#Local_News
Published_ 16 February 2023

 

၂၀၂၂ _ ၂၀၂၃ ခုနှစ်အတွင်း ကျေးလက်အမျိုးသမီးများအတွက်အသက်မွေးကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ဖို့ဆောင်ရွက်နေတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါ်သက်သက်ခိုင်ကပြောပါတယ်။
နေပြည်တော်ကောင်စီနယ်မြေနဲ့ရခိုင်ပြည်နယ်အတွင်း Quick Win Projet အနေနဲ့ဆောင်ရွက်ထားတာဖြစ်တယ်လို့ဆိုပါတယ်။

 

မြန်မာနိုင်ငံနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများကော်မတီအနေနဲ့ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာကိုရေးဆွဲရန် လုပ်ငန်းအစီစဉ်များချမှတ်ထားတယ်လို့လည်း ဆိုပါတယ်။

 

မြန်မာနိုင်ငံဟာ အမျိုးသမီးများနည်းမျိုးစုံခွဲခြားဆက်ဆံမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗန်းရှင်းကို ၁၉၉၇ ခုနှစ်က လက်မှတ်ရေးထိုးထားပြီး အစီရင်ခံစာတွေ ပေးပို့ထားပါတယ်။ အမျိုးသမီးများကိုအကြမ်းဖက်မှုပပျောက်စေဖို့အတွက် Hotline နံပတ် 1566 ကို ဆက်သွယ်တိုင်ကြား နိုင်ပါတယ်။

 

#ymg/ynzw
#Yangon_Media_Group