#Local_News
Published 23 May 2026
■ ပြည်ဒေသသည် ယဉ်ကျေးမှုကိုအခြေခံသော ခရီးစဉ်ဒေသများစွာရှိသောကြောင့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြရန် ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ယမာန်နေ့တွင်ရှေးဟောင်းသုတေသနနည်းပညာသင်တန်းကျောင်း (ပြည်) ၌ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ်မှာကြားခဲ့ကြောင်းသိရသည်။
■ ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် ယမာန်နေ့က ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသ သရေခေတ္တရာမြို့ဟောင်းအတွင်းရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့သော ဘောဘောကြီးစေတီတော် ပြန်လည်ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ပျူခေတ်သင်္ဂြိုဟ်မြှုပ်နှံခဲ့သည့် အထောက်အထားများရှိသည့် အရိုးအိုးကုန်း (တူးဖော်မှုကုန်းအမှတ်-၅၃) နှင့် ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့သော လေးမျက်နှာဂူဘုရား ပြန်လည်ပြုပြင်ထိန်းသိမ်းထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
■ ထို့နောက် ရှေးဟောင်းသုတေသနနည်းပညာသင်တန်းကျောင်း (ပြည်) ၌ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ယဉ်ကျေးမှုအမွေအနှစ်များကို ရှာဖွေ၊ ဖော်ထုတ်၊ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ပတ်သက်၍ ပိုမိုကျယ်ပြန့်စွာသိရှိနိုင်စေရန်၊ ပြည်သူလူထုအား အသိပညာပေးဟောပြောခြင်းနှင့် စာသင်ကျောင်းများတွင် အသိပညာပေး Educated ပြုလုပ်၍ အသိပညာဗဟုသုတများ တိုးတက်အောင်ဆောင်ရွက်စေလိုကြောင်း မှာကြားကာ ရှေးဟောင်းပစ္စည်းများအား သိပ္ပံနည်းကျသက်တမ်းတွက်ချက်သည့် Thermoluminescence Dating ဓာတ်ခွဲခန်းကို ကြည့်ရှုစစ်ဆေးသည်။
■ ယင်းနောက် ပြည်မြို့အလင်္ကာဟိုတယ်၌ ဌာနဆိုင်ရာများ၊ ဟိုတယ်လုပ်ငန်းရှင်များအသင်း၊ သရေခေတ္တရာဇုန်မှ တာဝန်ရှိသူများ၊ ဟိုတယ်နှင့် တည်းခိုခန်းလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ပြည်ဒေသသည် ပြည်ပခရီးသွားဧည့်သည်များ စိတ်ဝင်စားသည့် ဒေသတစ်ခုဖြစ်သည့်အပြင် ယဉ်ကျေးမှုကို အခြေခံသော ခရီးစဉ်ဒေသများစွာရှိသဖြင့် ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် Media များတွင် ကြော်ငြာ၍ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်သွားရန်နှင့် ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းပူးပေါင်း၍ ဝိုင်းဝန်းကြိုးစားဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 23 May 2026
