#World_Health
Published 18 May 2026
■ နောက်ကျမှ အစားစားခြင်းဟာ အစာခြေမှု ဆိုးရွားစေပြီး ဝမ်းဗိုက်ပြဿနာတွေ ပိုဆိုးစေနိုင်တယ်လို့ သုတေသနအသစ်မှာ တွေ့ရှိထားပါတယ်။
■ အူလမ်းကြောင်း ကျန်းမာရေးနဲ့ ပြဿနာတွေနဲ့ပတ်သက်လာရင် အစားစားချိန်ကို ထည့်သွင်းစဉ်းစားဖို့ လိုပါပြီ။
■ သုတေသီတွေက လူပေါင်း ၁၁,၀၀၀ ကျော်ထံမှ ကျန်းမာရေး အချက်အလက်တွေကို ဆန်းစစ်ခဲ့ပါတယ်။
■ ကိုယ်အလေးချိန်၊ ကိုလက်စထရော၊ သွေးပေါင်ချိန်တို့ဖြင့် တိုင်းတာပြီး ရေရှည်ဖိစီးမှု မြင့်မားသူတွေဟာ ည ၉ နာရီနောက်ပိုင်း ကယ်လိုရီအများအပြား စားပါက ဝမ်းဗိုက်ပြဿနာ ဖြစ်နိုင်ခြေ ပိုများပါတယ်။
■ အစောပိုင်းစားတဲ့သူတွေထက် ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်း စတဲ့ပြဿနာတွေ ဖြစ်နိုင်ခြေ ၁.၇ ဆပိုများတာ တွေ့ရပါတယ်။
■ နောက်ထပ် လူပေါင်း ၄,၀၀၀ ကျော်ကို လေ့လာရာမှာ အလားတူတွေ့ရှိချက် ဖြစ်ခဲ့ပြီး ဖိစီးမှုများသူတွေ နောက်ကျမှ စားသူတွေဟာ အစာခြေပြဿနာဖြစ်နိုင်ခြေ ၂ ဆခွဲလောက် ပိုများပါတယ်။
■ အူလမ်းကြောင်း ပိုးမွှားသတ္တဝါ အမျိုးအစား လျော့နည်းနိုင်ပြီး အူလမ်းကြောင်း-ဦးနှောက်ဝင်ရိုးကို သက်ရောက်စေကာ ဦးနှောက်နဲ့ ပိုးမွှားများကြား ဆက်သွယ်မှု ချို့ယွင်းစေနိုင်ပါတယ်။
■ ဒီဆက်သွယ်မှုတွေက ခန္ဓာကိုယ်တွင်း စက်ဝန်းလည်ပတ်မှုက ဇီဝကမ္မဖြစ်စဉ်ကို ဘယ်လိုသက်ရောက်နိုင်လဲဆိုတာကို အထောက်အကူ ဖြစ်စေနိုင်ပါတယ်။
■ ဒီလိုကျန်းမာရေးပြဿနာတွေ ဖြစ်တတ်ပေမယ့် လူအများစုက နောက်ကျမှ စားလေ့ရှိပါတယ်။
■ ပုံမှန်စားသင့်ချိန်မှာ စားပေးခြင်း၊ နောက်ကျတဲ့အခါ လျှော့စားခြင်း၊ ဖိစီးမှုထိန်းချုပ်ခြင်း စတဲ့ပြောင်းလဲမှုများဖြင့် အစာခြေစနစ် ကောင်းမွန်လာစေနိုင်မှာ ဖြစ်ပါတယ်။
Source: India Today.
