တရုတ်မီဒီယာအဖွဲ့(CMG)ရဲ့ တရုတ်နှစ်ကူးပွဲတော်အတွင်း လူသားပုံစံစက်ရုပ်တွေရဲ့ ဖျော်ဖြေမှုတွေက အံ့ဩဖွယ်ကောင်းလွန်းပြီး တစ်ကမ္ဘာလုံးကလူတွေကို စိတ်လှုပ်ရှားစေတဲ့အပြင် တရုတ်တို့ရဲ့ စက်ရုပ်ကဏ္ဍ အလျင်အမြန်တိုးတက်လာနှုန်းကို မြင်တွေ့နေရပါတယ်။
#Asia_Technology
Published 24 February 2025
#CMG #တရုတ်နှစ်ကူးပွဲတော်
#YMG #Yangon_Times #Yangon_Media_Group
တောင်ကိုရီးယားနိုင်ငံမှ လှူဒါန်းထားတဲ့ အရန်ဆန်တန်ချိန် ၁၆၂၀ကို မန္တလေးငလျင်ကြီးဒဏ်သင့်သူများထံခရိုင်၊ မြို့နယ်တွေကတစ်ဆင့် စနစ်တကျ ခွဲဝေထောက်ပံ့ပေးသွားမယ်လို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က ပြောပါတယ်။
#Local_News
Published 24 February 2025
#ဆန် #မန္တလေးငလျင်ကြီးဒဏ်
#YMG/NN #Yangon_Times
လာမယ့်ပညာသင်နှစ်မှစတင်ကာအလယ်တန်းအဆင့်မှာ စက်မှု၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးဘာသာရပ်တွေကို သင်ကြားပေးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
#Local_News
Published 24 February 2025
#စက်မှု_စိုက်ပျိုးရေး
#YMG/SW #Yangon_Times
နေပြည်တော်ကောင်စီနယ်မြေအတွင်း ယခုလ၂၁ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ရာ အဆိုပါထိခိုက်ပျက်စီးခဲ့တဲ့နေအိမ်များအား ထောက်ပံ့ငွေများပေးအပ်ခဲ့တယ်လို့လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သိရပါတယ်။
#Local_News
Published 24 February 2025
#လေပြင်းတိုက်ခတ်
#YMG/SW #Yangon_Times
#Local_News
Published 24 February 2026
▪️ ဂျပန်နိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်နိုင်ရန်အတွက်ပေးသွင်းထားသည့်ငွေများ ပြန်လည်ရရှိလိုမှုအတွက် ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ရှိ အလုပ်သမားသံအရာရှိရုံးက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
▪️ ဖြစ်စဉ်မှာ ခင်ပွန်းဖြစ်သူ ဂျပန်နိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်နိုင်ရန်အတွက် ၂၀၂၃ ခုနှစ်တွင် ဗိုလ်တထောင်မြို့နယ်၊ သိမ်ဖြူမှတ်တိုင်အနီးရှိ Five Star အဆောက်အဦ၌ ရုံးခန်းဖွင့်လှစ်ထားသည့် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီသို့ ကြား Agent ထံမှတစ်ဆင့် စုစုပေါင်း ကျပ် ၆,၀၀၀,၀၀ဝိ/- (ကျပ်သိန်းခြောက်ဆယ်တိတိ/-)ကို