#World_Health
Published 08 May 2026
■ ကျန်းမာရေးနဲ့ ပတ်သက်လို့ ကိုယ်အလေးချိန်အကြောင်း အပြောများကြပေမယ့် ခါးဆိုဒ်အရွယ်အစားက ကိုယ်အလေးချိန်ထက်ပိုပြီး ဘေးအန္တရာယ်ကို ညွှန်ပြနေတယ်လို့ ကျွမ်းကျင်သူတွေ ပြောနေပါတယ်။
■ ကိုယ်အလေးချိန်ထဲမှာ ကြွက်သား၊ အရိုး၊ ရေ၊ အဆီတို့ ပါဝင်ကာ တစ်ကိုယ်လုံးကို တိုင်းတာတာဖြစ်ပြီး အချို့က ကြွက်သားပိုများနိုင်သလို အချို့က ဝမ်းတွင်းအဆီ ပိုများနေနိုင်ပါတယ်။
ဝမ်းဗိုက်ထဲက အဆီဆိုရင် ကိုယ်အလေးချိန် တိုင်းတာရာမှာ သိပ်မသိသာဘဲ ခန္ဓာကိုယ် လုပ်ဆောင်ချက်တွေကို တိတ်တဆိတ်သက်ရောက်နိုင်ပါတယ်။
■ ဝမ်းဗိုက်အဆီထွက်ခြင်းက ဇီဝဖြစ်စဉ်ရောဂါများ၊ ဆီးချို၊ နှလုံးရောဂါတို့လို အခြေအနေတွေနဲ့ အတော်လေး ဆက်စပ်နေပြီး အပြင်ပန်းကြည့်ရင် ပိန်တယ်ထင်ရပေမယ့် အတွင်းထဲမှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အဆီတွေ ရှိနေနိုင်ပါတယ်။
■ ခါးအရွယ်အစား ဖြစ်သင့်တဲ့ အတိုင်းအတာက အမျိုးသားတွေမှာ ၃၅ လက်မအောက်၊ အမျိုးသမီးတွေမှာ ၃၁ လက်မခန့် ဖြစ်ပြီး ဒီထက်ကျော်သွားရင်တော့ အဆီက အရေပြားမှာသာမဟုတ်ဘဲ အတွင်းအင်္ဂါတွေမှာပါ ရှိနေပြီဖြစ်ပါတယ်။
■ ခါးအရွယ်အစား များလာတာက ကျန်းမာရေးအန္တရာယ် မြင့်မားလာတဲ့သဘော ဖြစ်ပါတယ်။
အရေပြားအောက်က အဆီတွေကအန္တရာယ်နည်းပေမယ့် ဝမ်းတွင်းအဆီကတော့ ရောင်ရမ်းမှုတွေ ဖြစ်လာစေနိုင်ပြီး ရောဂါလက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။
■ ခါးအရွယ်အစား များလာခြင်းကို စောစီးစွာ သတိပြုမိပါက ကောင်းစွာ စားသောက်ခြင်း၊ ပုံမှန်လှုပ်ရှားခြင်း၊ ကောင်းစွာ အိပ်စက်ခြင်းတို့ဖြင့် အခြေအနေတွေ ပြောင်းလဲစေနိုင်မှာ ဖြစ်ပါတယ်။
ခန္ဓာကိုယ်ဖွဲ့စည်းပုံ၊ အဆီပျံ့နှံ့မှုတို့ကို နားလည်ခြင်းဖြင့် ကိုယ်အလေးချိန်ကျအောင်လည်း ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။
Source: Times of India