Published 16 December 2023
၂၀၂၃ခုနှစ်မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအတွက် ရွှေကြိုမောင်မယ်လျှောက်ထားသူများကို ပဏာမ လူတွေ့စစ်ဆေးခြင်းပြုလုပ်မည်ဖြစ်ပြီး ဒီဇင်ဘာလ(၁၇)ရက်တွင် စတင်စစ်ဆေးရွေးချယ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှသိရသည်။
ဒီဇင်ဘာလ၁၇ရက်မနက်ပိုင်းတွင် ရွှေကြိုမောင်မယ်လျှောက်လွှာအမှတ်စဉ် ၀၀၁မှ ၂၁၆အထိ၊ နေ့လည်ပိုင်းတွင် လျှောက်လွှာအမှတ်စဉ်၂၁၇မှ ၃၃၅အထိ ပဏာမလူတွေ့စစ်ဆေးမည်ဖြစ်ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၌ စစ်ဆေးသွားမည်ဟုဆိုသည်။
အကယ်ဒမီရွှေကြိုမောင်မယ်ဖြစ်လိုသူများအနေဖြင့် ဒီဇင်ဘာလ၁ရက်မှ၁၅ရက်အတွင်း လျှောက်လွှာများ ထုတ်ယူလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ယခု ဒီဇင်ဘာ၁၇ရက်တွင်ပဏာမလူတွေ့စစ်ဆေးခြင်းများစတင် ဆောင်ရွက် မည်ဖြစ်သည်။
၂၀၂၃ခုနှစ်အတွက်အကယ်ဒမီဆုများပေးရန် ၂၀၂၃ခုနှစ်အတွင်း ရုံတင်ပြသခဲ့သည့်ရုပ်ရှင်ဇာတ်ကားများတွင်ပါ ဝင်သော အနုပညာရှင်၊အတတ်ပညာရှင်များ၏အမည်များကို သက်ဆိုင်ရာထုတ်လုပ်ရေးကုမ္ပဏီများမှတစ်ဆင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသို့ ဒီဇင်ဘာလ၈ရက်နောက်ဆုံးထားပြီးတောင်းခံထားကြောင်းနှင့်ယခုနှစ်အတွက် အကယ်ဒမီဆုပေးပွဲကို နေပြည်တော်၌ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
Yangon-Times/tthl
#Local_News
#Published 16 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 16 December 2023
တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများအနေဖြင့် ပြည်ထောင်စုမှ ထောက်ပံ့ငွေဖြင့် အခွန်ဝေစုခွဲဝေပေးမှုများ အပေါ်မီခိုမနေဘဲဝင်ငွေရရှိနိုင်မည့် နည်းလမ်းများကိုလည်း ရှာဖွေကြိုးပမ်းဆောင်ရွက်ကြရန် နစက ဥက္ကဌက အလေးထား ပြောကြား ခဲ့သည်။
ဒီဇင်ဘာလ ၁၅ ရက်က နေပြည်တော်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးအစည်းအဝေးခန်းမ၌ ကျင်း ပသော ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးအတွင်း ယင်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် နိုင်ငံတော်က ထပ်မံခွင့်ပြု လိုက်သည့် ဖြည့်စွက်ခွင့်ပြုငွေများကို လိုအပ်ချက်နှင့် ကိုက်ညီစေမည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ နိုင်ငံတော် ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေမည့် လုပ်ငန်းများအတွက် ထိရောက်စွာ သုံးစွဲကြရန် နှင့် ဆောင်ရွက်ရမည့်လုပ်ငန်းစီမံကိန်းများ အရည်အသွေးပြည့်မီစေရေး၊ သတ်မှတ်ထားသည့် ကာလအတွင်း အချိန်မီပြီးစီးစေရေးနှင့် အသုံးစရိတ်များ အလေအလွင့်မရှိစေရေး စီမံဆောင်ရွက်ကြရန်ပြောကြားခဲ့သည်။
