စက်သုံးဆီသင်္ဘော(၁၀)စီးရောက်ရှိရန်ရှိပြီး သီလဝါဆိပ်ကမ်းမှာ ဆီချဖို့ ဆီတင် သင်္ဘောသုံးစီးရောက်ရှိနေတယ်လို့လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကနေ သိရပါတယ် ။
#Local_News
Published 07 June 2026
#စက်သုံးဆီသင်္ဘော #သီလဝါ
#YMG/NN #Yangon_Times
#World_Health
Published 07 June 2026
■ သတ်လတ်ပိုင်းအရွယ်မှာ ကိုလက်စထရောမြင့်မားခြင်း အဖြစ်များကြပေမယ့် အခုဆိုရင် အသက် ၂၀၊ ၃၀ ဝန်းကျင်တွေမှာလည်း ကိုလက်စထရောပမာဏ၊ အသည်းအဆီဖုံးခြင်း၊ ဇီဝကျန်းမာရေး ယုတ်လျော့ခြင်းတို့ အဖြစ်များလာတယ်လို့ သတိပေးထားပါတယ်။
■ ဒါတွေဟာ အစားအသောက် တစ်ခုတည်းကြောင့်မဟုတ်ဘဲ စိတ်ဖိစီးမှု၊ အိပ်ရေးမဝခြင်း၊ ဝမ်းဗိုက်အဆီထွက်ခြင်း၊ လေ့ကျင့်ခန်းမလုပ်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အချိုရည်သောက်ခြင်း၊ အဆင့်ဆင့်ထုတ်လုပ်စားစရာတွေကြောင့် ကျန်းမာရေး စောစောစီးစီး ထိခိုက်လာတာ ဖြစ်ပါတယ်။
■ နှလုံးကျန်းမာရေး၊ ဆီးချိုအန္တရာယ်တို့နဲ့ ပတ်သက်လာရင် LDL၊ HDL ၊ ထရိုင်ဂလစ်ဆရိုက်တို့ကို တိုင်းတာကြပါတယ်။
■ အသက် ၁၇-၂၀ ဝန်းကျင်ကစပြီး ကိုလက်စထရော စစ်ဆေးမှု ပြုလုပ်သင့်ကာ အသက် ၃၀ နောက်ပိုင်းဆိုရင် ၃-၅ နှစ်နေတိုင်း ပုံမှန်စစ်ဆေးသင့်ပါတယ်။
■ ပိန်တဲ့သူတွေဆိုရင်တောင် ဝမ်းတွင်းကလီစာအဆီတွေ၊ ဇီဝကျန်းမာရေး ဆိုးရွားမှုတွေကြောင့် မကောင်းတဲ့ ကိုလက်စထရောတွေ မြင့်တက်နိုင်ပါတယ်။
■ အစားအသောက်၊ လေ့ကျင့်ခန်း၊ အိပ်စက်ခြင်းတို့ အပါအဝင် နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲမှုတွေမှတဆင့် ကိုလက်စထရောပမာဏကို သဘာဝအတိုင်း ထိန်းချုပ်နိုင်ပါတယ်။
■ စတက်တင်တွေက ကိုလက်စထရော အလွန်မြင့်မားခြင်းအတွက် လိုအပ်နိုင်ပေမယ့် ဆေးကြပ်မတ်ကုသမှုတွေဖြင့် လျှော့ချနိုင်ပါသေးတယ်။
■ ရောဂါလက္ခဏာတွေ မပေါ်ခင်မှာ အခြေအနေတွေက အသံတိတ် စတင်တာကြောင့် စောစီးစွာ ကိုလက်စထရောစစ်ဆေးဖို့က အရေးကြီးပါတယ်။
Source: India Today
#World_Health
Published 07 June 2026
■ ခန္ဓာကိုယ်ဟာ ဗိုက်တာမင်-ဒီကို နေရောင်ခြည်ထိတွေ့မှုကနေ အဓိကရရှိပါတယ်။
■ ဒါပေမဲ့ နေရောင်ခြည် ကောင်းစွာမရသူတွေအတွက်တော့ စားစရာတွေကနေ ရရှိဖို့က အရေးကြီးပါတယ်။
■ ဗိုက်တာမင်-ဒီက ကယ်စီယံနဲ့ ဖော့စရပ်စ်ဇီဝဖြစ်စဉ်၊ ကြွက်သားလုပ်ဆောင်ချက်၊ ဂလူးကို့စ်ဇီဝဖြစ်စဉ်၊ ရောင်ရမ်းမှုလျှော့ချခြင်း၊ ကိုယ်ခံအားစနစ်တို့ကို ထောက်ကူပေးပါတယ်။
