#World_Health
Published 04 June 2026
■ စစ်တမ်းများအရ တစ်နေ့ကို အယ်ကိုဟော ၁-၂ ခွက်မျှ သောက်သုံးခြင်းဟာ ကျန်းမာရေးအတွက် မကောင်းဘူးလို့ ယူဆလာကြပါတယ်။
■ သုတေသနအသစ်မှာတော့ တစ်နေ့ကို ဝိုင်အနည်းငယ် သောက်ခြင်းဖြင့် နှလုံးရောဂါကြောင့် အသက်ဆုံးပါးနိုင်ခြေ လျော့နည်းစေဖွယ်ရှိတယ်လို့ ယူဆရပါတယ်။
■ ကျန်းမာရေးအန္တရာယ်တွေက အယ်ကိုဟော ပမာဏတစ်ခုတည်းသာ မူတည်တာမဟုတ်ဘဲ အယ်ကိုဟောအမျိုးအစားတွေပေါ်လည်း မူတည်နေတယ်ဆိုတဲ့သဘော ဖြစ်တယ်လို့ တရုတ်နိုင်ငံ Central South တက္ကသိုလ်၊ Second Xiangya ဆေးရုံမှ ပရော်ဖက်ဆာ ဒေါက်တာ ကျန်းလင်ချင်က ပြောပါတယ်။
■ ဘီယာ၊ အရက်သေစာတို့ သောက်သုံးသူတွေထက်စာရင် ဝိုင်ပမာဏ အသင့်အတင့်သောက်သုံးခြင်းက အသက်အန္တရာယ် ဆုံးပါးနိုင်ခြေ ၂၁ ရာခိုင်နှုန်း လျှော့ချနိုင်ဖွယ် ရှိပါတယ်။
■ ဝိုင်မှာ ပါဝင်တဲ့ ရက်စ်ဗရာထရိုလိုမျိုး ဒြပ်ပေါင်းတွေဟာ နှလုံးကျန်းမာရေးကို အထောက်အကူ ဖြစ်စေနိုင်ပြီး အစားအစာနဲ့ တွဲစားသုံးပါက ကျန်းမာရေးနဲ့ ကိုက်ညီနိုင်ပါတယ်။
■ အလွန်အကျွံ သောက်သုံးသူတွေဟာ ကင်ဆာ၊ နှလုံးရောဂါ၊ အကြောင်းအရာ အမျိုးမျိုးတို့ကြောင့် သေဆုံးနိုင်ခြေ မြင့်မားပြီး ဝိုင်အသင့်အတင့် သောက်သူတွေကတော့ ကျန်းမာရေး ကောင်းမွန်စေနိုင်ပါတယ်။
■ ဒီလေ့လာချက်က ယူကေမှ လူပေါင်း ၃၄၀,၉၂၄ ဦးကို ၁၃ နှစ်ကြာအောင် အချက်အလက်များ ဆန်းစစ်ခဲ့တာဖြစ်ပေမယ့် ခိုင်လုံမှုသိပ်မရှိဘဲ ကိုယ်တိုင် အယ်ကိုဟောသောက်သုံးမှု တင်ပြချက်များနဲ့ ယေဘုယျအားဖြင့် ကျန်းမာသူတွေ ပါဝင်ကြပါတယ်။
Source: New York Post
၃ ဇွန်၊၂၀၂၆-
မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၅ ဘီလီယံအထိ မျှော်မှန်းဆောင် ရွက်သွားမည်ဟု အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့ရှိ The Taj Mahal Palace ဟိုတယ်၌ ယနေ့ ဇွန် ၃ရက် နံနက်ပိုင်းက ကျင်းပသော မြန်မာ-အိန္ဒိယ စီးပွားရေးဆွေးနွေးပွဲ (Myanmar-India Business Dialogue) တွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဆွေးနွေးပြောကြားသည်။
“နယူးဒေလီမြို့တွင်လည်း မြန်မာ-အိန္ဒိယ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆွေးနွေးပွဲကိုကျင်းပပြီး နှစ်နိုင်ငံစီးပွားရေးဆိုင်ရာမြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်နိုင်ခဲ့ပြီး သဘောတူညီချက်များလည်း ရရှိခဲ့ ကြောင်း၊ ယခုကဲ့သို့အခြေအနေများအရ အိန္ဒိယနိုင်ငံမှတာဝန်ရှိသူများ အနေဖြင့် မြန်မာနိုင်ငံနှင့် ယုံကြည်စိတ်ချစွာ ပူးပေါင်းဆောင်ရွက်နိုင်သည်ကို ပြောကြားလိုကြောင်း” ဟုလည်း နိုင်ငံတော်သမ္မတက ဆက်လက်ပြောကြားသည်။
