၁၉၊ဩဂုတ် ၂၀၂၆ (မော်စကို)

နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်သည် ယနေ့ ဩဂုတ် ၁၉ရက်က ရုရှားဖက်ဒရေးရှင်းနိုင်ငံ ပလက်ခါနော့ဗ် ရုရှား စီးပွားရေး တက္ကသိုလ်" Plekhanov Russian University of Economics က အပ်နှင်းသည့် ဂုဏ်ထူးဆောင် ပါမောက္ခဘွဲ့ကို လက်ခံရယူခဲ့သည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားသို့ တရားဝင်ချစ်ကြည်ရေး ခရီးစဉ်အတွင်း ပလက်ခါနော့ဗ်စီးပွားရေးတက္ကသိုလ်က ယခုကဲ့သို့ ဂုဏ်ထုးဆောင်ပါမောက္ခဘွဲ အပ်နှင်း ခဲ့ခြင်းဖြစ်သည်။

အဆိုပါတက္ကသိုလ်တွင်ကျင်းပသည့်  ဘွဲ့အပ်နှင်းသည့်အခမ်အနားတွင် နိုင်ငံတော်သမ္မတသည် ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ကို လက်ခံရယူပြီးနောက် ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ ပလက်ခါနော့ဗ် ရုရှားစီးပွားရေးတက္ကသိုလ်သည် ရုရှားအင်ပါယာခေတ် ၁၉၀၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ရုရှားနိုင်ငံ၏ ရှေးအကျဆုံးနှင့် အကြီးဆုံး စီးပွားရေးဆိုင်ရာ တက္ကသိုလ်ကြီးတစ်ခု ဖြစ်ပြီး ရုရှား၏ ထိပ်တန်းတက္ကသိုလ်ကြီးတစ်ခုလည်းဖြစ်ကာ ဩဇာလွှမ်းမိုးမှုရှိသည့် ရုရှား၏ထိပ်တန်း  စီမံခန့်ခွဲသူများနှင့် စီးပွားရေးခေါင်းဆောင်များကိုမွေးထုတ်ပေးခဲ့ကြောင်းသိရသည်။