■ အသက် ၇၀ အောက်လူတွေအတွက် နေ့စဉ် ဗိုက်တာမင်-ဒီ ၆၀၀ IU ရှိသင့်ပေမယ့် ၃၅ ရာခိုင်နှုန်းလောက်က မပြည့်မီကြဘဲ အရိုးအားနည်းခြင်း၊ ကြွက်သားကြွက်တက်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ဒီမန်ရှာ၊ နှလုံးရောဂါ စသဖြင့် ဗိုက်တာမင်ချို့တဲ့လက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။
■ ဗိုက်တာမင်-ဒီကြွယ်ဝတဲ့ စားစရာတွေထဲမှာ ဒိန်ချဉ်၊ ဒိန်ခဲ၊ တူနာငါး၊ ကြက်ဥ၊ ဆာဒင်းငါး၊ ဆယ်မွန်ငါး၊ ထရောက်ငါး၊ ဓားရှည်ငါး၊ ငါးသလဲထိုး၊ အမဲအသည်း၊ ဝက်မိုးခိုသား၊ လိမ္မော်ရည်၊ ကောက်ပဲသီးနှံစာ၊ ပဲနို့၊ တိုဖူး၊ ငါးကြီးဆီတို့ ပါဝင်ပါတယ်။
■ အာဟာရဓာတ်ဖြည့်စွက်ထားတဲ့ ဒိန်ခဲ၊ လိမ္မော်ရည်၊ ကောက်ပဲသီးနှံအစာ၊ အပင်အခြေပြုနို့များ စတဲ့ အာဟာရဖြည့်စွက်စာများဟာ နေရောင်ခြည်ထိတွေ့မှု နည်းပါးသူများအတွက် ဗိုက်တာမင်-ဒီရရှိစေမယ့် အဓိကအရင်းအမြစ်တွေ ဖြစ်ပါတယ်။
■ ဆယ်မွန်ငါး၊ ထရောက်ငါး၊ ဓားရှည်ငါး၊ တူနာငါး၊ ဆာဒင်းငါး၊ ငါးသလဲထိုးလို့ ငါးတွေဟာ ဗိုက်တာမင်-ဒီ ရရှိဖို့ အလွန်ကောင်းမွန်တဲ့ ရင်းမြစ်များဖြစ်ပြီး အချို့ငါးတွေဆိုရင် တစ်နေ့တာလိုအပ်ချက်ထက် ပိုပြီးထောက်ပံ့ပေးနိုင်ပါတယ်။
■ ငါးကြီးဆီဆိုရင် ဗိုက်တာမင်-ဒီ မြင့်မားစွာပါဝင်ပြီး လက်ဖက်ရည်တစ်ဇွန်းဆိုရင် ၄၅၀ IU လောက်ပါဝင်သလို ဗိုက်တာမင်-အေနဲ့ ဖက်တီးအက်ဆစ်တွေလည်း ပါဝင်ပါတယ်။
Source: Prevention
စင်္ကာပူနဲ့ အာဆီယံနိုင်ငံများသို ကုန်သွယ်ရေးလမ်းကြောင်းသစ် ဖြစ်လာမယ့် တရုတ်တောင်ပိုင်း ကွမ်ရှီးကျွန်းဒေသရှိ ပင်လုတူးမြောင်းတည်ဆောက်ရေးဟာ ယခုနှစ်နောင်းပိုင်းမှာ စတင်ဖွင့်လှစ်ရန် စီစဉ်ထားတဲ့အတိုင်း တူးမြောင်းအတွင်းသို့ ရေစတင်ဖြည့်သွင်းရန် ဗုဒ္ဓဟူးနေ့မှာ အဓိကရေထိန်းဂိတ်နှစ်ခုကနေ စမ်းသပ်ရေလွှတ်ခြင်းလုပ်ငန်းကို စတင်ခဲ့ပြီး နောက်ထပ်မှတ်တိုင်တစ်ခု ထူနိုင်ခဲ့ပါတယ်။
#Asia_Development
Published 06 June 2026
#ပင်လုတူးမြောင်း #တရုတ်တောင်ပိုင်း
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 06 June 2026
■ ပုဂံ ရှေးဟောင်းအဆောက်အအုံများနှင့် ဝန်းကျင်တွင် ရေကြီး၊ ရေလျှံ၊ ရေဝပ်မှုများ မဖြစ်စေရေး ကြိုတင်စစ်ဆေးဆောင်ရွက် ရန်ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်ကပြောကြားသည်။
■ ယမန်နေ့က ပုဂံမြို့ရှိ ရွှေစည်းခုံစေတီတော်ကို ဖူးမြော်ကြည်ညိုပြီး ရွှေစည်းခုံစေတီတော် တောင်ဘက်စောင်းတန်း (မေတ္တာစောင်းတန်း)၊ ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်းဝင် ဘုရင့်နောင်မင်းတရားကြီး လှူဒါန်းထားသည့် ခေါင်းလောင်းနှင့် ကျန်စစ်သားမင်း အတ္ထုပ္ပတ္တိ မွန်ကျောက်စာများကို သွားရောက်ကြည့်ရူစဉ်ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။
■ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရှေးဟောင်းအဆောက်အအုံများနှင့် ဝန်းကျင်တွင် ရေကြီး၊ ရေလျှံ၊ ရေဝပ်မှုများ မဖြစ်စေရေး ကြိုတင်စစ်ဆေးဆောင်ရွက်ရန်၊ ဓမ္မရံကြီးနှင့် စူဠာမဏိဂူဘုရားများ၏ တံတိုင်းအတွင်းတွင် ရေမဝပ်အောင် ရှေးဟောင်းရေထွက်ပေါက်များမှ ရေထွက်နိုင်ရေး စစ်ဆေးဆောင်ရွက်ရန်၊ဘုရားများ၏အပေါ် ပေါင်းမိုးများမှ အုတ်အချို့ဆွေးမြည့်နေမှုနှင့် အက်ကြောင်းများ အစားထိုးဖာထေးပြုပြင် ထိန်းသိမ်းရန်၊ လည်း ပြောကြားခဲ့ကြောင်း သိရသည်။
■ ထို့အပြင် ပုဂံဒေသရှိ ရှေးဟောင်းဘုရား များနှင့်ပတ်သက်၍ ပြည်သူများနှင့် ပြည်ပခရီးသွားများ လေ့လာနိုင်ရန် ရှင်းလင်းချက်ဘုတ်များ၊ လမ်းညွှန်ဆိုင်းဘုတ်များ ဖြည့်စွက်ပြုပြင်ထားရန်
နှင့် ပြုပြင်ထိန်းသိမ်းမှုများကို ရှေးမူမပျက်ဆောင်ရွက်ရန်၊ ကျန်စစ်သားမင်းအတ္ထုပ္ပတ္တိ မွန်ကျောက်စာကို မြန်မာဘာသာဖြင့် အနက်အဓိပ္ပာယ်ပြန်ဆိုမှုများကိုပါ ပြသသွားရန် လည်း ပြောကြားခဲ့ကြောင်း သိရသည်။
■ ထို့နောက် ရွာဟောင်းကြီး ရေကန်တူးဖော်ထားမှု၊ Buddhist Complex တူးဖော်ဆောင်ရွက်ခဲ့မှု၊ ရွှေနန်းရင်တော်ကန်-၁ ရေကန်ဆယ်ယူထိန်းသိမ်းထားမှု၊ ဓမ္မရံကြီးဂူဘုရားနှင့် စူဠာမဏိဂူဘုရား ပြုပြင်ထိန်းသိမ်းထားမှု၊ ဖိုးသူတော်ကန်နှင့် ညောင်လက်ဖက်ကန်တို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
ကမ္ဘာလှည့်ယဉ်ကျေးမှုအနုပညာပြပွဲဖြစ်တဲ့ “Tokyo Before/After” ဓာတ်ပုံပြပွဲကို မန္တလေးမြို့မှာကျင်းပသွားမယ်လို့ ဂျပန်ဖောင်ဒေးရှင်းမှသိရပါတယ်
#Local_News
Published 06 June 2026
#Tokyo_Before_After
#YMG/SW #Yangon_Times
မေလတစ်လတာအတွင်း ကိုရီးယားသို့ မြန်မာလုပ်သား ၄၀၀ နီးပါး စေလွှတ်နိုင်ခဲ့ပြီးကုန်ထုတ်လုပ်သား အများဆုံးစေလွှတ်ခဲ့တယ်လို့ ဆိုးလ်မြို့ရှိ ကိုရီးယားနိုင်ငံဆိုင်ရာမြန်မာသံရုံးကသိရပါတယ် ။
#Local_News
Published 06 June 2026
#ကိုရီးယား #မြန်မာလုပ်သား
#YMG/NN #Yangon_Times
မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် (𝐌𝐂𝐄𝐅)နှင့် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ် (𝐖𝐘𝐓𝐔)တို့ ပူးပေါင်းပြီး “မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ” ပြုလုပ်သွားမယ်လို့ သိရပါတယ်။
#Local_News
Published 06 June 2026
#𝐌𝐂𝐄𝐅 #𝐖𝐘𝐓𝐔
#YMG/SW #Yangon_Times
#Daily_News
Published 06 June 2026
၁။ ကမ္ဘာလှည့်ယဉ်ကျေးမှုအနုပညာပြပွဲဖြစ်သည့် “Tokyo Before/After” ဓာတ်ပုံပြပွဲမန္တလေးတွင် ကျင်းပမည်
၂။ ကိုရီးယားသို့ မြန်မာလုပ်သား (၄၀၀)နီးပါးစေလွှတ်နိုင်ခဲ့ပြီး
