#Local_News
Published 21 May 2026
■ ပွင့်ဖြူမြို့နယ်တွင် လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် သစ်ပင်များလဲပြိုကျမှုများနှစ်ရက်ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်းသိရသည်။
■ မေလ၂၁ ရက်နေ့၊ မနက် ၇ နာရီ ၄၀ အချိန်ခန့်က မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် စိုက်ပျိုးရေးသိပ္ပံကျောင်း ဝန်ထမ်းအိမ်ရာပေါ်သို့ သစ်ပင်လဲကျမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
■ အဆိုပါသတင်းရရှိသဖြင့် ပွင့်ဖြူမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
■ အလားတူ မေ(၂၀) ရက်နေ့၊ ညနေ ၄နာရီ၂၅မိနစ် အချိန်ခန့်ကလည်း မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် စိုက်ပျိုးရေး သိပ္ပံကျောင်းရှေ့၊ အ.ထ.က ကျောင်းရှေ့၊ စာတိုက်ရုံးရှေ့တို့တွင် သစ်ပင်များလဲကျ၍ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ရာ ပွင့်ဖြူမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#World_Health
Published 21 May 2026
■ တောင်ကယ်ရိုလိုင်းနား ဆေးတက္ကသိုလ်သုတေသနအရ ငါးကြီးဆီက နှလုံးနဲ့ ဦးနှောက်ကျန်းမာရေးအတွက် ကောင်းကျိုးရှိပေမယ့် အပျော့စားဦးနှောက်ဒဏ်ရာများ ထပ်တလဲလဲဖြစ်ခြင်းကနေ ပြန်လည်သက်သာမှုကိုတော့ ဖုံးကွယ်ထားနိုင်တယ်လို့ ဆိုပါတယ်။
■ အိုမီဂါ-၃ ဖက်တီးအက်ဆစ်တွေက စွယ်စုံကာကွယ်ပေးနိုင်တယ်လို့ ယူဆထားကြပါတယ်။
■ အယ်လ်ဘိုင်ရမ်လေ့လာချက်ထဲမှာ ငါးကြီးဆီဖြည့်စွက်အားဆေးတွေအပေါ် ဦးနှောက်ခံနိုင်ရည်ရှိမှုကို ပထမဆုံး စစ်ဆေးခဲ့တာဖြစ်ပြီး ဇီဝဆိုင်ရာ အာနိသင်များက အခြေအနေ အကြောင်းအရာပေါ် မူတည်နေကြောင်း ဖော်ပြနေပါတယ်။
■ ဒီသုတေသနကို MUSC နဲ့ Cold Spring Harbor Laboratory ဓာတ်ခွဲခန်းမှ ပူးပေါင်းဆောင်ရွက်သူများနဲ့အတူ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဖြည့်စွက်အားဆေးကို အားမပေးတာမျိုးမဟုတ်ဘဲ အာရုံကြောသက်ရောက်မှုများကို နားလည်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
■ ငါးကြီးဆီ ရေရှည်သုံးစွဲခြင်းဟာ ခွဲစိတ်ခန်းထဲက ဦးခေါင်းဒဏ်ရာ အခါခါရထားတဲ့ ကြွက်တွေမှာ အာရုံကြောသွေးကြောများ မတည်ငြိမ်ခြင်း၊ သိရှိမှုစွမ်းရည် ကျဆင်းခြင်းအပါအဝင် နောက်ဆက်တွဲ ထိခိုက်လွယ်ပုံများ မြင်တွေ့ရပါတယ်။
■ EPA အက်ဆစ်က သွေးကြောသစ်ဖြစ်ပေါ်မှု အချက်ပြခြင်းကို တားဆီးပြီး အတွင်းနံရံဆဲလ်များ ကြံ့ခိုင်မှုကို အားနည်းစေကာ ဦးနှောက်ဒဏ်ရာရပြီးနောက် သွေးကြောပြန်လည်ပြုပြင်မှုကို ထိခိုက်စေကြောင်း တွေ့ရပါတယ်။
■ ဦးခေါင်းဒဏ်ရာရောဂါလူနာတွေ ဆုံးပါးပြီးနောက် ဦးနှောက်တစ်ရှူး လေ့လာမှုများအရ EPA နဲ့ ဆက်စပ်ဖက်တီးအက်ဆစ်မျှခြေ ပျက်ယွင်းခြင်း၊ သွေးကြောမတည်ငြိမ်ခြင်းတို့ တွေ့ရှိခဲ့ပါတယ်။
■ ငါးကြီးဆီအာနိသင်တွေက အခြေအနေပေါ် မူတည်ပြီး သတ်မှတ်ထားတဲ့ ကျန်းမာရေးအခြေအနေများနဲ့ ဆက်စပ်ပြီး အိုမီဂါ-၃ ဖြည့်စွက်ဆေးများအပေါ် ပိုမိုတိကျတဲ့ လေ့လာမှုများ ပြုလုပ်ရန် သုတေသီများ တောင်းဆိုနေပါတယ်။
Source: SciTechDaily.