■ အမေရိကန် နိုင်ငံသားဖြစ်ခွင့်နဲ့ လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းများဌာန (USCIS) က သောကြာနေ့ ပြောကြားချက်အရ အမေရိကန်ပြည်ထောင်စုအတွင်း နေထိုင်ခွင့် အဆင့်အတန်းကို ပြောင်းလဲပြီး ဂရင်းကတ် (အမြဲတမ်း နေထိုင်ခွင့်) ရယူရန် ကြိုးပမ်းနေတဲ့ နိုင်ငံခြားသားများဟာ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တဆင့် အမေရိကန် ပြင်ပကနေသာ လျှောက်ထားရတော့မှာဖြစ်ပြီး ယင်းလုပ်ဆောင်ချက်အပေါ် ကူညီကယ်ဆယ်ရေးအဖွဲ့များ ဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။
■ USCIS က ဒီလုပ်ရပ်ကို မူဝါဒမှတ်တမ်းလွှာတစ်ခုကနေ ကြေညာခဲ့ပြီး ထူးခြားတဲ့ သက်သာခွင့် ပေးသင့်မပေးသင့် ဆုံးဖြတ်ရာမှာ သက်ဆိုင်ရာ အချက်အလက်များနဲ့ အကြောင်းခြင်းရာများ တစ်မှုချင်းစီအလိုက် စဉ်းစားသုံးသပ်ရန် အရာရှိများကို ညွှန်ကြားထားပါတယ်။
■ အမေရိကန်မှာ ယာယီရောက်နေပြီး ဂရင်းကတ်လိုချင်တဲ့ နိုင်ငံခြားသားတွေအနေနဲ့ အိမ်ပြန်ပြီး လျှောက်ထားရမှာဖြစ်ကြောင်းတိုင်းပြည်လုံခြုံရေးဌာနက ပြောပါတယ်။
■ ဒီမူဝါဒဟာ လူဝင်မှုကြီးကြပ်ရေးစနစ်တွေမှာ တရားဥပဒေဟာကွက်များကို အခွင့်ကောင်းယူမယ့်အစား ဥပဒေရည်ရွယ်ချက်အတိုင်း လုပ်ဆောင်နိုင်စေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
■ HIAS အကူအညီပေးရေးအဖွဲ့က ပြောကြားရာမှာ USCIS က လူကုန်ကူးခံရသူများနဲ့ အလွဲသုံးစားပြုခံရပြီး ပစ်ပယ်ထားခြင်းခံရတဲ့ ကလေးငယ်များကို အမြဲတမ်းနေထိုင်ခွင့်ကတ် လျှောက်ထားမှုများ လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်နိုင်ရန်အတွက် မူလနိုင်ငံသို့ ပြန်ကြဖို့ တိုက်တွန်းနေပါတယ်။
■ သောကြာနေ့က ပြုလုပ်ခဲ့တဲ့ မူဝါဒအပြောင်းအလဲဟာ ပြီးခဲ့တဲ့နှစ်အတွင်း အမေရိကန်သို့ ရွှေ့ပြောင်းနေထိုင်မှုကို တင်းကျပ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဆက်တိုက်အရေးယူဆောင်ရွက်မှုများထဲမှ တစ်ခုဖြစ်ပါတယ်။
Source: Reuters
#World_Health
Published 23 May 2026
■ ခရမ်းချဉ်သီးက အာဟာရဓာတ်ကြွယ်ဝပေမယ့် အက်ဆစ်သဘော မြင့်မားတာကြောင့် အက်ဆစ်လျှံတက်ခြင်းနဲ့ အစာအိမ်အချဉ်ပြန်တက်ခြင်း(GERD)တို့ ဖြစ်တတ်ပါတယ်။
■ ခရမ်းချဉ်သီးတွေက အစာအိမ်အက်ဆစ် မြင့်မားစေကာ ရင်ပူစေတတ်ပါတယ်။
■ အက်ဆစ်ပါဝင်မှုကြောင့် အစာခြေစနစ်အတွက် မသက်မသာလည်း ဖြစ်စေပါတယ်။
■ ခရမ်းချဉ်သီးမှာ ဆစ်ထရစ်အက်ဆစ် ပါဝင်မှုမြင့်မားတာကြောင့် အက်ဆစ်ဓာတ်လှုံ့ဆော်မှု ဖြစ်စေနိုင်ပြီး အစာအိမ်အက်ဆစ် ထုတ်လုပ်ခြင်း မြင့်မားစေပါတယ်။
■ အစာရေမျိုအောက်ပိုင်းထိပ် ကျယ်စေပြီး အက်ဆစ်တွေ စိမ့်ထွက်လာကာ ရင်ပူစေတာ ဖြစ်ပါတယ်။
■ ချက်ပြုတ်ပြင်ဆင်တာမျိုး ပြုလုပ်တဲ့အခါ အက်ဆစ်ဓာတ်များစေပြီး ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဆီတို့နဲ့ ပေါင်းစပ်တဲ့အခါ အက်ဆစ်လျှံတက်ခြင်း ဖြစ်နိုင်ပါတယ်။
