#World_Health
Published 20 May 2026
■ အမျိုးသားတွေမှာ မျိုးပွားပြဿနာတွေက လက္ခဏာမပြတတ်ကြတာကြောင့် သိပ်ပြီး သတိမထားမိကြပါဘူး။
■ မျိုးပွားပြဿနာဟာ အကြောင်းအရင်း တစ်ခုတည်းကြောင့်တော့ မဟုတ်ဘဲ နာတာရှည်ဖိစီးမှုကလည်း သုတ်ပိုးကျန်းမာရေးအပေါ် ဆိုးကျိုးသက်ရောက်စေနိုင်တဲ့ အကြောင်းတစ်ခု ဖြစ်ပါတယ်။
■ ဖိစီးမှုဆိုတာက စိတ်ပိုင်းဆိုင်ရာတင်မဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုလည်း ဖြစ်ပါတယ်။
■ ကော်တီဆော၊ အက်ဒရီနယ်လင်တို့လို ဟော်မုန်းတွေက ရေတိုမှာ အထောက်အကူ ဖြစ်နိုင်ပေမယ့် နာတာရှည်ဖိစီးမှုကတော့ အိပ်စက်ခြင်း၊ ခွန်အား၊ စိတ်အခြေအနေ၊ ကိုယ်အလေးချိန်၊ လိင်စိတ်ဆန္ဒတို့ကို ဘေးဖြစ်စေနိုင်ပါတယ်။
■ သုတ်ပိုးထုတ်လုပ်ခြင်းက ၂ လ၊ ၃ လလောက် ကြာမြင့်တတ်တာကြောင့် နာတာရှည်ဖိစီးမှုက ရေတိုဖိစီးမှုထက် မျိုးပွားမှုကို ပိုပြီးသက်ရောက်စေနိုင်ပါတယ်။
■ နာတာရှည်ဖိစီးတဲ့အခါ ဓာတ်တိုးဖိစီးလာနိုင်ပြီး သုတ်ပိုးထိခိုက်စေနိုင်ကာ သုတ်ပိုးအရေအတွက်၊ သုတ်ပိုးပါဝင်မှုနှုန်း၊ လှုပ်ရှားမှုနှုန်းတို့ သိသိသာသာ ကျဆင်းသွားနိုင်ပါတယ်။
■ မျိုးပွားပြဿနာဆိုတာက အကြောင်းအရာ အမျိုးမျိုးကြောင့် ဖြစ်နိုင်ပြီး ဖိစီးမှုကလည်း အဓိကတစ်ချက် ဖြစ်ပါတယ်။
■ အမျိုးသားမျိုးပွားကျန်းမာရေး စစ်ဆေးဖို့အတွက် သုတ်ရည်ဆန်းစစ်ခြင်းက အဓိကရောဂါရှာဖွေရေးတစ်မျိုး ဖြစ်ပါတယ်။
■ ကောင်းစွာ အိပ်စက်ခြင်း၊ ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ မူးယစ်ဆေး လျှော့ချခြင်းတို့လို အလေ့အကျင့်ကောင်းများဖြင့် မျိုးပွားမှုကို တိုးတက်စေနိုင်ပါတယ်။
■ အမျိုးသားတွေရဲ့ မျိုးပွားမှုက ကျန်းမာရေးတစ်ခုလုံးကို ဖော်ပြနေတာကြောင့် ဖိစီးမှုထိန်းချုပ်ခြင်းနဲ့ နေထိုင်စားသောက်မှုပုံစံတို့ဖြင့် သိသာပြောင်းလဲစေမှာ ဖြစ်ပါတယ်။
Source: CNN.
