#World_Health
Published 15 May 2026
■ မန်ချက်စတာမြို့မှ အသက် ၂၂ နှစ်အရွယ် အမျိုးသမီးဟာ vape စီးကရက် သောက်သုံးပြီး အဆုတ်ကင်ဆာ ဖြစ်ပွားနေကာ အသက်ရှင်နေထိုင်ရန် ၁၈ လသာ ကျန်တော့တယ်လို့ သိရှိရပြီးနောက်မှာ vape သောက်ခြင်းအန္တရာယ်တွေကို သတိပေးလိုက်ပါတယ်။
■ ကေလီဘိုဒါဟာ ၁၅ နှစ်အရွယ်ကစပြီး vape သောက်ခဲ့ကာ တစ်ပတ်ကို အကြိမ် ၆၀၀ ပါ တစ်ဗူးနှုန်း အသုံးပြုခဲ့ပြီး ချောင်းဆိုးတဲ့အခါ အညိုရောင်သမ်းသမ်း အဖတ်တွေနဲ့ သလိပ်တွေ ထွက်လာတယ်လို့ ဆိုပါတယ်။
■ ဆရာဝန်တွေဆီမှာ အကြိမ်ကြိမ်သွားပြခဲ့ပေမယ့် အစပိုင်းမှာ အဆုတ်အအေးမိခြင်းသာ ဖြစ်တယ်လို့ သိရှိခဲ့ကာ နောက်ပိုင်းမှာတော့ ချောင်းဆိုးရင် သွေးပါလာတဲ့အတွက် နောက်ထပ်စစ်ဆေးမှု ထပ်မံပြုလုပ်ခဲ့ရကြောင်း ပြောပါတယ်။
■ အသားစစစ်ဆေးမှု အကြိမ်ကြိမ်ပြုလုပ်ပြီးနောက် ၂၀၂၅ မှာ အဆုတ်ကင်ဆာ တွေ့ရှိခဲ့ပြီး ဓာတုကုထုံးဖြင့် ညာဘက်အဆုတ်အစိတ်အပိုင်းကို ဖယ်ရှားခွဲစိတ်ခဲ့ပါတယ်။
■ ၂၀၂၆ အစောပိုင်းမှာ ကင်ဆာပျောက်ကင်းပြီလို့ ကြေညာခဲ့ပေမယ့် လပိုင်းအကြာမှာ ကင်ဆာပြန်ဖြစ်လာပြီး အဆုတ်နံရံတွေပါ ပျံ့နှံ့လာပါတယ်။
■ ဆရာဝန်တွေက ကင်ဆာတွေကို ကုသလို့မရဘဲ ၁၈ လခန့်သာ အသက်ရှင်နိုင်တော့မယ်လို့ ပြောထားပါတယ်။
■ ဘိုဒါကတော့ သက်တမ်းဆွဲဆန့်ချင်တဲ့ မျှော်လင့်ချက်ဖြင့် နိုင်ငံခြားမှာ စမ်းသပ်ခံယူဖို့ အလှူငွေကောက်ခံနေပါတယ်။
■ အဆုတ်ကင်ဆာ ဖြစ်ရတာဟာ vape သောက်တာကြောင့်လို့ ယူဆပြီး အခြားသူတွေကို အသုံးမပြုကြဖို့ တိုက်တွန်းနေပါတယ်။
■ ဆေးလိပ်သောက်ခြင်းရော vape သောက်ခြင်းကပါ အဆုတ်ကျန်းမာရေးကို အန္တရာယ်ဖြစ်နိုင်ခြေ မြင့်မားတယ်လို့ ကျန်းမာရေးကျွမ်းကျင်သူတွေ သတိပေးနေပါတယ်။
Source: UZ.Kursiv.