အဆိုပါဆွေးနွေးပွဲတွင် အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ စတုတ္ထမြောက် ကုန်သွယ်မှု အများဆုံးနိုင်ငံ ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပြီး လက်ရှိတွင် နှစ်နိုင်ငံကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော်သာရှိသဖြင့် ပထမအဆင့်အနေဖြင့် အမေရိကန်ဒေါ်လာ ၃ ဘီလီယံအထိလည်းကောင်း၊ ဒုတိယအဆင့်အနေဖြင့် ၅ ဘီလီယံအထိလည်းကောင်း ရောက်ရှိရန် မျှော်မှန်းဆောင်ရွက်သွားမည်ဖြစ် ကြောင်းသမ္မတဦးမင်းအောင်လှိုင်ကရှင်းလင်းပြောကြားခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ အိန္ဒိယသို့ ပို့ကုန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၂၆ ဘီလီယံရှိခဲ့ပြီး အိန္ဒိယမှ သွင်းကုန်မှာမူ ဒေါ်လာ သန်း ၆၀၀ မှ ၈၀၀ ကြားတွင် ရှိခဲ့သည်။ ထို့အပြင် ကုန်သွယ်မှုများတွင် ရူပီး-ကျပ် တိုက်ရိုက်ပေးချေရေးကိစ္စရပ်များကို အဓိကထားဆွေးနွေးခဲ့ကြသည်။

နှစ်နိုင်ငံ ကူးသန်းရောင်းဝယ်မှုကဏ္ဍတွင် မြန်မာနိုင်ငံဘက်မှ ပဲမျိုးစုံ၊ ဆီထွက်သီးနှံများ၊ ရေထွက်နှင့် သစ်တောထွက်ပစ္စည်းများ၊ အထည်အလိပ်နှင့် ရာဘာထွက်ပစ္စည်းများကို အဓိကထား တင်ပို့လိုပြီး အိန္ဒိယနိုင်ငံဘက်မှ သံနှင့် သံမဏိများ၊ ဘိလပ်မြေ၊ ဆေးဝါး၊ စက်သုံးဆီများနှင့် ဆိုလာအပါအဝင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံး ပစ္စည်းများကို ပိုမိုတင်သွင်းသွားရန် ဆန္ဒရှိကြောင်းလည်း ဆွေးနွေးခဲ့ ကြသည်။
ထို့အပြင် အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၉၄ ဘီလီယံ ကျော်ဖြင့် နိုင်ငံပေါင်းစုံအနက် (၁၁) နိုင်ငံမြောက် ရင်းနှီးမြှုပ်နှံမှုအများဆုံး နိုင်ငံဖြစ်ရာ မြန်မာနိုင်ငံ၏ အဓိကမဏ္ဍိုင်ဖြစ်သော စိုက်ပျိုးရေးကဏ္ဍ၊ ဇီဝစွမ်းအင် (Bio Energy) ထုတ်လုပ်မှုလုပ်ငန်းများနှင့် ကမ္ဘာ့ထိပ်တန်းအဆင့်ရှိသည့် ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းများကို မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီး မြှုပ်နှံရန်လည်း နိုင်ငံတော်သမ္မတက ဖိတ်ခေါ်ခဲ့သည်။ အထူးသဖြင့် တွင်းထွက်သတ္တုများကို ကုန်ကြမ်း အဖြစ် ပြည်ပသို့ တင်ပို့ခြင်းထက် ကုန်ချောအဖြစ် ထုတ်လုပ်တင်ပို့သည့် လုပ်ငန်းများ၊ သတင်းအချက် အလက်၊ ဒီဂျစ်တယ်နှင့် အဆင့်မြင့်နည်းပညာ (High-tech) လုပ်ငန်းများကိုလည်း လာရောက်ရင်းနှီး မြှုပ်နှံရန် အိန္ဒိယလုပ်ငန်းရှင်များအား အထူးဖိတ်ခေါ်ခဲ့သည်။