တရုတ်မော်တော်ယာဉ်ထုတ်လုပ်သူတွေ အာဖရိကတိုက်မှာပါ ထုတ်လုပ်ရေးချဲ့ထွင်လာတာကြောင့် တောင်အာဖရိကနိုင်ငံဟာ တရုတ်မော်တော်ယာဉ်လုပ်ငန်းအတွက် အချက်အခြာတစ်ခုဖြစ်လာပါတယ်။
#World_Industry
Published 19 May 2026
#တောင်အာဖရိက #တရုတ်မော်တော်ယာဉ်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 19 May 2026
၁။ အခြေခံပညာကျောင်းများ မေလ(၂၅)ရက်မှ စတင်လက်ခံမည်
၂။ တစ်လအတွင်း အမေရိကန်ဒေါ်လာ ၁.၁၆ သန်းကျော်တန်ဖိုးရှိ ပုစွန်များတင်ပို့ထား
၃။ ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်းကိုကျေးရွာ(၂၀၀)ကျော်၌ဆောင်ရွက်မည်
၄။ တောင်အာဖရိက၌အချက်အခြာကျလာသည့် တရုတ်မော်တော်ယာဉ်ကဏ္ဍလုပ်ငန်း... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၂၀၂၆- ၂၀၂၇ ပညာသင်နှစ်အတွက်အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေး ရက်သတ္တပတ်လှုပ်ရှားမှုကို အခုလ ၂၅ ရက်ကနေ ၃၁ ရက်အထိ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
#Local_News
Published 19 May 2026
#အခြေခံပညာကျောင်း
#YMG/NN #Yangon_Times
မြန်မာနိုင်ငံမှ နိုင်ငံတကာကုန်သွယ်ဖက်နိုင်ငံများသို့ လက်ရှိ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ ဧပြီလအတွင်း အမေရိကန်ဒေါ်လာ ၁.၁၆ သန်းကျော် တန်ဖိုးရှိသော ပုစွန်မက်ထရစ်တန် ၃၅၀ ကျော်ကို တင်ပို့နိုင်ခဲ့တယ်လို့ ငါးလုပ်ငန်းဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
#Local_News
Published 19 May 2026
#ပုစွန်
#YMG/SW #Yangon_Times
ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်းကို ကျေးရွာပေါင်း ၂၁၄ ရွာမှာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း၌ အကောင်အထည်ဖော်ဆောင်ရွက်သွားမယ်လို့ အသေးစားစက်မှုလက်မှုဦးစီးဌာနကနေ သိရပါတယ်။
#Local_News
Published 19 May 2026
#အသေးစားစက်မှုလက်မှု
#YMG/NN #Yangon_Times
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် မြန်မာသစ်သီးဝလံ၊ပန်းမာန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းတို့ပူးပေါင်းကာ မြန်မာ့ဒူးရင်းပွဲတော်(၂၀၂၆)ကိုယနေ့ မေလ ၁၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ မြေပဒေသာကျွန်းမှာ ကျင်းပခဲ့ပါတယ်။
#Local_News
Published 19 May 2026
#မြန်မာ့ဒူးရင်းပွဲတော်
#YMG/SW #Yangon_Times
#Local_News
Published 19 May 2026
■ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးသန်းဝင်းနှင့် ဦးအုန်းခိုင်တို့ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ယမာန်နေ့က ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်ရှိ အမျိုးသမီးများ ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနကို ကြည့်ရှုစစ်ဆေးသည်။
