#World_Health
Published 10 June 2026
■ သကြားမပါ ထုတ်ကုန်အများအပြားမှာတွေ့ရလေ့ရှိတဲ့ အချိုအတုတစ်မျိုးဖြစ်တဲ့ အရစ်သရီတိုလ်ဟာ ဦးနှောက်နဲ့ သွေးကြောကြားရှိ အကာအကွယ်ဆဲလ်များကို ပျက်စီးစေနိုင်ပြီး လေဖြတ်ခြင်း၊ နှလုံးသွေးကြောဆိုင်ရာ ပြဿနာများပိုမိုဖြစ်ပွားစေနိုင်ပါတယ်။
■ ဒီအချိုအတုက ခန္ဓာကိုယ်အတွင်း အောက်ဆီဂျင်ဓာတ်တိုးဆန့်ကျင်မှု မမျှတခြင်းကို ဖြစ်ပေါ်စေနိုင်ပြီး ဆဲလ်များကို ပျက်စီးစေကာ ခန္ဓာကိုယ် ရောဂါခုခံအားစနစ် ကျဆင်းစေနိုင်ပါတယ်။
■ သွေးကြောများရဲ့ လုပ်ဆောင်ချက်ကို ထိခိုက်စေပြီး သွေးခဲနိုင်ခြေ ပိုမိုမြင့်မားစေနိုင်ပါတယ်။
■ အရစ်သရီတိုလ်ဟာ သွေးလည်ပတ်မှု ထိန်းညှိပေးတဲ့ အဓိကမော်လီကျူးများမျှခြေကို ပျက်ပြားစေပါတယ်။
■ ဒါကြောင့် သွေးကြောများ ကျဉ်းသွားစေပြီး ဦးနှောက်သို့ အောက်ဆီဂျင်နဲ့ အာဟာရဓာတ်များ ရောက်ရှိမှု ပြတ်တောက်သွားစေနိုင်ပါတယ်။
■ သွေးခဲများကို အရည်ပျော်စေတဲ့ သဘာဝလုပ်ဆောင်ချက်ကိုလည်း ပိတ်ဆို့နိုင်တာကြောင့် လေဖြတ်နိုင်ခြေ မြင့်မားစေပါတယ်။
■ ဒီတွေ့ရှိချက်ကို လက်တွေ့အခြေအနေတွေမှာ အတည်ပြုဖို့အတွက်တော့ နောက်ထပ်သုတေသနတွေ လိုအပ်ပါသေးတယ်။
■ အရစ်သရီတိုလ်ကို သကြားအယ်ကိုဟောအဖြစ် သတ်မှတ်ထားပြီး အရသာနဲ့ အသုံးပြုပုံမှာ သကြားနဲ့ ဆင်တူတာကြောင့် ကျန်းမာရေးပိုင်းမှာ စိုးရိမ်စရာဖြစ်ပေမယ့် လူကြိုက်များနေဆဲ ဖြစ်ပါတယ်။
■ ကွပ်ကဲရေးအဖွဲ့တွေက အရစ်သရီတိုလ်ဟာ ဘေးကင်းစိတ်ချရတယ်လို့ အတည်ပြုထားပေမယ့် နောက်ဆုံးသုတေသနများအရ ရေရှည်မှာဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို ထောက်ပြနေပါတယ်။
■ ယေဘုယျအားဖြင့် အချိုအတုတွေရဲ့ ဘေးကင်းမှုအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာစေပါတယ်။
Source: Science Alert
#World_Health
Published 10 June 2026
■ ကျန်းမာသန်စွမ်းတဲ့ ဥများကို ထိန်းသိမ်းရန်နဲ့ သွေးဆုံးခြင်း နှေးစေရန်အတွက် မမျိုးဥကြွေတဲ့ အကြိမ်ရေကို လျှော့ချဖို့အကြောင်း တရုတ်ဇီဝပညာရှင် ဟုန်မေဝမ် သုတေသနရှာဖွေနေပါတယ်။
■ အမျိုးသမီးများဟာ မွေးရာပါ မမျိုးဥအရေအတွက် အကန့်အသတ်ဖြင့်သာပါရှိလာပြီး အချိန်ကြာလာတာနဲ့အမျှ ဥများရဲ့ အရည်အသွေးနဲ့ အရေအတွက်လျော့နည်းသွားတတ်ပါတယ်။
■ မမျိုးဥကြွေခြင်းကို နှေးစေခြင်းဖြင့် မျိုးအောင်နိုင်စွမ်းထိန်းသိမ်းရာမှာ အထောက်အကူ ပြုနိုင်မှာ ဖြစ်ပါတယ်။
■ ဒီလေ့လာမှုကနေ မမျိုးဥကြွေခြင်း လျှော့ချခြင်းကြောင့် ဖြစ်လာနိုင်တဲ့ အီစထရိုဂျင်ဟော်မုန်း အခန်းကဏ္ဍအပေါ် စိုးရိမ်စရာများ ဖြစ်ပေါ်စေပါတယ်။