ကျပ် ၃,၀၀၀,၀၀ဝိ/- စီ ၂ ကြိမ်ခွဲ၍ ပေးခွင်းခဲ့သော်လည်း ၎င်း၏ခင်ပွန်းဖြစ်သူသည် ဂျပန်နိုင်ငံသို့ သွားရောက်လုပ်ကိုင်ရခြင်းမရှိသဖြင့် ပေးသွင်းထားသည့်ငွေများ ပြန်လည်ရရှိလိုကြောင်း၊ ငွေကြေးလက်ခံခဲ့သူ Agent ဆိုသူအား ၂၁-၂-၂၀၂၆ ရက်နေ့ နေ့လယ်ပိုင်းတွင် ထိုင်းနိုင်ငံ၌ အမှတ်မထင် ပြန်လည်တွေ့ရှိခဲ့သဖြင့် ၎င်းထံ ပေးသွင်းခဲ့ရသည့် ငွေကြေးများ ပြန်လည်ရရှိရန် ကူညီဆောင်ရွက် ပေးစေလိုကြောင်း အလုပ်သမားသံအရာရှိရုံးသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်တိုင်ကြားလာသဖြင့် အလုပ်သမားသံမှူးနှင့်အဖွဲ့သည် သက်ဆိုင်သူများနှင့် သွားရောက်တွေ့ဆုံခဲ့ပြီး ညှိနှိုင်းပေးခဲ့မှုအရ Agent ဆိုသူမှ ကျပ် ၃,၀၀၀,၀၀ဝိ/- နှင့်ညီမျှသည့် ထိုင်းဘတ်ငွေ ၂၄,၀၀ဝိ/- (ဘတ်နှစ်သောင်း လေးထောင်တိတိ)အား ၂၁-၂-၂၀၂၆ ရက်နေ့ ၁၉:၄၅ အချိန်တွင် ပေးချေခဲ့ပြီး ကျန်ရှိသည့်ငွေကျပ် ၃,၀၀၀,၀၀ဝိ/- အား ၂၀-၃-၂၀၂၆ ရက်နေ့တွင် ထပ်မံပေးချေရန် နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရရှိခဲ့ကြောင်းသိရသည်။
▪️ မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် အလုပ်သမားရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ တိုင်ကြားလိုပါက အလုပ်သမားသံအရာရှိရုံး (Call Center) 020030015,အလုပ်သမားသံမှူး (ဗန်ကောက်) 0618108454,အလုပ်သမားသံအရာရှိ (ဗန်ကောက်) 0626890119
, အလုပ်သမားသံအရာရှိ (ဗန်ကောက်) 0652206952,အလုပ်သမားသံအရာရှိ (မဲဆောက်) 0652206953,အလုပ်သမားသံအရာရှိ (ချင်းမိုင်) 0945866607,
အလုပ်သမားသံအရာရှိ (ရနောင်း) 0634818121စသည့် အလုပ်သမားသံအရာရှိ ဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း အချက်အလက်တိကျစွာ သတင်းပေးပို့ပြီးအကူအညီတောင်းခံ တိုင်ကြားနိုင်ကြောင်းသိရသည်။
#YMG/SW #Yangon_Times
အမေရိကန်ဒေါ်လာ ၂၇ သန်းကျော်တန်ဖိုးရှိ ပုစွန်တန်ချိန် ၉,၀၀၀ နီးပါးကို
အခုဘဏ္ဍာနှစ်(၁၀)လတာအတွင်း ပြည်ပနိုင်ငံတွေကိုတင်ပို့ထားတယ်လို့ ငါးလုပ်ငန်းဦးစီးဌာနကနေ သိရပါတယ်။
#Local_News
Published 24 February 2025
#ပုစွန် #ငါး
#YMG/NN #Yangon_Times
#Daily_News
Published 24 February 2025
၁။ အရန်ဆန်တန်ချိန် ၁၆၂၀ကို မန္တလေးငလျင်ဒဏ်သင့်သူများထံ ခရိုင်၊မြို့နယ်အလိုက်စနစ်တကျထောက်ပံ့ပေးမည်
