#World_Health
Published 16 May 2026
■ အသက်ကြီးသူတွေမှာ နေ့ခင်းဘက် အလွန်အမင်း တရေးအိပ်ခြင်းက အသက်အန္တရာယ် မြင့်မားခြင်းနဲ့ ဆက်စပ်နေတယ်လို့ မတ်စ်ဂျန်နရယ်ဘရစ်ဂမ်မှ သုတေသနအသစ် တွေ့ရှိထားပါတယ်။
■ သက်ကြီးဦးရေ ၂၀ မှ ၆၀ ရာခိုင်နှုန်းလောက်ဟာ တရေးအိပ်တတ်ကြတယ်လို့ ဆိုပါတယ်။
ရံဖန်ရံခါ တရေးအိပ်ခြင်းက လူကို လန်းဆန်းစေနိုင်ပေမယ့် မကြာခဏ ကြာမြင့်စွာ တရေးအိပ်ရင်တော့ ကျန်းမာရေးစိုးရိမ်စရာတွေ ရှိနိုင်ပါတယ်။
■ လေ့လာချက်ထဲမှာ သက်ကြီးရွယ်အို ၁,၃၃၈ ယောက်ကို ၁၉ နှစ်ကြာအောင် စောင့်ကြည့်ခဲ့ပြီး နေ့ခင်းဘက်တရေးအိပ်ချိန်နဲ့ ကြာချိန်တို့ကို လေ့လာခဲ့ကြပါတယ်။
■ အချိန်ကြာကြာနဲ့ မကြာခဏ တရေးအိပ်တတ်သူတွေဟာ ကျန်းမာရေးကျဆင်းလာတဲ့ အစောပိုင်းလက္ခဏာများဖြစ်နိုင်ပြီး ဆုံးပါးနိုင်ခြေအန္တရာယ် မြင့်မားခြင်းနဲ့ ဆက်စပ်နေတယ်လို့ တွေ့ရှိပါတယ်။
■ မနက်ခင်းမှာ တရေးအိပ်ခြင်းက ဆုံးပါးနိုင်ခြေအန္တရာယ် ၃၀ ရာခိုင်နှုန်းပိုများပြီး အိပ်ချိန်တစ်နာရီ ပိုများတိုင်းမှာ ၁၃ ရာခိုင်နှုန်း ပိုမြင့်မားလာပါတယ်။
■ အာရုံကြောယုတ်လျော့လာခြင်း၊ နှလုံးသွေးကြောရောဂါများ၊ ရောဂါဖြစ်နိုင်ခြေတို့နဲ့ ဆက်စပ်နေပေမယ့် တရေးအိပ်တဲ့ပုံစံနဲ့ ပတ်သက်ပြီး လူနာကိုယ်တိုင်သာ တင်ပြကြတာကြောင့် တွေ့ရှိချက်တွေက သိပ်ပြီးမယုံစားရဘူးလို့ မတ်စ်ဂျန်နရယ်ဘရစ်ဂမ်မှ သုတေသနပြုစုသူ ချန်လုကောက ပြောပါတယ်။
■ လေ့လာချက်တွေက အနောက်အလယ်ပိုင်းဒေသမှ လူဖြူတွေ သက်ကြီးရွယ်အိုတွေကို အဓိကလေ့လာပြီး အနာယူခြင်းကိုလည်း အိပ်စက်ခြင်းအဖြစ် မှားယွင်းဖော်ပြတာမျိုး ဖြစ်နိုင်ပါတယ်။
■ နေ့ခင်းတရေးအိပ်ခြင်းကို စောင့်ကြည့်တိုင်းတာခြင်းဖြင့် ကျန်းမာရေးအခြေအနေတွေကို ခန့်မှန်းနိုင်ပြီး ယုတ်လျော့လာခြင်းမှ ကာကွယ်နိုင်မယ်လို့ သုတေသီတွေ အကြံပြုထားပါတယ်။
Source: Fox News
#World_Science