■ အီစထရိုဂျင်ဟော်မုန်းဆိုတာက ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကျန်းမာရေးအတွက် အလွန်အရေးကြီးပါတယ်။
■ မမျိုးဥအိမ်များက အမျိုးသမီးများကျန်းမာရေးအတွက် ပိုမိုကျယ်ပြန့်တဲ့ အခန်းကဏ္ဍမှ ပါဝင်နေပြီး အရိုးကျန်းမာရေး၊ ဦးနှောက်လုပ်ဆောင်ချက်၊ ဇီဝကမ္မဖြစ်စဉ်နဲ့ အိုမင်းရင့်ရော်မှုတို့အပေါ် သက်ရောက်မှု ရှိစေပါတယ်။
■ လေ့လာချက်များအရ မမျိုးဥအိမ် အိုမင်းရင့်ရော်ခြင်းဟာ အမျိုးသမီးများရဲ့ ခန္ဓာကိုယ်တစ်ခုလုံး အိုမင်းရင့်ရော်မှုဖြစ်စဉ်အပေါ် သက်ရောက်နေနိုင်တယ်လို့ သုတေသနတွေက ဖော်ပြနေပါတယ်။
■ သုတေသီများက မျိုးအောင်နိုင်စွမ်းကို ထိန်းသိမ်းပေးမယ့် အခြားနည်းလမ်းများကိုလည်း ရှာဖွေနေကြပါတယ်။
■ ပင်မစတမ်ဆဲလ်ဖြင့် ကုသခြင်း၊ မမျိုးဥအိမ် ပြန်လည်နုပျိုခြင်းတို့ ပါဝင်ပြီး ကနဦးရလဒ်အချို့ အားတက်စရာ တွေ့ရှိထားပါတယ်။
■ ဒီနည်းလမ်းတွေကို ကုသနည်းတွေအဖြစ် ကျယ်ကျယ်ပြန့်ပြန့်မသုံးခင် နောက်ထပ်အထောက်အထားတွေ ရှာဖွေဖို့ လိုအပ်ပါသေးတယ်။
Source: India Today.
နေပြည်တော်၊ ဇွန် ၉ ရက်။ ။ နိုင်ငံတော်အစိုးရ၏ အဓိကလုပ်ငန်းစဉ်ဖြစ်သည့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် စိုက်ပျိုးမွေးမြူရေးကို အခြေခံသော MSME လုပ်ငန်းများ မြှင့်တင်ရန်၊ ပညာရေးကဏ္ဍ အဆင့်မြှင့်တင်ရန်နှင့် နိုင်ငံ့ဝန်ထမ်းများ အဂတိကင်းရှင်းစွာ တာဝန်ထမ်းဆောင်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ နေပြည်တော်တွင် ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး၌ အလေးအနက် တိုက်တွန်းပြောကြားလိုက်သည်။
နိုင်ငံတော်သမ္မတရုံးတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပသည့် အဆိုပါ အစည်းအဝေးသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် နိုင်ငံတော်သမ္မတက နိုင်ငံ၏ ဂျီဒီပီ (GDP) တိုးတက်စေရန်အတွက် နိုင်ငံတွင်းရှိ ပုဂ္ဂလိကနှင့် နိုင်ငံပိုင်စက်ရုံများ စဉ်ဆက်မပြတ် လည်ပတ်ရန်လိုအပ်ကြောင်းနှင့် ဒေသတွင်း ကုန်ကြမ်းများကို အသုံးပြု၍ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းများကို နိုင်ငံ၏ အဓိက စီးပွားရေးမောင်းနှင်အားအဖြစ် ဖော်ဆောင်ရန် လမ်းညွှန်ခဲ့သည်။ ထို့ပြင် ကျောင်းနေအရွယ် ကလေးတိုင်း ပညာသင်ကြားနိုင်ရေးနှင့် အဆင့်မီ ပညာရေးစနစ်တစ်ခု တည်ဆောက်ရန်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍတွင် နိုင်ငံပိုင် မြေနှင့် ရေအရင်းအမြစ်များကို စနစ်တကျ အကျိုးရှိရှိ အသုံးချရန်တို့ကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။
