#World_Health
Published 19 August 2026
■ သကြားသီးသန့် စားသုံးနေခြင်းက ခန္ဓာကိုယ်မှ အလျင်အမြန် စုပ်ယူစေပြီး သွေးတွင်းသကြားဓာတ် ရုတ်တရက် မြင့်တက်သွားစေပါတယ်။
မုန့်အချိုတွေမှာ ပါဝင်တဲ့ အဆီ၊ ပရိုတိန်း၊ အမျှင်ဓာတ်တို့ကတော့ အစာအိမ်မှာ အစာချေဖျက်မှုနဲ့ သကြားဓာတ် စုပ်ယူမှုကို နှေးကွေးစေပါတယ်။
အချိုဓာတ်ပါတဲ့ အချိုရည်တွေက အစာချေဖျက်ရ လွယ်ကူတာကြောင့် မုန့်အချိုတွေထက် သွေးတွင်းသကြားဓာတ် ပိုမိုမြန်ဆန်စွာ မြင့်တက်စေပါတယ်။
စုပ်ယူမှုနှေးပေမယ့် ကာဗိုဟိုက်ဒရိတ်နဲ့ ကယ်လိုရီပမာဏ ပိုမိုများပြားစွာ ပါဝင်လေ့ရှိပါတယ်။
ထန်းလျက်၊ ပျားရည်တို့လို သဘာဝအချိုဓာတ်တွေဟာလည်း သွေးတွင်းသကြားဓာတ် သိသိသာသာ မြင့်တက်စေနိုင်ပါတယ်။
သဘာဝအချိုဓာတ်တွေမှာ ပါဝင်တဲ့ သတ္တုဓာတ် အနည်းငယ်က ဆီးချိုရောဂါထိန်းသိမ်း
စောင့်ရှောက်မှုအတွက် မြင့်မားတဲ့ ကာဗိုဟိုက်ဒရိတ်ပါဝင်မှုကို မချေဖျက်နိုင်ပါဘူး။
သကြားတိုက်ရိုက်စားသုံးတာထက် စုစုပေါင်း ကာဗိုဟိုက်ဒရိတ် စားသုံးမှုပမာဏနဲ့ အချိုးအစားက ပိုပြီးအရေးကြီးပါတယ်။
အာဟာရမျှတတဲ့ အစားအစာများ အဓိကစားသုံးပြီးမှ မုန့်အနည်းငယ်စားသုံးခြင်းက သွေးတွင်းသကြားဓာတ် ရုတ်တရက်မြင့်တက်ခြင်းကို လျှော့ချပေးနိုင်ပါတယ်။
သွေးတွင်းသကြားဓာတ် ထိရောက်စွာ ထိန်းချုပ်မှုဆိုတာဟာ အစားအသောက် စနစ်တကျ စီမံခြင်းနဲ့ သွေးတွင်းသကြားဓာတ် ပုံမှန်စစ်ဆေးခြင်းပေါ်မှာ မူတည်ပါတယ်။
Source: Times of India