#World_Health
Published 15 May 2026
■ ဟန်တာဗိုင်းရပ်စ် ကူးစက်မှုတွေကို အပျော်စီးဇိမ်ခံသင်္ဘောတစ်စင်းပေါ်မှာ တွေ့ရှိပြီးနောက် ကမ္ဘာတဝှမ်း စိုးရိမ်ပူပန်မှု မြင့်တက်လာပါတယ်။
■ ဒီဗိုင်းရပ်စ်က အချို့လူတွေမှာ အသက်အန္တရာယ် ဖြစ်စေသည်အထိ ပြင်းထန်နိုင်ပြီး ကိုဗစ်-၁၉ လိုမျိုး ရောဂါတွေနဲ့ ကူးစက်ပျံ့ပွားပုံ အလွန်ကွဲပြားပါတယ်။
■ ဟန်တာဗိုင်းရပ်စ်က ရောဂါကူးစက်နေတဲ့ ကြွက်မျိုးရိုးသတ္တဝါတွေရဲ့ ဆီး၊ တံတွေး၊ အရည်စက်တွေထဲက ဗိုင်းရပ်စ်အမှုန်တွေကို လူတွေရှူမိတဲ့ခါ အဓိကဝင်ရောက်လာပြီး သွေးကြောနံရံတွေကို တိုက်ခိုက်ကာ ကိုယ်တွင်းအင်္ဂါတွေထဲ ယိုစိမ့်လာနိုင်ပါတယ်။
■ အဓိကအားဖြင့် အဆုတ်တွေ၊ ကျောက်ကပ်တွေထဲမှာ ပြဿနာကြီးကြီးမားမား ဖြစ်လာနိုင်ပါတယ်။
■ ဖျားနာခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ကြွက်သားကိုက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်းစတဲ့ အစောပိုင်းလက္ခဏာများ ဖြစ်တတ်ပြီး ချက်ချင်းဆိုသလို အသက်ရှူလမ်းကြောင်းနဲ့ ကျောက်ကပ်ရောဂါတွေအထိ ဆိုးရွားလာနိုင်ပါတယ်။
■ လက်ရှိမှာ ဟန်တာဗိုင်းရပ်စ်အတွက် ပဋိဇီဝကုသနည်းလမ်း မရှိသေးဘဲ အောက်ဆီဂျင်ကုထုံး၊ အသက်ရှူကိရိယာပေးခြင်း၊ ကျောက်ကပ်ဆေးခြင်း စတဲ့ စောင့်ရှောက်မှုတွေသာ ရှိပါတယ်။
■ ဟန်တာဗိုင်းရပ်စ် အန်ဒီးစ်မျိုးကွဲဟာ လူသားချင်းအနီးကပ်ထိတွေ့မှုကနေ ကူးစက်နိုင်တဲ့ တစ်ခုတည်းသော ဗိုင်းရပ်စ်မျိုးကွဲအဖြစ် သိရှိထားပါတယ်။
■ ကြိုတင်ကာကွယ်မှုအနေဖြင့် ကြွက်မျိုးရိုးသတ္တဝါတွေ ရှိနေတဲ့ပတ်ဝန်းကျင်မှာ ထိတွေ့မှုအနည်းဆုံး သတိထားဖို့နဲ့ ဘေးကင်းစိတ်ချရတဲ့ သန့်ရှင်းရေးနည်းလမ်းတွေ ကျင့်ကြံဖို့ ပါဝင်ပါတယ်။
■ ဟန်တာဗိုင်းရပ်စ်ဟာ ကိုဗစ်-၁၉ လို ကူးစက်တာမဟုတ်ဘဲ လူအများမှာ ကူးစက်နိုင်ခြေကတော့ နည်းနေဆဲဖြစ်ပါတယ်။
Source: India Today.
ပေကျင်း၊ မေ ၁၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်လာရောက်သည့် အမေရိကန်နိုင်ငံ သမ္မတ ထရမ့်နှင့် မေ ၁၄ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က ထိုင်ဝမ်အရေးကိစ္စသည် တရုတ်-အမေရိကန် ဆက်ဆံရေးတွင် အရေးကြီးဆုံးကိစ္စဖြစ်ကြောင်း၊ ကိုင်တွယ်စီမံမှုကောင်းမွန်လျှင် နှစ်နိုင်ငံဆက်ဆံရေးသည် ယေဘုယျအားဖြင့် တည်ငြိမ်မှုကို ထိန်းထားနိုင်မည် ဖြစ်ပြီး ကိုင်တွယ်စီမံမှု ကောင်းမွန်ခြင်းမရှိပါက နှစ်နိုင်ငံအနေဖြင့် ပွတ်တိုက်မှုသာမက ပဋိပက္ခအထိပါ ဖြစ်ပွားနိုင်ရာ တရုတ်-အမေရိကန် ဆက်ဆံရေးတစ်ရပ်လုံးက အလွန်အန္တရာယ်များသော အနေအထားသို့ ရောက်ရှိသွားမည် ဖြစ်ကြောင်း၊ “ထိုင်ဝမ်ခွဲထွက်ရေး” နှင့် ထိုင်ဝမ်ရေလက်ကြားငြိမ်းချမ်းရေးသည် မီးနှင့်ရေပမာ အတူယှဉ်တွဲ၍ မရကြောင်း၊ ထိုင်ဝမ်ရေလက်ကြား တည်ငြိမ်အေးချမ်းရေးကို ကာကွယ်ထိန်းသိမ်းခြင်းက တရုတ်-အမေရိကန် နှစ်ဖက်၏ အကြီးဆုံး ဘုံဆခွဲကိန်းဖြစ်ကြောင်း အလေးထား ပြောကြားခဲ့သည်။