ယခုမေလဆန်းပိုင်းမှစ၍ ကြက်သွန်ဖြူဈေးနှုန်းများ ဆက်တိုက်မြင့်တက်လာတယ်လို့ဘုရင့်နောင်ကုန်စည်ဒိုင်မှသိရပါတယ်။
#Local_News
Published 17 May 2026
# ကြက်သွန်ဖြူ
#YMG/SW #Yangon_Times
#World_Health
Published 17 May 2026
■ တစ်ညလောက် မအိပ်မိတဲ့အခါ ဦးခေါင်းနောက်ခြင်း၊ တုံ့ပြန်မှုနှေးခြင်း၊ ထူးခြားတဲ့ခံစားမှုတွေ ဖြစ်တတ်ပြီး အာရုံစူးစိုက်မှု၊ မှတ်ဉာဏ်၊ ဆုံးဖြတ်ချက်ချခြင်းတို့အတွက် ဦးနှောက်ပင်မလုပ်ငန်းစဉ်များကို နှောင့်ယှက်စေတယ်လို့ ကျွမ်းကျင်သူတွေ ပြောပါတယ်။
■ အိပ်ရေးပျက်ပါက ဟစ်ပိုကမ်းပတ်စ်နေရာနဲ့ အာရုံစူးစိုက်မှုတို့ ချို့ယွင်းစေကာ ဦးနှောက်လုပ်ဆောင်ချက် ကျဆင်းနိုင်ပါတယ်။
■ ဒီလိုပြဿနာတွေက နေ့စဉ်လုပ်နေတဲ့ လုပ်ငန်းဆောင်တာတွေမှာ ချက်ချင်းသက်ရောက်စေပြီး တစ်ညလောက် မအိပ်လျှင်ပင် ဆဲလ်စွန့်ပစ်ပစ္စည်း ရှင်းလင်းနိုင်စွမ်း ထိခိုက်စေကာ ဦးနှောက်လုပ်ဆောင်ချက်အမြန်နှုန်း နှေးသွားပါတယ်။
■ အိပ်ရေးပျက်ခြင်းကြောင့် အာရုံကြောထောက်ပို့ပစ္စည်း မျှခြေ၊ ဇီဝစွန့်ပစ်ရှင်းလင်းမှုတို့ နှောင့်ယှက်ပြီး ဖိစီးမှုဟော်မုန်းတွေ တိုးလာစေပါတယ်။
■ ထိုကနေ ကျိုးကြောင်းချင့်ချိန်နိုင်စွမ်း၊ စူးစိုက်နိုင်စွမ်း၊ မှတ်ဉာဏ်ကွန်ရက်တို့ ချို့ယွင်းစေနိုင်ပါတယ်။
■ အိပ်ရေးပျက်ရာကနေ ဦးနှောက်ဆဲလ်ချိတ်ဆက်မှု ယိုယွင်းခြင်း၊ စူးစိုက်မှုလွဲချော်ခြင်း၊ အလိုအလျောက် လုပ်နိုင်တဲ့အလုပ်တွေကို သတိထားလုပ်နေရခြင်းတို့ ဖြစ်လာနိုင်ပါတယ်။
■ အားအင်လျော့နည်းလာပြီး ဦးနှောက်အသိဉာဏ် ထိုင်းမှိုင်းခြင်း၊ ဟော်မုန်းမညီမျှခြင်း၊ ရုတ်တရက်နွမ်းနယ်ခြင်း၊ အမှားများခြင်းတို့ ဖြစ်လာနိုင်ပါတယ်။
■ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလုပ်ခြင်းတို့ဖြင့် အာရုံကြောစနစ် ပြန်လည်ကောင်းမွန်စေပြီး အိပ်ရေးပျက်ရာကနေ ပြန်လည်သက်သာနိုင်ပါတယ်။
■ အိပ်ချိန်ပြန်ဖြည့်ခြင်း၊ တရေးအိပ်ခြင်း၊ ရေဓာတ်ဖြည့်ခြင်း၊ နေ့အလင်းရောင် ထိတွေ့ခြင်းတို့ ပြုလုပ်နိုင်ပါတယ်။
■ အိပ်ချိန်ပုံမှန်ပြန်ဖြစ်အောင် ပြုလုပ်ခြင်းက ဦးနှောက်အသိဉာဏ် စူးစိုက်မှုနဲ့ ဟန်ချက်တို့ ပြန်လည်ကောင်းမွန်စေရန် အထိရောက်ဆုံးနည်းလမ်း ဖြစ်ပါတယ်။
Source: Indian Express
#World_Health
Published 17 May 2026
