#Local_News
Published 12 August 2026

■ ၂၀၂၆-၂၇ အာရှကလပ်ပြိုင်ပွဲ (ACGL) ခြေစစ်ပွဲတွင် ရန်ကုန်ယူနိုက်တက် အသင်း သုဝဏ္ဏကွင်း၌ အိမ်ကွင်းလက်ခံကစားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှသိရသည်။

■ 2025 MNL League Cup ချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၂၆-၂၇ ရာသီ AFC Challenge League (ACGL) ပြိုင်ပွဲ၏ ခြေစစ်ပွဲအဆင့် (Preliminary Stage) တွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိထားကြောင်းသိရသည်။

■ ထို့အပြင် အာရှဘောလုံးအဖွဲ့ချုပ် (AFC) ၏ ထုတ်ပြန်ချက်အရ ရန်ကုန်ယူနိုက်တက်အသင်းသည် ACGL ပြိုင်ပွဲ၏ အရှေ့အာရှဇုန် ခြေစစ်ပွဲစဉ် (Preliminary Stage - EAST) အဖြစ် လာအိုကလပ် Ezra FC အသင်းနှင့် လာမည့် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၈ ရက် (အင်္ဂါနေ့) မြန်မာစံတော်ချိန် ညနေ ၄:၀၀ နာရီတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏအားကစားကွင်း၌ အိမ်ကွင်းလက်ခံယှဉ်ပြိုင်ရမည်ဖြစ်သည်။

■ ပြီးခဲ့သည့် ၂၀၂၅-၂၆ ရာသီ ACGL ခြေစစ်ပွဲတုန်းကလည်း ရန်ကုန်ယူနိုက်တက်အသင်းသည် အဆိုပါ Ezra FC အသင်းနှင့်ပင် သုဝဏ္ဏကွင်း၌ တွေ့ဆုံခဲ့ဖူးပြီး ပွဲပိုအချိန် ၁-၁ ဂိုးဖြင့် သရေကျခဲ့ကာ ပင်နယ်တီ အဆုံးအဖြတ်တွင် ၃-၅ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ဖူးကြောင်း သိရသည်။

■ ထို့ကြောင့် ရန်ကုန်ယူနိုက်တက်အသင်းအနေဖြင့် ယခုနှစ်တွင် မိမိတို့အိမ်ကွင်း၌ ပရိသတ်များ၏ အားပေးမှုနှင့်အတူ ပြန်လည်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး၊ အဆိုပါ ခြေစစ်ပွဲစဉ်တွင် အနိုင်ရရှိပါက ACGL အုပ်စုအဆင့် (Group Stage) သို့ တက်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်ကာ ပြိုင်ပွဲပုံစံသတ်မှတ်ချက်အရ ပြီးခဲ့သည့်နှစ် မြန်မာနေရှင်နယ်လိဂ် ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည် ACGL Group Stage (အုပ်စုအဆင့်) သို့ တိုက်ရိုက်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်ကြောင်းသိရသည်။

#YMG/NN #Yangon_Times