၂။ အလယ်တန်းအဆင့်တွင် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဘာသာရပ်များ သင်ကြားပေးနိုင်ရန်ဆောင်ရွက်နေ
၃။ လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်နေအိမ်များအား ထောက်ပံ့ငွေပေးအပ်
၄။ (၂၀၂၆)CMGတရုတ်နှစ်ကူးပွဲတော်၌ တရုတ်ပြည်ထုတ်လူသားပုံစံစက်ရုပ်များ မှင်သက်စရာစွမ်းဆောင်ရည်ပြသဖျော်ဖြေခဲ့... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 24 February 2025
▪️ အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာ အစီအစဉ်-၃ အရ ကိုရီးယားဆန်တန်ချိန် ၁ဝ၂ဝကို ယမာန်နေ့ကလွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။
▪️ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်
သည် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည့် အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာ အစီအစဉ်-၃ အရ ကိုရီးယားဆန် တန်ချိန် ၁ဝ၂ဝ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်းသိရသည်။
▪️ ထို့အပြင် ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့်ထိခိုက်ခံစားခဲ့ရသည့် ပြည်သူများအတွက် APTERR အစီအစဉ်-၃ (၂ဝ၂၅)ဖြင့် ကိုရီးယားသမ္မတနိုင်ငံမှ လှူဒါန်းသည့် ဆန်တန်ချိန် ၃၀၀၀ အနက် နေပြည်တော်ကောင်စီနယ်မြေရှိ ငလျင်ဘေးသင့်ပြည်သူများအား ဖြန့်ဝေလှူဒါန်းရန် ဆန်တန်ချိန် ၁ဝ၂ဝ (၂၅၅၀၀-အိတ်)ကို နေပြည်တော်ကောင်စီဥက္ကဋ္ဌထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။
▪️ ယခု လွှဲပြောင်းပေးအပ်သော ကိုရီးယားဆန် တန်ချိန် ၁၀၂၀ သည် ငလျင်ဘေးသင့်ပြည်သူများအတွက် ဒုတိယအကြိမ် လှူဒါန်းခြင်းဖြစ်ကြောင်း၊ ပထမအကြိမ်အဖြစ် ကိုရီးယားဆန် တန်ချိန် ၁၃၆၀ ကို ၂၀၂၅ ခုနှစ် ဇွန်လတွင် လွှဲပြောင်းပေးအပ်ခဲ့ပြီး ငလျင်ဘေးသင့်ပြည်သူများထံ ဖြန့်ဖြူးလှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 24 February 2025
▪️ နေပြည်တော်တွင်ကျင်းပခဲ့သည့် ဒုတိယအကြိမ်စပ်မျိုးပြောင်းမျိုးသစ်များ မျိုးရွေးချယ်ခြင်း ကွင်းသရုပ်ပြပွဲတွင် မျိုးစေ့ကုမ္ပဏီ(၁၁)ခု ပါဝင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
▪️ အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုဖြင့် စပ်မျိုးပြောင်း မျိုးစေ့စီးပွားဖြစ်ထုတ်လုပ်ရန် “စပ်မျိုးပြောင်း မျိုးသစ်များ မျိုးရွေးချယ်ခြင်း ကွင်းသရုပ်ပြပွဲ” ကို ယမာန်နေ့ မနက်ပိုင်းက နေပြည်တော် တပ်ကုန်းမြို့နယ်ရှိ စိုက်ပျိုးရေးသုတေသနခြံ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။
