အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခတင်းမာမှုတွေကြောင့် ဗြိတိန်ပြည်ထောင်စု(ယူကေ)မှာ စက်သုံးဆီဈေးနှုန်း အဆမတန် ထိုးတက်လာပြီး ခရီးသွားပြည်သူတွေဟာ ဈေးသက်သာမယ့် ရွေးချယ်စရာတွေ ရှာဖွေလာကြပြီး လျှပ်စစ်နှစ်ဘီးတပ်ယာဉ်များ လူကြိုက်များလာပါတယ်။
#World_Business
Published 08 June 2026
#ယူကေ #လျှပ်စစ်ဘီး
#YMG #Yangon_Times #Yangon_Media_Group
ရုရှားနိုင်ငံရဲ့ ကိုယ်ပိုင်အဆင့်မြင့်နည်းပညာသုံး တပ်ဆင်ထုတ်လုပ်ထားတဲ့ Smart Meter စနစ်ကို မြန်မာနိုင်ငံမှာလက်ရှိအသုံးပြုနေတဲ့စနစ်မှာပေါင်းစပ်ပြီး အဆင့်မြှင့်တင်ရာ၌ လာရောက်ရင်းနှီးမြှုပ်နှံလိုတဲ့အပေါ် ကြိုဆိုတယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ကပြောကြားခဲ့ပါတယ်။
#Local_News
Published 08 June 2026
#ရုရှား #Smart_Meter
#YMG/SW #Yangon_Times
အခု ၂၀၂၆-၂၀၂၇ဘဏ္ဍာနှစ် နှစ်လတာအတွင်း ဒေါ်လာ(၉၃)သန်းတန်ဖိုးရှိ ဆန်နဲ့ဆန်ကွဲတန်ချိန် သုံးသိန်းကျော် တင်ပို့ထားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကနေ သိရပါတယ်။
#Local_News
Published 08 June 2026
#ဆန် #ဆန်ကွဲ
#YMG/NN #Yangon_Times
မြန်မာ့ရိုးရာကြိုးဆွဲရုပ်သေးရုပ်ပြုလုပ်ခြင်း အတတ်ပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၆)ကို လာမယ့်ဇူလိုင် ၆ ရက်မှ စတင်ကာဖွင့်လှစ်သွားမှာဖြစ်တယ်လို့မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ သိရပါတယ်။
#Local_News
Published 08 June 2026
#မြန်မာ့ရိုးရာကြိုးဆွဲရုပ်သေးရုပ်
#YMG/SW #Yangon_Times
ပဲခူးမြို့မှာ မိုးများခဲ့လို့ ပဲခူးမြစ်ရေ စိုးရိမ်ရေမှတ်အနီးရောက်ရှိလာတယ်လို့မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီကနေ့မနက်ပိုင်းထုတ်ပြန်ချက်အရသိရပါတယ်။
#Local_News
Published 08 June 2026
#ပဲခူးမြစ်ရေ
#YMG/NN #Yangon_Times
#Daily_News
Published 08 June 2026
၁။ ရုရှား၏ Smart Meter စနစ်ကိုပြည်တွင်း၌လည်းအသုံးပြုမည်
၂။ ယခုဘဏ္ဍာနှစ်စ၌ဒေါ်လာ(၉၃)သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲတန်ချိန် သုံးသိန်းကျော်တင်ပို့ထား
၃။ မြန်မာ့ရိုးရာကြိုးဆွဲရုပ်သေးရုပ်ပြုလုပ်ခြင်း အတတ်ပညာသင်တန်း ဖွင့်လှစ်မည်
၄။ လောင်စာဆီဈေးနှုန်းမြင့်တက်လာသဖြင့် ယူကေ၌လျှပ်စစ်ဘီးများလူကြိုက်များလာ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 08 June 2026
■ ရန်ကုန်တိုင်းတွင်းရှိ စက်မှုမြေကွက် (၁၂) ကွက်အား ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများကို နှစ်ရှည်ငှားရမ်းမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တင်ဒါကော်မတီက ထုတ်ပြန်ထားသည်။
■ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲလျက်ရှိသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုမြေကွက် (၁၂) ကွက်အား ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံလိုသူ လုပ်ငန်းရှင်များသို့ နှစ် ၃၀ (၂၀+၅+၅) နှစ်ရှည်ငှားရမ်းမည်ဖြစ်သည်။