Published 16 May 2026
■ ပြီးခဲ့တဲ့လက မိတ်ဆက်ခဲ့တဲ့ BYD ရဲ့ Blade Battery 2.0 နည်းပညာဆိုရင် လျှပ်စစ်ကားများကို ၁၀ မိနစ်အတွင်း အားပြန်သွင်းနိုင်စေပြီး ဆီဖြည့်ရသလောက်ပင် မြန်ဆန်နေပါပြီ။
■ အင်္ဂါနေ့ကကျင်းပတဲ့ Tech Day Event ပွဲမှာတော့ ထိပ်တန်းဘက်ထရီထုတ်လုပ်ရေး CATL က အချိန် ၆ မိနစ်လောက်ဖြင့် အလွန်မြန်ဆန်စွာ အားသွင်းနိုင်မယ့် နောက်ဆုံးပေါ် Shenxing LFP ဘက်ထရီကို မိတ်ဆက်ခဲ့ပါတယ်။
■ CATL ရဲ့ တတိယမျိုးဆက် Shenxing ဘက်ထရီဟာ ၆ မိနစ်နဲ့ ၂၇ စက္ကန့်အတွင်း ဘက်ထရီကို ၁၀ ရာခိုင်နှုန်းမှ ၉၈ ရာခိုင်နှုန်းအထိ အားသွင်းပေးနိုင်ပြီး ၁၀ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းအထိကိုတော့ ၁ မိနစ်အတွင်း၊ ၈၀ ရာခိုင်နှုန်းအထိကိုတော့ ၃ မိနစ်နဲ့ ၄၄ စက္ကန့်အတွင်း အားသွင်းဖို့ ကြာမြင့်ခဲ့ပါတယ်။
■ အပူချိန် အနုတ် ၃၀ ဒီဂရီဆဲလ်စီးယပ်စ်မှာပင် LFP ဘက်ထရီအသစ်က ၂၀ ရာခိုင်နှုန်းမှ ၉၈ ရာခိုင်နှုန်းကို ၉ မိနစ်လောက်ဖြင့် အားသွင်းပေးနိုင်တယ်လို့ CATL က ပြောပါတယ်။
■ BYD ရဲ့ Blade Battery 2.0 နဲ့ Flash Charging နည်းပညာတို့ကတော့ ၁၀ ရာခိုင်နှုန်းမှ ၉၇ ရာခိုင်နှုန်းကို ၉ မိနစ်အတွင်း အားဖြည့်ပေးနိုင်ပါတယ်။
■ CATL ရဲ့ နောက်ဆုံးထုတ် LFP ဘက်ထရီက အတွင်းပိုင်းလျှပ်ခံမှု ကမ္ဘာ့စံချိန်တင် ၀.၂၅ မီလီအုမ်းသာရှိပြီး ပျမ်းမျှအောက် ၅၀ ရာခိုင်နှုန်းခန့် ပိုမိုနည်းပါးတာကြောင့် အားသွင်းနှုန်း အလွန်မြန်ဆန်တာဖြစ်ကြောင်း ပြောထားပါတယ်။
■ အေးမြတဲ့ရာသီဥတုတွေမှာ စွမ်းဆောင်ပိုမိုကောင်းမွန်ဖို့အတွက် ကိုယ်တိုင်အပူပေး Pulse နည်းပညာအသစ် ပါဝင်ပါတယ်။
■ စွမ်းအင်ပိုင်း အပူအပင်မရှိစေရေးနဲ့ ရေရှည်တည်တံ့တဲ့ အနာဂတ်လုပ်ဆောင်ချက်များအဖြစ် ပြည်ပဈေးကွက် တိုးချဲ့မှုတွေကို ပူးပေါင်းဖော်ထုတ်သွားမယ်လို့ ကုမ္ပဏီက ဆိုပါတယ်။
Source: Electrek.
