#World_News
Published 19 August 2026

■ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နဲ့ ဆွေးနွေးမှုများ ပြုလုပ်ရန် စီစဉ်ထားခြင်း မရှိသလို လက်ရှိမှာလည်း ဆွေးနွေးနေခြင်း မရှိဘူးလို့ ဩဂုတ် ၁၈ ရက်နေ့မှာ ပြောခဲ့ပါတယ်။

■ ဒီလိုပြောကြားချက်က သံတမန်ကိုယ်စားလှယ် ဂျရက်ကုရှ်နာပြောထားတာတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။

■ အမေရိကန်ရေတပ်ရဲ့ ပိတ်ဆို့ထားမှုက တည်မြဲနေဆဲဖြစ်ပြီး ဟော်မုဇ်ရေလက်ကြားဟာလည်း ပွင့်နေတယ်လို့ ထရမ့်က အခိုင်အမာ ပြောပါတယ်။

■ ဒါ့အပြင် ဟော်မုဇ်ရေလက်ကြားကို အမေရိကန်နယ်မြေသစ်အဖြစ် ပုံဖော်ထားတဲ့ ဓာတ်ပုံတစ်ပုံကို Truth Social မှာ တင်ထားပါတယ်။

■ အီရန်အစိုးရက ထရမ့်ပြောဆိုချက်များကို ငြင်းဆိုခဲ့ပြီး အရေးပါတဲ့ ရေကြောင်းလမ်းဟာ သင်္ဘောသွားလာရေးအတွက် ထိရောက်စွာ ပိတ်ဆို့ထားဆဲဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။

■ အီရန်ရဲ့ ထိပ်တန်းဆွေးနွေးရေးမှူး မိုဟာမက်ဘာဂါဂါလီဘက်ဖ်က နားလည်မှုစာချွန်လွှာမှာ ပါဝင်တဲ့ ကတိကဝတ်များကို အမေရိကန်ဘက်က မလိုက်နာမချင်း ရေလက်ကြားကို ဆက်လက်ပိတ်ထားမယ်လို့ ပြောပါတယ်။

■ အီရန်တောင်းဆိုချက်တွေထဲမှာ ဆိပ်ကမ်းများ ပိတ်ဆို့ထားမှုကို ရုပ်သိမ်းရေး၊ ရေနံဒဏ်ခတ်ပိတ်ဆို့မှုများ ဖယ်ရှားရေးနဲ့ ထိန်းချုပ်ခံထားရတဲ့ ပိုင်ဆိုင်မှုများ ပြန်လည်ထုတ်ပေးရေးတို့ ပါဝင်ပါတယ်။

■ သံတမန်ရေးရာ အကျပ်အတည်းနဲ့ ရေနံသင်္ဘောပို့ဆောင်ရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကြောင့် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများ တစ်ဖန်ပြန်လည်မြင့်တက်လာပါတယ်။

Source: Reuters