Published_ 07 October 2023

ရန်ကုန်စတော့အိတ်ချိန်းတွင် ကုမ္ပဏီ(၈)ခု၏ ရှယ်ယာများ နေ့စဉ်ရောင်းဝယ်နေပြီး ယခုနှစ်၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ် (၆)လတာကာလအတွင်းရှယ်ယာ(၁ဒသမ၉၄၅)သန်းအရောင်းအဝယ်ဖြစ်ခဲ့ပြီးဈေးကွက်ရင်းနှီးမြှုပ်နှံမှု တန်ဖိုးကျပ် (၇၄၉ ဒသမ ၇၇၂) ဘီလီယံရှိခဲ့ကြောင်းသိရသည်။

ယင်းကဲ့သို့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းကို ရန်ကုန်စတော့အိပ်ချိန်းစာရင်းဝင် အကြိုဈေးကွက်တွင် အစုရှယ် ယာရှင်(၁၀၀)ဦးနှင့်အထက် အများပိုင်ကုမ္ပဏီများက လွယ်ကူစွာဝင်ရောက်မှတ်ပုံတင်နိုင်ရေးအတွက် စာရင်းဝင် အကြို ဈေးကွက်ဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲမှသိရခြင်းဖြစ်သည်။

စကားဝိုင်းဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် ဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတက်ရောက်ခဲ့ပြီးစာရင်းဝင်အကြိုဈေးကွက် (Pre listing Board-PLB) ဝင်ရောက်ရာတွင် ဆောင်ရွက်ရမည့်ကိစ္စများကို အသေးစိတ်ရှင်းလင်း ဆွေးနွေး မည်ဖြစ်၍ တက်ရောက်လာသူများအနေဖြင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးမေးမြန်း ကြစေလိုကြောင်းပြောကြား ခဲ့သည်။

ရန်ကုန်စတော့အိပ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီ (၈)ခု၏ ရှယ်ယာများ နေ့စဉ်ရောင်းဝယ်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အထိ ရင်းနှီးမြှုပ်နှံသူဦးရေ (၄၅၉၃၄) ဦးရှိကာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၆) လတာကာလအတွင်း စာရင်းဝင်ကုမ္ပဏီ (၈) ခု၏ ရှယ်ယာ စုစုပေါင်း (၁ ဒသမ ၉၄၅) သန်း၊တန်ဖိုးကျပ် (၄ဒသမ ၇၄)ဘီလီယံ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဈေးကွက်ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ကျပ်(၇၄၉ ဒသမ ၇၇၂) ဘီလီယံရှိကြောင်းသိရသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times #Yangon_Media_Group