#World_Health
Published 21 May 2026
■ အင်တာနက်မှာ ခေတ်စားနေတဲ့ ကြက်ဥကော်ဖီက ကြက်ဥအနှစ်၊ နို့ဆီ၊ သကြားတို့ဖြင့် ကော်ဖီပြင်းပြင်းလေး ဖျော်ထားတာ ဖြစ်ပါတယ်။
■ ဒါကို ခဏခဏသောက်သုံးရင် ကျန်းမာရေးအန္တရာယ်များ ဖြစ်နိုင်တယ်လို့ အာဟာရပညာရှင် ဒီပါလီရှာမာက သတိပေးပါတယ်။
■ (၁) ကြက်ဥကော်ဖီ ခဏခဏ သောက်သုံးရင် ကြက်ဥအစိမ်းကနေ ဆယ်မွန်နဲလား ကူးစက်နိုင်ပြီး အော့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ဖျားနာခြင်းတို့ ဖြစ်နိုင်ပြီး ကိုယ်ဝန်ဆောင်များ၊ သက်ကြီးရွယ်အိုတွေ အဖြစ်များကာ မကုသဘဲနေပါက ရေဓာတ်ခန်းခြောက်ခြင်း၊ အသက်အန္တရာယ် ပြဿနာများ ဖြစ်နိုင်ပါတယ်။
■ (၂) သကြားနဲ့ အဆီပါဝင်မှု မြင့်မားခြင်းကြောင့် ကယ်လိုရီများပြီး ကိုယ်အလေးချိန်တက်ခြင်း၊ အင်ဆူလင်ယဉ်ပါးခြင်း၊ ဇီဝဖြစ်စဉ်ရောဂါများ ဖြစ်နိုင်ပါတယ်။
■ (၃) ကြက်ဥအနှစ်က ကိုလက်စထရော ကြွယ်ဝပေမယ့် နှလုံးရောဂါ၊ ဆီးချို၊ အချို့သောရောဂါများ ရှိရင်တော့ အကန့်အသတ်သာ စားသုံးသင့်ပါတယ်။
■ (၄) ကြက်ဥအစိမ်းကို ချေဖျက်ရာမှာ တစ်ဦးနဲ့တစ်ဦး မတူကြဘဲ အချို့က မူးဝေခြင်း၊ ဗိုက်မကောင်းခြင်းတို့ ဖြစ်နိုင်သလို အက်ဆစ်လျှံတက်ခြင်းတို့ ဖြစ်နိုင်ပါတယ်။
■ (၅) ကော်ဖီမှာ ကဖင်းဓာတ်အဓိကပါဝင်တာကြောင့် သောက်တာများလွန်းရင် နှလုံးခုန်နှုန်းမြန်ခြင်း၊ နှလုံးလှပ်ခြင်း၊ အိပ်မပျော်ခြင်း၊ ပူပန်ခြင်းတို့ ခံစားရနိုင်ပါတယ်။
■ ကြက်ဥကော်ဖီက ရံဖန်ရံခါ သောက်သုံးသင့်ပေမယ့် နေ့စဉ်တော့ မသောက်သုံးသင့်ဘူးလို့ ရှာမာက သတိပေးထားပါတယ်။
Source: NDTV.