■ ကဖင်းဓာတ် ပါပါ မပါပါ ကော်ဖီသောက်ခြင်းဟာ အူလမ်းကြောင်းထဲက ဘက်တီးရီးယားတွေကို ပြောင်းလဲပေးနိုင်ပြီး စိတ်အခြေအနေနဲ့ ဦးနှောက်စွမ်းအားတို့ကို မြှင့်တင်ပေးနိုင်တယ်လို့ လေ့လာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။
■ APC Microbiome Ireland မှ သုတေသီတွေက ကဖင်းပါတဲ့ ကော်ဖီရော ကဖင်းမပါတဲ့ ကော်ဖီကပါ အူလမ်းကြောင်း ပိုးမွှားတွေကို ပြောင်းလဲပေးပြီး စိတ်အခြေအနေ မြှင့်တင်ပေးကာ ဖိစီးမှုတွေကို လျှော့ချပေးသလို ဦးနှောက်အသိဉာဏ် စွမ်းဆောင်ရည် ထက်မြက်စေတယ်လို့ တွေ့ရှိထားပါတယ်။
■ ကော်ဖီရဲ့ ရှုပ်ထွေးတဲ့ ဓာတ်တွေက အူလမ်းကြောင်း ပိုးမွှားများ၊ ဇီဝဖြစ်စဉ်၊ စိတ်ပိုင်းဆိုင်ရာတို့နဲ့ အပြန်အလှန် သက်ရောက်စေတယ်လို့ APC မှ ဂျွန်ခရီယန်က ပြောပါတယ်။
■ အူလမ်းကြောင်း-ဦးနှောက်ဝင်ရိုးကို အဓိကလေ့လာပြီး ကဖင်းဓာတ် ပါပါ မပါပါ သက်ရောက်စေလားဆိုတာကို ဆန်းစစ်ခဲ့ကြပါတယ်။
■ သုတေသီတွေက ကော်ဖီပုံမှန်သောက်သုံးသူတွေနဲ့ ကော်ဖီမသောက်သူတွေကို နှစ်ပတ်တာ စောင့်ကြည့်လေ့လာခဲ့ပါတယ်။
■ ထိုအခါမှာ ကဖင်းဓာတ် ပါသည်ဖြစ်စေ ကဖင်းဓာတ်မပါတဲ့ ကော်ဖီဖြစ်စေ အူလမ်းကြောင်းဘက်တီးရီးယား လှုပ်ရှားမှု သိသိသာသာ ပြောင်းလဲစေခြင်း၊ ဖိစီးမှု စိတ်ဓာတ်ကျခြင်းတို့ အဖြစ်နည်းခြင်း၊ ပုံမှန်သောက်သုံးပါက စိတ်အခြေအနေနဲ့ အာရုံစူးစိုက်မှု တိုးတက်စေခြင်း၊ ပူပန်စိတ်နဲ့ ရောင်ရမ်းခြင်းတို့ လျှော့ချပေးခြင်း၊ သင်ယူလေ့လာခြင်းနဲ့ မှတ်ဉာဏ်တို့ ထက်မြက်လာခြင်း၊ အစာခြေခြင်းနဲ့ စိတ်ခံစားမှုတို့ ကောင်းမွန်လာခြင်း စတဲ့အကျိုးကျေးဇူးတွေ တွေ့ရပါတယ်။
■ ကဖင်းဓာတ်ထက်စာရင် ပိုလီဖီနောလိုမျိုး ဒြပ်ပေါင်းတွေက ဒီလိုအကျိုးကျေးဇူးတွေ ပေးစွမ်းနိုင်တာဖြစ်မယ်လို့ ယူဆနေကြပါတယ်။
Source: Inc
အီရန်သမ္မတ မာဆုဒ်ပက်ဇက်ရှ်ကီယန်က နိုင်ငံ့ခေါင်းဆောင် မော့တာဘာခါမေနီနဲ့ အချိန်ကြာမြင့်စွာ ဆွေးနွေးခဲ့တယ်လို ဗုဒ္ဓဟူးနေ့ကပြောပါတယ်။
#World_Politics
Published 16 May 2026
#အီရန်ခေါင်းဆောင်ကြီး #အီရန်သမ္မတ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 16 May 2026
၁။ အိုလံပစ်နေ့အထိမ်းအမှတ် နိုင်ငံတကာမြင်းစီးအားကစားပြိုင်ပွဲ ကျင်းပမည်
၂။ ပြည်သူ့အတွက်ရက်(၁၀၀)စီမံချက်တွင် ပျားရည်ပေါင်(၁၀၀၀)ကိုထုတ်လုပ်ပေးသွားမည်
၃။ ပဲတီစိမ်းစိုက်ဧက(၁,၀၀၀)ခန့်ကို မြန်မာGAP အသိအမှတ်ပြုလက်မှတ်များပေးအပ်