အထူးသဖြင့် အုပ်ချုပ်ရေးနှင့် လုံခြုံရေး တာဝန်ရှိသူများအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူလူထုအပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရေး၊ တရားမဝင် ငွေကြေးကောက်ခံခြင်းနှင့် အဂတိလိုက်စားမှုများ လုံးဝကင်းရှင်းရန် လိုအပ်ကြောင်းနှင့် နိုင်ငံတော်ဘဏ္ဍာငွေများကို လေလွင့်မှုမရှိစေဘဲ အကျိုးရှိရှိ သုံးစွဲရန် တင်းကျပ်စွာ သတိပေး မှာကြားခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ အစည်းအဝေးမှာကြားချက် ကောက်နှုတ်ချက်များ
အောက်ပါတို့မှာ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် နိုင်ငံတော်သမ္မတမှ အဓိကထား မှာကြားခဲ့သည့် အချက်များဖြစ်ပါသည် -
စီးပွားရေးနှင့် ဥစ္စာဓနဆိုင်ရာ
ပညာရေးကဏ္ဍဆိုင်ရာ
MSME နှင့် စက်မှုလုပ်ငန်းဆိုင်ရာ
စိုက်ပျိုးမွေးမြူရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ
စီမံခန့်ခွဲမှု၊ ဘဏ္ဍာရေးနှင့် အဂတိကင်းရှင်းရေးဆိုင်ရာ
တရုတ်ပြည်ရဲ့ 3D ပရင့်ထုတ်ခြင်းလုပ်ငန်းဟာ နည်းပညာပိုင်းတိုးတက်မှု၊ အသုံးချမှုကဏ္ဍနဲ့ ပြည်ပတင်ပို့ရေး တိုးမြင့်လာတာတွေကြောင့် ပိုမိုကျယ်ပြန့်တဲ့ စက်မှုကုန်ထုတ်လုပ်ငန်းနဲ့ လူသုံးကုန်ဈေးကွက်တွေဆီ ကူးပြောင်းနေပြီ ဖြစ်ပါတယ်။
#Asia_Business
Published 09 June 2026
#တရုတ်ပြည် #3Dပရင်တာ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 09 June 2026
၁။ ဥပဒေသီးခြားမပြဋ္ဌာန်းဘဲ PPP လုပ်ငန်းများကိုအားကောင်းစွာဆောင်ရွက်နေဟုဆို
၂။ စားသုံးဆီရောင်းချသည့်ဆိုင်များ သတ်မှတ်ချက်အတိုင်း လိုက်နာမှုရှိမရှိစစ်ဆေး
၃။ ကော့သောင်းမြို့ပြည်သူ့ဆေးရုံ၌ ကျောက်ကပ်သွေးသန့်စင်ခြင်းလုပ်ငန်းများဆောင်ရွက်ပေးသွားမည်
၄။ သုတေသနအဆင့်ကနေကမ္ဘာ့ဈေးကွက်အထိလွှမ်းမိုးလာသည့် တရုတ်3Dပရင်တာလုပ်ငန်း... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 09 June 2026
■ အီရန်နဲ့ စစ်ရေးပဋိပက္ခ ပြန်မစဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အစ္စရေးလ်ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟူကို သတိပေးလိုက်ပြီး စစ်ပွဲထဲ ပြန်လည်ရောက်ရှိသွားပါက တစ်ကိုယ်တည်း ဖြစ်နေလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။
■ "သတိထားနေရင်နေပါ။ မဟုတ်ရင် မကြာခင် တစ်ယောက်တည်း ဖြစ်သွားလိမ့်မယ်" လို့ အင်တာဗျူးတစ်ခုမှာ ထရမ့်ပြောသွားပါတယ်။
■ ဒေသတွင်း နိုင်ငံအများအပြားကလည်း တင်းမာမှု ဆက်မဖြစ်စေဖို့နဲ့ အစ္စရေးလ်ကို ထိန်းသိမ်းပေးဖို့ တိုက်တွန်းနေကြတယ်လို့လည်း ပြောပါတယ်။