ကုန်ထုတ်လုပ်သား အများဆုံးစေလွှတ်ခဲ့
၃။ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်နှင့် 𝐌𝐂𝐄𝐅 တိုပူးပေါင်းပြီး သစ်ပင်စိုက်ပွဲတော်ပြုလုပ်မည်
၄။ တရုတ်တောင်ပိုင်းမှပင်လုတူးမြောင်းစီမံကိန်း စမ်းသပ်ရေလွှတ်ခြင်းစတင်ပြုလုပ်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 06 June 2026
■ ယခုနှစ်အတွင်း သစ်တော ဧက ၃၀၀၀၀ ပေါ်တွင် အပင်ပေါင်း ၂၁ သန်းကျော် စိုက်ပျိုးမည်ဟု ဇွန်လ ၅ ရက်က နေပြည်တော်ရှိ ရေဆင်းသစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၌ ပြုလုပ်သည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားအတွင်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကပြောကြားခဲ့သည်။
■ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ နိုင်ငံပိုင်စိုက်ခင်း၊ စီးပွားရေးစိုက်ခင်း၊ စက်မှု ကုန်ကြမ်းစိုက်ခင်း၊ ရေဝေ ရေလဲစိုက်ခင်း၊ ဒီရေတောစိုက်ခင်း၊ ကျေးရွာထင်းစိုက်ခင်းစသည့် စိုက်ခင်းဧကပေါင်း ၁၆၀၀၀၀ ကျော်၊ အပင်ပေါင်း ၁၂၂ သန်း ကျော်ကို စိုက်ပျိုးခဲ့ကြောင်း။ ယခုနှစ် ၂၀၂၆ ခုနှစ်တွင်လည်း တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် နိုင်ငံပိုင်သစ်တောစိုက်ခင်းများအပါအဝင် ဧကပေါင်း ၃၀၀၀၀ ၌ အပင်ပေါင်း ၂၁ သန်းကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ယင်းကအထက်ပါအတိုင်းပြောကြားခြင်းဖြစ်သည်။
■ ထို့အပြင် အထူး စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများကို အပူပိုင်းဒေသ (၁၃) ခရိုင်၊ မီးရထားလမ်းများ၊ အာဆီယံလမ်းမကြီးနှင့် ကားလမ်း ဘေးဝဲ/ ယာများ၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၊ အင်းလေးကန်တစ်ဝိုက်ဧရိယာများတွင် ဆက်စပ်ဌာနများနှင့်အတူ ဝိုင်းဝန်းပူးပေါင်းစိုက်ပျိုးနေကြောင်း၊ အလားတူ ကမ်းရိုးတန်းဒေသများတွင် ၂၀၂၅ ခုနှစ်က ဒီရေတောစိုက်ခင်း ၁၇၁၅ ဧက၊ အပင်ပေါင်း ၂ သန်းကျော်ကို စိုက်ပျိုးခဲ့ပြီး ၂၀၃၀ ပြည့်နှစ်အထိ ရေရှည်စီမံချက်များ ရေးဆွဲကာ နှစ်စဉ် ဒီရေတောစိုက်ခင်းများ တည်ထောင်သွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
■ ယခုနှစ် ၂၀၂၆ ခုနှစ် မိုးရာသီ၌ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်များတွင် နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပျိုးပွဲနှင့် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲများကို တစ်ရက်တည်း၊ တစ်ချိန်တည်း၊ တစ်ပြိုင်တည်း အပင်ပေါင်း ၅၄၁၈၀ ကို စိုက်ပျိုးရန် စီစဉ်ထားပြီးဖြစ်ကြောင်း၊ ယင်းနေရာတွင် စိုက်ပျိုးထားသည့် သစ်ပင်များရှင်သန်ရန် တစ်ပင်စိုက် တစ်ပင်ရှင်ဖြစ်ရန် ဆက်လက်လုပ်ဆောင်ရမည့် ပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများကိုလည်း အလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