■ အဆိုပါ မြေကွက်များကိုငှားရမ်းလိုသောကုမ္ပဏီများအနေဖြင့် တင်ဒါပုံစံများကို ၂၀၂၆ ခုနှစ် ဇွန်လ ၈ ရက်မှ စတင်၍ ဇူလိုင်လ၃ရက်နေ့အထိ ရုံးချိန်အတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ရုံးအမှတ် (၄၀) ၊ နေပြည်တော်တွင် ဝယ်ယူနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 08 June 2026
■ တန့်ယန်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားပြီး တစ်ဦးေ_သဆုံးခဲ့ကြောင်း သိရသည်။
■ ဇွန် ၈ ရက်နေ့၊ မနက် ၇နာရီခွဲအချိန်ခန့်က ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရပ်ကွက်(၆)၊ အုပ်စု(၅)ရှိ နေအိမ်အနီးတွင် မြေပြိုမှုဖြစ်ပွားပြီး နေအိမ်၏ ဝဲဘက်အခန်းပေါ်သို့ ပိမိနေကြောင်းသတင်းရရှိသဖြင့် တန့်ယန်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
■ အဆိုပါဖြစ်စဉ်ကြောင့် မ(၁)ဦး(ေ-သဆုံး)အား တန့်ယန်းအရန်မီးသတ်စခန်းမှ သူနာတင်ယာဉ်ဖြင့် တန့်ယန်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#World_News
Published 08 June 2026
■ အီရန်တို့က ဇွန်လ ၇ ရက်နေ့က အစ္စရေးလ်မြောက်ပိုင်းရှိ ရာမက်ဒေးဗစ်လေတပ်စခန်းကို ပဲ့ထိန်းဒုံးကျည်ပစ်ခတ်မှုကြီး ပြုလုပ်ခဲ့ပါတယ်။
■ အစ္စရေးလ်စစ်တပ်ကတော့ အီရန်ကပစ်လိုက်တဲ့ ဒုံးကျည်အားလုံးကို ဖြတ်တောက်နိုင်ခဲ့တယ်လို့ ပြောထားပြီး လက်ဘနွန်မှ ဟစ်ဇ်ဘိုလာစစ်ဆင်ရေးများကို မြှင့်တင်လုပ်ဆောင်သွားမယ်လို့ ကြုံးဝါးလိုက်ပါတယ်။
■ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ အီရန်ကို လက်စားမချေဖို့ အစ္စရေးလ်ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟူကို တိုက်တွန်းထားပါတယ်။
■ ဘိုင်ရွတ်မြို့ကို တိုက်ခိုက်တာဟာ စည်းကျော်သွားပြီလို့ အစ္စရေးလ်က အီရန်ကို သတိပေးလိုက်ပြီး ဆက်လက်ကျူးလွန်ပါက ဒုံးကျည်ပစ်ခတ်မှုတွေဟာ အမေရိကန်-ဇီယွန်ဝါဒီပစ်မှတ်တွေကို ပိုမိုကျယ်ပြန့်စွာ တိုက်ခိုက်လာတဲ့ သတိပေးချက် ဖြစ်လာမှာလို့ ပြောထားပါတယ်။
■ ဒီတိုက်ခိုက်မှုအပြီးမှာ အီရန်က အနောက်ဘက် ဝေဟင်ပိုင်နက်ကို ပိတ်လိုက်ပြီး တဟီရန်နိုင်ငံတကာလေဆိပ်ရှိ လေကြောင်းခရီးစဉ်များကို ဆိုင်းငံ့လိုက်ပါတယ်။
■ အီရန်ရဲ့ ဒုံးကျည်များအားလုံးကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း အစ္စရေးလ်တို့ ပြောခဲ့ပြီး လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာအဖွဲ့အပေါ် စစ်ရေးလှုပ်ရှားမှုများ ပိုမိုပြင်းထန်အောင်လုပ်ဆောင်သွားဖို့ ဆိုပါတယ်။
■ အီရန်ရဲ့ တိုက်ခိုက်မှုက ဒါဟီယာဒေသရှိ အစ္စရေးလ်ကာကွယ်ရေးတပ်(IDF)ရဲ့ စစ်ဆင်ရေးများကို တုံ့ပြန်ခြင်းသာဖြစ်ကြောင်း စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် အက်ဖီဒီဖရင်က ပြောခဲ့ပြီး အစ္စရေးလ်မြောက်ပိုင်းအပေါ် ဟစ်ဇ်ဘိုလာတိုက်ခိုက်မှု ဆက်မလုပ်နိုင်အောင် IDF အနေဖြင့် စစ်ရေးအရှိန်မြှင့်တင်မှုများ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း အခိုင်အမာပြောခဲ့ပါတယ်။
Source: WION
#World_Healthmm
Published 08 June 2026
■ ပြီးခဲ့တဲ့ဆယ်စုနှစ်များအတွင်း အဆုတ်ကင်ဆာ တွေ့ရှိပြီဆိုရင် အသက်ဆုံးရှုံးကြရဖို့ပဲ ရှိခဲ့ပါတယ်။
