#World_Health
Published 09 August 2026
■ လေထုညစ်ညမ်းမှု မြင့်မားတဲ့အခါ အဆုတ်တွေသာမက ကျောက်ကပ်တွေလည်း ထိခိုက်ပျက်စီးစေပါတယ်။
■ အိန္ဒိယလူမျိုး ၁၂,၀၀၀ ကျော်ကို ၁၀ နှစ်ကြာ လေ့လာခဲ့တဲ့ သုတေသနတစ်ခုမှာ လေထုညစ်ညမ်းမှု အတိုင်းအတာ PM2.5 နဲ့ ရေရှည်ထိတွေ့နေရခြင်းက ကျောက်ကပ်လုပ်ဆောင်ရည်ကို ပိုမိုလျင်မြန်စွာ ကျဆင်းစေကြောင်း တွေ့ရှိထားပါတယ်။
■ ဒီဆိုးကျိုးက ဆီးချို၊ သွေးတိုး၊ အဝလွန်ခြင်းလိုမျိုး ကျန်းမာရေးပြဿနာတွေနဲ့ သီးခြားဖြစ်ပေါ်နေတာပါ။
■ PM2.5 ကို မြင့်မားစွာထိတွေ့နေရတဲ့ ဒေလီမြို့နေများဟာ ကျောက်ကပ်လုပ်ဆောင်နိုင်စွမ်း နည်းပါပးပြီး ကျဆင်းမှုနှုန်းလည်း ပိုမိုမြန်ဆန်တာ တွေ့ရပါတယ်။
■ နှစ်စဉ်ပျမ်းမျှ PM2.5 ပမာဏတိုးလာတိုင်း ကျောက်ကပ်စစ်ထုတ်ပေးနိုင်စွမ်း တိုက်ရိုက်ကျဆင်းမှုနဲ့ ဆက်စပ်နေပါတယ်။
■ အမှုန်အမွှားငယ်တွေက သွေးကြောထဲ ဝင်ရောက်ပြီး ခန္ဓာကိုယ်အနှံ့ ရောင်ရမ်းခြင်း၊ သွေးကြောများ ပျက်စီးခြင်း၊ ဆဲလ်များထိခိုက်ခြင်းတို့ ဖြစ်ပေါ်စေကာ ကျောက်ကပ်ထိခိုက်စေပါတယ်။
■ လေထုညစ်ညမ်းစေတဲ့ အမှုန်အမွှားငယ်များဟာ နာတာရှည်ကျောက်ကပ်ရောဂါ မရှိသေးတဲ့ လူငယ်တွေရဲ့ ကျောက်ကပ်ကျန်းမာရေးကိုပါ ကျဆင်းစေကြောင်း သုတေသန ဖော်ပြထားပါတယ်။
■ N-95 နှာခေါင်းစည်းများ၊ လေသန့်စင်စက်များ အသုံးပြုခြင်းလိုမျိုး ကာကွယ်ရေးနည်းလမ်းများအပြင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများ တင်းကျပ်ချမှတ်ဖို့လည်း ကျွမ်းကျင်သူများ တိုက်တွန်းထားပါတယ်။
Source: Indian Express