အောက်တိုဘာလမှစ၍ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုများအတွက် ပြန်လည်ထူထောင် ရေးအသုံးစရိတ်များနှင့် အခြားအသုံးစရိတ်များ၊ ၂၀၂၄-၂၀၂၅ ခု၊ ပညာသင်နှစ်တွင် အသစ်တိုးချဲ့ဖွင့်လှစ်မည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ၃၄ ကျောင်းတွင် RCC (၁)ထပ် (၃၄) ဆောင် ဆောက်လုပ် ရန် အသုံးစရိတ်များကို ခွင့်ပြုပေးထားကြောင်းသိရသည်။
ပိုလျှံ ရန်ပုံငွေများဖြင့် လုပ်ငန်းများအားလုံးကို အကောင်အထည်ဖော် ဆောင်ရေး၊ကျေးလက်ဒေသဖွံ့ဖြိုး ရေး၊ ပညာရေး၊ကျန်းမာရေး၊လမ်းပန်းဆက်သွယ်ရေးတို့တွင် ပြည်တွင်းသုံးငွေအသုံးပြုဖော်ဆောင်နိုင်ကြောင်း၊ ဘဏ္ဍာငွေကိုဥပဒေ၊စည်းမျဉ်းစည်းကမ်းများအတိုင်း အကျိုးရှိသည့်နေရာများတွင်အသုံးချရန် ၊ တိုင်း ဒေသ ကြီးနှင့် ပြည်နယ်များအလိုက် ဘဏ္ဍာငွေကို ဥပဒေလုပ်ပိုင်ခွင့်များအတွင်းမှ သုံးစွဲကြရန် နစက ဥက္ကဌကပြော သည်။
အလားတူ စားသုံးဆီနှင့်စက်သုံးဆီ တင်သွင်းနေရသည့်အတွက် နိုင်ငံခြားငွေသုံးစွဲရမှုများရှိနေခြင်းကြောင့် နိုင် ငံခြား ငွေကို အထူးစိစစ်ပြီး သုံးစွဲကြရန် ၊ဖြည့်စွက်ခွင့်ပြုငွေများအပါအဝင် နိုင်ငံတော်ကခွဲဝေချထားပေးသည့် အသုံးစရိတ် များ ကို အလေအလွင့်မရှိသုံးစွဲကြရန်၊ရငွေကိုလျာထားချက်အတိုင်းရရှိအောင်ဆောင်ရွက်ရန်၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်ကုန်ဆုံးချိန်၌ အရအသုံးလျာထားချက်များနှင့် အနီးစပ်ဆုံးဖြစ်အောင်ဆောင် ရွက် ရေးနှင့် စီမံကိန်း လုပ်ငန်းများသတ်မှတ်အချိန်မီပြီးစီးရန် သဘာဝဘေးအန္တရာယ်နှင့် အခြားလက်ခံနိုင်သည့် အခက်အခဲများကြောင့် လုပ်ငန်းများဆောင်ရွက်နိုင်မှုမရှိခြင်းမှလွဲ၍ အကောင်အထည်မဖော်နိုင် သည့်လုပ်ငန်း များ ကို ပြန်လည်စိစစ်ရန် တို့ကိုလည်း ပြောကြားခဲ့ကြောင်းသိရသည်။
အစိုးရအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး ၊ပညာရေး၊ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး ၊လျှပ်စစ်နှင့်စွမ်းအင် တို့ အပြင် အခြား ကဏ္ဍများတွင်လည်းဘတ်ဂျက်ကျခံသုံးစွဲပေးလျက်ရှိသောကြောင့် ပြည်ထောင်စု ဝန်ကြီး ဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများအနေဖြင့် ခွင့်ပြုပေးထားသည့် ဘတ်ဂျက်များကို အကျိုးရှိရှိ အသုံးချနိုင်ရန် ၊ ယခုအခါ “ပြည်ထောင်စုနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ၏ အရအသုံးခန့်မှန်း ခြေငွေ စာရင်းများ ကြိုတင်စိစစ်ရေးကော်မတီ” ကို ဖွဲ့စည်းပေးထားပြီး ဖြစ်သည်။
Yangon-Times/PP
#Local_News
#Published 16 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group


Published_ 16 December 2023
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက်ရှိ နေအိမ် (၁) လုံးတွင် Level 1 အဆင့်ရှိ မီးလောင်မှုဖြစ်ပေါ် ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဘိုဘိုဝင်း Rescue အ ရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ (၁၅)ရက် ည (၁၀) နာရီ (၅၀)မိနစ် အချိန်ခန့်ကမော်လမြိုင်မြို့ မုပွန်ရပ်ကွက်၊ ရာဘာခြံ (၂) လမ်းရှိ နေအိမ် (၁) လုံးတွင် မီး လောင်မှုဖြစ်ပွားခဲ့ရာ မီးလောင်မှုအား Lev el 1 ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
