#World_Science
Published 07 September 2024
▪️ အာဖဂန်နစ္စတန်နဲ့ ကူဝိတ်တို့ရှိ အမေရိကန်စစ်တပ်တို့မှာ တာဝန်ထမ်းဆောင်ခဲ့သလို အကြမ်းဖက် တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ ပါဝင်ခဲ့တဲ့ အမေရိကန် ထောက်လှမ်းရေး အရာရှိဟောင်း လူးဝစ္စအယ်လီဇွန်ဒိုက ဂြိုဟ်သားတွေဟာ ကမ္ဘာပေါ်မှာ ပုန်းကွယ်နေကြပြီး လူသားထုကို ခြိမ်းခြောက်နေတယ်လို့ ဆိုလိုက်ပါတယ်။
▪️ မယ်ရီလန်းရှိ မိသားစုနေအိမ်အနီး လေထဲမှာ အစိမ်းရောင်လုံးလေး လင်းနေတာကို သူ့ရဲ့ကလေးတွေ တွေ့ရှိတယ်လို့ ပြောတဲ့အချိန်မှာ အရာရှိဟောင်း ကျောချမ်းခဲ့ရတယ်လို့ ဆိုလိုက်ပါတယ်။
▪️ ဒီအလုံးဟာ ကြောက်မက်ဖွယ် အစိမ်းရောင်ဖြင့် ကြည်နေပြီး တစ်ခုတစ်ခုဖြင့် ထိန်းချုပ်နေသလို ပုံစံမျိုးဖြစ်တယ်လို့ အယ်လီဇွန်ဒိုက ပြောပါတယ်။
▪️ သူကိုယ်တိုင်လည်း ဘက်စ်ကတ်ဘောလုံး အရွယ်ရှိတဲ့ အစိမ်းရောင်တောက်တောက် အရာတစ်ခုဟာ မီးဖိုချောင်ကနေ အိပ်ခန်းသို့ ဖြည်းဖြည်းချင်း မျောရွေ့သွားပြီး ရုတ်တရက် ပျောက်သွားတယ်လို့ ပြောပါတယ်။
▪️ အမေရိကန် အစိုးရကလည်း ကမ္ဘာပေါ်မှာ ဂြိုဟ်သားတွေ တည်ရှိတာကို သိရှိထားပေမယ့် ယင်းတို့ဟာ ပုန်းကွယ်နေကြတယ်လို့ ဆိုပါတယ်။
▪️ အယ်လီဇွန်ဒိုဟာ ဂြိုဟ်သားတွေကို အမှန်တကယ် လိုက်ရှာခဲ့ဖူးတဲ့ စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဖြစ်ခဲ့တာကြောင့် သူ့ရဲ့ထွက်ဆိုချက်တွေက စိတ်ဝင်စားစရာ ဖြစ်ပါတယ်။
▪️ ကမ္ဘာမြေပေါ်က ကုန်းပြင်နေရာတွေမှာ ဂြိုဟ်သားတွေ ပုန်းကွယ်နေတဲ့ အထောက်အထားတွေ ရှိထားပေမယ့် အများပြည်သူ ကြောက်လန့်မှာ စိုးတဲ့အတွက် ပင်တဂွန်အရာရှိများက လျှို့ဝှက်ထိန်းသိမ်းထားတယ်လို့ ပြောပါတယ်။
▪️ ဒီပစ္စည်းတွေက လူတွေလုပ်တာ မဟုတ်သလို လျှို့ဝှက်ထောက်လှမ်းခြင်းကို လူသားတွေပဲ လုပ်တတ်တာ မဟုတ်ဘူးလို့ ပြောသွားပါတယ်။
▪️ ဂြိုဟ်သားယာဉ်တွေဟာ ဒုတိယကမ္ဘာစစ် ပြီးကတည်းက လှုပ်ရှားနေကြပြီး လူသားတွေရဲ့ ရူပဗေဒ အသိပညာတွေကို ဆန့်ကျင်နိုင်တဲ့ အစွမ်းရှိပါတယ်။
▪️ ဒီအရာတွေဟာ လုံခြုံရေးကို အလွန်ခြိမ်းခြောက်နေသလို အဆိုးဆုံးအနေနဲ့ လူသားထုကို ခြိမ်းခြောက်လာနိုင်တယ်လို့ ပြောသွားပါတယ်။
#Source: WION
#World_Health
Published 07 September 2024
▪️ သုတေသနအသစ်အရ အလုပ်ပိတ်ရက်တွေမှာ ပိုမိုအိပ်စက်တဲ့သူတွေက နှလုံးရောဂါ ဖြစ်နိုင်ခြေ ၂၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်တယ်လို့ တွေ့ရှိထားပါတယ်။