▪️ အဆိုပါ အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မျိုးစေ့ထုတ်ကုမ္ပဏီများမှ ကိုယ်စားလှယ်များနှင့် တောင်သူများ တက်ရောက်ကြပြီး မျိုးစေ့ထုတ်ကုမ္ပဏီများမှ ကိုယ်စားလှယ်များ၊ တောင်သူများက စပ်မျိုးပြောင်း မျိုးသစ် ၂၈ မျိုး၏ အရည်အသွေးနှင့်အထွက်နှုန်းအပေါ် သဘောထားမှတ်ချက်များ၊ အကြံပြုချက်များ တင်ပြကြရာပညာရှင်များက ဖြေကြားဆွေးနွေးကြသည်။
▪️ စိုက်ပျိုးရေးသုတေသန ဦးစီးဌာနက သုတေသနပြု ဖော်ထုတ်ရရှိထားသော အလားအလာ ကောင်းစပ်မျိုးပြောင်းမျိုးသစ်များကို မျိုးစေ့ကုမ္ပဏီများ၊ ဒေသခံပြောင်းစိုက်တောင်သူများ ကိုယ်တိုင်မျက်မြင်စိတ်ကြိုက် မျိုးရွေးချယ်နိုင်ကြစေရန် ၂၀၂၅ ခုနှစ်တွင် ကျင်းပခဲ့သည့် ပထမအကြိမ် စပ်မျိုးပြောင်း မျိုးသစ်များ မျိုးရွေးချယ်ခြင်း ကွင်းသရုပ်ပြပွဲ၌ မျိုးစေ့ထုတ်ကုမ္ပဏီ ခြောက်ခု ပါဝင်ဆောင်ရွက်ခဲ့ပြီး ယမာန်နေ့ကကျင်းပသည့် ဒုတိယအကြိမ် ကွင်းသရုပ်ပြပွဲတွင် မျိုးစေ့ကုမ္ပဏီ(၁၁)ခု ပါဝင်ဆောင်ရွက်ခဲ့သဖြင့် သုတေသနရလဒ်များ လက်တွေ့အသုံးချနိုင်ရေးအတွက် အရေးပါသည့် တိုးတက်မှုတစ်ရပ်ဖြစ်ကြောင်း၊ ၂၀၂၆-၂၀၂၇ မိုးသီးနှံ ပြောင်းစိုက်ဧရိယာများတွင် ပြည်တွင်းထုတ် စပ်မျိုးပြောင်းမျိုးစေ့များ အသုံးပြုစိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း(AERDTC)ခန်းမ၌ ကျင်းပသည့် မြန်မာနိုင်ငံတွင်စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဖြူးခြင်းစီမံကိန်း၏ထောက်ပံ့ငွေဖြင့် ဆောင်ရွက်သည့် ကျေးရွာသစ်လှုပ်ရှားမှု စံပြကျေးရွာများအား ရန်ပုံငွေထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#World_News
Published 24 February 2026
■ ပြင်သစ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ချားလ်စ်ကုရှ်နာကို ပြင်သစ်အစိုးရအဖွဲ့ဝင်များနှင့်တွေ့ဆုံမှုတွေကို ပိတ်ပင်လိုက်ကြောင်း သံတမန်သတင်းရင်းမြစ်တွေက တနင်္လာနေ့မှာ ပြောပါတယ်။
■ ပြင်သစ်လက်ယာစွန်းရောက် လှုပ်ရှားသူတစ်ဦး ပြီးခဲ့တဲ့သီတင်းပတ်က အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးရာဝန်ကြီးဌာနကို ဆင့်ခေါ်ခဲ့ရာမှာ ချားလ်စ်ကုရှ်နာ ရောက်မလာခဲ့တာ ဖြစ်ပါတယ်။
