမြော်ကြည်ညိုကြခဲ့ပါတယ်။ အဲဒီနောက် နိုင်ငံတော်ဩဝါဒါစရိယ မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဝါသေဋ္ဌာဘိဝံသ အားဖူးမြော်ကြည်ညိုပြီး ဗန်းမော်ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနပူဇာသဘင် အခမ်းအနား ကျင်းပပြုလုပ်မည့် အခြေအနေများကို လျှောက်ထားဆွေးနွေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ ဆရာတော်ထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ယင်းနောက် နစကဥက္ကဋ္ဌ သည်ဗန်းမော်ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလပ်တော်အား လာရောက်ဖူးမြော်ကြမည့်ရန်ကုန်မြို့မှ ကြွရောက်လာသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မြို့၊ မင်းကျောင်းပထမပြန်စာသင်တိုက် ဦးစီးပဓာန နာယကဆရာတော်အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသအမှူးပြုတဲ့ ဆရာတော်၊ သံဃာတော်များအား ခရီးဦးကြိုဆိုခဲ့ပါတယ်။အဲဒီနောက် သန်လျင်မင်းကျောင်းဆရာတော်ကြီးအား ဗန်းမော်ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနပူဇာသဘင် အခမ်းအနား ကျင်းပပြုလုပ်မည့် အခြေအနေများကိုတင်ပြလျှောက်ထားပြီး ဆရာတော်ကြီး၏ ဩဝါဒ ခံယူခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနပူဇာသဘင် အခမ်းအနား ကျင်းပပြုလုပ်နိုင်ရေး အလှူငွေများပေးအပ်လှူဒါန်းရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးက လက်ခံရယူခဲ့ပါတယ်။
ဆက်လက်ပြီး မြန်မာစီးပွားရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးညိုစောနှင့် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးတို့က ဆရာတော်ဘုရားကြီး၏အန္တိမအဂ္ဂိဈာပနပူဇာသဘင် အခမ်းအနား ကျင်းပပြုလုပ်နိုင်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က ဆက်လက်လက်ခံရယူခဲ့ကြောင်းသတင်းရရှိပါတယ်။
-ymg/knl
#ဗန်းမော်ဆရာတော်ဘုရားကြီး
#ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်
#YangonMediaGroup


#Local_News
Published_ 26 May 2023
မုန်တိုင်းဘေးသင့်ပြည်သူများတွေအတွက် လှူဒါန်းဖို့ ရည်ရွယ်ပြီး ရုပ်ရှင်၊ ဂီတ၊ သဘင်ရန်ပုံငွေဖျော်ဖြေပွဲကို ရန်ကုန်မြို့မှာ(၃)ရက်တိုင်တိုင်ကျင်းပသွားဖို့ရှိတယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ သိရပါတယ်၊၊
#Local_News #ရုပ်ရှင်၊ ဂီတ၊ သဘင်ရန်ပုံငွေဖျော်ဖြေပွဲကျင်းပ #နှင်းဆီအငြိမ့်အဖွဲ့ပါဝင်
YMG #Yangon_Media_Group
#Daily_News
Published_ 26 May 2023
၁။ မုန်တိုင်းဘေးသင့်ပြည်သူများအတွက်လှူဒါန်းရန် ရုပ်ရှင်၊ ဂီတ၊ သဘင်ရန်ပုံငွေဖျော်ဖြေပွဲကျင်းပမည်၊ နှင်းဆီအငြိမ့်အဖွဲ့ပါဝင်မည်
၂။ MPT က မှတ်ပုံတင်မထားတဲ့ ဖုန်းဆင်းကဒ်တွေကိုဖုန်းခေါ်ဆိုမှု ကန့်သတ်သွားမယ်
၃။ ကိုဗစ်ကာကွယ်ဆေး အလုံးရေ တစ်သန်း မြန်မာသို့လှူဒါန်းမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်ပြော
၄။ အရည်အသွေးမြင့်သံလွင်ဆီ ထုတ်လုပ်ရေးအား အသိအမှတ်ပြုနိုင်ရေး တောင်အာဖရိကကြိုးပမ်း ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 26 May 2023
ကမ္ဘာ့ရွှေပေါက်ဈေးဟာ မေလ ၂၆ရက်နေ့ မနက်ပိုင်းမှာ တစ်အောင်စကို ၁၉၄၇ ဒေါ်လာပေါက်ဈေးရှိနေပြီး ပြင်ရွှေပေါက်ဈေးကတော့ သိန်း၃၀နဲ့၆သောင်းကျော်ပေါက်ဈေးရှိနေတယ်လို့ ရွှေဈေးကွက်ထဲက သိရပါတယ်။
#Local_News #ပြင်ရွှေပေါက်ဈေးဈေးမြင့်တက်
#ကမ္ဘာ့ရွှေဈေး YMG #Yangon_Media_Group
#Local_News
Published_ 26 May 2023
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ နမ့်ဟူးရွာဘုန်းတော်ကြီးကျောင်းအကျော်တွင် မေလ ၂၆ ရက်နေ့ ယနေ့မနက် အစောပိုင်းကဆယ်ဘီးကားနှင့် ဆိုင်ကယ်မျက်နှာချင်းဆိုင်ဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း နမ့်ခုံးရှမ်းများ ပရဟိတအသင်း ကျောက်မဲအသင်းခွဲမှ သိရသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်စီးနင်းလာသူ အမျိုးသား၂ ဦးအနက်၁ ဦးမှာပင် သေဆုံးသွားပြီး နောက်တစ်ဦးမှာ ဆေးရုံသို့ ပို့ဆောင်စဉ်သေဆုံးသွားကြောင်း အဆိုပါပရဟိတအသင်းမှ တာဝန်ခံက YMG ကိုပြောသည်။ သေဆုံးသွားသည့်အမျိုးနှစ်ဦးမှာ မည်သူမည်ဝါမသိသည့်အတွက် မိသားစုဝင်များနှင့်ဆက်သွယ်ထားပြီး လက်ရှိအချိန်မှာ မိသားစုများနှင့်အဆက်သွယ်ရရှိပြီးဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါ သေဆုံးသွားသူများ၏ ရုပ်အလောင်းကို ကျောက်မဲပြည်သူ့ဆေးရုံ၊ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း နမ့်ခုံးရှမ်းများပရဟိတအသင်းမှ သိရသည်။
#ymg/ynzw #Local_News #ဆယ်ဘီးကားနှင့်ဆိုင်ကယ်ဝင်တိုက်မှုဖြစ်
#YMG #Yangon-Media-Group
Page 1173 of 1958