၁၈ ကြိမ်မြောက် တရုတ်နိုင်ငံတကာ ဘက်ထရီပြပွဲမှာ တရုတ်ဘက်ထရီထုတ်လုပ်ရေးတွေက ဆန်းသစ်ထူးခြားတဲ့နည်းပညာများ၊ ကုန်ပစ္စည်းများဖြင့် အာရုံစူးစိုက်မှုခံနေရပါတယ်။
#World_Technology
Published 20 May 2026
#ဘက်ထရီ # တရုတ်နိုင်ငံ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 20 May 2026
၁။ ခေတ်ကာလနှင့် လျော်ညီသည့်ပင်လယ်ငါးလုပ်ငန်းဥပဒေ(မူကြမ်း)ရေးဆွဲနေ
၂။ လိုင်စင်မရှိဘဲ ငွေရေးကြေးရေးအဖွဲအစည်းများထူထောင်လုပ်ကိုင်ပါက ပုဒ်မ (၁၇၁)အရအရေးယူမည်
၃။ စိုက်ဧကပေါင်း (၈၈၀၀၀) တွင် GAPစနစ်ဖြင့် စိုက်ပျိုးရန်လျာထား
၄။ ထူးခြားဆန်းသစ်သည့်ဘက်ထရီနည်းပညာများ တရုတ်နိုင်ငံတကာဘက်ထရီပြပွဲ၌ပြသ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ပြောင်းလဲလာတဲ့ ခေတ်ကာလနဲ့ လျော်ညီတဲ့ ပင်လယ်ငါးလုပ်ငန်းဥပဒေ(မူကြမ်း) ကိုရေးဆွဲနေတယ်လို့ ယမာန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမမှာကျင်းပတဲ့ ပင်လယ်ငါးလုပ်ငန်း ဥပဒေ(မူကြမ်း)နဲ့စပ်လျဉ်းတဲ့ ညှိနှိင်းအစည်းအဝေးကသိရပါတယ်။
#Local_News
Published 20 May 2026
#ပင်လယ်ငါးလုပ်ငန်းဥပဒေ
#YMG/NN #Yangon_Times
ဗဟိုဘဏ်က ထုတ်ပေးထားတဲ့လိုင်စင်မရှိဘဲ ငွေရေးကြေးရေးအဖွဲအစည်းများထူထောင်လုပ်ကိုင်ပါက ပုဒ်မ ၁၇၁ အရအရေးယူသွားမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။
#Local_News
Published 20 May 2026
#လိုင်စင် #မြန်မာနိုင်ငံတော်ဗဟိုဘဏ်
#YMG/SW #Yangon_Times
မကွေးတိုင်းဒေသကြီးမှာအခု ၂၀၂၆ -၂၀၂၇ ဘဏ္ဍာနှစ် စိုက်ပျိုးရာသီအတွင်း GAP စနစ်နဲ့ စိုက်ဧကပေါင်း (၈၈၀၀၀) စိုက်ပျိုးနိုင်ဖို့ လျာထားဆောင်ရွက်နေတယ်လို့ မကွေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနကနေ သိရပါတယ်။
#Local_News
Published 20 May 2026
#မကွေးတိုင်းဒေသကြီး #GAP
#YMG/NN #Yangon_Times
မြန်မာ့ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့စေဖို့အတွက် အပြည်ပြည်ဆိုင်ရာခရီးသွားပြပွဲကို ဇွန် ၁၃ ရက်နဲ့ ၁၄ ရက်တို့မှာ ရန်ကုန်မြို့ရှိ Sedona Hotel မှာ ကျင်းပသွားမယ်လို့မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှသိရပါတယ်။
#Local_News
Published 20 May 2026
#အပြည်ပြည်ဆိုင်ရာခရီးသွား
#YMG/SW #Yangon_Times
#World_News
Published 20 May 2026
■ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တရုတ်သို့ လာရောက်လည်ပတ်ပြီး တစ်ပတ်မရှိသေးခင်မှာပဲ တရုတ်သမ္မတ ရှီကျင့်ဖျင်က မိတ်ဆွေဟောင်းကြီး ရုရှားသမ္မတ ဗလာဒီမာပူတင်ကို လက်ခံတွေ့ဆုံသွားဖို့ စီစဉ်နေပါတယ်။