■ လျှံတက်တာမျိုး မဖြစ်ဘဲ ခရမ်းချဉ်သီး စားမယ်ဆိုရင် အသင့်အတင့်မျှ စားသုံးဖို့နဲ့ အစေ့တွေ အခွံတွေဖယ်ရှားပြီး အယ်ကာလိုင်းစားစရာတွေနဲ့ တွဲစပ်သင့်ပါတယ်။
■ ဒါ့အပြင် မအိပ်ခင် ၂-၃ နာရီအလိုမှာလည်း မစားသင့်ပါဘူး။
■ ခရမ်းချဉ်သီးက အာဟာရဓာတ်ပြည့်ဝတယ်ဆိုပေမယ့် ခန္ဓာကိုယ်တုံ့ပြန်ပုံက ထူးခြားကွဲလွဲနိုင်ပါတယ်။
■ ခရမ်းချဉ်သီးစားလိုက်တိုင်း အမြဲမသက်မသာ ဖြစ်တယ်ဆိုရင်တော့ ချိန်ဆသင့်ပါပြီ။
■ ခဏခဏဖြစ်နေပြီး တစ်ပတ်ကို နှစ်ကြိမ်ထက်ပိုဖြစ်တယ်ဆိုရင်တော့ အစာအိမ်အူလမ်းကြောင်း အထူးကုနဲ့ ပြသပြီး ဘယ်လိုရောဂါတွေ ဖြစ်နေလဲဆိုတာ ဖော်ထုတ်သင့်ပါတယ်။
Source: NDTV
#World_Health
Published 23 May 2026
■ ရေကူးပြီးတဲ့အခါ ချက်ချင်းအပေါ့သွားချင်ရတဲ့ အကြောင်းအရင်းကို ShardaCare-Healthcity မှ ဆီးလမ်းကြောင်းဆရာဝန် တာရန်ဆင်းက ရှင်းပြပါတယ်။
■ ရေဖိအားက ခြေထောက်နဲ့ လက်တွေမှ သွေးတွေကို ရင်ဘတ်နဲ့ ခန္ဓာကိုယ်အလယ်ပိုင်းသို့ တွန်းပို့ပေးပါတယ်။
■ ထိုအခါနှလုံးက ဒီအပြောင်းအလဲကို သိရှိပြီး အရည်တွေများနေပြီလို့ ကျောက်ကပ်ထံအသိပေးကာ ဆီးတွေထုတ်လုပ်ပေးတာ ဖြစ်ပါတယ်။
■ ဦးနှောက်က ခန္ဓာကိုယ်ထဲမှာ အရည်ပိုလျှံပြီဆိုတာနဲ့ ရှင်းထုတ်ဖို့ ကျောက်ကပ်ကို အသိပေးတာကြောင့် ရေထဲဆင်းပြီး ခဏအကြာမှာပဲ ဒီလိုခံစားရတာ ဖြစ်ပါတယ်။
■ ရေကအေးတဲ့အခါမှာ အရေပြားအနီးက သွေးကြောတွေကို ကျဉ်းစေပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီ သွေးတွေတွန်းပို့ပေးကာ ဆီးထုတ်လုပ်မှုဖြစ်စဉ် ပိုအားကောင်းစေပါတယ်။
■ ဆားငန်ရေကတော့ အရေပြားကို အနည်းငယ် ရေဓာတ်ခန်းစေကာ ခန္ဓာကိုယ်ကို ရှုပ်ထွေးသွားစေပါတယ်။
■ ဆီးအိမ်ပြဿနာရှိသူတွေ၊ ရေမကူးခင် ရေအများကြီးသောက်သူတွေ၊ ဆီးအိမ်အားနည်းတဲ့ သက်ကြီးရွယ်အိုတွေမှာ ပိုခံစားရနိုင်ပါတယ်။
■ သွေးပေါင်ချိန်ဆေး သုံးစွဲသူတွေ၊ ရေကူးအားကစားသမားတွေဟာလည်း ရေထဲကြာကြာနေရင် အပေါ့သွားချင်ပါတယ်။
■ ဒီလိုလက္ခဏာတွေကို သတိထားစောင့်ကြည့်ပြီးတော့ ကျန်းမာရေးပြဿနာတွေ ရှောင်ရှားနိုင်ဖို့ အကူအညီဖြစ်စေမှာပါ။
Source: Indian Express
တရုတ်သမ္မတရှီကျင့်ဖျင်က ပေကျင်းသို့ လာရောက်လည်ပတ်နေတဲ့ ရုရှားသမ္မတဗလာဒီမာပူတင်နဲ့တွေ့ဆုံခဲ့ပြီး တရုတ်-ရုရှား ချစ်ကြည်ဆက်ဆံရေး ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့သွားဖို့စီစဉ်နေကြပါတယ်။
#World_Politics
Published 22 May 2026
#တရုတ် #ဗလာဒီမာပူတင်
#YMG #Yangon_Times #Yangon_Media_Group