■ နိုင်ငံတကာလူထုဆွေးနွေးမှုတွေမှာ စိုးရိမ်မှုမြင့်တက်စေခဲ့တဲ့ ပြင်သစ်က ဖြစ်ရပ်ဆိုးနဲ့ ပတ်သက်ပြီး အမေရိကန်သံရုံးမှ ထုတ်ပြန်ခဲ့ပြီးနောက် သံအမတ်ချားလ်စ်ကုရှ်နာကို ဝန်ကြီးဌာနသို့ ဆင့်ခေါ်ခဲ့ပေမယ့် ပေါ်မလာခဲ့ဘူးလို့ သိရပါတယ်။
■ ပြင်သစ်လက်ယာစွန်းရောက် ကွမ်တင်ဒါရန့်ဟာ လက်ဝဲစွန်းရောက်သမားတွေနဲ့ ခိုက်ရန်ဖြစ်ပွားပြီး အသတ်ခံခဲ့ရတဲ့ကိစ္စက တုန်လှုပ်စရာဖြစ်ခဲ့ပြီး ယမန်နှစ်က အမေရိကန်ကွန်ဆာဗေးတစ်လှုပ်ရှားသူ ပစ်သတ်ခံရတဲ့ကိစ္စကို အမှတ်ရစေပါတယ်။
■ ပြင်သစ်မှ အမေရိကန်သံရုံးနဲ့ အမေရိကန်နိုင်ငံခြားရေးဌာန အကြမ်းဖက်ဆန့်ကျင်ရေးဗျူရိုတို့က ဒီဖြစ်ရပ်ကို စောင့်ကြည့်နေပြီး လက်ဝဲရောက်အကြမ်းဖက်မှုတွေ မြင့်တက်နေတယ်လို့ သတိပေးထားကာ အများပြည်သူဘေးကင်းရေး ခြိမ်းခြောက်ခံနေရတယ်လို့ ဆိုပါတယ်။
■ အမေရိကန်ကို ဂုဏ်ယူစွာကိုယ်စားပြုတဲ့ သံအမတ်တစ်ဦးရဲ့ အခြေခံကျကျတာဝန်များအပေါ် သဘောထားကွဲလွဲစရာဖြစ်နေပြီး ပြင်သစ်အစိုးရအဖွဲ့ဝင်များထံ တိုက်ရိုက်ပတ်သက်ခွင့်မပြုတော့ဖို့ နိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုလိုက်ပါတယ်။
■ ပြင်သစ်မှာ ဂျူးဆန့်ကျင်ရေးလှုပ်ရှားမှု အဖြစ်များလာတဲ့အပေါ် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက သူ့ကိုရှင်းလင်းပြဖို့ ၂၀၂၅ ဩဂုတ်မှာ ဆင့်ခေါ်ခဲ့စဉ်ကလည်းကုရှ်နာ ရောက်မလာခဲ့ပါဘူး။
Source: Reuters
#World_Health
Published 24 February 2026
■ လူတစ်ယောက် အသက်ဘယ်လောက်ရှည်လဲဆိုတာ မျိုးဗီဇပစ္စည်းများအပေါ် မူတည်ပြီး ကျန်းမာနေထိုင်မှုပုံစံတွေနဲ့ အနည်းငယ် ဆွဲဆန့်နိုင်တယ်လို့ လေ့လာချက်တစ်ခုမှာ ဆိုပါတယ်။
ဒါပေမဲ့ မျိုးဗီဇအရ အသက် ၈၀ လောက် နေရတဲ့သူဟာ အသက် ၁၀၀ အထိတော့ ဆွဲဆန့်လို့ မရနိုင်ပါဘူး။
■ အစ္စရေးလ် ဝစ်ဇ်မန်းတက္ကသိုလ်မှ ယူရီအယ်လွန်နဲ့ အခြားသုတေသီများက အသက် ၁၀၀ ကျော်ရှိတဲ့ အမေရိကန် ၄၄၄ ဦးရဲ့ မွေးချင်း ၂,၀၉၂ ဦးကို လေ့လာပြီး ဘယ်လိုအဖြစ်အပျက်တွေက သက်ရောက်နေလဲဆိုတာ လေ့လာခဲ့ကြပါတယ်။
■ ကျန်းမာစွာ နေထိုင်မှုပုံစံက အရေးကြီးပေမယ့် ဘဝသက်တမ်းကတော့ များသောအားဖြင့် မျိုးရိုးနဲ့ ဆိုင်နေတာ ဖြစ်ပါတယ်။
■ ဒါကြောင့် ထင်ထားသလို အသက်ကို ထိန်းချုပ်နိုင်စွမ်းမရှိဘူးလို့ အီလီနွိုက်တက္ကသိုလ်မှ ပရော်ဖက်ဆာ ဂျေအိုရှန်စကီက ပြောပါတယ်။
■ လေ့လာချက်ထဲမှာတော့ အသက်အရွယ်နဲ့ မဆိုင်တဲ့ သေဆုံးအကြောင်းအရင်းတွေကို ထည့်မတွက်ထားပါဘူး။
