#Daily_News
Published 08 May 2026
၁။ အထူးစီးပွားရေးဇုန်များသည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်အရေးပါဟုဆို
၂။ ရန်ကုန်အတွက်တစ်နေ့လျှင်အများဆုံး နာရီ(၂၀) ခန့်အထိ ဓာတ်အားဖြန့်ဖြူးပေးနေ
၃။ တစ်လတာအတွင်း ဆန်နှင့်ဆန်ကွဲ တန်ချိန်တစ်သိန်းခြောက်သောင်းကျော်တင်ပို့ထား
၄။ လူသားပုံတူစက်ရုပ်များအတွက်အချက်အလက်စုဆောင်းရသည့်အလုပ်တရုတ်၌တွင်ကျယ်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
လတ်တလောဆောင်ရွက်နေတဲ့ သီလဝါ ၊ ကျောက်ဖြူ ၊ထားဝယ်အစရှိတဲ့ အထူးစီးပွားရေးဇုန်များဟာ နိုင်ငံတော်ရဲ့စီးပွားရေးဖွံဖြိုးတိုးတက်မှုအတွက် အရေးပါတဲ့အစိတ်အပိုင်းတွေဖြစ်တယ်လို့ မြန်မာ့အထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ရဲ့ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပထမအကြိမ်အစည်းအဝေးကသိရပါတယ်။
#Local_News
Published 08 May 2026
#သီလဝါ_ကျောက်ဖြူ_ထားဝယ် #မြန်မာ့အထူးစီးပွားရေးဇုန်
#YMG/NN #Yangon_Times
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ အသီးသီးသို့ နေ့စဉ် အများဆုံး နာရီ(၂၀)ခန့်အထိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိတယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း(YESC)က ယမန်နေ့ကအသိပေးထုတ်ပြန်ထားပါတယ်။
#Local_News
Published 08 May 2026
#ရန်ကုန်တိုင်းဒေသကြီး #ရန်ကုန်လျှပ်စစ်ဓာတ်အားပေး
#YMG/SW #Yangon_Times
၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်စဖြစ်တဲ့ ဧပြီလတစ်လတာအတွင်း ပြည်ပနိုင်ငံ တွေကို ဆန်နဲ့ဆန်ကွဲ တန်ချိန် တစ်သိန်း ခြောက်သောင်းကျော်တင်ပို့ထားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ် က သိရပါတယ်။
#Local_News
Published 08 May 2026
#ဆန် #ဆန်ကွဲ
#YMG/NN #Yangon_Times
ဝိုင်စပျစ်တစ်မျိုးတည်းကိုသာ စိုက်ပျိုးထုတ်လုပ်မယ့် စပျစ်ဇုန်ကို ရမည်းသင်းမြို့နဲ့ ပျော်ဘွယ်မြို့တွေမှာ အကောင်အထည်ဖော်ဆောင်ရွက်သွားမယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ သိရပါတယ်။
#Local_News
Published 08 May 2026
#ဝိုင်စပျစ် #စပျစ်ဇုန်
#YMG/SW #Yangon_Times
#Local_News
Published 08 May 2026
■ နေပြည်တော်ကောင်စီနယ်မြေ၊ပျဉ်းမနားမြို့နယ် တောင်သာအုပ်စု သူဌေးကုန်းကျေးရွာ မီးဘေးကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ထောက်ပံ့ခဲ့ကြောင်းသိရသည်။
■ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယမာန်နေ့က နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် တောင်သာအုပ်စု သူဌေးကုန်းကျေးရွာ မီးဘေးကြောင့် ထိခိုက်ပျက်စီးနေအိမ်ရှစ်လုံးအတွက် ထောက်ပံ့ငွေများပေးအပ်သည်။
