#Local_News
Published 10 August 2026
■ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု(ဗဟိုအဆင့်)အထိမ်းအမှတ် အခမ်းအနားကို ယနေ့တွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ တက်ရောက်၍ မိန့်ခွန်းပြောကြားသည်။
■ နိုင်ငံတော်သမ္မတက ယနေ့ကျောင်းသားလူငယ်များသည် နောင်အနာဂတ် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးပါသည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့်အတွက် ကာယ၊ ဉာဏ ဘက်စုံဖွံဖြိုး တိုးတက်စေရေး ကျောင်းကျန်းမာရေးနှင့် အာဟာရဖွံဖြိုးရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်းပြောကြားခဲ့သည်။
■ KG ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းတွင်းအာဟာရကျွေးမွေးရေးကို ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ရန်ပုံငွေကျပ် ၂ ဒသမ ၈၂ ဘီလီယံကို ပထမအကြိမ် ခွဲဝေချထားပြီး ဆက်လက်တိုးမြှင့်ချထားပေးသွားမည်ဖြစ်ကြောင်းသိရသည်။