ယခုခရီးစဉ်သည် အိန္ဒိယနိုင်ငံ၏ အရှေ့ထိတွေ့ဆက်ဆံမှု (Act East Policy) နှင့် အိမ်နီးချင်း ဦးစားပေးမူဝါဒ (Neighborhood First Policy) တို့အရ မဟာဗျူဟာကျသော ခြေလှမ်းတစ်ရပ်ဖြစ်ပြီး၊ ၂၀၂၈ ခုနှစ်တွင် ကျရောက်မည့် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး (၈၀) ပြည့် အထိမ်းအမှတ်အဖြစ် စီးပွားရေးနှင့် ကုန်သွယ်မှုကဏ္ဍများကို ယခုထက်ပိုမို အရှိန်အဟုန်မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။
စီးပွားရေးဆွေးနွေးပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် မွန်ဘိုင်းမြို့၏ အထင်ကရ သမိုင်းဝင်ပြယုဂ်တစ်ခုဖြစ်သော ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားရာ Gateway of India သို့ သွားရောက်လေ့လာခဲ့ကြပြီး တာဝန်ရှိသူများက အဆိုပါ သမိုင်းဝင်အဆောက်အအုံကြီး၏ အစ္စလာမ်နှင့် ဟိန္ဒူရိုးရာဗိသုကာလက်ရာများ ရောနှောပေါင်းစပ်ထားမှုနှင့် သမိုင်းကြောင်းများကို လိုက်လံရှင်းလင်း ပြသခဲ့ကြကြောင်း သတင်းရရှိသည်။

၂၀၂၆ ခုနှစ် တီယန်ကျင်း ကမ္ဘာ့အဉာဏ်ရည်တုပြပွဲ အစိတ်အပိုင်းတစ်ခုအနေဖြင့် နိုင်ငံတကာ စက်ရုပ်ဘောလုံးချန်ပီယံပြိုင်ပွဲဟာ လူပုံစံဖော်ဆောင်သော AI နယ်ပယ်ကို ချဲ့ထွင်လာစေပြီး ကမ္ဘာတဝှမ်းရှိတက္ကသိုလ်အသင်းများကို စုစည်းပါဝင်လာပါတယ်။
#Asia_Technology
Published 03 June 2026
#စက်ရုပ်ဘောလုံးပြိုင်ပွဲ #တရုတ်တီယန်ကျင်း
#YMG #Yangon_Times #Yangon_Media_Group
လာမယ့် (၅)နဲ့(၁၀)နှစ်အတွင်း မြို့ပြတွေမှာ ဒီဇယ်၊ဓာတ်ဆီသုံးကားသုံးစွဲမှု (၈၀)ရာခိုင်နှုန်း လျော့နည်းပျောက်ကွယ်သွားမယ်လို့ မြန်မာမော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်းအထွေထွေအတွင်းရေးမှူးချုပ်ဦးကျော်စွာထွန်းမြင့်က သုံးသပ်ပြောကြားပါတယ်။
#Local_News
Published 03 June 2026
#ဒီဇယ်_ဓာတ်ဆီသုံးကား
#YMG/SW #Yangon_Times
#Daily_News
Published 03 June 2026
၁။ မော်တော်ယာဉ်စံနှုန်းတန်ဖိုးများကို ခြောက်လတစ်ကြိမ် ပြန်လည်သုံးသပ်သွားမည်
၂။ ကျိုင်းတောင်းစက်ရုံ ဓာတ်အားပေးစက်များအား အလှည့်ကျရပ်တန့်၍ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်နေ
၃။ မြဝတီကုန်သွယ်ရေးအတွက် ဘတ်သန်း(၆၂၀)တန်ဖိုးရှိ သွင်းကုန်လိုင်စင်များထုတ်ပေးနေ
၄။ နိုင်ငံတကာစက်ရုပ်ဘောလုံးပြိုင်ပွဲ တရုတ်တီယန်ကျင်း၌ကျင်းပ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ပြည်တွင်းမှာအသုံးပြုနေတဲ့ မော်တော်ယာဉ်စံနှုန်းတန်ဖိုးတွေကို ခြောက်လတစ်ကြိမ် ပြန်လည်သုံးသပ်သွားမယ်လို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်ကပြောပါတယ်။
#Local_News
Published 03 June 2026
#မော်တော်ယာဉ်
#YMG/NN #Yangon_Times