■ ထိုသို့ ထောက်ပံ့ရာတွင် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် ၁၀ သိန်း၊ ဘေးသင့်လူဦးရေ ၃၁ ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် ၁၅၅၀၀ဝ၊ သေဆုံးသူတစ်ဦးအတွက် ထောက်ပံ့ငွေကျပ်သုံးသိန်း၊ ဒဏ်ရာရသူ နှစ်ဦးအတွက် ထောက်ပံ့ငွေကျပ်တစ်သိန်း စုစုပေါင်းထောက်ပံ့ငွေကျပ် ၁,၅၅၅,၀၀ဝနှင့် အိမ်ထောင်စု ၁၃ စုအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၃ ပုံးကို ခေတ္တကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားသည့် သူဌေးကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းရှိ ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့၍ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 08 May 2026
ကရင်ပြည်နယ်၊မြဝတီမြို့၌ ယနေ့မနက်အစောပိုင်းတွင် မီးလောင်မှုဖြစ်ပွားရာ တစ်နာရီကြာငြိမ်းသတ်ခဲ့ရကြောင်းသိရသည်။
ဧပြီလ၈ ရက်နေ့၊ မနက်၁ နာရီ ၂၀မိနစ် အချိန်ခန့်က ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ မနော်ဟရီလမ်းနှင့် ကျွန်းတော(၂)လမ်းထောင့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
အဆိုပါ သတင်းရရှိသဖြင့် မြဝတီခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၃)စီး၊ မြဝတီအရန်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ပုဂ္ဂလိက ရေသယ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ မနက်၂နာရီ ၂၀မိနစ်အချိန်တွင် မီးငြိမ်းခဲ့ကြောင်းသိရသည်။
မီးလောင်မှုဖြစ်စဉ်နှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးများအားစုံစမ်းနေကြောင်းသိရသည်။
#YMG/NN #Yangon_Times
#World_News
Published 08 May 2026
■ အီရန်ဘက်မှ တိုက်ခိုက်မှုနဲ့ ဟော်မုဇ်ရေလက်ကြား မိုင်းထောင်ခြင်းများ ရပ်တန့်ရေးတို့ ပါရှိတဲ့ ကုလသမဂ္ဂ ဖြေရှင်းနည်းလမ်းကို ဝိုင်းဝန်းထောက်ခံကြဖို့ အမေရိကန်က ကြာသပတေးနေ့မှာ တိုက်တွန်းလိုက်ပေမယ့် တရုတ်နဲ့ ရုရှားတို့ကတော့ ဗီတိုအာဏာသုံး ပယ်ချနိုင်ခြေရှိတယ်လို့ သံတမန်တွေ ပြောပါတယ်။
■ လာမယ့်သီတင်းပတ် တရုတ်ပြည်သို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ခရီးစဉ်ရှိနေတဲ့အချိန်မှာ တရုတ်ဗီတိုအာဏာသုံးခြင်းက ကသိကအောက် ဖြစ်နိုင်ပါတယ်။
■ ပြီးခဲ့တဲ့လ အီရန်ကို အမေရိကန် တရားဝင်စစ်ဆင်ရေး ပြုနိုင်မယ့်လမ်းကြောင်း ဖြစ်လာနိုင်တဲ့ ယခင်ဖြေရှင်းနည်းလမ်းကိုလည်း တရုတ်နဲ့ရုရှားတို့ ဗီတိုအာဏာကျင့်သုံးခဲ့ပါတယ်။
■ ကုလဆိုင်ရာ အမေရိကန်သံအမတ် မိုက်ခ်ဝေါ့ဇ်က ဒီလိုအဆိုပြုချက်ကိုမှ ဆန့်ကျင်တယ်ဆိုရင် ငြိမ်းချမ်းရေး အမှန်တကယ်လိုချင်ရဲ့လားလို့ မေးခွန်းထုတ်လိုက်ပါတယ်။