အခုတစ်ပတ်အတွက် စက်သုံးဆီရည်ညွှန်းဈေးတွေမှာ ဒီဇယ်ဈေးဆက်ကျပြီး ဓာတ်ဆီဈေးဆက်တက်လာတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ဒီကနေ့ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။
#Local_News
Published 22 May 2026
#ဒီဇယ်ဈေး #ဓာတ်ဆီဈေး
#YMG/NN #Yangon_Times
လတ်တလောမှာ မြန်မာ့စိန်တစ်လုံးသရက်ကို ပြည်ပသို့တင်ပို့မှုအားကောင်းလာတာကြောင့် ပြည်တွင်းဈေးနှုန်းမြင့်တက်လာတယ်လို့ ဈေးကွက်အတွင်းမှ သိရပါတယ်။
#Local_News
Published 22 May 2026
#စိန်တစ်လုံးသရက်
#YMG/SW #Yangon_Times
လာမယ့် ဇွန်လမှာစတင်ဖြစ်ပေါ်မယ့် အယ်နီညိုရာသီဥတုအခြေအနေကြောင့် အခုနှစ်မိုးရာသီအတွင်း မိုးနည်းပါးနိုင်သလို မုန်တိုင်းကြောင့်လည်း မထင်မှတ်ပဲ မိုးကြီးနိုင်တယ်လို့သိရပါတယ်။
#Local_News
Published 22 May 2026
#အယ်နီညိုရာသီဥတု #မုန်တိုင်း
#YMG/NN #Yangon_Times
ယခုတစ်ပတ်အတွက်ထုတ်ပြန်တဲ့ ရန်ကုန်အထိုင်စားအုန်းဆီအခြေခံလက်ကားဈေးအနည်းငယ်ပြန်ကျလာတယ်လိုသိရပါတယ်။
#Local_News
Published 22 May 2026
#စားအုန်းဆီ
#YMG/SW #Yangon_Times
#Daily_News
Published 22 May 2026
၁။ ပြည်ပတင်ပို့မှုအားကောင်းလာသောကြောင့် စိန်တစ်လုံးသရက်ဈေးမြင့်တက်
၂။ အယ်နီညိုရာသီဥတုကြောင့် ယခုနှစ်မိုးနည်းနိုင်
၃။ စားအုန်းဆီအခြေခံလက်ကားဈေး အနည်းငယ်ပြန်ကျ
၄။ တရုတ်သို့လာရောက်လည်ပတ်သောဗလာဒီမာပူတင်အား သမ္မတရှီကျင့်ဖျင်လက်ခံတွေ့ဆုံ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 22 May 2026
■ အီရန်ရဲ့ လက်နက်ထုတ်လုပ်နိုင်လုနီးပါးအဆင့်ရှိ ယူရေနီယံများ ပြည်ပသို့ တင်ပို့ခြင်းမပြုရန် အီရန်အဓိပတိခေါင်းဆောင်က ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။
■ အမေရိကန်ရဲ့ တောင်းဆိုချက်ကြီးတစ်ခုအပေါ် အီရန်ဘက်က တင်းမာစေတဲ့ ရပ်တည်ချက်သဘော ပြသလိုက်တာ ဖြစ်ပါတယ်။
■ အီရန်ခေါင်းဆောင် အယာတိုလာမော့တာဘာခါမေနီရဲ့ ညွှန်ကြားချက်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို စိတ်ပျက်စေဦးမှာဖြစ်ပြီး စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးမှုတွေ ရှုပ်ထွေးလာနိုင်ပါတယ်။
■ အမေရိကန်အနေဖြင့် အီရန်တို့ အဆင့်မြင့်သန့်စင် ယူရေနီယံ သိုလှောင်မှုေတွကို ပိုင်ဆိုင်ခွင့်ပေးမှာမဟုတ်ကြောင်း ထရမ့်က ကြာသပတေးနေ့မှာ အသေအချာပြောထားပါတယ်။
■ အီရန်အနေဖြင့် အဏုမြူလက်နက်ထုတ်လုပ်ရန် လိုအပ်တဲ့ အဆင့်မြင့်သန့်စင် ယူရေနီယံလက်ကျန်များကို နိုင်ငံပြင်ပသို့ ပို့ဆောင်ရမှာဖြစ်ကြောင်းနဲ့ မည်သည့်ငြိမ်းချမ်းရေးသဘောတူညီချက်မဆို ဒီအချက်ကို ထည့်သွင်းရမှာဖြစ်ကြောင်း ထရမ့်က အစ္စရေးလ်ကို ပြောထားပါတယ်။