■ အစ္စရေးလ်ဘက်က တုံ့ပြန်တိုက်ခိုက်မှုမျိုး မလုပ်ပါက တိုက်ခိုက်မှုများ ရပ်တန့်ရန် အဆင်သင့်ရှိကြောင်း အီရန်ဘက်က အရိပ်အမြွက် ပြောလာသဖြင့် အပစ်အခတ်ရပ်စဲရေး ဖြစ်လာစေနိုင်ပါတယ်။
■ ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ဖို့ အမေရိကန် တောင်းဆိုနေတဲ့ကြားထဲမှ အစ္စရေးလ်ဟာ အီရန်ပစ်မှတ်များကို တိုက်ခိုက်ခဲ့တာကြောင့် တင်းမာမှုများ ပိုမိုမြင့်တက်လာခဲ့ပါတယ်။
■ အစ္စရေးလ်တိုက်ခိုက်မှု ရပ်တန့်စေရန်နဲ့ အပစ်အခတ်ရပ်စဲရေး ရရှိရန်အတွက် အမေရိကန်ကြားဝင်စေ့စပ်မှုက အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့တယ်လို့ ထရမ့်က ပြောပါတယ်။
■ အီရန်က အမေရိကန်နဲ့ သဘောတူညီချက် ရရှိဖို့ စိတ်ဝင်စားနေဆဲဖြစ်ပြီး မကြာခင်မှာ အပေးအယူရရှိနိုင်တယ်လို့ ယူဆနေပါတယ်။
■ အီရန်ဘက်က သံသယရှိနေဆဲဖြစ်ပေမယ့် နျူကလီးယားလက်နက် ထုတ်လုပ်မှု ရပ်တန့်ရန် အီရန်နဲ့ သဘောတူညီချက်အသစ်တစ်ခု ရရှိနိုင်ကြောင်း ထရမ့်က အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။
Source: WION
#Local_News
Published 09 June 2026
■ ရန်ကုန်၌ ကျင်းပမည့်မြန်မာ့လယ်ယာစိုက်ပျိုးရေးကဏ္ဍ၏ အနာဂတ်ကိုပုံဖော်ပေးမည့်
10th Agri Tech Myanmar 2026 စိုက်ပျိုးရေးပြပွဲကြီးတွင်ပါဝင်ပြသလိုသူများအားဖိတ်ခေါ်ထားကြောင်းသိရသည်။
■ အဆိုပါ 10th AgriTech Myanmar 2026 စိုက်ပျိုးရေးပြပွဲကြီးကို ရန်ကုန်မြို့ရှိ Yangon Convention Center (YCC) တွင် ဇွန်လ ၂၅ ရက်မှ ၂၈ ရက်အထိ မနက် ၉ နာရီမှ ညနေ ၅ နာရီအထိကျင်းပသွားမည်ဖြစ်သည်။
■ ယင်းပြပွဲတွင် လယ်ထွန်စက်များ၊ ရိတ်သိမ်းစက်များနှင့် စိုက်ပျိုးရေးနည်းပညာသုံး Machinery & Equipment များကို တစ်နေရာတည်းတွင် စုစည်းပြသရောင်းချသွားမည်ဖြစ်ပြီး စိုက်ပျိုးရေးကဏ္ဍအတွက် နောက်ဆုံးပေါ် နည်းပညာများနှင့် Innovation များကိုလည်း မိတ်ဆက်ပြသသွားမည်ဖြစ်ကြောင်းသိရသည်။
■ ထို့အပြင် AgriTech Myanmar Expo ပွဲတွင် ပါဝင်ပြသလိုသည့် Exhibitors များအား ဖိတ်ခေါ်ထားပြီး မိမိတို့၏ Brands, Products နှင့် Innovations များကို တောင်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် Industry Professionals များထံ တိုက်ရိုက်မိတ်ဆက်နိုင်မည့် အခွင့်အရေးတစ်ခုဖြစ်သည့် အပြင် Products Showcase ပြုလုပ်နိုင်ခြင်း၊ Products & Brands မိတ်ဆက်နိုင်ခြင်းနှင့် Business Networking အခွင့်အရေးများ ရရှိနိုင်မည်ဖြစ်ပြီး စီးပွားရေးချိတ်ဆက်မှုများ တိုးချဲ့နိုင်ရန်နှင့် Brand Awareness မြှင့်တင်နိုင်ရန် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 09 June 2026