တရုတ်သမ္မတရှီကျင့်ဖျင်ဟာ အလည်အပတ်ရောက်ရှိနေတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ကြာသပတေးနေ့က ပေကျင်းမြို့၊ ပြည်သူ့ခန်းမဆောင်ကြီးမှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
#World_News
Published 15 May 2026
#တရုတ်သမ္မတရှီကျင့်ဖျင် #အမေရိကန်သမ္မတဒေါ်နယ်ထရမ့်
#YMG #Yangon_Times #Yangon_Media_Group
အခုတစ်ပတ်အတွက် စက်သုံးဆီရည်ညွှန်းဈေးတွေမှာ ဒီဇယ်ဈေးဆက်လက်ကျဆင်းလာပြီး 92 ဓာတ်ဆီဈေးကတော့ တက်ရိပ်ပြန်ပြလာတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ ဒီကနေ့ထုတ်ပြန်တဲ့စာရင်းတွေအရ သိရပါတယ်။
#Local_News
Published 15 May 2026
#ဒီဇယ်ဈေး #ဓာတ်ဆီဈေး
#YMG/NN #Yangon_Times
#Daily_News
Published 15 May 2026
၁။ မြန်မာ - တရုတ်ပူးပေါင်းနှလုံးရောဂါအန္တရာယ်အကဲဖြတ်စနစ်စီမံချက်စတင်မည်
၂။ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတိုမှမွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးသူငယ်များအား ငွေကြေးထောက်ပံ့မည်
၃။ ဆွာချောင်းတံတားသစ်တည်ဆောက်ပြီးစီး၍ ယာဉ်များစတင်ဖြတ်သန်းခွင့်ပြု
၄။ တရုတ်သမ္မတရှီကျင့်ဖျင်နှင့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်တို့
ပေကျင်းတွင်တွေ့ဆုံဆွေးနွေး... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
အစိုးရသစ်ရဲ့ရက်ပေါင်း (၁၀၀) အတွင်းဆောင်ရွက်မယ့်စီမံကိန်းတစ်ခုဖြစ်တဲ့“မြန်မာနိုင်ငံ နှလုံးရောဂါအန္တရာယ်အကဲဖြတ်စနစ် စီမံချက်”ကိုမြန်မာ - တရုတ်နှစ်နိုင်ငံပူးပေါင်းကာ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ သိရပါတယ်။
#Local_News
Published 15 May 2026
#မြန်မာ_တရုတ်
#YMG/SW #Yangon_Times
#Local_News
Published 15 May 2026
#ကိုယ်ဝန်ဆောင်မိခင် #ကရင်ပြည်နယ်
#YMG/NN #Yangon_Times
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၁၆၅/၁)ရှိ အရှည်ပေ ၉၀၀ ဆွာချောင်းတံတား (အပြန်လမ်း) အသစ်တည်ဆောက်ပြီးစီးသဖြင့် မော်တော်ယာဉ်များကို မေလ၁၄ရက်မှစတင်ကာ ဖြတ်သန်းခွင့်ပြုလိုက်ပြီဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။
#Local_News
Published 15 May 2026
#ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး #ဆွာချောင်းတံတား
#YMG/SW #Yangon_Times
#Local_News
Published 15 May 2026
■ ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့နှင့်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့တို့ကမြစ်ကြီးနားနှင့် လှည်းကူးမြို့နယ်တို့ရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
■ တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍ တိုးတက်မြင့်မားစေရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်မှုများဆောင်ရွက်ပေးလျက်ရှိရာ ယမာန်နေ့နံနက်ပိုင်းက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိဝေဠုဝန် ကျောင်းတိုက်အတွင်း၌အခြေပြု၍ မြစ်ကြီးနားမြို့ပေါ်ရှိ သံဃာတော်များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
■ ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော် ၃၀ ပါးတို့အား ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ အရိုးအကြောရောဂါ၊ အာရုံကြောအားနည်းရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ်စစ်ဆေးပေးခြင်း၊ ဓာတ်မှန်ရိုက်၍ ရောဂါရှာဖွေပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန်လိုအပ်သည့် သံဃာတော်များအား နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
■ အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အဝိုင်းအနောက်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ သံဃာတော် ၂ ပါးနှင့် ဒေသခံပြည်သူ ၆၉ ဦးတို့ ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ကောဝိဒါရာမ ကျောင်းတိုက်၌အခြေပြု၍ အရိုးအကြောရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ ကလေးရောဂါ၊ မျက်စိရောဂါ၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ၊ သွားနှင့်ခံတွင်း ရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။
■ ယင်းသို့ ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာတပ်နယ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 15 May 2026
■ ၂၀၂၆ ခုနှစ် မေလ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့၏ ဝန်းကျင်လေထုအရည်အသွေး လေ့လာဆန်းစစ်ခြင်းနှင့်ပတ်သက်၍ သတင်းထုတ် ပြန်ထားကြောင်းပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ သိရသည်။
■ ရန်ကုန်တိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ရန်ကုန်မြို့အတွင်း အောက်ဖော်ပြပါတိုင်းတာမှတ် (၃) နေရာတွင် Ambient Air Quality Monitoring Station with Mobile Car- (AQMS Mobile Car)၊ Compact Air Quality Monitoring Station- (AQM 65) စက်များကိုအသုံးပြု၍ Particulate Matter 2.5 (PM2.5)၊ Particulate Matter 10 (PM10) ၊ Sulphur Dioxide (SO2)၊ Nitrogen Dioxide (NO2)၊ Ozone (O3) နှင့် Carbon Monoxide (CO) စသည့် အဓိက Parameter (၆) မျိုးကို (၂၄) နာရီ ပုံမှန်တိုင်းတာပြီး လေ့လာဆန်းစစ် နေကြောင်းသိရသည်။