▪️ ကြားရက်တွေမှာ အိပ်ရေးပျက်ထားတာကို အလုပ်နားရက်တွေမှာ ဖြည့်စွက်အိပ်စက်ခြင်းက နှလုံးရောဂါ ဖြစ်နိုင်ခြေ လျော့နည်းခြင်းနဲ့ ဆက်စပ်နေတယ်လို့ ပေကျင်း ဖုဝေဆေးရုံမှ ဦးဆောင်သုတေသီ ယန်ကျွန်ဆောင်းက ပြောပါတယ်။
▪️ ကြားရက်တွေမှာ အိပ်ရေးမဝတဲ့သူတွေမှာ ဒီရလဒ်က ပိုပြီးသိသာပါတယ်။
▪️ ဗြိတိန်ပြည်ထောင်စုမှ နေထိုင်သူ ၉၀၉၀၀ ခန့်ရဲ့ အချက်အလက်တွေကို ဆန်းစစ်ရာမှာ ၂၂ ရာခိုင်နှုန်း နီးပါးလောက်က တစ်ညကို အိပ်ချိန် ၇ နာရီအောက်သာရှိပြီး အိပ်ရေးပျက်တဲ့သူတွေလို့ သတ်မှတ်ပါတယ်။
▪️ ဒီနောက် ထိုသူတွေရဲ့ ဆေးရုံတက်မှတ်တမ်းနဲ့ နှလုံးရောဂါကြောင့် သေဆုံးမှုမှတ်တမ်းတွေကို ၁၄ နှစ်နီးပါးတိုင်အောင် စောင့်ကြည့်ခဲ့ကြပါတယ်။
▪️ ထိုအခါမှာ အိပ်ရေးပျက်သူတွေမှာ အတိုးချအိပ်စက်ချိန် အများဆုံးရှိသူတွေက နှလုံးရောဂါ ဖြစ်နိုင်ခြေ ၂၀ ရာခိုင်နှုန်း လျော့နည်းခဲ့ပါတယ်။
▪️ အိပ်ရေးပျက်ခြင်းကြောင့် နှလုံးသွေးကြောရောဂါများ၊ သွေးတိုး၊ ဆီးချို၊ အဝလွန်ခြင်းတို့နဲ့ ဆက်စပ်နေကာ အလုပ်နားရက်တွေမှာ အတိုးချအိပ်ခြင်းက ကြားရက်တွေမှာ အိပ်ရေးပျက်ထားခြင်းရဲ့ သက်ရောက်မှုတွေကို တစ်စိတ်တစ်ပိုင်း လျှော့ချပေးနိုင်တယ်လို့ ဖော်ပြထားပါတယ်။
▪️ အရွယ်ရောက်သူများအနေနဲ့ တစ်ညကို ၇ နာရီမှ ၉ နာရီလောက်အထိ အိပ်စက်ဖို့ ပညာရှင်များ အကြံပြုထားပါတယ်။
#Source: New York Post
ယီမင်မှာ တစ်လလောက် အကြီးအကျယ်မိုးရွာသွန်းပြီး ရေလျှံနေတာကြောင့် ဆာနာသမိုင်းဝင်မြို့ဟောင်းမှာ အစိတ်အပိုင်းအချို့ ပျက်စီးကုန်ပြီး ဘာမှမလုပ်ဘဲထားပါက ဒီထက်ပိုပြီး ပျက်စီးလာမှာကို စိုးရိမ်လာရပါတယ်။
#World_News
Published 06 September 2024
#ယီမင်ရှိသမိုင်းဝင်အဆောက်အအုံ #အဆောက်အအုံများပျက်စီး
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 06 September 2024
၁။ ပေါ်ဆန်းနှင့် ဧည့်မထဆန်များအား တစ်နိုင်ငံလုံးရှိ ဆန်ဆိုင်များတွင်သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချပေးနေ
၂။ မလေးရှားသို့ သိုးနှင့်ဆိတ်အရှင်များတင်ပို့ ရန်စီစဉ်နေပြီး မွေးမြူသူများ အဆင်ပြေနိုင်
၃။ တိုင်ဖွန်းမုန်တိုင်းအပြင် လေဖိအားနည်းရပ်ဝန်းလည်းထပ်ဖြစ်လာ၍ ဒေသ(၁၁)ခု၌ မိုးသက်လေပြင်းတိုက်ခတ်ပြီးမိုးကြီးမည်