■ အဆိုပြုချက်အသစ်ကို အမေရိကန်နဲ့ ဘာရိန်းတို့က ဆော်ဒီ၊ ယူအေအီး၊ ကူဝိတ်၊ ကာတာတို့ရဲ့ ထောက်ပံ့မှုတွေဖြင့် ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။
■ ကုလဆိုင်ရာ အီရန်သံအမတ် အေမီယာဆိုက်အီရာဗာနီကတော့ ဒီအဆိုပြုချက်ဟာ တစ်ဖက်သတ်ဆန်ပြီး နိုင်ငံရေးလှုံ့ဆော်မှုတွေ ပါဝင်တယ်လို့ သတ်မှတ်လိုက်ပါတယ်။
■ ရုရှားနဲ့ တရုတ်တို့က ဒီဖြေရှင်းနည်းလမ်းကို ဆန့်ကျင်ကြောင်း ထုတ်ဖော်ထားကာ ရုရှားက ပြန်ရုပ်သိမ်းဖို့ ပြောနေပြီး တရုတ်ကတော့ ကုလပဋိဉာဉ် အခန်း-၆ကို ချိုးဖောက်ရာရောက်တယ်လို့ ဝေဖန်ထားပါတယ်။
■ အဆိုပြုချက်ထဲမှာ ဟော်မုဇ်ရေလက်ကြားကို အီရန်လုပ်ရပ်တွေအပေါ် ရှုတ်ချထားပြီး တိုက်ခိုက်မှုများ အဆုံးသတ်ရေးနဲ့ မိုင်းတည်ရှိရာများ ဖော်ထုတ်ရေးတို့ အလိုရှိနေပါတယ်။
■ ဒီဖြေရှင်းနည်းလမ်းဟာ ကုလသမဂ္ဂရဲ့ အာဏာသက်ရောက်မှုကို စမ်းသပ်တာပဲဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ပြောပါတယ်။
Source: Reuters
#World_Health
Published 08 May 2026
■ VIR-5500 လို့ခေါ်တဲ့ဆေးက ကိုယ်ခံအားစနစ်ကို လှုံ့ဆော်ပေးပြီး ကင်ဆာတိုက်ခိုက်ပေးနိုင်ကြောင်း တွေ့ရှိထားပါတယ်။
■ VIR-5500 ဆေး အများဆုံးပမာဏ အသုံးပြုခဲ့တဲ့ လူနာ ၈၂ ရာခိုင်နှုန်းမှာ ဆီးကျိတ်ကင်ဆာ ကုသနိုင်ခဲ့ပြီး တဝက်နီးပါးခန့်မှာ အကျိတ်ကျုံ့သွားခဲ့ပါတယ်။
■ VIR-5500 က ဖုံးအုပ်ပေးတဲ့လုပ်ငန်းစဉ်ဖြင့် ရောင်ရမ်းမှုနဲ့ အဆိပ်သင့်ခြင်းတို့ကို အနည်းဆုံးလျှော့ချပေးကာ ကင်ဆာဆဲလ်တွေကို ပစ်မှတ်ထားမယ့် T ဆဲလ်တွေကို လှုံ့ဆော်ပေးပါတယ်။
■ ဖုံးအုပ်ပေးတဲ့ နည်းလမ်းက ရောဂါဖြစ်စေတဲ့ အကျိတ်ကို ပစ်မှတ်ထားလှုံ့ဆော်ကာ ဘေးထွက်ဆိုးကျိုးတွေ လျော့နည်းစေပြီး ဆေးထိရောက်မှုနဲ့ ဘေးကင်းမှုကို တိုးတက်စေပါတယ်။
■ ဒီပစ္စည်းတွေက ကိုယ်ခံအား အလွန်အကျွံ တုံ့ပြန်ခြင်းအန္တရာယ်ကို လျှော့ချပေးပြီး ဆေးရဲ့ အာနိသင်သက်တမ်းကို တိုးစေကာ ဘေးကင်းစိတ်ချရတဲ့ ပမာဏရောက်ရှိစေပါတယ်။
■ VIR-5500 အစောပိုင်း စမ်းသပ်ချက်တွေမှာ ရောင်ရမ်းမှုဘေးအန္တရာယ်များ အတန်အသင့် တွေ့ရပြီး ဖုံးအုပ်ပေးတဲ့ဖြစ်စဉ်က အဆိပ်သင့်ခြင်းကို ထိရောက်စွာ လျှော့ချနိုင်တယ်လို့ ယူဆရပါတယ်။
■ အခြားသော ဖုံးအုပ် T ဆဲလ်တိုက်ခိုက်ရေးပစ္စည်းတွေကို ပန်ကရိယ၊ အူမကြီး၊ အဆုတ်ကင်ဆာအပါအဝင် ကင်ဆာအမျိုးမျိုးအတွက် စမ်းသပ်နေပြီး ကုသရခက်တဲ့ ကင်ဆာတွေထက် ကုသပေးနိုင်ဖို့ မျှော်လင့်နေပါတယ်။
■ စမ်းသပ်ချက်ရလဒ်တွေက အကြိုစမ်းသပ်အဆင့်ပဲ ရှိသေးပြီး လူနာအနည်းစုအပေါ်မှာသာ အခြေခံတာဖြစ်ပေမယ့် အနာဂတ် ကင်ဆာကုသနည်းလမ်းတွေအတွက် အလားအလာ ဖြစ်နေပါတယ်။
Source: Science Alert.