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲ မြို့နယ်၊ နမ့်တိန်ချောင်းပေါ်မှာ တည်ဆောက်ထားတဲ့ကျိုင်းတောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံရဲ့ ဓာတ်အားပေးစက်များအား အလှည့်ကျရပ်တန့်ကာ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေတယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရပါတယ်။
#Local_News
Published 03 June 2026
#ကျိုင်းတောင်းစက်ရုံ #ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ
#YMG/SW #Yangon_Times
ကရင်ပြည်နယ် မြဝတီ-မဲဆောက် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကနေ တင်သွင်းနိုင်ဖို ဘတ်သန်း(၆၂၀)တန်ဖိုးရှိ သွင်းကုန်လိုင်စင်များ ထုတ်ပေးထားတယ်လို့စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရပါတယ်။
#Local_News
Published 03 June 2026
#မြဝတီ #ကရင်ပြည်နယ်
#YMG/NN #Yangon_Times
#Local_News
Published 3 June 2026
■ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်ရှိ ကိုလိုနီခေတ် ရှေးဟောင်းအဆောက်အအုံများအား ကမ္ပည်းကြေးပြားများတပ်ဆင်ခဲ့ကြောင်းသိရသည်။
■ ပြင်ဦးလွင်မြို့ရှိ ကိုလိုနီခေတ်ရှေးဟောင်းအဆောက်အအုံငါးခုဖြစ်သည့် သန့်ရှင်းသူအပေါင်းခရစ်ယာန် ဘုရားကျောင်း (All Saint Chur-ch)၊ နန်းမြိုင်၊ ဂန္ဓမာမြိုင်၊ ယုဇနမြိုင်နှင့် ရွှေနှလုံးတော်ကာသိုလိပ် ဘုရားရှိခိုးကျောင်းတို့ကို ကမ္ပည်းကြေးပြားတပ်ဆင်ခြင်း အခမ်းအနားကို ယခုလ၁ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ပြင်ဦးလွင်မြို့ရှိ နန်းမြိုင်ဟိုတယ်၌ ကျင်းပခဲ့ခြင်းဖြစ်သည်။
■ အခမ်းအနားတွင် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းက မြန်မာနိုင်ငံအတွင်း နှစ်တစ်ရာသက်တမ်းအထက်ရှိ အဆောက်အအုံ ပေါင်း ၃၈၂ လုံးကို ကိုလိုနီခေတ်ရှေးဟောင်းအဆောက်အအုံများအဖြစ် အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်ခဲ့ပြီးဖြစ်ပါကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းတွင် ကိုလိုနီခေတ်ရှေးဟောင်းအဆောက်အအုံပေါင်း ၁၁၅ လုံးကို သတ်မှတ်ခဲ့ပြီးဖြစ်ပါကြောင်း၊ နှစ်တစ်ရာကျော်သည့် အဆောက်အအုံများကို ကိုလိုနီခေတ် ရှေးဟောင်းအဆောက်အအုံ သတ်မှတ်သည့်အခါ သမိုင်းတန်ဖိုး၊ ဗိသုကာလက်ရာနှင့် အနုလက်ရာတည်ရှိမှုအခြေအနေ၊ မူလလက်ရာကျန်ရှိခြင်း ရှိ၊ မရှိ၊ အဆောက်အအုံ၏ တည်နေရာနှင့် ပတ်ဝန်းကျင်အနေအထားတို့ကို ကြည့်ရှု၍ ဆောင်ရွက်ရပါကြောင်း ပြောကြားခဲ့သည်။
■ ထို့နောက် ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတို့က သန့်ရှင်းသူအပေါင်း ခရစ်ယာန်ဘုရားကျောင်း (All Saint Chur-ch)၊ နန်းမြိုင်၊ ဂန္ဓမာမြိုင်၊ ယုဇနမြိုင်နှင့် ရွှေနှလုံးတော်ကာသိုလိပ် ဘုရားရှိခိုးကျောင်းတို့ကို ကမ္ပည်းမော်ကွန်းကြေးပြားတပ်ဆင်ပေးခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#World_News