■ အဆိုပါ ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် အမျိုးသမီးများ ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနအတွင်း အမျိုးသမီးများအား ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေ၊ အစားအစာကျွေးမွေးမှု၊ အိပ်ဆောင်များ ထားရှိမှု၊ သန့်ရှင်းသောသောက်သုံး ရေရရှိရေး ဆောင်ရွက်ပေးမှု၊ အကျင့်စာရိတ္တပြုပြင်ပေးခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ တိုးတက်ကောင်းမွန်လာစေရေး၊ လူ့အသိုင်းအဝိုင်းအတွင်း တန်ဖိုးရှိသော အမျိုးသမီးများအဖြစ် ရပ်တည်နေထိုင်သွားနိုင်ရေးနှင့် ပညာသင်ကြားခွင့်၊ မိသားစုနှင့် ဆက်သွယ်ခွင့်၊ မိသားစုနှင့် ပြန်လည်ပေါင်းစည်းခွင့်ရရှိရေး၊ အသက်မွေးဝမ်းကျောင်းပညာဖြစ်သော အပ်ချုပ်သင်တန်း၊ သိုးမွေးထိုးသင်တန်းနှင့် အခြေခံမြန်မာ့သိုင်းပညာသင်တန်းများ သင်ကြားပေးနေမှု၊ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်စသည့် အခြေခံလူ့အခွင့်အရေးများ ရရှိအောင်ဆောင်ရွက်ပေးမှုတို့နှင့် ကော်မရှင်မှ ယခင်လာရောက်စစ်ဆေးခဲ့စဉ်က အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုများကို မေးမြန်းမှတ်တမ်းတင်ကြပြီး ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ်သလိုဆောင်ရွက်ပေးနိုင်ရေး သက်ဆိုင်ရာဌာနများသို့ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 19 May 2026
■ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ကို အင်္ဂါနေ့မှာ တိုက်ခိုက်ဖို့အစီအစဉ် ဆိုင်းငံ့ထားလိုက်တယ်လို့ တနင်္လာနေ့က ပြောပါတယ်။
■ အရှေ့အလယ်ပိုင်း အင်အားကြီး ၃ နိုင်ငံမှ အကြီးအကဲတွေက ထရမ့်ကို စောင့်ဆိုင်းပေးဖို့ တောင်းဆိုခဲ့တာကြောင့် ဖြစ်ပါတယ်။
■ ကာတာဘုရင် တာမင်ဘင်ဟာမက်အယ်ထနီ၊ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်မန်၊ ယူအေအီးသမ္မတ မိုဟာမက်ဘင်ဇိုင်ယက်အယ်နာယန်တို့ရဲ့ တောင်းဆိုမှုတွေကြောင့် အီရန်ကိုတိုက်ခိုက်မယ့် အစီအစဉ် မပြုလုပ်တော့ဘူးလို့ ထရမ့်က Truth Social မှာ ဖော်ပြခဲ့ပါတယ်။
■ မကြာခင် ဘာဖြစ်မလဲဆိုတာကို အီရန်သိရှိနေတယ်လို့ ထရမ့်ပြောပေမယ့် အသေးစိတ်ကိုတော့ မပြောထားပါဘူး။
■ စစ်ပွဲအဆုံးသတ်ရေး ညှိနှိုင်းချက်များအပေါ် အီရန်ရဲ့ နောက်ဆုံးတုံ့ပြန်မှုတွေက မလုံလောက်ဘူးလို့ ယူဆထားကာ ထရမ့်က စစ်ဆင်ရေးတွေ ပြန်လည်စဉ်းစားလာတာ ဖြစ်ပါတယ်။
■ "ခဏလောက်တော့ ရပ်ဆိုင်းထားပါတယ်။ ဖြစ်နိုင်ရင်တော့ တသက်လုံးပါ။ ဒါပေမဲ့ ခဏလေးပဲ ဖြစ်နိုင်ပါတယ်" လို့ ဆိုပါတယ်။
■ အခြားနိုင်ငံတွေကတော့ သဘောတူညီချက်ရရှိရန် အလွန်နီးစပ်နေပြီလို့ ယူဆတာကြောင့် အချိန် ၂ ရက် ၃ ရက်လောက်ပဲ စောင့်ဆိုင်းပေးဖို့ တောင်းဆိုနေကြပါတယ်။
■ နျူကလီးယားလက်နက် မထားရှိရေး သဘောတူညီချက်သာ အီရန်လက်ခံရင် ထရမ့်ကလည်း ကျေနပ်မှာ ဖြစ်ပါတယ်။