၄။ အီရန်ခေါင်းဆောင်ကြီးနှင့်အချိန်ကြာမြင့်စွာဆွေးနွေးပြောဆိုခဲ့သည်ဟု အီရန်သမ္မတပြော... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၂၀၂၆ ခုနှစ် အိုလံပစ်နေ့အထိမ်းအမှတ် နိုင်ငံတကာမြင်းစီးအားကစားပြိုင်ပွဲ ကို လာမယ့် ဇွန်လအတွင်း ရန်ကုန်မြို့မှာ ကျင်းပသွားမယ်လို့
မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ် ကသိရပါတယ်။
#Local_News
Published 16 May 2026
#အိုလံပစ်နေ့ #မြင်းစီးအားကစားပြိုင်ပွဲ
#YMG/NN #Yangon_Times
ကရင်ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေနဲ့ ပြည်သူ့အတွက်ရက်(၁၀၀)စီမံချက်တွင် မိတ်အောင် ပျားဘုရင်မ(၁၀၀)ကောင်၊ ပျားရည်(၁၀၀၀)ပေါင်ကိုထုတ်လုပ်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။
#Local_News
Published 16 May 2026
#ပျားရည်
#YMG/SW #Yangon_Times
ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်ရှိ ပဲတီစိမ်း ဧက ၁,၀၀၀ ခန့်အပါအဝင် ဆလပ်ရွက် တောင်သူတွေကို မြန်မာ GAP အသိအမှတ်ပြုလက်မှတ်များပေးအပ်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 16 May 2026
#ပဲတီစိမ်း #GAP
#YMG/NN #Yangon_Times
#Local_News
Published 16 May 2026
■ ရန်ကုန်နှင့်တိုင်း၊ပြည်နယ်ခုနှစ်ခု၌ မိုးတိမ်တောင်များဖြစ်ထွန်းလျှက်ရှိရာ ၎င်းမိုးတိမ်တောင် ရွေ့လျားရာတစ်လျှောက်၌ မိုးသက်လေပြင်းတိုက်ခတ်နိုင် ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့မနက်ပိုင်းထုတ်ပြန်ချက်အရသျရသည်။
■ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက် ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုထားသည်။
■ ထို့အပြင် ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းနှင့်ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတို့တွင်ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area) သည် ဆက်လက်တည်ရှိနေကြောင်း သိရသည်။
■ ယနေ့ညနေအထိခန့်မှန်းချက်မှာမကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ချင်းပြည်နယ်နှင့် ရခိုင် ပြည်နယ်တို့တွင် နေရာကွက်ကျား၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်းသိရသည်။