Published 03 June 2026
■ ကမ္ဘာ့မိုးလေဝသအဖွဲ့(WMO) အင်္ဂါနေ့ပြောကြားချက်အရ အယ်နီညိုရာသီဥတုဖြစ်စဉ် စတင်ဖြစ်ပေါ်နေပြီး ယခုနှစ်အတွင်း ကမ္ဘာတဝှမ်း ရာသီဥတုဒဏ်များ ပြင်းထန်မယ်လို့ မျှော်လင့်ရပါတယ်။
■ ရာသီဥတု ပြောင်းလဲမှုတွေကြောင့် ဒီရိုက်ခတ်မှုတွေ ပိုမိုပြင်းထန်လာနိုင်တယ်လို့ သိပ္ပံပညာရှင်များ ပြောနေကြပါတယ်။
■ ဇွန်လနဲ့ ဩဂုတ်လအတွင်း အယ်နီညိုဖြစ်စဉ် ဖြစ်ပေါ်ရန် ၈၀ ရာခိုင်နှုန်း သေချာနေပြီး အနည်းဆုံး နိုဝင်ဘာလအထိ ဆက်လက်တည်ရှိနေဖို့က ၉၀ ရာခိုင်နှုန်းသေချာကြောင်း WMO က ဆိုပါတယ်။
■ ယခုထုတ်ပြန်ချက်ဟာ အယ်နီညိုဖြစ်ပေါ်ရန် အလားအလာနဲ့ ပတ်သက်လို့ ထင်ရှားတဲ့ အရိပ်အယောင်တစ်ခု ဖြစ်ပါတယ်။
■ ရာသီဥတုပြောင်းလဲမှုတွေဟာ အယ်နီညိုရိုက်ခတ်မှုတွေကို ပိုမိုဆိုးရွားစေပြီး အပူချိန်မြင့်တက်ခြင်း၊ ပြင်းထန်စွာ မိုးခေါင်ခြင်း၊ မိုးသည်ထန်စွာ ရွာသွန်းခြင်းတို့အပြင် ရေကြီးခြင်း၊ သီးနှံပျက်စီးခြင်းလိုမျိုး ကပ်ဘေးတွေ ဖြစ်ပေါ်စေပါတယ်။
■ အယ်နီညိုနဲ့ ရာသီဥတုဖောက်ပြန်မှုတို့ ပူးပေါင်းသက်ရောက်မှုကြောင့် ၂၀၂၇ ဟာ သမိုင်းတလျှောက် အပူဆုံးနှစ်ဖြစ်လာနိုင်ကြောင်း WMO က သတိပေးထားပါတယ်။
■ အယ်နီညိုက ဒေသအလိုက် မတူညီတဲ့ နည်းလမ်းများ သက်ရောက်နေပြီး အချို့နေရာတွေမှာ မိုးခေါင်ရေရှားခြင်း၊ အချို့ဒေသတွေမှာ မိုးသည်းထန်စွာရွာသွန်းခြင်းတို့ ဖြစ်စေပြီး စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်းများအပေါ် သက်ရောက်မှု ကြီးမားစေပါတယ်။
■ ကမ္ဘာကြီး ပိုမိုပူနွေးလာတာနဲ့အမျှ အယ်နီညိုဖြစ်စဉ်ဟာ အနာဂတ်မှာ ကြုံတွေ့ရမယ့် ရာသီဥတု အခြေအနေတွေကို ကြိုတင်သတိပေးနေခြင်းဖြစ်ကြောင်း သိပ္ပံပညာရှင်တွေ သုံးသပ်ထားကြပါတယ်။
Source: Reuters
#Local_News
Published 03 June 2026
■ သစ်လွင်သူနာပြု ၁၄၅၂ ဦးအား နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ပေးအပ်သည့် ခန့်အပ်လွှာများကို ပေးအပ်ခဲ့ကြောင်းကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
■ အဆိုပါ ကျန်းမာရေးဝန်ကြီးဌာန၏ သစ်လွင်သူနာပြုများအား နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ပေးအပ်သည့် ခန့်အပ်လွှာပေးအပ်ခြင်းအခမ်းအနားကို ဇွန်လ (၁)ရက်နေ့က ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမနေပြည်တော်၌ Virtual စနစ်ဖြင့် ကျင်းပသည်။