#World_Health
Published 08 May 2026
■ ကျန်းမာရေးနဲ့ ပတ်သက်လို့ ကိုယ်အလေးချိန်အကြောင်း အပြောများကြပေမယ့် ခါးဆိုဒ်အရွယ်အစားက ကိုယ်အလေးချိန်ထက်ပိုပြီး ဘေးအန္တရာယ်ကို ညွှန်ပြနေတယ်လို့ ကျွမ်းကျင်သူတွေ ပြောနေပါတယ်။
■ ကိုယ်အလေးချိန်ထဲမှာ ကြွက်သား၊ အရိုး၊ ရေ၊ အဆီတို့ ပါဝင်ကာ တစ်ကိုယ်လုံးကို တိုင်းတာတာဖြစ်ပြီး အချို့က ကြွက်သားပိုများနိုင်သလို အချို့က ဝမ်းတွင်းအဆီ ပိုများနေနိုင်ပါတယ်။
ဝမ်းဗိုက်ထဲက အဆီဆိုရင် ကိုယ်အလေးချိန် တိုင်းတာရာမှာ သိပ်မသိသာဘဲ ခန္ဓာကိုယ် လုပ်ဆောင်ချက်တွေကို တိတ်တဆိတ်သက်ရောက်နိုင်ပါတယ်။
■ ဝမ်းဗိုက်အဆီထွက်ခြင်းက ဇီဝဖြစ်စဉ်ရောဂါများ၊ ဆီးချို၊ နှလုံးရောဂါတို့လို အခြေအနေတွေနဲ့ အတော်လေး ဆက်စပ်နေပြီး အပြင်ပန်းကြည့်ရင် ပိန်တယ်ထင်ရပေမယ့် အတွင်းထဲမှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အဆီတွေ ရှိနေနိုင်ပါတယ်။
■ ခါးအရွယ်အစား ဖြစ်သင့်တဲ့ အတိုင်းအတာက အမျိုးသားတွေမှာ ၃၅ လက်မအောက်၊ အမျိုးသမီးတွေမှာ ၃၁ လက်မခန့် ဖြစ်ပြီး ဒီထက်ကျော်သွားရင်တော့ အဆီက အရေပြားမှာသာမဟုတ်ဘဲ အတွင်းအင်္ဂါတွေမှာပါ ရှိနေပြီဖြစ်ပါတယ်။
■ ခါးအရွယ်အစား များလာတာက ကျန်းမာရေးအန္တရာယ် မြင့်မားလာတဲ့သဘော ဖြစ်ပါတယ်။
အရေပြားအောက်က အဆီတွေကအန္တရာယ်နည်းပေမယ့် ဝမ်းတွင်းအဆီကတော့ ရောင်ရမ်းမှုတွေ ဖြစ်လာစေနိုင်ပြီး ရောဂါလက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။
■ ခါးအရွယ်အစား များလာခြင်းကို စောစီးစွာ သတိပြုမိပါက ကောင်းစွာ စားသောက်ခြင်း၊ ပုံမှန်လှုပ်ရှားခြင်း၊ ကောင်းစွာ အိပ်စက်ခြင်းတို့ဖြင့် အခြေအနေတွေ ပြောင်းလဲစေနိုင်မှာ ဖြစ်ပါတယ်။
ခန္ဓာကိုယ်ဖွဲ့စည်းပုံ၊ အဆီပျံ့နှံ့မှုတို့ကို နားလည်ခြင်းဖြင့် ကိုယ်အလေးချိန်ကျအောင်လည်း ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။
Source: Times of India
မော်စကို၊ မေလ ၅ ရက်။ (TASS)
ရုရှားနှင့် မြန်မာ နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနများအကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင် ပြီး နှစ်နိုင်ငံအကြား စစ်ဘက်-နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ဖွံ့ဖြိုးတိုးတက်စေဖို့ ရုရှားနိုင်ငံက မျှော်လင့်ကြောင်း ရန်ကုန်မြို့ရှိ ရုရှားသံအမတ်ကြီး အစ္စကန်ဒါ အဇီဇော့ဗ် (Iskander Azizov) က ကရပ်စ်နယား ဇဗက်ဒါ (Krasnaya Zvezda) သတင်းစာနှင့် ပြုလုပ်သော အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့ပါတယ်။