■ နောက် ၂ ရက်အတွက်ခန့်မှန်းချက်များမှာ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးဆက်လက်ပိုနေ မည်ဖြစ်ပြီးနေပြည်တော်နှင့်အနီးတစ်ဝိုက် ၊မန္တလေးမြို့နှင့်အနီးတစ်ဝိုက် ၊ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိခန့်မှန်းချက်မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#World_News
Published 16 May 2026
■ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်သို့ လာရောက်လည်ပတ်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်ကို နှစ်ရက်ကြာအောင် ချီးမွမ်းပြောဆိုခဲ့ပေမယ့် အီရန်စစ်ပွဲအဆုံးသတ်ရေးအတွက်တော့ အကူအညီတွေ မရရှိခဲ့ဘဲ တရုတ်ကနေ ပြန်လာခဲ့ပါတယ်။
■ ထရမ့်ရဲ့ ယခုခရီးစဉ်က ၂၀၁၇ နောက်ပိုင်း အမေရိကန်သမ္မတတစ်ဦးအနေဖြင့် ပထမဆုံးအကြိမ် လာရောက်တာဖြစ်ပြီး နိုဝင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ ထောက်ခံမှုကျဆင်းနေခြင်းကို မြှင့်တင်ဖို့ရည်ရွယ်ချက် ဖြစ်ပါတယ်။
■ ထရမ့်ဖိတ်ကြားချက်ဖြင့် ရှီကျင့်ဖျင်က လာမယ့်ဆောင်းဦးမှာ အမေရိကန်သို့ လာရောက်လည်ပတ်မှာ ဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောပါတယ်။
■ တံခါးပိတ်ဆွေးနွေးမှု ပြုလုပ်ခဲ့ရာမှာ တရုတ်ရဲ့ အဓိကအရေးကိစ္စဖြစ်တဲ့ ထိုင်ဝမ်အရေးကို ကိုင်တွယ်ပုံလွဲချော်မယ်ဆိုရင် ပဋိပက္ခတွေအထိ ဖြစ်လာနိုင်တယ်လို့ ထရမ့်က ပြတ်ပြတ်သားသား သတိပေးခဲ့ပါတယ်။
■ ရှီကျင့်ဖျင်ကတော့ ထိုင်ဝမ်လွတ်လပ်ရေးကို ဆန့်ကျင်ကြောင်း၊ အမေရိကန်က ထိုင်ဝမ်ကို လက်နက်ရောင်းချရေး မကြာမီဆုံးဖြတ်သွားမှာဖြစ်ကြောင်း ထရမ့်က ပြောပါတယ်။
■ ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ရေးနဲ့ အရှေ့အလယ်ပိုင်းရေနံတွေအပေါ် တရုတ်မှီခိုမှုလျှော့ချရေးတို့ ဆွေးနွေးခဲ့ကြပေမယ့် သေချာရေရာတဲ့ ကတိတွေတော့ မရခဲ့ပါဘူး။
■ အမေရိကန်က လယ်ယာကုန်ထွက် ရောင်းဝယ်ရေးနဲ့ ဘိုးအင်းလေယာဉ် ရောင်းချရေးတို့အကြောင်း စကားစခဲ့ပေမယ့် သိပ်အဆင်မပြေခဲ့ပါဘူး။
■ အပြန်အလှန် အခွန်စည်းကြပ်မှု လျှော့ချရေး မူဘောင်အသစ် ပြောခဲ့ပေမယ့် စီးပွားရေး ပြန်လည်ဖွဲ့စည်းမှုတွေတော့ မရခဲ့ပါဘူး။
■ မြေရှားသတ္တုပြဿနာကလည်း မပြေလည်ခဲ့သလို အခွန်နဲ့ တင်ပို့ကုန်ထိန်းချုပ်ရေး သဘောတူညီချက်ကိုလည်း သက်တမ်းတိုးချဲ့ခြင်း မရှိခဲ့ပါဘူး။
Source: Reuters
#Local_News
Published 16 May 2026