■ ကမ္ဘာတဝှမ်း ကုန်သွယ်ရေးတင်းမာမှုတွေ၊ စစ်ပွဲတွေ၊ စွမ်းအင်အကျပ်အတည်းတွေကြောင့် တုန်လှုပ်နေရချိန်မှာ တရုတ်ကတော့ တည်ငြိမ်တဲ့ အင်အားကြီးနိုင်ငံတစ်ခုအဖြစ် ရှိနေအောင် ပုံဖော်နေတာ ဖြစ်ပါတယ်။
■ တရုတ်က ကမ္ဘာ့နိုင်ငံရေးမှာ ကြားနေအဖြစ် ပုံဖော်နေပေမယ့် ပူတင်က အနောက်တိုင်း ဒဏ်ခတ်ပိတ်ဆို့မှုတွေအပေါ် ဆန့်ကျင်ပြီး တရုတ်နဲ့ အပြန်အလှန် ထောက်ပံ့ရေးကို အလေးပေးပြောဆိုနေပါတယ်။
■ အမေရိကန်က ယူကရိန်းစစ်ပွဲအဆုံးသတ်ရေး ရုရှားကို ဖိအားပေးဖို့ တရုတ်ကို တောင်းဆိုနေပေမယ့် ယခုခရီးစဉ်ကတော့ တရုတ်နဲ့ ရုရှားကြား ခိုင်မာတဲ့ဆက်ဆံရေးကို ညွှန်ပြနေပါတယ်။
■ အမေရိကန်က ယင်းအင်အားကြီးနှစ်နိုင်ငံကို ခွဲခြားဖို့ ကြိုးစားနေပေမယ့် ယခုတွေ့ဆုံမှုက ယင်းတို့ရဲ့ ဆက်ဆံရေးခိုင်မြဲကြောင်း သက်သေပြနေပါတယ်။
■ ပူတင်က Power of Siberia 2 ပိုက်လိုင်း ညှိနှိုင်းရေးအပါအဝင် တရုတ်နဲ့ စွမ်းအင်ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးပမ်းနေပါတယ်။
■ တရုတ်က ရုရှားရေနံ အများဆုံးဝယ်ယူသူ ဖြစ်နေဆဲဖြစ်ပြီး တရုတ်ယွမ်ငွေဖြင့် ပေးချေလာပါတယ်။
■ တရုတ်က ရုရှားကို စီးပွားရေး၊ သံတမန်ရေး ထောက်ပံ့မှုများ ပေးနေသလို အနောက်တိုင်းနိုင်ငံတွေနဲ့လည်း သံတမန်ရေး ညီညွတ်မျှတအောင် ပြုမူနေပါတယ်။
Source: Reuters
#Local_News
Published 20 May 2026
■ မြန်မာ-တရုတ် ရင်းနှီးမြှပ်နှံမှုနှင့်ကုန်သွယ်မှုမြှင့်တင်ရေးအသင်း MCITP က ကြီးမှူးကျင်းပသည့် မြန်မာ-တရုတ် စီးပွားရေး မိတ်ဖက်ချိတ်ဆက်ပွဲ Business Matching ကို မေ ၁၈ရက်မနက်က တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဟေလုံကျန်းပြည်နယ်ဟာဘင်းမြို့ ရှန်ဂရီလာဟိုတယ်တွင်ကျင်းပခဲ့သည်။
■ အခမ်းအနားသို့ မြန်မာ-တရုတ် ရင်းနှီးမြှပ်နှံမှုနှင့်ကုန်သွယ်မှုမြှင့်တင်ရေးအသင်း MCITP ၏ နာယက ဦးအေးဝင်း၊ ဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့် အမှုဆောင်များ၊မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက် ကြ ပြီး ဟေလုံးကျန်းပြည်နယ် နိုင်ငံခြားရေးဌာန ဒုတိယညွှန်ကြားရေးမှူး Zhang Yu ၊ ပြည်နယ်ပါတီကော်မတီ စည်းလုံးညီညွတ်ရေးဌာန ဒုတိယညွှန်ကြားရေးမှူးနှင့် ပြည်နယ် စက်မှုလက်မှုနှင့်ကူးသန်းရောင်းဝယ်ရေး အဖွဲ့ချုပ်အတွင်းရေးမှူး မစ္စတာရှာလျန်းနှင့် ပြည်နယ်အဆင့် အစိုးရဌာနအကြီးအကဲများ၊ စီးပွားရေးကုမ္ပဏီများမှလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