၄။ မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ယီမင်ရှိသမိုင်းဝင်အဆောက်အအုံများပျက်စီး... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
မျောက်ကျောက်သံသယလူနာတွေ့ရတယ်ဆိုတာ ကောလဟာလသာဖြစ်ပြီး စက်တင်ဘာလ(၆)ရက်အထိတော့ မျောက်ကျောက် သံသယလူနာမတွေ့ရသေးဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနမှ သိရပါတယ်။
#Local_News
Published 06 September 2024
#မျောက်ကျောက်သံသယလူနာ #ကျန်းမာရေးဝန်ကြီးဌာန
#YMG/tthl #Yangon_Times
တိုင်ဖွန်းမုန်တိုင်းအပြင် လေဖိအားနည်းရပ်ဝန်းလည်းထပ်ဖြစ်လာလို့ စက်တင်ဘာလ (၈)ရက်မှ စက်တင်ဘာလ(၁၂)ရက်အတွင်းဒေသ(၁၁)ခုမှာ မိုးသက်လေပြင်းတိုက်ခတ်ပြီး မိုးကြီးနိုင်တယ်လို့ သိရပါတယ်။
#Local_News
Published 06 September 2024
#တိုင်ဖွန်းမုန်တိုင်း #လေဖိအားနည်းရပ်ဝန်း
#YMG/tthl #Yangon_Times
မလေးရှားသို့ သိုးနှင့်ဆိတ်အရှင်များတင်ပို့ရန်စီစဉ်နေပြီး မွေးမြူသူတွေအဆင်ပြေနိုင်တယ်လို့ သိုး၊ ဆိတ်မွေးမြူသူတွေထံက သိရပါတယ်။
#Local_News
Published 06 September 2024
#သိုးနှင့်ဆိတ် #မလေးရှားသို့တင်ပို့
#YMG/NN #Yangon_Times
ပေါ်ဆန်းနဲ့ ဧည့်မထဆန်တွေကို တစ်နိုင်ငံလုံးရှိ ဆန်ဆိုင်တွေမှာ သတ်မှတ်ရည်ညွှန်းဈေးနဲ့ ရောင်းချပေးနေတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားပါတယ်။
#Local_News
Published 06 September 2024
#ပေါ်ဆန်းနှင့်ဧည့်မထဆန် #သတ်မှတ်ရည်ညွှန်းဈေး
#YMG/NN #Yangon_Times
#Local_News
Published 6 September 2024
▪️ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး ေ-သဆုံးမှုတစ်ခု ယမန်နေ့ညကဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ် ဦးစီးဌာနမှ သိရသည်။
▪️ စက်တင်ဘာ ၅ ရက်နေ့၊ည ၁၁နာရီ ၃၈ မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၁၃)ရပ်ကွက်၊ အမှတ်(၂)လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူညပ်နေကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ ယင်းဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသားတစ် ဦး (သေဆုံး) အား ရှင်သန်ခွင့်အသင်း သူနာတင်ယာဉ်ဖြင့် မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့
ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 6 September 2024
ရန်ကုန်ရွှေ ရည်ညွှန်းဈေးတစ်ရက်အတွင်း ကျပ်ခြောက်သောင်းကျော်အထိမြင့်တက်လာကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။