■ ကင်ဆာက မျိုးရိုးကြောင့် သက်ဆိုင်နိုင်ခြေ အနည်းဆုံးဖြစ်ပြီး ဒီမန်ရှာရောဂါကတော့ အများဆုံးဖြစ်နေပါတယ်။
■ လေ့လာချက်အရဆိုရင် မျိုးဗီဇက လူ့သက်တမ်းအပေါ် များစွာလွှမ်းမိုးနေပြီး နေထိုင်စားသောက်မှုပုံစံတွေကတော့ မျိုးဗီဇကန့်သတ်ချက်များဖြင့် ကွဲပြားသွားနိုင်ပါတယ်။
■ ကျန်းမာရေးညီညွတ်စွာ စားသောက်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ ဆေးလိပ်ရှောင်ရှားခြင်းတို့က ဘဝအရည်အသွေး ကောင်းမွန်စေပြီး ပျမ်းမျှသက်တမ်းကို အတိုးအလျော့ ဖြစ်စေနိုင်ပါတယ်။
Source: Indian Express
#World_Health
Published 24 February 2026
■ ကင်ဆာနဲ့ ပတ်သက်လာရင် ဘာမှမတတ်နိုင်ဘူးလို့ ထင်နေကြပေမယ့် လေ့လာချက်အသစ်မှာတော့ ဖြစ်နိုင်ခြေကို လျှော့ချနိုင်မယ့် နည်းလမ်းအများအပြား ရှိနေပါတယ်။
■ ကင်ဆာရောဂါအားလုံးရဲ့ သုံးပုံတစ်ပုံကျော်လောက်ဟာ ကာကွယ်လို့ရနိုင်တယ်လို့ WHO က ဆန်းစစ်ထားပါတယ်။
■ ဆေးကုသမှုများ၊ အလေ့အကျင့် ပြောင်းလဲမှုများ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု တိုက်ဖျက်မှုများဖြင့် နှစ်စဉ် ကင်ဆာကြောင့်သေဆုံးမှုများစွာကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
■ ပြုပြင်ပြောင်းလဲလို့ရတဲ့ အလေ့အကျင့်တွေထဲမှာ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ ခန္ဓာကိုယ်ညွှန်းကိန်းမြင့်မားခြင်း၊ ကိုယ်လက်လှုပ်ရှားမှု မလုံလောက်ခြင်း၊ ကွမ်းစားခြင်း၊ လေထုညစ်ညမ်းခြင်း၊ ခရမ်းလွန်ရောင်ခြည်ဓာတ်များခြင်း၊ ရောဂါပိုးမွှားများ၊ လုပ်ငန်းခွင်အန္တရာယ်များ ပါဝင်ပါတယ်။
■ အမျိုးသားတွေဟာ ဆေးလိပ်သောက်ခြင်းက ကင်ဆာဖြစ်ပွားမှုအားလုံးရဲ့ ၂၃ ရာခိုင်နှုန်းအထိ ဆက်စပ်နေပါတယ်။
■ ဒီနောက်မှာ လေထုညစ်ညမ်းခြင်းက အမျိုးသမီးတွေမှာ ၁၅ ရာခိုင်နှုန်း၊ အမျိုးသားတွေမှာ ၂၀ ရာခိုင်နှုန်းခန့် ဆက်စပ်နေပါတယ်။
■ အမျိုးသမီးတွေမှာ သားအိမ်ခေါင်းကင်ဆာ ဖြစ်စေတဲ့ HPV ဗိုင်းရပ်စ်ဆိုရင် ကာကွယ်ဆေးရှိနေပြီ ဖြစ်ပါတယ်။
■ အစာအိမ်ကင်ဆာဆိုရင် ဆေးလိပ်၊ ရောဂါကူးစက်မှုတို့ကြောင့် ဖြစ်လေ့ရှိပြီး သန့်ရှင်းမှုဖြင့် ကာကွယ်နိုင်ပါတယ်။
■ နိုင်ငံဒေသတွေနဲ့ လူမျိုးတွေကြား ဖြစ်ပွားမှုပုံစံတွေကို လေ့လာပြီးတော့ ကင်ဆာအများအပြားကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
Source: Science Alert.
Page 94 of 2001