■ ၂၀၂၄ ခုနှစ်သည် ကမ္ဘာမြေ၏ စံချိန်တင် အပူဆုံးနှစ်ဖြစ်ခဲ့ပြီး ၂၀၂၅ ခုနှစ်၏ အပူချိန်သည် ၁၈၅၀ ပြည့်နှစ်မှ ၁၉၀၀ ပြည့်နှစ်အတွင်းရှိ ပျမ်းမျှအပူချိန်ထက် ၁ ဒသမ ၄၃ ဒီဂရီဆဲလ်စီးယပ်ခန့် ပိုမိုပူပြင်းခဲ့ကြောင်း၊ ယင်း အချက်အလက်များသည် ကမ္ဘာ့အပူချိန် နှစ်စဉ်မြင့်တက်နေသည့်အကြောင်း ဖော်ညွှန်းနေပြီး ယင်းအခြေအနေကို မထိန်းချုပ်နိုင်ပါက ယခုရာစုနှစ်အကုန်တွင် ကမ္ဘာ့အပူချိန်သည် စက်မှုစတင်ထွန်းကားလာသည့်ကာလမတိုင်မီ အပူချိန်ထက် ၂ ဒသမ ၁ မှ ၃ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ် ခန့် ပိုမိုပူပြင်းလာနိုင်ကြောင်းကို ခန့်မှန်းထားကြကြောင်း၊ အပူရှိန်မြင့်တက်လာမှုနှင့်အတူ နောက်ဆက်တွဲသဘာဝဘေးအန္တရာယ်များသည်လည်း ပိုမိုဆိုးရွားပြင်းထန်လာမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
■ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများသည် သဘာဝဘေးအန္တရာယ်များကို နှစ်စဉ်ရင်ဆိုင် ကြုံတွေ့နေရပြီး သိသာထင်ရှားသည့် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ဆုံးရှုံးမှုများ ဖြစ်ပေါ်နေကြောင်း၊ နိုင်ငံတကာ ရာသီဥတုစောင့်ကြည့်လေ့လာမှုအဖွဲ့အချို့ ၏ ၂၀၂၆ ခုနှစ် ရာသီဥတုဘေးဖြစ်နိုင်ခြေညွှန်ကိန်းအရ မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်မှုအများဆုံးခံစားနေရသည့် ကမ္ဘာ့ (၁၀) နိုင်ငံထဲတွင် ပါဝင်နေသည်ကို လေ့လာတွေ့ရှိရကြောင်း၊ နံပါတ်(၁) အပူချိန်၊ နံပါတ်(၂) လေဒဏ်၊ မိုးဒဏ်၊ မုန်တိုင်းဒဏ်ခံစားရနိုင်ခြေများလိမ့်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အလယ်ပိုင်း မြေလတ်ဒေသသည် ကမ္ဘာ့အပူချိန်အမြင့်မားဆုံး စာရင်းဝင်နေသည့်ဒေသဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်က ချောက်မြို့သည် ၄၅ ဒသမ ၃ ဒီဂရီဆဲလ်စီးယပ်၊ ယခုနှစ်တွင် ၄၄ ဒသမ ၉ ဒီဂရီဆဲလ်စီးယပ် ရှိကြောင်း၊ အလားတူ မြေလတ်ဒေသမြို့ကြီး ၁၂ မြို့သည် ၄၁ ဒီဂရီဆဲလ်စီးယပ်နှင့်အထက်ရှိကြောင်း၊ ကမ္ဘာကြီးပူနွေးလာမှုကြောင့်ဟု ဆိုနိုင်ကြသော်လည်း ယင်းဒေသတွင် သစ်တောသစ်ပင် ကျဲပါးမှုရှိနေသည်မှာ အမှန်ပင်ဖြစ်ကြောင်း၊ လေ့လာချက်များအရ ၂၀၁၆ ခုနှစ် မှ ၂၀၂၅ ခုနှစ်အတွင်းမြန်မာနိုင်ငံ၌ သစ်ပင်မျိုးစုံ ၂၆၉ သန်း ၈ သိန်း ကျော် စိုက်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ အကြမ်းဖျင်းအားဖြင့် ဧက ၁ သန်းခန့်နှင့်ညီမျှကြောင်း၊ လူတို့၏ လိုအပ်ချက်အရ အကြောင်းအမျိုးမျိုးဖြင့် သစ်အသုံးချမှုရှိသော်လည်း စိုက်ပျိုးသည့်သစ်ပင်များ တစ်ပင်စိုက် တစ်ပင်ရှင်စိုက်ခဲ့ပါက သစ်တောသစ်ပင်ဆုံးရှုံးမှုကို အပြည့်အဝကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးကို နိုင်ငံတော်အနေဖြင့် ကဏ္ဍအသီးသီးတွင် စနစ်တကျ အစီအမံနှင့် အထူးအလေးထားပေါင်းစပ်ဆောင်ရွက်ကြရန် အထူးပင်လိုအပ်နေပြီဖြစ်သည်ကိုလည်း နိုင်ငံတော်သမ္မတ က သတိပေးမှာကြားခဲ့ကြောင်းလည်း သိရသည်။
■ မြန်မာနိုင်ငံသည် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် ပါရီသဘောတူညီချက်ပါ ကတိကဝတ်အရ ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဘောင် ကွန်ဗင်းရှင်းအတွင်းရေးမှူးရုံးကို တင်သွင်းထားသည့် အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များအတိုင်း မှန်လုံအိမ်ဓာတ်ငွေ့လျှော့ချရေး ရည်မှန်းချက်များ ပြည့်မီရေး အတတ်နိုင်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းလည်း သမ္မတ က ပြောသည်။
■ နိုင်ငံတော်အနေဖြင့် ချမှတ်ထားသည့် “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင် ထိန်းကြစို့” ဟူသည့် ဦးတည်ချက်နှင့်အညီ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးအတွက် သစ်တော သစ်ပင်စိုက်ပျိုးထိန်းသိမ်းခြင်းသည် အလွန်အရေးကြီးကြောင်းကို ပြောလိုကြောင်း၊ ထို့ကြောင့် သစ်တောပြုန်းတီးမှု လျော့ကျစေရေးနှင့် သစ်တောဖုံးလွှမ်းမှုကို နိုင်ငံ့ဧရိယာ၏ ၅၀ ရာခိုင်နှုန်း ပြည့်မီစေရေးအတွက် ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများကို နိုင်ငံ့ဧရိယာ၏ ၂၆ ဒသမ ၁၁ ရာခိုင်နှုန်းနှင့် ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရန်အတွက် သဘာဝနယ်မြေ ၆၂ ခု၊ နိုင်ငံ့ဧရိယာ၏ ၆ ဒသမ ၅၉ ရာခိုင်နှုန်းထိ တိုးမြှင့်တည်ထောင်ဖွဲ့စည်းနိုင်ခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။
■ အခမ်းအနားတွင် သမ္မတ က အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးသော မြို့ကြီးများဆုရရှိသည့် ကရင်ပြည်နယ် ဘားအံမြို့၊ အမျိုးသားအဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သောမြို့ဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့၊ အမျိုးသားအဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော ကျေးရွာဆုရရှိသည့် ရှမ်းပြည်နယ် ကလောမြို့နယ် ဘော်နင်းရွာသစ်ကျေးရွာ၊ အမျိုးသားအဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော စက်ရုံ/ လုပ်ငန်းဆုရရှိသည့် ညောင်တုန်းမြို့နယ် ဧရာဝတီတိုင်းဒေသကြီးမှ Shwe Wah Nadi Agriculture Co., Ltd. ၏ ဆန်စပါးကြိတ်ခွဲသန့်စင်ထုတ်လုပ်ခြင်းလုပ်ငန်းတို့မှ တာဝန်ရှိသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