■ ထိုသို့ဆောင်ရွက်ရာတွင် လေထုအပူချိန်၊ လေတိုက်နှုန်း၊ လေတိုက်ခတ်ရာလမ်းကြောင်း၊ စိုထိုင်းမှု၊ မိုးရွာသွန်းမှုအခြေအနေ၊ မော်တော်ယာဉ်အသုံးပြုမှုအခြေအနေ၊ ပူပြင်းခြောက်သွေ့မှုကြောင့် ဖုန်မှုန့်ပျံ့လွင့်မှု၊ စက်ရုံများမှ ထုတ်လွှတ်အခိုးအငွေ့များ ထုတ်လွှတ်မှုအခြေအနေနှင့် ဝန်းကျင်လေထုအရည်အသွေး တိုင်းတာသည့်နေရာ အနီးဝန်းကျင်အခြေအနေတို့အပေါ်မူတည်၍ တိုင်းတာရရှိသည့် ဝန်းကျင်လေထုအရည်အသွေးရလဒ်များသည် ပြောင်းလဲမှုရှိနိုင်ပါကြောင်း သုံးသပ်ထားကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 15 May 2026
■ ကမ္ဘာ့ရေနံဈေးနှုန်း မြင့်တက်ခြင်းကြောင့် ဖိလစ်ပိုင်မှာ ပြီးခဲ့တဲ့ ၂ လအတွင်း ဒီဇယ်ဈေးနှုန်း နှစ်ဆကျော် မြင့်တက်ခဲ့ပါတယ်။
■ ဖိလစ်ပိုင်ဟာ နိုင်ငံစွမ်းအင်လိုအပ်ချက်ရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကို တင်သွင်းနေရတာ ဖြစ်ပါတယ်။
■ ဧပြီလမှာ ငွေကြေးဖောင်းပွမှု ၇.၂ ရာခိုင်နှုန်း ခုန်တက်ခဲ့ပြီး လူနေမှုဘဝတွေ အိမ်ထောင်စုတွေ၊ စီးပွားရေးလုပ်ငန်းတွေ အသက်ရှူကြပ်လာစေပါတယ်။
■ လောင်စာဆီဈေးနှုန်းနဲ့ ငွေကြေးဖောင်းပွမှုကြောင့် ယာဉ်မောင်းဆွဲစားသူတွေများစွာဒုက္ခရောက်ရပြီး လိုင်းကားယာဉ်မောင်း အာတူရိုဆိုရင် မိသားစုနဲ့အတူ ယာဉ်ပေါ်မှာပဲ နေထိုင်နေရပါတယ်။
■ နိုင်ငံအတွင်း တန်းစီစောင့်ဆိုင်းရတာတွေ၊ ဝယ်ယူရရှိနိုင်ရေးပြဿနာတွေကြောင့် နေထိုင်စားသောက်ရေးစရိတ် မြင့်တက်လာခြင်းကို ကာမိဖို့ ခက်ခဲနေပါတယ်။
■ မြင့်တက်လာတဲ့ လောင်စာဆီ ဈေးနှုန်းကြောင့် ကုန်ပစ္စည်းထုတ်လုပ်သူတွေလည်း စရိတ်စကကြီးမားလာကာ ဝယ်လိုအား ကျဆင်းနေပါတယ်။
■ ဖိလစ်ပိုင်ငွေကြေးပီဆို တန်ဖိုးကျဆင်းလာသဖြင့် ဖိလစ်ပိုင်နိုင်ငံသား ၄၄ ရာခိုင်နှုန်းလောက်ဟာ လစဉ်ငွေကြေးလိုအပ်ချက် ပြည့်မီဖို့ ရုန်းကန်နေရပါတယ်။
■ အင်မပ်စ်မြို့မှာတော့ တရုတ်ပြည်ထုတ် ဆိုလာစွမ်းအင်လျှပ်စစ်သုံးဘီးတွေဖြင့် ရေပို့ဆောင်ခြင်းလုပ်ငန်းတွေ လုပ်နေကြပြီး လုပ်ငန်းလည်ပတ်စရိတ် ၇၀ ရာခိုင်နှုန်းလောက် သက်သာစေပါတယ်။
■ တရုတ်တို့ရဲ့ ကုန်ကျစရိတ်သက်သာတဲ့ ထုတ်လုပ်မှု၊ ဈေးနှုန်း၊ အဆင့်မြင့်ဘက်ထရီနည်းပညာ၊ AI ထောက်ကူစနစ်တို့ကြောင့် တရုတ်ပြည်ထုတ် လျှပ်စစ်ယာဉ်တွေ လွှမ်းမိုးထားကြောင်း ကျွမ်းကျင်သူတွေ သုံးသပ်ကြပါတယ်။
Source: Xinhua
#Local_News
Published 15 May 2026
■ ပုဂ္ဂလိကမီးရထားလုပ်ငန်းများပေါ်ပေါက်လာပါက မီးရထားတွဲများအနေဖြင့် ချမှတ်ထားသည့် စံသတ်မှတ်ချက်များနှင့်အညီဖြစ်ရန်လိုကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ပြောသည်။
■ ယမန်နေ့ နံနက်က နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်ရှိ ပို့ဆောင် ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ(နေပြည်တော်)သို့ သွားရောက်၍ ရထားပို့ဆောင်ရေး လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီးစဉ် ယင်းကအထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
