#Local_News
Published 19 August 2026

■ မြန်မာကိုယ်စားပြု FIFAe Mobile အသင်းသည် FIFAe Nations League 2026 တွင် Consistency Ranking အဆင့် (၆) ရရှိခဲ့ပြီး FIFAe Continental Championship 2026 သို့ တက်ရောက်ခွင့်ရရှိခဲ့ပြီးဖြစ်ကြောင်းသိရသည်။

■ ပထမအဆင့်အနေဖြင့် အာရှအုပ်စုအသင်းတွင်ပါဝင်သော အသင်း (၈) သင်းစလုံးသည် Round Robin စနစ်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်ကာ အသင်းတစ်သင်းစီတိုင်းသည် ကျန်အသင်း (၇) သင်းနဲ့ တစ်ကြိမ်စီ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အုပ်စုပွဲစဉ်အပြီးတွင် အမှတ်ပေးဇယား၏ အဆင့် (၁) မှ (၆) အထိ ရရှိတဲ့ အသင်း (၆) သင်းသည် Knockout Stage သို့ တက်ရောက်ခွင့်ရရှိမည်ဖြစ်ပြီး အုပ်စုအဆင့် (၇) နှင့် (၈) ရရှိသော အသင်း(၂)သင်းသည် ပြိုင်ပွဲမှတိုက်ရိုက်ထွက်ခွာရမည်ဖြစ်သည်။

■ Knockout Stage ပွဲစဉ်များတွင် အဆင့် (၁) နှင့် (၂) ရရှိသည့် အသင်း (၂) သင်းသည် အားသာချက်အနေဖြင့် Semifinals သို့ တိုက်ရိုက်တက်ရောက်ခွင့်ရရှိမည်ဖြစ်ပြီး ကျန်အသင်း (၄) သင်းကမူ Quarter Finals ပွဲစဉ်များမှ စတင်ယှဉ်ပြိုင်ရမည်ဖြစ်ကာ Quarter Finals ပွဲစဉ်များတွင် အနိုင်ရရှိသော အသင်း (၂) သင်းသည် Semifinals သို့ ဆက်လက်တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။

■ ထို့ကြောင့် အုပ်စုပွဲစဉ်များအပြီးတွင် Quarterfinals ကို ကျော်ကာ Semifinals အထိ တိုက်ရိုက်တက်ရောက်နိုင်မည့် အခွင့်အရေး ရရှိနိုင်ရန် ထိပ်ဆုံး (၂) သင်းထဲတွင် ပါဝင်ရန် အလွန်အရေးကြီးကြောင်း၊ အဆင့် (၃) မှ (၆) အတွင်း ရရှိသည့်တိုင် ပြိုင်ပွဲမှ ထွက်သွားရမည်မဟုတ်ဘဲ Quarterfinals မှတစ်ဆင့် Semifinals သို့ ဆက်လက်တက်ရောက်နိုင်ဦးမည်ဖြစ်သည်။

■ ထို့အပြင် Knockout Stage တွင် Semifinals အထိ တက်ရောက်လာသည့် အသင်းများသည် FIFAe World Cup 2026 သို့ တက်ရောက်ခွင့်ရရှိရေးအတွက် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး
အာရှဒေသအတွက် သတ်မှတ်ထားသော FIFAe World Cup qualification slot များအရ အာရှ၏ ထိပ်ဆုံး (၃) သင်းသည် FIFAe World Cup 2026 သို့ တိုက်ရိုက်တက်ရောက်ခွင့်ရရှိမည်ဖြစ်ကြောင်း၊ ကျန်ရှိနေသော (၄) အသင်း ကမူ FIFAe World Cup 2026 သို့ တိုက်ရိုက်တက်ရောက်ခွင့် ရရှိဦးမည်မဟုတ်ဘဲ New Zealand ကိုယ်စားပြုအသင်းနဲ့ Playoff တွင် ယှဉ်ပြိုင်ရပါဦးမည်။

■ အဆိုပါ Playoff မှာ အနိုင်ရရှိမှသာ FIFAe World Cup 2026 သို့ တက်ရောက်ခွင့်ရရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။

■ ထို့ကြောင့် မြန်မာကိုယ်စားပြုအသင်းအတွက် အဓိကရည်မှန်းချက်သည် Round Robin အဆင့်တွင် အကောင်းဆုံးရလဒ်ရရှိပြီး ထိပ်ဆုံး (၂) နေရာအတွင်း ဝင်ရောက်ကာ Semifinals သို့ တိုက်ရိုက်တက်ရောက်နိုင်ရန်ဖြစ်ပါသည်။ အကယ်၍ အဆင့် (၃) မှ (၆) အတွင်း ရောက်ရှိခဲ့သည့်တိုင် Quarterfinals မှတစ်ဆင့် FIFAe World Cup 2026 အတွက် ဆက်လက်တိုက်ပွဲဝင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

■ အဆိုပါ FIFAe Continental Championship Asia 2026 ကို ဩဂုတ်လ (၁၉) ရက်မှ (၂၂) ရက်အထိ မလေးရှားနိုင်ငံ၊ Kuala Lumpur မြို့မှာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

#YMG/NN #Yangon_Times