မြန်မာ့တပ်မတော်ခေါင်းဆောင်ပိုင်း အပြောင်းအလဲများက နှစ်နိုင်ငံစစ်တပ်အကြား ဆက်ဆံရေးအပေါ် သက်ရောက်မှု ရှိ၊ မရှိ မေးမြန်းချက်ကို သံအမတ်ကြီးက ပြန်လည်ဖြေကြားရာတွင် "ရုရှားနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို ပိုမိုဖွံ့ဖြိုးတိုးတက်ရန်နှင့် ခိုင်မာအားကောင်းလာစေရန် မြန်မာခေါင်းဆောင်ပိုင်း အသစ်၏ အလုံးစုံကတိကဝတ်များအရ စစ်ဘက်-နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၏ လက်ရှိ အပြုသဘောဆောင်သော အခြေအနေများ ပိုမိုအားကောင်းလာမည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။ စစ်ဘက်ဆိုင်ရာ ဌာနများအကြား ဆွေးနွေးမှုများသည်လည်း အပြန်အလှန် နားလည်မှုနှင့် စဉ်ဆက် မပြတ်မှုစိတ်ဓာတ်ဖြင့် ဆက်လက်ဖွံ့ဖြိုးတိုးတက်လာမည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်" ဟု သူက ဖြေကြားခဲ့ပါတယ်။
မြန်မာနိုင်ငံနှင့် စစ်ဘက်-နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် ရေရှည်အတွက်ဖြစ်ပြီး ဘက်စုံ လွှမ်းခြုံမှုရှိကြောင်းကိုလည်း သံအမတ်ကြီး အဇီဇော့ဗ်က အလေးပေးပြောကြားခဲ့ပါတယ်။ "ရုရှားနိုင်ငံသည် မြန်မာနိုင်ငံသို့ လေကြောင်းရန်ကာကွယ်ရေးစနစ်များနှင့် လေယာဉ်များကို ထောက်ပံ့ ပေးထားပြီး ယင်းတို့ကို ပြုပြင် ထိန်းသိမ်းရန်အတွက် ဒေသတွင်းအဆင့် ဝန်ဆောင်မှုနှင့် ပြုပြင် ထိန်းသိမ်းရေးစင်တာတစ်ခုကိုလည်း တည်ထောင်ပေးထားပါတယ်။ ယင်းလုပ်ငန်းများတွင် မြန်မာ အင်ဂျင်နီယာများနှင့် အထူးကျွမ်းကျင် ပညာရှင်များ ပါဝင်ဆောင်ရွက်လျက်ရှိပါတယ်” ဟု သံအမတ်ကြီး ကဆက်လက်ပြောဆိုကြောင်း သတင်းတွင်ဖော်ပြထားပါတယ်။
၂၀၁၈ ခုနှစ်တွင် နှစ်နိုင်ငံ ရေတပ်သားများအတွက် ရုရှားနှင့် မြန်မာဆိပ်ကမ်းများသို့ ဝင်ရောက်ရာတွင် လွယ်ကူရိုးရှင်းသော လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ရုရှားပစိဖိတ်ရေတပ်မှ သင်္ဘောများသည် ရန်ကုန်ရှိ သီလဝါဆိပ်ကမ်းသို့ ချစ်ကြည်ရေးခရီးစဉ်များ ပုံမှန်လာရောက်လေ့ရှိကြောင်းနှင့် ယင်းသည် ရုရှားနှင့်မြန်မာ နှစ်နိုင်ငံအကြား ရေတပ်ပူးပေါင်းဆောင် ရွက်မှုကို မြှင့်တင်ပေးကြောင်း"လည်း သူက မှတ်ချက် ပြုခဲ့သည်။
ရုရှားနှင့် မြန်မာရေတပ်တို့သည် MARUMEX ဟုခေါ်သော မြန်မာ-ရုရှား ရေကြောင်းလုံခြုံရေး ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို ၃ နှစ်ဆက်တိုက် ကျင်းပခဲ့ကြောင်းလည်း သံအမတ်ကြီးက ပြန်လည် ပြောကြားခဲ့ပါတယ်။ "မြန်မာစစ်ဘက်ဆိုင်ရာ အမှုထမ်းများသည် ရုရှားတက္ကသိုလ်များတွင် ပညာ သင်ကြားလျက်ရှိပါတယ်။ မြန်မာစစ်ဘက်အရာရှိ အမြောက်အမြားသည် စစ်ဘက်နှင့် သိပ္ပံ-နည်းပညာ ဆိုင်ရာ နယ်ပယ်များတွင် သင်တန်းများ တက်ရောက်နေကြပါတယ်" ဟု အဇီဇော့ဗ်က ထပ်လောင်း ပြောကြားခဲ့ပါတယ်။
တရုတ်အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ဒါလီမြို့မှာ ဒေသခံ ပိုင်တိုင်းရင်းသားတွေရဲ့ တတိယလပွဲတော်လို့ခေါ်တဲ့ ဆန်းယွဲ့ကျဲပွဲတော် အထိမ်းအမှတ်အဖြစ် မြင်းပြိုင်ပွဲတစ်ခုကို စနေနေ့က စတင်ကျင်းပခဲ့ပါတယ်။
#Asia_Event
Published 07 May 2026
# မြင်းပြိုင်ပွဲ # တရုတ်ယူနန်
#YMG #Yangon_Times #Yangon_Media_Group
Page 92 of 2053