■ ဆေးပညာသိပ္ပံ တိုးတက်လာမှုများကြောင့် အဆုတ်ကင်ဆာဝေဒနာရှင်များ ရေရှည်အသက်ရှင်သန်နိုင်မှုနှုန်း တိုးတက်လာပေမယ့် ရောဂါကို စောစီးစွာ စစ်ဆေးတွေ့ရှိဖို့ကတော့ အလွန်အရေးကြီးနေဆဲ ဖြစ်ပါတယ်။
■ ဓာတ်ရောင်ခြည်အနည်းငယ်သာသုံးသော ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်းဟာ ရောဂါဖြစ်နိုင်ခြေ မြင့်မားသူများအတွက် ရောဂါကို စောစီးစွာ စစ်ဆေးသိရှိနိုင်ရန် ထိရောက်မှုရှိပေမယ့် ရောဂါမရှိဘဲ ရှိနေသည်ဟု မှားယွင်းပြသမှု အကန့်အသတ်များ ရှိနေပါတယ်။
■ အဆုတ်ကင်ဆာ ဖြစ်ပွားမှုနှုန်းဟာ ဆေးလိပ်မသောက်သူများနဲ့ လူငယ်များကြား မြင့်တက်လာနေပြီး လေထုညစ်ညမ်းမှုနဲ့ အခြား ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းရင်းများကြောင့် ဖြစ်ရပါတယ်။
■ BNT116 လိုမျိုး ကုထုံးသုံး ကာကွယ်ဆေးများက ကင်ဆာကို တိုက်ဖျက်ရန် ကိုယ်ခံအားစနစ်ကို လေ့ကျင့်ပေးမယ့် mRNA နည်းပညာ အသုံးပြုထားပေမယ့် စမ်းသပ်မှုအစောပိုင်း အဆင့်များသာ ရှိပါသေးတယ်။
■ LungVax ကဲ့သို့ ကာကွယ်ဆေးတွေက အဆုတ်ကင်ဆာ မဖြစ်ပွားမီ တားဆီးရန် ရည်ရွယ်ပြီး ၂၀၂၆ မှာ လူသားများဖြင့် စတင်စမ်းသပ်ရန် စီစဉ်ထားပါတယ်။
■ အဆိုပါ ကာကွယ်ဆေးများဟာ အလားအလာရှိပေမယ့် ဆေးလိပ်ဖြတ်ခြင်းနဲ့ လေထုညစ်ညမ်းမှု လျှော့ချခြင်းလိုမျိုး သာမန်ရောဂါကာကွယ်ရေး နည်းလမ်းများကိုတော့ အစားထိုးနိုင်မှာ မဟုတ်ပါဘူး။
Source: The Hindu
#World_Health
Published 08 June 2026
■ "အဆုတ်တွေက ပြန်မကောင်းနိုင်ဘူးလို့ အရင်က ထင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဒါဟာ မမှန်ကန်ဘဲ ခြုံငုံပြောရရင် ဆေးလိပ်ဖြတ်တဲ့အခါ အဆုတ်တွေ ပြန်ကောင်းနိုင်ပါတယ်" လို့ အင်ပီရီယယ်ကောလိပ်လန်ဒန်မှ အဆုတ်ဖွံ့ဖြိုးမှုနဲ့ ရောဂါရှာဖွေရေးအဖွဲ့ အကြီးအကဲ ဒေါက်တာချာလော့ဒင်းက ပြောပါတယ်။
■ ဆေးလိပ်သောက်ခြင်းက အဆုတ်ကို ပျက်စီးစေသလို သူ့အလိုလို ပြန်လည်ကုသနိုင်တဲ့ စွမ်းရည်လည်း ရှိတယ်လို့ ဆိုပါတယ်။
■ လေထုညစ်ညမ်းမှု ဒါမှမဟုတ် ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားပိုးဝင်တာတွေကို အံတုနိုင်ဖို့ ဆင့်ကဲပြောင်းလဲလာခဲ့တာ ဖြစ်ပါတယ်။
■ အဆုတ်က အလွန်အရေးကြီးပြီး အဆုတ်မရှိရင် အသက်မရှင်နိုင်တာမို့လို့ ပြန်ကောင်းနိုင်တဲ့စွမ်းရည်မျိုး ရှိနေဖို့ လိုအပ်တာပါ။
■ ဒါပေမဲ့ ဆေးလိပ်နဲ့ vape သောက်ခြင်းဟာ အဆုတ်ခံနိုင်ရည်ရှိတာထက် အဆိပ်အတောက် အမှုန်အမွှားတွေ ရောက်ရှိစေပါတယ်။
■ အချို့လူတွေရဲ့ အဆုတ်က တခြားသူတွေလို ပြန်မကောင်းနိုင်တာမျိုးလည်း ရှိနိုင်တာကြောင့် ရေရှည်အဆုတ်တစ်ရှူးပျက်စီးမှု ပိုဖြစ်နိုင်ပါတယ်။
■ ဆေးလိပ်ဖြတ်လိုက်လို့ အဆုတ်ကျန်းမာရေး ကောင်းစေနိုင်ပေမယ့် ပျက်စီးသွားတဲ့ တစ်ရှူးတွေ မျိုးဗီဇပြောင်းလဲမှုတွေ အားလုံးတော့ ပြန်မကောင်းနိုင်ပါဘူး။
■ အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ် ပြန်လည်ပြုပြင်နိုင်စွမ်း လျော့နည်းလာတာကြောင့် ဆေးလိပ်ကို တတ်နိုင်သမျှ စောစောဖြတ်ဖို့ အကြံပြုထားပါတယ်။
■ ဒါ့အပြင် အဆုတ်လုပ်ဆောင်ချက်နဲ့ အောက်ဆီဂျင်လဲလှယ်မှု ကောင်းမွန်စေဖို့ ပုံမှန်ကိုယ်လက်လှုပ်ရှား လုပ်ဖို့လည်း လိုအပ်ပါတယ်။
Source: The Guardian.