ထို့အပြင် ရှီကျင့်ဖိန်က တရုတ်-အမေရိကန်အကြား ဘုံအကျိုးစီးပွားမှာ သဘောထားကွဲလွဲမှုထက် ကြီးမားရာ တရုတ်နှင့် အမေရိကန်၏ ကိုယ်စီအောင်မြင်မှုသည် အပြန်အလှန်၏ အခွင့်အလမ်းဖြစ်သလို တရုတ်-အမေရိကန် ဆက်ဆံရေး တည်ငြိမ်ခြင်းသည် ကမ္ဘာကြီးအတွက် အကျိုးရှိကြောင်း၊ နှစ်ဖက်အနေဖြင့် ပြိုင်ဖက်မဟုတ်ဘဲ မိတ်ဖက်လုပ်ဆောင်သင့်ကြောင်း၊ အပြန်အလှန် အောင်မြင်ဖြစ်ထွန်းစေကာ အတူတကွ သာယာဝပြောစေပြီး ခေတ်သစ် အင်အားကြီးနိုင်ငံများ၏ မှန်ကန်သောဆက်ဆံရေးလမ်းကြောင်းကို လျှောက်လှမ်းသင့်ကြောင်း၊ မိမိအနေဖြင့် သမ္မတထရမ့်နှင့်အတူ နှစ်နိုင်ငံနှင့် ကမ္ဘာကြီး၏ အရေးပါသော ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမြင်သဘောထားချင်းဖလှယ်ရန်၊ တရုတ်-အမေရိကန် ဆက်ဆံရေးဟူသော ဤသင်္ဘောကြီးအား အတူတကွ ကောင်းမွန်စွာ လမ်းညွှန်ပဲ့ကိုင်ရန်၊ ၂၀၂၆ ခုနှစ်ကို တရုတ်-အမေရိကန် ဆက်ဆံရေးအတွက် အတိတ်ကိုဆက်ခံ၍ အနာဂတ်ကို လမ်းဖွင့်ပေးသည့် သမိုင်းဝင်၊ အထင်ကရ နှစ်ဖြစ်လာစေရန် မျှော်လင့်ကြောင်း အလေးထားပြောကြားခဲ့သည်။
(Xinhua)
#Local_News
Published 14 May 2026
#တနင်္သာရီတိုင်း #ငါး
#YMG/NN #Yangon_Times
ပြည်သူ့အငှားအိမ်ရာစီမံကိန်းများရှိ တိုက်ခန်းများရဲ့အခန်းဖွဲ့ကာရံခြင်းများအတွက်ဆောင်ရွက်လိုတဲ့ မြန်မာနိုင်ငံသားတိုင်းရင်းသားလုပ်ငန်းရှင်တွေကို တင်ဒါခေါ်ယူလျှက်ရှိတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှသိရပါတယ်။
#Local_News
Published 14 May 2026
#ပြည်သူ့အငှားအိမ်ရာစီမံကိန်း
#YMG/SW #Yangon_Times
မိုးရာသီစတင်ချိန်မှာသီးနှံမျိုးစုံထွက်ရှိလာပြီဖြစ်တာကြောင့် အာလူးဈေးနှုန်းများကျဆင်းလာတယ်လို့ အာလူးစိုက်ပျိုးရောင်းချသူများထံကနေ သိရပါတယ်။
#Local_News
Published 14 May 2026
#အာလူး
#YMG/NN #Yangon_Times
ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)မှတစ်ဆင့် ယခုလအတွင်း မြန်မာလုပ်သား၂၀၀ကျော်ကို စေလွှတ်ထားတယ်လို့ သိရပါတယ်။
#Local_News
Published 14 May 2026
#POEA #ကိုရီးယားသမ္မတနိုင်ငံ
#YMG/SW #Yangon_Times
#Daily_News
Published 14 May 2026
၁။ တနင်္သာရီတိုင်းမှရေထွက်ကုန်များကို ပြည်ပသို့ပိုမိုတင်ပို့
၂။ ပြည်သူ့အငှားအိမ်ရာစီမံကိန်းများတွင် အခန်းဖွဲ့ကာရံခြင်းများအတွက် တင်ဒါခေါ်ယူ
၃။ သီးနှံအထွက်များချိန် အာလူးဈေးနှုန်းများကျဆင်း
၄။ အမေရိကန်သမ္မတ ထရမ့် တရုတ်နိုင်ငံသို့ရောက်ရှိ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
တရုတ်နိုင်ငံသမ္မတရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် သုံးရက်ကြာနိုင်ငံတော်အဆင့် ခရီးစဉ်အဖြစ် ဗုဒ္ဓဟူးနေ့ညနေပိုင်းတွင် ပီကင်းမြို့သို့ ရောက်ရှိလာခဲ့ပါတယ်။
#World_News
Published 14 May 2026
#အမေရိကန်သမ္မတထရမ့် #တရုတ်နိုင်ငံ
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 14 May 2026
■ ဧရာဝတီတိုင်းဒေသကြီးကျောင်းကုန်းမြို့နယ်၌ Football For School Program ဆိုင်ရာလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်းသိရသည် ။
■ ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် ယမာန်နေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်း မြို့နယ်အတွင်း Football For School Program ဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် မြို့မဘောလုံးကွင်းတွင် အားကစားသမားများအား သင်ကြားလေ့ကျင့်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အခြေခံပညာကျောင်းများ၌ အားကစားနည်းအလိုက် အခြေခံသင်တန်းများဖွင့်လှစ်သင်ကြားပေးနိုင်ရေး မှာကြားသည်။