အစားအသောက်လုပ်ငန်းများကို Risk Based Inspection System ဖြင့်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှ ယခုလအတွင်း စစ်ဆေးသွားမည်ဖြစ်ကြောင်း FDA၏ထုတ်ပြန်ချက်အရသိရသည်။
ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) သည် ပြည်တွင်းအစားအသောက်ထုတ်လုပ်ခြင်းထောက်ခံချက် လျှောက်ထားသည့် လုပ်ငန်းများအား “Risk Based Inspection and Certification System” အရ ဘေးအန္တရာယ်ဖြစ်နိုင်ခြေအပေါ် အခြေခံသည့် နမူနာကောက်ယူစစ်ဆေးမှုများကို ၂၀၂၆ ခုနှစ် ဇွန်လ ၁၅ ရက်မှ စတင်ဆောင်ရွက်သွားမည်ဖြစ်သည်။
အဆိုပါ Risk Based Inspection and Certification System သည် အစားအသောက်ထုတ်လုပ်မှုလုပ်ငန်းများ၏ ဘေးကင်းလုံခြုံရေးအဆင့်ကို ပိုမိုထိရောက်စွာ စိစစ်အကဲဖြတ်နိုင်ရန်နှင့် အရည်အသွေးထိန်းချုပ်မှုလုပ်ငန်းများကို ပိုမိုစနစ်တကျဆောင်ရွက်နိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
FDA အနေဖြင့် ပြည်တွင်းအစားအသောက်ထုတ်လုပ်ခြင်းထောက်ခံချက် (လုပ်ငန်းသစ်/သက်တမ်းတိုး) လျှောက်ထားလာသော လုပ်ငန်းများကို ညွှန်ကြားချက် (၆/၂၀၂၅) နှင့်အညီ ထောက်ခံချက်များ ထုတ်ပေးလျက်ရှိသည့်အပြင် နမူနာကောက်ယူစစ်ဆေးခြင်းလုပ်ငန်းစဉ်ကို ထောက်ခံချက်ထုတ်ပေးပြီးနောက် ဆောင်ရွက်သွားမည်ဖြစ်ကာ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည့် “ပြည်တွင်းအစားအသောက်လုပ်ငန်းများအတွက် E-Submission မှတဆင့် အစားအသောက်ထုတ်လုပ်ခြင်းထောက်ခံချက် လျှောက်ထားခြင်းဆိုင်ရာ SOP” ပါ လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_Health
Published 09 June 2026
■ သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့က အပူပိုင်းဒေသ အပင်အခြေခံအဆီအနှစ်ကို အသုံးပြုပြီး ၅၆ ရက်အတွင်း ဆံပင်ပြန်ပေါက်ကာ ဆံသားပိုမိုထူထဲလာစေမယ့် ဦးရေပြားဆံပင်ပေါက်အဆီကို တီထွင်လိုက်ပါတယ်။
■ ထိုင်ပေမှ သုတေသီတွေက လူ ၆၀ ဖြင့် စမ်းသပ်မှုပြုလုပ်ရာ တစ်ဦးစီက ၈ ပတ်ကြာအောင် အဆိုပါအဆီ ၁ မီလီလီတာကို ဦးရေပြားအနှံ့လိမ်းရပြီး ပြောင်းလဲမှုတွေကို ပုံရိပ်ဖော်နည်းပညာဖြင့် စောင့်ကြည့်ခဲ့ကြပါတယ်။
■ ကနဦးရလဒ်များအရ သာမန်လူတွေနဲ့ယှဉ်ရင် နှစ်လအတွင်း ဆဲသားထူထဲမှု ၂၅ ရာခိုင်နှုန်း မြင့်မားလာပါတယ်။
■ အဆိုပါ ဆံပင်ပေါက်အဆီမှာ ကဖင်း၊ ပန်သနော၊ ဆဲလ်ပြင်ပ ဗက်ဆီကယ်များ၊ FGF-7 နဲ့ IGF-1 တို့ပါဝင်ပြီး ဆံပင်မွေးညင်းပေါက်များ ကြီးထွားမှုကို ထောက်ပံ့ပေးပါတယ်။