■ ထို့နောက် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက အမျိုးသားအဆင့်သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း (အထက်တန်းနှင့် အလယ်တန်းအဆင့်) ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသည့်ကျောင်းများကိုလည်းကောင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက အမျိုးသားအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း (မူလတန်းအဆင့်) ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသည့် ကျောင်းများကိုလည်းကောင်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် တက္ကသိုလ်၊ ကောလိပ်အဆင့် ဆောင်းပါးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိသူများကိုလည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းကျောင်းအဆင့် စာစီစာကုံး ပထမ၊ ဒုတိယနှင့်တတိယဆုရရှိသူများကိုလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။
#YMG/PP #Yangon_Times
#World_Health
Published 06 June 2026
■ ဟော်မုဇ်ရေလက်ကြားဆီ ဦးတည်နေတဲ့ အီရန်ဒရုန်းတွေကို ပစ်ချပြီးနောက် အမေရိကန်တပ်တွေဟာ စနေနေ့မှာ အီရန်ကမ်းရိုးတန်းရေဒါနေရာတွေကို တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။
■ အီရန်ဒရုန်း ၄ စင်းက ရေလက်ကြားမှ သင်္ဘောသွားလာမှုတွေကို ပစ်မှတ်ထားနေတယ်လို့ အမေရိကန်က ယူဆခဲ့ပြီး ဂိုရပ်နဲ့ ခါရှမ်ကျွန်းမှ အီရန်ရဲ့ ကင်းစောင့်နေရာများကို ပစ်ခတ်ခဲ့တာဖြစ်ကြောင်း အမေရိကန် ဗဟိုဌာနချုပ်က X မှာ ဖော်ပြထားပါတယ်။
■ အမေရိကန်နဲ့ အီရန်တို့ဟာ တိုက်ရိုက်မဟုတ်တဲ့ ဆွေးနွေးညှိနှိုင်းမှုကြီးများ ပြုလုပ်နေကြပြီး အီရန်နျူကလီးယားကိစ္စလည်း ပါဝင်ပါတယ်။
■ အီရန်က ရေနံအကျိုးအမြတ် ဒေါ်လာဘီလီယံချီ ရရှိရေး၊ ရေနံစိမ်းတင်ပို့မှုများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ လျှော့ချရေး၊ ဆိပ်ကမ်းတွေမှာ အမေရိကန်ပိတ်ဆို့မှုများ ဖယ်ရှားရေး၊ ရေလက်ကြား ထိန်းချုပ်ရေးတို့ အလိုရှိနေပါတယ်။
■ အမေရိကန်သမ္မတ ဒေါ်ထနယ်ထရမ့်ကတော့ စစ်ပွဲအကျိုးဆက်ကနေ လောင်စာဆီဈေးနှုန်း မြင့်တက်လာတာကြောင့် နိုင်ငံရေးဖိအား မြင့်တက်နေပါတယ်။
■ အီရန်ရဲ့ ဒရုန်းနဲ့ ဒုံးကျည်ထုတ်လုပ်ရေးလုပ်ငန်း အများစုကို ဖျက်ဆီးထားပေမယ့် ၅ ပုံ ၁ ပုံလောက်တော့ အသုံးပြုနိုင်ဆဲဖြစ်တယ်လို့ ထရမ့်က ပြောထားပါတယ်။
