#World_Health
Published 19 August 2026
■ မိနစ် ၃၀ ထက်ပိုပြီး ဆက်တိုက်ထိုင်နေခြင်းဟာ ကင်ဆာရောဂါကြောင့် သေဆုံးနိုင်ခြေကို မြင့်တက်စေနိုင်တယ်လို့ တွေ့ရှိထားပါတယ်။
■ ယူကေဘိုင်အိုဘဏ်မှ လူပေါင်း ၉၁,၀၀၀ ကျော်ရဲ့ အချက်အလက်များကို စက်ပစ္စည်းများ အသုံးပြုပြီး ၁၂ နှစ်ကြာ စောင့်ကြည့်မှတ်တမ်းတင်ခဲ့ပါတယ်။
■ တစ်နေ့တာအတွင်း ဆက်တိုက်ငြိမ်ငြိမ်ထိုင်နေပါက အချိန်တစ်နာရီပိုကြာလာတိုင်း ကင်ဆာကြောင့် သေဆုံးနိုင်ခြေ ၁၀ ရာခိုင်နှုန်း ပိုမိုမြင့်တက်လာပါတယ်။
■ ထိုင်နေတဲ့ အချိန်တွေကြား ပေါ့ပါးတဲ့ လှုပ်ရှားမှုများ ကြားဖြတ်ပြုလုပ်ပေးခြင်းက ကျန်းမာရေးအန္တရာယ်များကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။
■ ထိုင်ချိန် တစ်နာရီအစား အိမ်မှုကိစ္စ ပြုလုပ်ခြင်းလိုမျိုး ပေါ့ပေါ့ပါးပါး လှုပ်ရှားမှုဖြင့် အစားထိုးပြုလုပ်ပါက ကင်ဆာကြောင့် သေဆုံးနိုင်ခြေကို ၁၂ ရာခိုင်နှုန်း လျှော့ချပေးပါတယ်။
■ မိနစ် ၃၀ ငြိမ်ငြိမ်လေး ထိုင်နေမယ့်အစား ပုံမှန်လမ်းလျှောက်ခြင်းလိုမျိုး အသင့်အတင့် လှုပ်ရှားမှုဖြင့် အစားထိုးပါက ကင်ဆာဖြင့် သေဆုံးနိုင်ခြေကို ၈ ရာခိုင်နှုန်း လျှော့ချပေးပါတယ်။
■ ထိုင်ချိန် ၅ မိနစ်အစား သက်လုံအသုံးပြုရတဲ့ ပြင်းထန်လှုပ်ရှားမှု လုပ်ပေးခြင်းဖြင့် ကျန်းမာရေးအန္တရာယ် ၂၂ ရာခိုင်နှုန်းအထိ ထိရောက်စွာ လျှော့ချပေးနိုင်ပါတယ်။
■ ထိုင်ချိန် မိနစ် ၃၀ ကြာတိုင်း မတ်တပ်ရပ် လမ်းလျှောက်ပေးရန် အကြံပြုထားပေမယ့် အကြောင်းအရင်းနဲ့ အကျိုးဆက်စပ်မှုကို အတည်ပြုရန် နောက်ထပ်လေ့လာမှုတွေ လိုအပ်နေပါသေးတယ်။
Source: The Guardian