■ ရှဝစ်ဇာဘိုင်အိုတက်ကုမ္ပဏီမှ ဒေါက်တာ ဆောင်မင်ချန်ဦးဆောင်ပြီး သီတင်းပတ်များအတွင်း မွေးညင်းပေါက်တွေ လှုံ့ဆော်လာအောင် ဖန်တီးခဲ့တာ ဖြစ်ပါတယ်။
■ ဒီစမ်းသပ်ချက်က သာမန်ကုသနည်းတွေထက် ပိုမိုမြန်ဆန်စိတ်ချရတဲ့ ရလဒ်များ ထွက်ပေါ်ပြီး အမျိုးသားများ ထိပ်ပြောင်ခြင်းအတွက် ကုသနည်းရရှိဖို့ အလားအလာတွေ ဖြစ်လာနိုင်ပါတယ်။
■ ဒီလေ့လာမှုက ရက်သတ္တပတ် ၈ ပတ်သာ ကြာမြင့်ကာ မျိုးရိုးလိုက် ဆံပင်ကျွတ်သူတွေမှာ မဟုတ်ဘဲ ကျန်းမာတဲ့ လူတွေမှာသာ စမ်းသပ်ခဲ့ကြတာ ဖြစ်ပါတယ်။
■ ဒါကြောင့် ရေရှည်ထိရောက်မှုနဲ့ ပတ်သက်ပြီးတော့ မေးစရာတွေ ရှိလာပါတယ်။
■ တွေ့ရှိချက်တွေကို အတည်ပြုဖို့အတွက် မီနော့ဆီဒေးလ်၊ ဖီနက်စထရိုက်တို့လို လူသိများပြီးသားဆေးတွေနဲ့ နှိုင်းယှဉ်စမ်းသပ်မှုတွေ ထပ်မံလိုအပ်ပါသေးတယ်။
Source: Earth
#World_Health
Published 09 June 2026
■ အပူချိန် ၄၅ ဒီဂရီ ဆဲလ်စီးယပ်စ်ကျော်မှသာ အပူလျှပ်တတ်တယ်လို့ လူအများစု ထင်ကြပါတယ်။
■ ဒါပေမဲ့ ရမ်မနိုဟာလိုဟီယာဆေးရုံမှ ဒေါက်တာ အာဂျေးချောင်ဟန်ရဲ့ ပြောပုံအရ အပူဒဏ်ကြောင့်ဖြစ်တဲ့ ပြဿနာတွေဟာ ၃၈ ဒီဂရီအခြေအနေလောက်မှာပင် စတင်ဖြစ်ပွားနိုင်တယ်လို့ သိရပါတယ်။
■ အထူးသဖြင့် ရေဓာတ်ခန်းခြောက်ခြင်း၊ ပင်ပင်ပန်းပန်း လှုပ်ရှားရခြင်း၊ လေဝင်လေထွက် မကောင်းခြင်းစတဲ့ အချက်တွေ ရှိနေရင် ပိုပြီးဖြစ်နိုင်ပါတယ်။
■ အပြင်ဘက်မှာ အလုပ်လုပ်သူတွေ၊ လေဝင်လေထွက် မကောင်းတဲ့နေရာမှာ နာရီများစွာ သွားလာသူတွေ၊ ရုပ်ပိုင်းဆိုင်ရာ အားသုံးလုပ်ရသူတွေမှာ ပိုပြီးဖြစ်နိုင်တယ်လို့ ရှင်းပြပါတယ်။
တကယ်တမ်းတော့ အပူလျှပ်ခြင်းလိုမျိုး အန္တရာယ်ကြီးမဖြစ်ခင်မှာ ခန္ဓာကိုယ်ကနေ အချက်ပြလာတတ်ပါတယ်။
■ အစောပိုင်းသတိပေးချက်တွေအနေနဲ့ ချွေးစီးပြန်ခြင်း၊ ပုံမှန်မဟုတ် နွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ ကြွက်သားတက်ခြင်းတို့ ပါဝင်ပြီး ဒါတွေကို လူတွေက သာမန်ဖြစ်စဉ်များအဖြစ် မှားထင်တတ်ကြပါတယ်။
■ ထိုအခါကျရင် ချက်ချင်း အေးမြအောင်နေခြင်း၊ အနားယူခြင်း၊ ရေဓာတ်ပြန်ဖြည့်ခြင်းတို့ လိုအပ်ပါတယ်။
■ ရေဓာတ်ဖြည့်တဲ့နေရာမှာ ရေတစ်ခုတည်းမဟုတ်ဘဲ ဆုံးရှုံးသွားတဲ့ ဆားနဲ့ အီလက်ထရိုလိုက်တွေကိုလည်း ပြန်ဖြည့်ဖို့ လိုပါတယ်။
■ ဒီလိုဓာတ်ဆားရည်တွေက အပူပြင်းထန်စွာ ထိတွေ့ရတဲ့အချိန်တွေမှာ ရိုးရိုးရေထက်စာရင် ပိုပြီးထိရောက်မှုရှိပါတယ်။
■ လေဝင်လေထွက် မကောင်းတဲ့အခါ ခန္ဓာကိုယ်မှ အေးမြစေတဲ့ အဓိကလုပ်ငန်းစဉ်တစ်ခုဖြစ်တဲ့ ချွေးထွက်ခြင်းဖြစ်စဉ်ကို ထိခိုက်စေပါတယ်။
Source: Indian Express