■ အီရန်တို့မှာ သန့်စင်ယူရေနီယံများ မဖယ်ရှားခင်အထိ စစ်ပွဲအဆုံးသတ်ရေး စဉ်းစားမှာ မဟုတ်ဘူးလို့ အစ္စရေးလ်ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟူက ပြောထားပါတယ်။
■ အီရန်ဘက်ကတော့ ဒီလိုပစ္စည်းတွေကို နိုင်ငံရပ်ခြားတင်ပို့ပါက တိုင်းပြည်တိုက်ခိုက်ခံလာရနိုင်တယ်လို့ ထိပ်သီးအရာရှိတွေ ယူဆနေပါတယ်။
■ အမေရိကန်အိမ်ဖြူတော်ကလည်း ထရမ့်ရဲ့စည်းမျဉ်းတွေဟာ ရှင်းလင်းပြီး အမေရိကန်တွေ ဘေးကင်းရေးအတွက် သဘောတူညီချက်မျိုးသာ လက်ခံမှာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
Source: Reuters
#Local_News
Published 22 May 2026
■ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Nizhny Novgorod မြို့၌ရောက်ရှိနေသော သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်သည် မေလ၂၀ ရက်နေ့ ညနေပိုင်းက Digitalization of Industrial Russia ၂၀၂၆ ဖိုရမ်တွင် ခင်းကျင်းပြသထားသော ပြခန်းများအားသွားရောက်ကြည့်ရှုလေ့လာသည်။
■ အဆိုပါပြခန်းများတွင် ရုရှားနိုင်ငံမှ နည်းပညာကုမ္ပဏီများက လူမှုစီးပွားဘဝကဏ္ဍစုံတွင် ဉာဏ်ရည်တုနည်းပညာ၊ ဇီဝအချက်အလက်နည်းပညာ၊ ဆိုက်ဘာလုံခြုံရေးနည်းပညာများ အသုံးပြုဆောင်ရွက်နေမှု၊ ဆက်သွယ်ရေးနှင့် ဆက်စပ်ပစ္စည်းများထုတ်လုပ်နေမှု၊ အသုံးပြုသည့်ပစ္စည်းများနှင့် ဆက်စပ် Application များကို ရာနှုန်းပြည့် ရုရှားနိုင်ငံ၌ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှု၊ Digital Twin နည်းပညာကို မော်စကိုမြို့၏ မြို့ပြစီမံခန့်ခွဲမှုတွင် အသုံးပြုဆောင်ရွက်နေမှု၊ ဇီဝအချက်အလက်နည်းပညာကို နယ်ပယ်စုံတွင် အသုံးချဆောင်ရွက်နေမှုကို ခင်းကျင်းပြသထားသည်။
■ ထို့နောက် Astra Group ကုမ္ပဏီ၏ပြခန်း၌ ပြည်ပမှီခိုမှုကင်းသော Operating System ၊ ဆိုက်ဘာလုံခြုံရေးနှင့် အချက်အလက်စီမံခန့်ခွဲမှုဆိုင်ရာ Application များ၊ နည်းပညာဆိုင်ရာ ပစ္စည်းများနှင့် Software များအကြောင်းကို ကြည့်ရှုလေ့လာကြသည်။
■ ယင်းနောက် Astra Group ကုမ္ပဏီနှင့်ဆွေးနွေးပွဲပြုလုပ်ရာ မြန်မာနိုင်ငံတွင် Operating System နှင့် Software များ အမှီအခိုကင်းစွာ ထုတ်လုပ်နိုင်ရေးအတွက် Astra Group ကုမ္ပဏီမှနည်းပညာပိုင်းဆိုင်ရာ အကူအညီအထောက်အပံ့ပေးနိုင်ရေး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ နည်းပညာပိုင်းဆိုင်ရာသုတေသနပြု အကောင်အထည်ဖော်နိုင်ရေးအတွက် Moscow Technical University of Communications and Informatics (MTUCI) နှင့် Naypyitaw State Polytechnic University (NSPU) တို့အကြား နားလည်မှုစာချွန်လွှာရေးထိုး၍ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
Page 81 of 2053