■ ညှိနှိုင်းမှုတွေသာ အဆင်မပြေပါက စစ်ဆင်ရေးကြီး ဆက်လက်ဆင်နွှဲဖို့ ထရမ့်က ကာကွယ်ရေးဝန်ကြီးနဲ့ ဗိုလ်ချုပ်မှူးကြီးတို့ကို ညွှန်ကြားထားပါတယ်။
Source: CNBC
#Local_News
Published 19 May 2026
■ ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့အခမ်းအနားကို ယမာန်နေ့နံနက်ပိုင်းတွင် အမျိုးသားပြတိုက် (နေပြည်တော်) Mini Theatre ၌ ကျင်းပခဲ့ရာ
“ကွဲပြားခြားနားသော ကမ္ဘာကြီးအား ပေါင်းစည်းပေးသောပြတိုက်များ” ဟူသည့် ဆောင်ပုဒ်ကို သတ်မှတ်ပေးခဲ့ကြောင်းသိရသည်။
■ အဆိုပါ အခမ်းအနားတွင် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် ကအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့ဆောင်ပုဒ်ကို Museums Uniting a Divided World “ကွဲပြားခြားနားသော ကမ္ဘာကြီးအား ပေါင်းစည်းပေးသောပြတိုက်များ” ဟူသည့် ဆောင်ပုဒ်ကို သတ်မှတ်ပေးခဲ့ကြောင်း၊ ယနေ့ကမ္ဘာတွင် ပြတိုက်များသည် လူသားအားလုံးကို ချိတ်ဆက်ပေးနိုင်သည့် တံတားတစ်စင်းအဖြစ် တည်ရှိနေမည်ဖြစ်ကြောင်း ပြောကြားသည်။
■ ထို့နောက် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး ပြတိုက်ပညာရှင် ဒေါ်နုမြဇံ ဦးဆောင်၍ စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ တပ်မတော်စစ်သမိုင်းပြတိုက်နှင့် အမျိုးသားပြတိုက် (နေပြည်တော်) တို့မှ တာဝန်ရှိသူများ ပါဝင်ဆွေးနွေးကြပြီးတက်ရောက်လာကြသူများ၏ ဆွေးနွေးမေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
■ အဆိုပါအခမ်းအနားသို့ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်း ဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ပညာရှင်များ တက်ရောက်ကြပြီး မြန်မာနိုင်ငံပြတိုက်များ ကော်မတီအဖွဲ့ဝင်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနလက်အောက်မှ ပြတိုက်တာဝန်ခံများ၊ ဝန်ကြီးဌာနများမှ ပြတိုက်များနှင့် ပုဂ္ဂလိကပြတိုက် ဖွင့်လှစ်မည့်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက အွန်လိုင်းဖြင့်တက်ရောက်ကြကြောင်းသိရသည်။
#YMG/NN #Yangon_Times
#World_Health
Published 19 May 2026
■ နှလုံးရောဂါ ဖြစ်နိုင်ခြေနဲ့ ပတ်သက်လာရင် ကျန်းမာရေးညီညွတ်တဲ့ အစားအစာတွေ၊ ပုံမှန်လေ့ကျင့်ခန်းတွေကိုပဲ သိကြပြီး အိပ်စက်မှုကိုတော့ သိပ်ပြီး သတိမထားမိကြပါဘူး။
■ လူတစ်ယောက် အိပ်စက်ချိန်က နှလုံးလုပ်ဆောင်ချက်အပေါ် ဘယ်လောက်ထိရောက်စေလဲဆိုတာ အရေးပါနေပါတယ်။
■ ညစဉ် အိပ်ချိန်ပုံမှန်နီးပါး အိပ်စက်သူတွေနဲ့ယှဉ်ရင် အိပ်ချိန်ပုံမှန် မရှိသူတွေဟာ နှလုံးဖောက်ခြင်း၊ နှလုံးရပ်ခြင်း၊ နှလုံးသွေးကြောဆက်စပ် အသက်အန္တရာယ်တို့ ဖြစ်နိုင်ခြေများအပေါ် ဘယ်လိုသက်ရောက်လဲဆိုတာ လေ့လာခဲ့ကြပါတယ်။
■ ဖင်လန်လူမျိုး ၃,၂၃၁ ဦးကို ၁၀ နှစ်တာ လေ့လာရာမှာ ညစဉ် အိပ်ချိန် ၂ နာရီနီးပါး အပြောင်းအလဲရှိသူတွေဟာ နှလုံးရောဂါဖြစ်နိုင်ခြေ နှစ်ဆနီးပါးပိုများတာ တွေ့ရပါတယ်။