June 8, 2026 — Indonesian Foreign Minister Mr. Sugiono stated on June 8 that he has full confidence in the elected government led by President U Min Aung Hlaing to successfully build Myanmar into a more developed and peaceful nation.
Mr. Sugiono made these remarks during a courtesy call on President U Min Aung Hlaing at the Presidential Guest House, shortly after his delegation arrived in Nay Pyi Taw.
According to a press release issued by the Myanmar government, the Indonesian Foreign Minister also expressed that Indonesia understands the current challenges and difficulties Myanmar is facing.
During the meeting, President U Min Aung Hlaing and the Indonesian Foreign Minister discussed Indonesia's ongoing stance of regarding Myanmar as an integral part of ASEAN and a friend to Indonesia. They addressed the assistance Indonesia will provide to help Myanmar become a successful and peaceful country. Furthermore, discussions covered Myanmar's efforts to implement the ASEAN Five-Point Consensus to the best of its ability, its optimal cooperation within the ASEAN community, and steps to rebuild stronger Myanmar-ASEAN ties while enhancing existing friendly relations.

Additionally, it was reported that both sides cordially and openly exchanged views on the Myanmar government's continued efforts to serve as a reliable, landmark administration capable of fostering a developed, stable, and peaceful nation. They also discussed ways to elevate diplomatic ties, friendship, and cooperation between Myanmar and Indonesia.
The Indonesian Foreign Minister, who arrived in Nay Pyi Taw on a day trip, was accompanied by Mr. Santo Darmosumarto, Director General for Asian, Pacific, and African Affairs, along with other officials and representatives from the Indonesian Embassy in Myanmar.
Joining President U Min Aung Hlaing at the meeting were Union Minister for the President's Office U Khin Maung Yi, Union Minister for Foreign Affairs U Tin Maung Swe, and Vice-Chairman of the National Solidarity and Peacemaking Negotiation Committee Lieutenant General Yar Pyae.