■ ဒေသတွင်းမှာ တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေပြီး အထူးသဖြင့် ဟစ်ဇ်ဘိုလာနဲ့ အစ္စရေးလ်တပ်များကြား ဖြစ်ပွားနေပါတယ်။
■ အီရန်က ဟစ်ဇ်ဘိုလာကို ထောက်ခံနေပြီး လက်ဘနွန်ကနေ အစ္စရေးလ်ဆုတ်ခွာပေးဖို့ အလိုရှိနေပါတယ်။
Source: Reuters
#Local_News
ကွာလာလမ်ပူ၊ မလေးရှား — ဇွန်လ ၆ရက်
■ နံနက်အစောပိုင်းက ဂျလန်ကလန်လားမား (Jalan Klang Lama) ရှိ ကျူးကျော်အခြေချနေထိုင်ရာ နေရာတစ်ခုတွင် လူဝင်မှုကြီးကြပ်ရေးဌာန၏ စစ်ဆင်ရေး အတွင်း မလေးရှားရင်းဂစ် (RM) ၂၀၀ ဖြင့် ဝယ်ယူထားသည်ဟုဆိုသော UNHCR) ဒုက္ခသည် ကတ်အတုကိုင်ဆိုင်ထားသော ဆယ်ကျော်သက် မြန်မာနိုင်ငံသားတစ်ဦးကိုဖမ်းဆီးရမိခဲ့ ကြောင်း မလေးရှားသတင်းဌာနများကရေးသားသည်။
■ အသက် ၁၉ နှစ်အရွယ် မြန်မာလူငယ်သည် စစ်ဆင်ရေးအတွင်း စစ်ဆေးခံရသူများထဲမှ တစ်ဦးဖြစ်ပြီး၊ စစ်ဆေးမှုအတွင်း သူ့ထံမှ အတုဟု သံသယရှိသော ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ကတ်တစ်ကတ်ကို လူဝင်မှုကြီးကြပ်ရေးအရာရှိများက တွေ့ရှိခဲ့ကြောင်း သိရသည်။
■ စစ်ဆေးမေးမြန်းရာတွင် ယင်းလူငယ်က ၎င်းကတ်ကို လွန်ခဲ့သော တစ်နှစ်ခန့်က သူငယ်ချင်းတစ်ဦးထံမှ မလေးရှားရင်းဂစ် ၂၀၀ ပေး၍ ရယူခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
■ “ဒီကတ်ကို ကျွန်တော့်သူငယ်ချင်းတစ်ယောက်က ပေးတာပါ။ အဲဒီအတွက် သူ့ကို RM200 ပေးခဲ့ပါတယ်။ ကျွန်တော် မလေးရှားမှာ နေထိုင်လာတာ နှစ်နှစ်လောက် ရှိပါပြီ။တရားမဝင် လမ်းကြောင်း (rat lanes) ကနေတစ်ဆင့် မလေးရှားကို ဝင်ရောက်လာခဲ့တာပါ။ အရင်တုန်းက အီပိုမြို့မှာ ဟင်းသီး ဟင်းရွက်ရောင်းတဲ့ ဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်ခဲ့ပြီး၊ အခု ဒီကို အလုပ်လာရှာတာပါ” ဟု သူက ပြောဆိုခဲ့သည်။
■ လူဝင်မှုကြီးကြပ်ရေးဌာန၏ စစ်ဆေးချက်များအရ ယင်းစာရွက်စာတမ်းမှာ အတုဖြစ်နိုင်ချေ မြင့်မား ကြောင်း တွေ့ရှိရပြီး၊ မလေးရှားနိုင်ငံအတွင်း နေထိုင်ခွင့်နှင့် သွားလာလှုပ်ရှားမှုများကို အထောက်အပံ့ ပြုရန် အသုံးပြုခဲ့သည်ဟု ယူဆထားသည်။
■ ယင်းမတိုင်မီ လူဝင်မှုကြီးကြပ်ရေးဌာနသည် ကျူးကျော်အခြေချနေထိုင်ရာ နေရာတစ်ခုကို ဝင်ရောက် စီးနင်းခဲ့ရာ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၇၈ ဦးကို ဖမ်းဆီးခဲ့သည်။
■ ဖမ်းဆီးခံရသူများတွင် အမျိုးသား ၄၈ ဦးနှင့် အမျိုးသမီး ၃၀ ဦး ပါဝင်ပြီး၊ သူတို့အနက် အင်ဒိုနီးရှားနိုင်ငံသားများ၊ မြန်မာနိုင်ငံသားများနှင့် အိန္ဒိယနိုင်ငံသားတစ်ဦးတို့ပါဝင်ကြောင်း သိရသည်။
Page 68 of 2053