■ ထို့နောက် ကျောင်းကုန်းမြို့နယ် အားကစားကွင်းနှင့် အလျား ပေ ၁၂၀၊ အနံ ပေ ၉၀ မိုးလုံလေလုံ အားကစားရုံတည်ဆောက်မည့်မြေနေရာကို ကြည့်ရှုစစ်ဆေးပြီး အားကစားကွင်း/ အားကစားရုံများတွင် ပြည်သူများ ကိုယ်လက်လှုပ်ရှားမှုများနှင့် အားကစားလေ့ကျင့်ခြင်းများ လာရောက်ပြုလုပ်နိုင်ရေးအတွက် လိုအပ်သည်များကို စီစဉ်ဆောင်ရွက်ပေးသွားရန် မှာကြားခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 14 May 2026
■ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်း၌ ယောင်္ကျားလေး ၃၇၀ ကျော်နှင့် ကာကွယ်စောင့်ရှောက်ရန်လိုအပ်သော ကလေး ၃၀ ကျော်တို့ကို လက်ခံစောင့်ရှောက်ထားကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သိရသည်။
■ အဆိုပါ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းတွင် ကလေးသူငယ်တရားရုံးများမှပေးပို့သော အသက်(၁၂)နှစ်မှ (၁၈) နှစ်အထိ ယောင်္ကျားလေး ၃၇၆ ဦးနှင့် ကာကွယ်စောင့်ရှောက်ရန်လိုအပ်သော ကလေး ၃၃ ဦးတို့ကို လက်ခံစောင့်ရှောက်ထားကြောင်းသိရသည်။
■ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သန့်ဇော်လွင်သည် ယမာန်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးကော့မှူးမြို့နယ် ငှက်အော်စမ်း လူငယ်သင်တန်းကျောင်းကို ကြည့်ရှုစစ်ဆေးသည်။
■ ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ကလေးများသည် အနာဂတ်ကိုပုံဖော်ကြမည့်သူများဖြစ်သောကြောင့် စနစ်တကျနှင့် ကောင်းမွန်စွာပြုစုစောင့်ရှောက်ပေးရန်လိုကြောင်း၊ ကလေးတစ်ဦးချင်းစီ ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ အုပ်စုလိုက်ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ အနားယူအပန်းဖြေခြင်းနှင့် ပျော်ပွဲရွှင်ပွဲအစီအစဉ်များကိုလည်း ပိုမိုဆောင်ရွက်ပေးစေလိုကြောင်း၊ တစ်ဦးချင်း၏ နောက်ခံအခြေအနေအပေါ် အခြေခံပြီး လူမှုဝန်ထမ်းနည်းလမ်းများဖြင့် စနစ်တကျလေ့ကျင့် သင်ကြားပေးရန်နှင့် မိသားစု၊ ရပ်ရွာအတွင်း ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပြောကြားသည်။
#YMG/NN #Yangon_Times
တရုတ်သမ္မတ ရှီကျင့်ဖျင်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား ကြိုဆိုသည့်အခမ်းအနားကို ပေကျင်းမြို့လယ်ရှိ ပြည်သူ့ခန်းမဆောင်ကြီးအပြင်ဘက်တွင် ကြာသပတေးနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
သမ္မတရှီ၏ ဖိတ်ကြားချက်အရ သမ္မတထရမ့်သည် ဗုဒ္ဓဟူးနေ့မှ သောကြာနေ့အထိ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ခရီးစဉ်အဖြစ် လာရောက်လည်ပတ်နေခြင်းဖြစ်သည်။
ယင်းသည် သမ္မတရှီက သမ္မတထရမ့်ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် ပေကျင်း၌ လက်ခံတွေ့ဆုံခဲ့ပြီးနောက်ပိုင်း ကိုးနှစ်နီးပါးကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်သမ္မတတစ်ဦး၏ တရုတ်နိုင်ငံခရီးစဉ် ဖြစ်သည်။
Source CCTV+
Page 88 of 2053