ကမ္ဘာ့ရွှေဈေးကလည်း တစ်ရက်တာအတွင်း တစ်အောင်စကို ၃၁,ဒေါ်လာအထိမြင့်တက်လာပြီး အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၆၂,၅၃၂အထိမြင့်တက်လာကြောင်း သိရသည်။
ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း၏ ရွှေရည်ညွန်းဈေးမှာ အခေါက်ရွှေတစ်ကျပ်သားလျှင် ၅,၀၇၇,၁၇၁ အထိ ဈေးနှုန်းရှိနေပြီး ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် ၂၅၁၇ ဒေါ်လာအထိဈေးနှုန်း မြင့်တက်နေကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 06 September 2024
▪️ ဒေါ်နယ်ထရမ့်ဟာ ရွေးကောက်ပွဲမှာ သမ္မတအဖြစ် ရွေးချယ်ခံရပါက အစိုးရအသုံးစရိတ် စာရင်းစစ်ခြင်းကို ဦးဆောင်ဖို့နဲ့ ပြုပြင်ပြောင်းလဲရေးကြီး အကောင်အထည်ဖော်ဖို့ ဘီလျံနာသူဌေး အီလွန်မက်စ်ကို ခန့်အပ်သွားမယ်လို့ ကြာသပတေးနေ့က ကြေညာလိုက်ပါတယ်။
▪️ ဖန်တီးသွားမယ့် အစိုးရရဲ့စွမ်းဆောင်ရေးကော်မရှင်ကို ဖက်ဒရယ်အစိုးရ တစ်ခုလုံးရဲ့ ဘဏ္ဍာရေးနဲ့ စွမ်းဆောင်ရည် စာရင်းစစ်တာဝန်များ ပေးအပ်သွားမှာဖြစ်ကာ တက်စ်လာစီအီးအို မက်စ်ကိုတော့ အကြီးအကဲအဖြစ် ခန့်အပ်သွားမယ်လို့ ထရမ့်က ပြောပါတယ်။
▪️ တစ်ခါတရံမှာ စိတ်ကူးယဉ်ဆန်လွန်းတဲ့ ထရမ့်က ဒီလိုနည်းလမ်းဟာ ဒေါ်လာ ထရီလီယံနဲ့ချီပြီး သက်သာစေနိုင်တယ်လို့ နယူးယော့ခ်စီးပွားရေးကလပ်ကို ပြောပြခဲ့ပါတယ်။
▪️ ဒီကော်မရှင်ဟာ လိမ်လည်မှုနဲ့ ငွေပေးချေမှု မမှန်မကန်ခြင်းများကို ၆ လအတွင်း လုံးဝဖယ်ရှားနိုင်မယ့် အစီအစဉ် ဖန်တီးနိုင်လိမ့်မယ်လို့ ပြောသွားပါတယ်။
▪️ ယခင်က ဒီမိုကရက်တစ် ကိုယ်စားလှယ်လောင်းတွေကို မဲပေးခဲ့တဲ့ မက်စ်က ပြီးခဲ့တဲ့ဇူလိုင်လ စည်းရုံးရေးပွဲတစ်ခုမှာ ထရမ့်ကို သေနတ်သမားတစ်ဦး လုပ်ကြံရန် ကြိုးပမ်းခဲ့ပြီးနောက်မှာ ထရမ့်ကို ထောက်ပံ့လာခဲ့ပါတယ်။
▪️ အီလွန်မက်စ်ကတော့ စည်းကမ်းထိန်းသိမ်းရေးများနဲ့ ငြိဖူးတဲ့ သမိုင်းကြောင်း ရှိထားပါတယ်။
ယင်းရဲ့ အလိုအလျောက် မောင်းနှင်နည်းပညာ အစီအစဉ်တွေကို အစိုးရအေဂျင်စီတွေက စောင့်ကြည့်နေကြပါတယ်။
▪️ မက်စ်ကို ရာထူးခန့်အပ်ဖို့ ထရမ့်ကမ်းလှမ်းနေတာဟာ အကျိုးစီးပွား ပဋိပက္ခရှိနိုင်လားဆိုတာ သိရဖို့ စောနေသေးတယ်လို့ ပြည်သူ့တာဝန်နှင့် ကျင့်ဝတ်အဖွဲ့အစည်းမှ ပြောရေးဆိုခွင့်ရှိသူ ဂျော်ဒန်လီဘိုဝစ်ဇ်က ပြောသွားပါတယ်။