■ ယင်းအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက အမှာစကားပြောကြားပြီး မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီဥက္ကဋ္ဌ ဒေါ်နွဲ့နွဲ့ခင်က သင်တန်းဆင်းမည့် သစ်လွင်သူနာပြု၊ သားဖွားများကို တာဝန်ကျရာ ဒေသအသီးသီးတွင် သူနာပြုနှင့် သားဖွားများတတ်မြောက်ရမည့် သူနာပြုစုမှုဆိုင်ရာ စွမ်းရည်များကို ပို၍တတ်မြောက် ကျွမ်းကျင်အောင် ဆက်လက်လေ့လာဆည်းပူးခြင်း၊ သူနာပြုစုမှုစံသတ်မှတ် ချက်များအတိုင်း လူနာများလုံခြုံစိတ်ချမှုဖြစ်စေပြီး စိတ်ကျေနပ်မှုရရှိစေရေးပြုစုပေးကြပါရန် တိုက်တွန်းမှာကြားသည်။
vယင်းနောက် ပြည်ထောင်စုဝန်ကြီးက သစ်လွင်သူနာပြု ၁၄၅၂ ဦးကိုယ်စား သူနာပြုသိပ္ပံ (နေပြည်တော်)၊ သားဖွားသင်တန်းကျောင်း (နေပြည်တော်)၊ သူနာပြုသိပ္ပံ (မန္တလေး) နှင့် သူနာပြုသင်တန်းကျောင်း (မိတ္ထီလာ) တို့မှ ကိုယ်စားလှယ်သစ်လွင်သူနာပြုများထံ နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ပေးအပ်သည့် ခန့်အပ်လွှာများ ပေးအပ်ပြီး သစ်လွင်သူနာပြုများကိုယ်စား သစ်လွင်သူနာပြုတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။
■ အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် ဧည့်သည်တော်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ သူနာပြုသိပ္ပံနှင့် သူနာပြုသင်တန်းကျောင်းများမှ ဆရာ/ဆရာမများနှင့် သစ်လွင်သူနာပြုများသည် အွန်လိုင်းမှ တက်ရောက်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 3 June 2026
■ ဓာတ်အားလိုင်းအား ထိန်းသိမ်းပြုပြင်ရေးလုပ်ဆောင်မည်ဖြစ်သောကြောင့်ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ဟိုတယ်ဇုန်၌ ဇွန်လ၄ရက်နေ့တွင်ဓာတ်အား ယာယီပြတ်တောက်နေမည်ဖြစ်ကြောင်းလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အသိပေးထားသည်။
■ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဓာတ်အားပြတ်တောက်မှုလျော့နည်းစေရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး ဓာတ်အားလိုင်းများတစ်လျှောက် မလွတ်ကင်းသော သစ်ပင် သစ်ကိုင်းများ၊ ခြုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်းနှင့် ပုံမှန်ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့တွင် ၃၃/၁၁ ကေဗွီ ဓာတ်အားခွဲရုံ အမှတ်(၇) ၏ ၁၁ ကေဗွီ ဖီဒါ(၉) ဓာတ်အားလိုင်းကို နံနက် ၇ နာရီမှ နေ့လည် ၁၂ နာရီအထိ ထိန်းသိမ်း ပြုပြင်ခြင်း ဆောင်ရွက်မည်ဖြစ်ေကြာင်း ၊ထို့ကြောင့်ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ဟိုတယ်ဇုန်အား ဓာတ်အား ယာယီပြတ်တောက်နေမည်ဖြစ်ပြီး ဓာတ်အားပြတ်ဧရိယာများရှိ အများပြည်သူများအား ကြိုတင် အသိပေးထားပြီးဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
#YMG/SW #Yangon_Times
Page 71 of 2053