■ အခမ်းအနားတွင် အသင်းနာယကဦးအေးဝင်း၊ အသင်းဥက္ကဋ္ဌ ဦးကျော်ဝင်းတို့က နှုတ်ခွန်းဆက် အမှာစကားများပြောကြားကြပြီး ဟေလုံကျန်းပြည်နယ် နိုင်ငံခြားရေးဌာန ဒုတိယညွှန်ကြားရေးမှူး Zhang Yu နှင့် ပြည်နယ် စက်မှုလက်မှုနှင့်ကူးသန်းရောင်းဝယ်ရေး အဖွဲ့ချုပ် အတွင်းရေးမှူး မစ္စတာရှာလျန်းတို့ကအမှာစကားပြောကြားသည်။
■ ထို့နောက် အသင်းအကြံပေး ဒေါက်တာဇော်ဦးက မြန်မာနှင့်တရုတ် ရင်းနှီးမြှပ်နှံမှုနှင့်ကုန်သွယ်မှုအခွင့်အလမ်းများကို ရှင်းလင်းဆွေးနွေးတင်ပြသည်။
■ အစီအစဉ်အရ မြန်မာလုပ်ငန်းရှင်များနှင့် ဟေလုံကျန်းပြည်နယ်မှ တရုတ်စီးပွားရေးလုပ်ငန်းရှင်များသည် မိတ်ဖက်ပူးပေါင်းဆောင်ရွက်နိုင်မည့် စီးပွားရေးအခွင့်အလမ်းများ ချိတ်ဆက်နိုင်ရေး ဆက်လက်ဆွေးနွေးကြသည်။
■ အဆိုပါအခမ်းအနားတွင် ဟေလုံကျန်းပြည်နယ်မှ မြန်မာနိုင်ငံထွက် စိန်တလုံးသရက်သီး တန်ချိန် တစ်ထောင်နှင့် ရာဘာတန်ချိန်တစ်ထောင် ဝယ်ယူနိုင်ရေးအတွက် နားလည်မှုစာချွန်လွှာတစ်ခုကိုရေးထိုးနိုင်ခဲ့ကြောင်းလည်းသိရသည်။
#World_Health
Published 20 May 2026
■ အပူချိန်ပူပြင်းလာတဲ့အခါ နေထိတွေ့မှု၊ ရေဓာတ်ခန်းခြောက်ခြင်း၊ ချွေးထွက်ခြင်းတို့ ရင်ဆိုင်လာရပြီး အရေပြားအကာအကွယ် ထိခိုက်စေပါတယ်။
■ အဲကွန်းအသုံးပြုလာကြပေမယ့်လည်း အရေပြားပြဿနာတွေ ရှိနေဆဲလို့ အိန္ဒိယမှ ရနံ့ကုထုံးနဲ့ အရေပြားထိန်းသိမ်းမှု ပညာရှင် ဘလော့ဆွန်ကိုချာက ပြောပါတယ်။
■ အဲကွန်းနဲ့ ပန်ကာတွေက လေထဲက စိုစွတ်မှုကို ဖယ်ရှားပြီး ချွေးထွက်မယ့်အစား ရေဓာတ်ခန်းခြောက်စေပါတယ်။
■ ထိုကနေ အရေပြားအကာအကွယ် အားနည်းသွားပြီး ယားယံခြောက်သွေ့ခြင်း၊ ကွဲအက်ခြင်းတို့ ဖြစ်စေပါတယ်။
■ အရေပြားမှာ ရေဓာတ်ပြန်ရဖို့အတွက် ရေဓာတ်ပါတဲ့ ဂျယ်လိမ်းဆေးကို လိမ်းပေးသင့်တယ်လို့ ဆိုပါတယ်။
■ နွေရာသီမှာ အသားအရေ ထိန်းသိမ်းမှုအနေနဲ့ ရေဓာတ်ဖြည့်ပေးရမှာဖြစ်သလို နေကာလိမ်းခရင်မ်၊ ဂျယ်၊ စိုစွတ်ရည်၊ ဆီရမ်တို့ မဖြစ်မနေ အသုံးပြုသင့်ပါတယ်။
■ ရေဓာတ်ပါတဲ့ ပစ္စည်းတွေ အရင်အသုံးပြုသင့်ပြီး နောက်မှ ခရင်မ်တွေ အသုံးပြုသင့်ပါတယ်။
■ အစားအသောက်နဲ့ ရေဓာတ်ဖြည့်ခြင်းက နွေရာသီမှာ အရေပြားကျန်းမာဖို့ မဖြစ်မနေ လိုအပ်ပါတယ်။
■ ခြောက်သွေ့မှုမှ ကာကွယ်ဖို့နဲ့ ဝင်းလက်နေစေဖို့ နေ့စဉ် အနည်းဆုံး ရေ ၆-၈ ခွက်ခန့် သောက်သင့်ပြီး အရွက်သုပ်၊ ဟင်းရွက်များ၊ ဒိန်ချဉ်၊ ဖျော်ရည်တို့ စားသုံးပေးသင့်ပါတယ်။
■ ခေါင်းအုံးစွပ်တွေ ညစ်ပတ်ရင် ချွေးတွေ၊ အဆီတွေ၊ ဘက်တီးရီးယားတွေ ပုန်းအောင်းနိုင်ပြီး ဝက်ခြံဖြစ်စေနိုင်တာကြောင့် ပုံမှန်လဲပေးသင့်သလို ချွေးတွေ၊ နေကာခရင်မ်တွေ၊ အညစ်အကြေးတွေကို ညဘက်မှာ သန့်စင်ဖယ်ရှားသင့်ပါတယ်။
Source: India Today
Page 83 of 2053