■ ဈေးကွက်အတွင်းတွေ့ရှိရသော အမျိုးသားများအသုံးပြုသည့် ပြည်တွင်းထုတ်တိုင်းရင်းဆေး (၆) မျိုးကို အနောက်တိုင်းဆေးနှင့်ရောနှောထားသဖြင့် စံမညီသောဆေးဖြစ်သည်ဟု ပြောပြီး သုံးစွဲရန်မသင့်ကြောင်းကျန်းမာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။
■ အဆိုပါ ဆေးဝါးများမှာ ဆင်ပြောင်ကြီးအမှတ်တံဆိပ် အမျိုးသားအကြောအားတိုးဆေး၊ နတ်စည်းစိမ်အမှတ်တံဆိပ် အမျိုးသားအားတိုးဆေး၊ ဇော်ဂျီလက်စွဲ အမှတ်တံဆိပ်အကြောအားတိုးဆေး၊ တောင်ကြာပန်းအမှတ်တံဆိပ် အမျိုးသားအားတိုးဆေးနှင့် ဘီလူးငါးကောင်အမှတ်တံဆိပ် အမျိုးသားအားဆေးတို့ဖြစ်ကြသည်။
■ ၎င်းဆေးဝါးများသည် တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် တိုင်းရင်း ဆေးဝါး ထုတ်လုပ်ခွင့်လိုင်စင်ရရှိထားသော်လည်း ဈေးကွက်တွင် တိုင်းရင်းဆေးဝါး မှတ်ပုံတင်စဉ်က ဖော်ပြထားသော ဆေးဖုံ၊ ဖော်စပ်နည်းနှင့်အညီမဟုတ်ဘဲ ဖော်စပ်ထားသော တိုင်းရင်းဆေးဝါး (စံမညီတိုင်းရင်းဆေးဝါး) ဖြစ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးစမ်းသပ်ချက်အရ အနောက်တိုင်းဆေးများ ရောနှောပါဝင်ခြင်း၊ သတ်မှတ်ချက်(၁၀) ချက်ပြည့်စုံ မှန်ကန်မှုမရှိခြင်းနှင့် Double X အမှတ်တံဆိပ် အမျိုးသားအားတိုးဆေးသည် တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့် လိုင်စင် ခွင့်ပြုထားမှုမရှိခြင်း၊ ဓာတ်ခွဲစစ်ဆေးစမ်းသပ်ချက်အရ အနောက်တိုင်းဆေးများ ရောနှောပါဝင်နေသည်ကို စစ်ဆေးတွေ့ရှိရသည်ဟုဆိုသည်။
■ သို့ဖြစ်သဖြင့် ဖော်ပြပါတိုင်းရင်းဆေးဝါးများသည် စစ်မှန်အစွမ်းထက်မှုကို အာမခံချက် မပေးနိုင်သောကြောင့် အများပြည်သူများ သုံးစွဲရန်မသင့်လျော်ကြောင်း အသိပေးထားသလို တိုင်းရင်းဆေးဝါးထုတ်လုပ်ဖြန့်ဖြူးသည့် လုပ်ငန်းများနှင့် ဆေးဝါးရောင်းချသည့်ဆေးဆိုင်များအနေဖြင့် တိုင်းရင်းဆေးပညာဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးများ၊ ဆေးဝါးအတုများ၊ စံမညီတိုင်းရင်းဆေးဝါးများ၊ အများပြည်သူသုံးစွဲရန်မသင့်ကြောင်း ကြေညာထားသည့် တိုင်းရင်းဆေးဝါးများ တင်သွင်းဖြန့်ဖြူးရောင်းချခြင်းများကို ကျင့်ဝတ်(Ethic)အရ လုံးဝ(လုံးဝ) မပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက တိုင်းရင်းဆေးဝါးဥပဒေပုဒ်မ (၃၁)၊ (၃၂) အရ တရားစွဲဆိုအရေးယူမည်ဖြစ်ကြောင်းလည် အသိပေးထားကြောင်းသိရသည်။
#YMG/NN #Yangon_Times
Page 86 of 2053