▪️ ဒါပေမဲ့ မက်စ်အနေနဲ့ သူ့စီးပွားရေးတွေကို တိုက်ရိုက်သက်ရောက်လာနိုင်မယ့် နိုင်ငံရေးလွှမ်းမိုးမှုတွေကနေ ရှောင်ရှားသင့်တယ်လို့ ပြောပါတယ်။
▪️ ဒါ့အပြင် အမေရိကန် စည်းမျဉ်းများအရ မက်စ်ဟာ သူ့ရဲ့ဘဏ္ဍာရေး ပိုင်ဆိုင်မှုများကို ချပြဖို့လိုနိုင်တယ်လို့လည်း လီဘိုဝစ်ဇ်က ထင်မြင်နေပါတယ်။
#Source: Barron's
#World_Science
Published 06 September 2024
▪️ ဟိမဝန္တာတောင်တွေမှာ ရှေးဟောင်းဗိုင်းရပ်စ်ပေါင်း ၁၇၀၀ နီးပါး ဖုံးကွယ်တည်ရှိနေတယ်လို့ လေ့လာချက်အသစ်မှာ တွေ့ရှိထားပါတယ်။
▪️ ထိုထဲက ၄ ပုံ ၃ ပုံလောက်ဟာ သိပ္ပံနည်းအရ မသိရှိထားဘူးလို့ ဖော်ပြထားပါတယ်။
▪️ ပင်လယ်ရေမျက်နှာပြင်ထက် ၄ မိုင်နီးပါးလောက်ရှိတဲ့ တိဘက်ကုန်းပြင်မြင့်ပေါ်က ဂူလီယာရေခဲပြင်အူတိုင်တွေထဲမှာ အေးခဲနေတဲ့ ဗိုင်းရပ်စ်ဒီအင်န်အေ အစအနတွေကို သိပ္ပံပညာရှင်များ လေ့လာခဲ့ကြပါတယ်။
▪️ အခုဆိုရင် ရာသီဥတု ပြောင်းလဲမှုတွေကြား ဗိုင်းရပ်စ်တွေ လိုက်လျောညီထွေရှိအောင် ဘယ်လိုလုပ်ခဲ့လဲဆိုတာနဲ့ လာမယ့်နှစ်တွေမှာ ဗိုင်းရပ်စ်တွေ ဘယ်လိုပြောင်းလဲသွားနိုင်လဲ ဆိုတာတွေကို နားလည်ဖို့ လေ့လာနေပါတယ်။
▪️ ရေခဲပြင်မှ ရေခဲတွေက အလွန်တန်ဖိုးရှိတာကြောင့် ဗိုင်းရပ်စ်ပိုးမွှားတွေ သုတေသနအတွက် လိုအပ်တဲ့ အရာတွေကို မရတတ်ဘူးလို့ သုတေသနပြုစုသူ ကျိဖင်ကျောင်က ဖော်ပြထားပါတယ်။
▪️ ရာသီဥတု ပြောင်းလဲတဲ့အခါ အပူချိန်တက်လာပြီး ရေခဲအရည်ပျော်လာသဖြင့် ရေခဲထဲက အချက်အလက်တွေ ပျက်စီးလာနိုင်ကာ ဟိမဝန္တာ၊ အဲ့ပ်စ်၊ အန်ဒေးစ်တို့ရှိ ရေခဲပြင်အချို့တို့ဟာ ရေခဲဆုံးရှုံးမှုနှုန်း မြင့်မားနေပါတယ်။
▪️ တောင်တန်းထိပ် ရေခဲတောင်တွေနဲ့ သူတို့ရဲ့ သမိုင်းကြောင်းတွေဟာ အလွန်လျင်မြန်စွာ ပျောက်ကွယ်နေတယ်လို့ အိုဟိုင်ယိုပြည်နယ်တက္ကသိုလ်မှ ရှေးဟောင်းရာသီဥတု ပညာရှင် လွန်နီသွမ်ဆင်က ပြောပါတယ်။
▪️ ဒါကြောင့် လုံးဝမပျောက်ကွယ်ခင်မှာ သိပ္ပံပညာရှင်တွေက ရှာဖွေဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
လေ့လာချက်အရ ဗိုင်းရပ်စ်တွေဟာ ပြီးခဲ့တဲ့ နှစ်ပေါင်း ၄၁၀၀၀ ကျော်အတွင်း အပူအအေးစက်ဝန်း ၃ ခုအချိန်မှ ဖြစ်တယ်လို့ ဆိုပါတယ်။
▪️ ရေခဲပြင်တွေ အရည်ပျော်လာပြီး ရှေးဟောင်းဗိုင်းရပ်စ်တွေ လူသားတွေထံ ကူးစက်မှာကို စိုးရိမ်နေကြပါတယ်။
▪️ အချို့သော ဗိုင်းရပ်စ်တွေဟာလည်း အခြားနေရာတွေကနေ ရောက်ရှိလာကြတယ်လို့ ယူဆနေကြပါတယ်။
#Source: WION
Page 76 of 1464