၇ဇွန်၊၂၀၂၆- သုံးစွဲသူများအဆင်ပြေပြီး မသမာမှုများလျှော့ချနိုင်သည့် စမတ်မီတာစနစ်ကို မြန်မာနိုင်ငံ တွင် စတင် အသုံးပြုနိုင်ရေးအတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ကြိုးပမ်းစီစဉ်နေတယ်လို့ ဝန်ကြီး ဌာနမှ သိရပါတယ်။
ထိုသို့ကြိုးပမ်းမှု၏ အစိတ်အပိုင်းတစ်ခုအဖြစ် ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့တွင်ရောက်ရှိနေသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီဂဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ရုရှားနည်းပညာကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Telematic Solution Co., Ltd အမှုဆောင် အရာရှိချုပ် Mr. Vladimir Parshin အား ဇွန် ၄ ရက်နေ့ကတွေ့ဆုံခဲ့တယ်လို့ ဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ကျင်းပလျက်ရှိသည့် (၂၉) ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ်သို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးညိုစောနှင့်အတူ တက်ရောက်လျက်ရှိသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ရုရှားဖက်ဒရေးရှင်းသမ္မတနိုင်ငံ Telematic Solution Co., Ltd. မှ အမှုဆောင် အရာရှိချုပ် Mr. Vladimir Parshin အား ယမန်နေ့ ညနေပိုင်းတွင် EXPOFORUM Convention and Exhibition Centre ၌ တွေ့ဆုံခဲ့ပါတယ်။
ပြည်ထောင်စုဝန်ကြီးနှင့် Telematic Solution ၏ အမှုဆောင်အရာရှိချုပ်တို့သည် ရုရှား၏ ကိုယ်ပိုင် နည်းပညာဖြင့် ထုတ်လုပ်ထားသည့် ဒီဂျစ်တယ်နည်းပညာသုံး မီတာဖတ်ယူသည့်စနစ်နှင့် သုံးစွဲသူများက မီတာခများ ပေးဆောင်နိုင်သည့် Smart meter စနစ် မြန်မာနိုင်ငံတွင် အသုံးပြုနိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံ၍ နည်းပညာလွှဲပြောင်းပေးအပ်နိုင်ရန် ကိစ္စရပ်များ၊ လက်ရှိအသုံးပြုနေသည့် စနစ်တွင် ပေါင်းစပ်၍ အဆင့်မြှင့်တင်သွားနိုင်ရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါတယ်။

စမတ်မီတာအသုံးပြုခြင်းဖြင့် အချိန်နှင့်တပြေးညီ လျှပ်စစ်ဓါတ်အားသုံးစွဲနေမှုများကို သုံးစွဲသူများက မိုဘိုင်းလ်ဖုန်းပေါ်ရှိအက်ပလီကေးရှင်းမှတစ်ဆင့်သိရှိနိုင်ပြီး ယင်းကိုအသုံးပြ၍လည်း လျှပ်စစ် သုံးစွဲခ (မီတာခ)ကို ကြိုတင်ငွေချေစနစ်( Prepaid) နည်းဖြင့်ဖြစ်စေ၊ ယခုလို လစဉ် မီတာခဆောင်သော နည်းလမ်းဖြင့်ဖြစ်စေ ဆောင်ရွက်နိုင်ကြမှာဖြစ်ပါတယ်။
ထို့အပြင် မီတာဖတ်ရာတွင် မတိကျမှုများ၊ မသမာမှုဆောင်ရွက်ခြင်းများ စသည့် မလိုလားအပ်သော လေလွင့်ဆုံးရှုံးမှုများနှင့် အခက်အခဲများကိုပါ ဖြေရှင်းပေးနိုင်မှာဖြစ်ကြောင်းသိရပါတယ်။
------------
Page 67 of 2053