■ ရထားတွဲများအဆင့်မြှင့်တင်ခြင်းနှင့်ပတ်သက်၍လည်း ရထားတွဲများကိုစံနှုန်း တစ်ခုသတ်မှတ်ဆောင်ရွက် သွားရန်လိုကြောင်း၊ ယခင်ကတည်းက မီးရထားတွဲများတည်ဆောက်ခဲ့သည့် အတွေ့အကြုံများစွာရှိပြီးဖြစ်သဖြင့် ပြည်တွင်း၌ ရထားတွဲများလုံလောက်စွာထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ရထားတွဲများ၏ အလျား၊ အနံများအနေဖြင့် တူညီမှုမရှိကြသည်ကိုလည်း လေ့လာတွေ့ရှိရသဖြင့် နိုင်ငံနှင့်ကိုက်ညီသည့် ရထားတွဲများဖြစ်စေရေး၊ ခရီးသွားပြည်သူများ ချောင်ချောင်ချိချိ သက် သက်သာသာဖြင့် စီးနင်းနိုင်သည့် ရထားတွဲများဖြစ်စေရေး စနစ်တကျဖြင့် လေ့လာ၍ သုတေသနပြုတွက်ချက်တည်ဆောက်ထုတ် လုပ်သွားကြရန်လိုကြောင်း၊ လက်ရှိအချိန် တွင် ဘတ္ထရီလျှပ်စစ်စက်ခေါင်း (Battery Electric Locomotives - BEL)နှင့် ဘတ္တရီ လျှပ်စစ်ရထားတွဲ (Battery Electric Multiple Unit - BEMU)များကို တည်ဆောက် လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း စနစ်တကျဖြစ်ရန်လို ကြောင်း။မီးရထားတွဲများနှင့်ပတ်သက်၍ မြန်မာနိုင်ငံနှင့်ကိုက်ညီသည့် စံနှုန်းတစ်ခုအား သတ်မှတ်သွားရန်လိုပြီး နောင်တွင် ပုဂ္ဂလိကမီးရထားလုပ်ငန်းများပေါ်ပေါက်လာပါကလည်း ချမှတ်ထားသည့် စံသတ်မှတ်ချက်များနှင့်အညီဖြစ်ရန်လိုကြောင်းလည်း ပြောကြားခဲ့ကြောင်းသိရသည်။
■ မြန်မာနိုင်ငံတွင် အသုံးပြုနေသည့် ရထားစက်ခေါင်းအမျိုးအစားများစွာရှိပြီး မည်သည့်ရထားစက်ခေါင်းကို အသုံးပြုသည်ဖြစ်စေ စက်ခေါင်းကောင်းမွန်ကြံ့ခိုင်မှုရှိစေရေးနှင့် သန့်ရှင်းသပ်ရပ်မှုရှိစေရေးဆောင်ရွက်သွားကြရန်လိုကြောင်း၊ရထားစက်ခေါင်းများ၊ ရထားတွဲများအားလုံး ကြံ့ခိုင်ကောင်း မွန်မှုရှိစေရေးအတွက် စနစ်ကျနသည့် စစ်ဆေးမှုရှိရန်လိုပြီး အသုံးပြုနေသည့် ကာလ အတွင်းစနစ်များအားလုံး ကောင်းမွန်နေစေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ မီးရထားစက်ခေါင်းများ၊ မီးရထားတွဲများသန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ဆေးများစနစ်တကျ ဖြစ်စေရေးနှင့် ရထားတွဲများအားလုံးကောင်းမွန်မှုရှိစေရေး ထိန်းသိမ်းဆောင်ရွက်သွား ကြရန်လိုကြောင်းလည်း သမ္မတက ပြောသည်။
■ လက်ရှိမြန်မာ့မီးရထားတွင် ဧကလမ်း ၃၄၈၃ မိုင်၊ ဒွေးလမ်း ၃၈၅ မိုင်၊ စုစုပေါင်းရထားလမ်းမိုင် ၃၈၆၈ မိုင်ရှိပြီဖြစ်ကြောင်း၊ ရထားလမ်းများအဆင့်မြှင့်တင်ခြင်းနှင့်အတူ ရထားဘူတာရုံစင်္ကြံများ၊ ရထား လမ်းကူးများ၊ တံတားများ၊ အခြားဖြစ်နိုင်ဖွယ်ရှိသည်များအားလုံးကို လေ့လာတွက်ချက်၍ စနစ်တကျဖြင့် အဆင့်မြှင့်တင်သွားရန်လည်း ယင်းကပြောကြားခဲ့ကြောင်း သိရသည်။
Yangon_Times/PP
Page 87 of 2053