#World_Health
Published 04 September 2026

■ သွေးတွင်းသကြားဓာတ် လွန်ကဲခြင်းဟာ ဂလိုင်ကေးရှင်းဖြစ်စဉ်မှတဆင့် အရေပြားပရိုတိန်းများနဲ့ ပေါင်းစပ်သွားပြီး AGEs လို့ခေါ်တဲ့ ဘေးထွက်ဆိုးကျိုး ဒြပ်ပေါင်းများ စိမ့်ထွက်စေပါတယ်။

■ ဂလိုင်ကေးရှင်းဖြစ်စဉ်ကြောင့် အိစက်ပျော့ပျောင်းတဲ့ ကော်လာဂျင်များဟာ တင်းပြီး ကြွပ်ဆတ်လာကာ ဆန့်ထွက်နိုင်စွမ်း လျော့နည်းသွားပါတယ်။

■ ကော်လာဂျင်ပျက်စီးခြင်းရဲ့ အစပိုင်းလက္ခဏာများမှာ အရေးအကြောင်းတွေ ဆိုတာထက် အရေပြားညှိုးနွမ်းခြင်း၊ လျော့တွဲခြင်း၊ နွမ်းနယ်ပုံပေါက်ခြင်းတို့ ပိုပြီးတွေ့ရပါတယ်။

■ အရေပြားပျက်စီးရခြင်းရဲ့ အဓိကတရားခံမှာ လက်ဖက်ရည်၊ ပေါင်မုန့်၊ သစ်သီးဖျော်ရည်တွေလိုမျိုး နေ့စဉ်စားသောက်ကုန်တွေမှာ ပုန်းကွယ်ပါဝင်နေတဲ့ သကြားဓာတ်များ ဖြစ်ပါတယ်။

■ ဂလိုင်ကေးရှင်းဖြစ်သွားတဲ့ ကော်လာဂျင်များဟာ တောင့်တင်းသွားပြီး ခန္ဓာကိုယ်က ပြန်လည်အစားထိုးပြုပြင်ဖို့ အလွန်ခက်ခဲပါတယ်။

■ ဆီးချိုရောဂါကို စနစ်တကျ မထိန်းချုပ်နိုင်သူတွေမှာ ဂလိုင်ကေးရှင်းဖြစ်စဉ် ပိုမိုမြန်ဆန်ပြီး အရေပြားရင့်ရော်မှုလည်း ပိုမိုမြန်ဆန်တတ်ပါတယ်။

■ လိမ်းဆေးတွေ အလှကုန်ပစ္စည်းတွေဟာ ပျက်စီးသွားပြီးဖြစ်တဲ့ ခန္ဓာကိုယ်တွင်း ကော်လာဂျင်တည်ဆောက်ပုံကို ပြန်လည်ကောင်းမွန်အောင် မပြုပြင်ပေးနိုင်ပါဘူး။

■ သန့်စင်ထားတဲ့ ကာဗိုဟိုက်ဒရိတ် စားသုံးမှုကို လျှော့ချခြင်း၊ နေလောင်ကာခရင်မ်လိမ်းခြင်း၊ ကာဗိုဟိုက်ဒရိတ်များကို အမျှင်ဓာတ်များနဲ့ တွဲဖက်စားသုံးခြင်းတို့က လက်ရှိ ကော်လာဂျင်အဆင့် ထိန်းသိမ်းရာမှာ အထောက်အကူ ပြုပါတယ်။

Source: India Today