It was also reported that the Indonesian Foreign Minister and his delegation held a separate meeting with a delegation led by Myanmar's Foreign Minister to further discuss ASEAN affairs and bilateral relations.(End)

ဇွန်၈၊၂၀၂၆-နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင် ဦးဆောင်သော ရွေးကောက်ခံအစိုးရအနေဖြင့် မြန်မာနိုင်ငံကိုပိုမို ဖွံ့ဖြိုးတိုးတက်ပြီး ငြိမ်းချမ်းသောနိုင်ငံတော်အဖြစ် ဖော်ဆောင်ပေးနိုင် မည်ကိုအပြည့်အဝ ယုံကြည်မှု ရှိကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Mr. Sugiono က ဇွန် ၈ ရက်နေ့က ပြောကြားသည်။
အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီး Mr. Sugiono ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့က မြန်မာနိုင်ငံ နေပြည်တော်သို့ရောက်ရှိပြီး နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ သမ္မတ ဦးမင်းအောင်လှိုင်အား လာရောက်ဂါရဝပြုတွေ့ဆုံစဉ် Mr. Sugiono ကယင်းကဲ့သို့ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။
အင်ဒိုနီးရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် လက်ရှိကြုံတွေ့နေရသည့်စိန်ခေါ်မှုများနှင့် အခက် အခဲများကို နားလည်သိရှိကြောင်းလည်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးကပြောကြောင်း မြန်မာနိုင်ငံ အစိုးရသတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
သမ္မတဦးမင်းအောင်လှိုင်နှင့် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးတို့သည် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအား အာဆီယံ၏ အစိတ်အပိုင်းအဖြစ်၊ အင်ဒိုနီးရှားနိုင်ငံ၏ မိတ်ဆွေအဖြစ် အမြဲမှတ်ယူထားရှိပြီး မြန်မာနိုင်ငံကို အောင်မြင်သော၊ ငြိမ်းချမ်းသောနိုင်ငံအဖြစ် ဖြစ်ပေါ်လာစေရေး လိုအပ်သည် များ ကူညီဆောင်ရွက်ပေးသွားမည့် အခြေအနေများ၊ အာဆီယံဘုံသဘောတူညီချက်(၅)ရပ်အပေါ် မြန်မာနိုင်ငံအနေဖြင့်တတ်နိုင်သမျှ ဆောင်ရွက်ပေးလျက်ရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအသိုက် အဝန်းအကြားအကောင်းဆုံးပူးပေါင်းဆောင်ရွက်လျက်ရှိမှုနှင့် မြန်မာ-အာဆီယံ အကြား ပိုမိုတောင့်တင်းခိုင်မာသည့်ဆက်ဆံမှုများ ပြန်လည်တိုးတက်လာစေရေး၊ ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုများကို ပိုမိုကောင်းမွန်စေရေး ဆက်လက်ဆောင်ရွက်သွား မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
ထို့အပြင် မြန်မာနိုင်ငံအစိုးရ အနေဖြင့်ပြည်သူများကအားကိုးရပြီး ဖွံ့ဖြိုးတိုးတက်သောနိုင်ငံ၊ တည်ငြိမ်အေးချမ်းသောနိုင်ငံတစ်ခုအဖြစ် ဖော်ဆောင်ပေးနိုင်သည့် မှတ်ကျောက်တင်ခံနိုင်သော အစိုးရတစ်ရပ်အဖြစ် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည့်အခြေအနေများ၊ မြန်မာနိုင်ငံနှင့်အင်ဒိုနီးရှား နိုင်ငံတို့အကြား သံတမန်ဆက်ဆံမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်းလည်း သတင်းရရှိသည်။

နေ့ချင်းပြန် ခရီးအဖြစ်နေပြည်တော်သို့အဖြစ်ရောက်ရှိလာသည့်အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးနှင့်အတူ အာရှပစိဖိတ်နှင့် အာဖရိကဌာန ညွှန်ကြားရေးမှူးချုပ် H.E. Mr. Santo Darmosumartoနှင့်တာဝန်ရှိ သူများ၊ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံသံရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်နှင့်အတူ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့ တက်ရောက်ခဲ့ကြသည်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးနှင့်အဖွဲ့သည် မြန်မာနိုင်ငံခြားရေးဝန်ကြီးဦးဆောင်သောအဖွဲ့နှင့် သီးခြား တွေ့ဆုံ၍ အာဆီယံကိစ္စ၊ နှစ်နိုင်ငံဆက်ဆံရေးကိစ္စများဆွေးနွေးခဲ့ကြကြောင်းသိရှိရသည်။
--------------

Page 66 of 2053