■ အိပ်ရာထချိန် ပုံမှန်မရှိတာကတော့ ဒီလိုသက်ရောက်မှုမျိုး မဖြစ်စေတာ တွေ့ရပါတယ်။
■ အိပ်ချိန် ၈ နာရီအောက် ရှိသူတွေမှာ ဒီအန္တရာယ်က အများဆုံးဖြစ်နေပြီး အိပ်ချိန်ပုံမှန်မဟုတ်တဲ့အခါ နှလုံးသွေးကြောကျန်းမာရေးအတွက် ခြိမ်းခြောက်မှု ဖြစ်နေပါတယ်။
■ အိပ်စက်ချိန်နဲ့ ပုံမှန်အိပ်စက်ခြင်းတို့က နှလုံးကျန်းမာရေးအတွက် အရေးပါတဲ့ကဏ္ဍက ပါဝင်နေပါတယ်။
■ အိပ်ချိန်ပုံမှန်မဖြစ်တဲ့အခါ နှလုံးပြဿနာရှိနိုင်ပြီး ရောင်ရမ်းစေနိုင်တဲ့အတွက် သွေးတိုး၊ အဝလွန်ခြင်းတို့ ဖြစ်နိုင်ခြေ များစေနိုင်ပါတယ်။
■ အိပ်ရာမဝင်ခင် တစ်နာရီအလိုမှာ အလင်းရောင်လျှော့ချခြင်း၊ တီဗီ ဖုန်း ကွန်ပျူတာများ အသုံးမပြုခြင်းတို့ဖြင့် အိပ်ချိန်ပုံမှန်ဖြစ်အောင် ထိန်းသိမ်းနိုင်ပါတယ်။
■ တစ်ညကို အိပ်ချိန် ၇ နာရီမှ ၈ နာရီရအောင် အိပ်စက်သင့်ပြီး အိပ်စက်မှုပြဿနာ တစ်စုံတစ်ခုဖြစ်ရင် ဆေးကုသမှု ခံယူသင့်ပါတယ်။
Source: AOL
#World_Health
Published 19 May 2026
■ ညဘက် ကောင်းစွာအိပ်စက်ခြင်းကို အထောက်အကူ ပြုတဲ့နေရာမှာ မဂ္ဂနီဆီယံက လူသိအများဆုံးဖြစ်ပါတယ်။
■ မဂ္ဂနီဆီယံက အိပ်စက်မှုထိန်းချုပ်ခြင်း အပါအဝင် ခန္ဓာကိုယ်လုပ်ငန်းစဉ် အများအပြားမှာ ပါဝင်ပတ်သက်နေပါတယ်။
■ မဂ္ဂနီဆီယံက စိတ်ပြေလျော့စေခြင်း၊ အာရုံကြောစနစ် ငြိမ်သက်စေခြင်း၊ GABA လှုပ်ရှားမှု မြှင့်တင်ပေးခြင်းတို့ကို ထောက်ကူပေးခြင်းဖြင့် အိပ်စက်ခြင်းကို အကူအညီဖြစ်စေပါတယ်။
■ ခန္ဓာကိုယ် အိပ်စက်မှု ပြင်ဆင်ရာမှာ အကူအညီဖြစ်စေဖို့ ညအိပ်ရာမဝင်ခင် မိနစ် ၃၀-၆၀ ခန့်မှာ မဂ္ဂနီဆီယံ သောက်သုံးဖို့ ကျွမ်းကျင်သူတွေ အကြံပြုထားပေမယ့် ဘယ်အချိန်သောက်ခြင်းက ပိုထိရောက်လဲဆိုတဲ့ လေ့လာချက်တွေ အတိအကျ မရှိသေးပါဘူး။
■ ညနေခင်းတိုင်း မဂ္ဂနီဆီယံကို အချိန်မှန်သောက်ပေးမယ်ဆိုရင်တော့ အိပ်ချိန်ပုံမှန်ဖြစ်စေပြီး အိပ်စက်မှု တိုးတက်စေနိုင်မှာပါ။
■ မဂ္ဂနီဆီယံဂလိုင်ဆနိတ်နဲ့ မဂ္ဂနီဆီယံအယ်သီယိုနိတ်တို့က ကောင်းစွာစုပ်ယူနိုင်ကာ ငြိမ်သက်စေတဲ့ အစွမ်းသတ္တိရှိတာကြောင့် အိပ်စက်မှုကို ထောက်ပံ့ပေးနိုင်ပြီး မဂ္ဂနီဆီယံဆစ်ထရိတ်နဲ့ အောက်ဆိုက်တို့ကတော့ အစာခြေဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။
■ လူကြီးတွေအတွက် တစ်နေ့ကို မဂ္ဂနီဆီယံ ၂၀၀-၄၀၀ မီလီဂရမ် သောက်သုံးသင့်ပြီး စစချင်းမှာတော့ ဘေးထွက်ဆိုးကျိုး အနည်းဆုံးဖြစ်အောင် ပမာဏနည်းနည်းဖြင့် စသင့်ပါတယ်။
■ မဂ္ဂနီဆီယံက အချို့သောဆေးတွေနဲ့ တုံ့ပြန်သက်ရောက်နိုင်ကာ သွေးပေါင်ချိန် ကျဆင်းနိုင်တာကြောင့် သတိထားသုံးစွဲသင့်ပါတယ်။
■ ကောင်းစွာအိပ်စက်နိုင်ဖို့အတွက်ဆိုရင် အိပ်ချိန်ပုံမှန်ထားရှိခြင်း၊ အိပ်ခန်းအနေအထား ကောင်းစွာထားရှိခြင်း၊ သဘာဝအလင်းရောင် ရရှိခြင်းတို့က အရေးပါပါတယ်။
Source: Eating Well
Page 84 of 2053