အဆိုပါ ကဲ့သို့ သွားရောက်ငြှိမ်းသတ်ခဲ့ရာ ည (၁၁)နာရီ (၈)မိနစ်ခန့်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ မီးသတ်တပ်ဖွဲ့မှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
Yangon-Times/NN
#Local_News
#Published 16 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group

လာမယ့် အယ်လ်နီညို ဖြစ်စဉ်အတွင်း စိုက်ပျိုးရေး လုပ်ငန်း များ အတွက် ဆောင်ရန် ရှောင်ရန်များကို တောင်သူများ အားသင်တန်းများ ပို့ချပေးနေတယ်လို့ တိုင်းတောင်သူဖွံဖြိုးရေးအဖွဲထံက သိရပါတယ်။
Yangon-Times/LW
#Local_News
#Published 16 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
လာမယ့်နှစ်အတွင်း စေလွတ်ဖို့စီစဉ်နေတဲ့ တောင်ကိုရီးယားရာသီချိန် စိုက်ပျိုးရေးအလုပ်သမားတစ်ဦးကို ဝမ်၁၀သိန်းခန့် ပေးသွင်းဖို့ သက်ဆိုင်ရာတွေကို ကနဦးတင်ပြထားတယ်လို့ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF) ကသိရပါတယ်။
Yangon-Times/NN
#Local_News
#Published 16 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
‘လေနွေးတွေနဲ့ အယ်နီညိုသက်ရောက်မှုအနည်းငယ်ကြောင့် ဆောင်းတွင်းမှာ အရင်နှစ်တွေကလို မအေးတဲ့ ဒေသတွေကတော့ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ စတဲ့မြစ်ဝကျွန်းပေါ်ဒေသတွေ၊ မွန်၊ ကရင်၊ တနင်္သာရီစတဲ့ မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေ၊ မန္တလေး၊ မကွေး၊ နေပြည်တော်စတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေဖြစ်ပြီး ဒီဇင်ဘာလ ကုန်ပိုင်းနဲ့ဇန်နဝါရီလမှာသာ ပုံမှန်အအေးဓာတ်အနည်းငယ်သာရပြီး ဖေဖော်ဝါရီလမှာ ပြန်ပူမှာဖြစ်တယ်’
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးလှထွန်း
Yangon-Times/tthl
#Local_News
#Published 16 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 16 December 2023
ရန်ကုန်တိုင်း၊ တွံ့တေးမြို့နယ်အနီး ယနေ့ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့ညပိုင်း(၁၁)နာရီခန့်တွင် အင်အားရစ်(ခ်)တာစကေး (၃.၄) အဆင့်ရှိငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန(မြေငလျင်ဌာနခွဲ)မှသိရသည်။
အဆိုပါမြေငလျင်လှုပ်ခတ်မှုကို ရန်ကုန်တိုင်းအတွင်းရှိမြို့နယ်အချို့အပြင် ဧရာဝတီတိုင်းအတွင်းရှိ ဒေးဒရဲ၊ဖျာပုံနှင့်မအူပင်ပါသက်ရောက်လှုပ်ခတ်မှုရှိဟုဒေသခံများကဖော်ပြထားသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန(မြေငလျင်ဌာနခွဲ)၏ထုတ်ပြန်ချက်တွင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့၊ မြန်မာစံတော်ချိန် (၂၃)နာရီ၊ (၀၀)မိနစ်၊ (၀၈)စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်-အနောက်တောင်ဘက် (၁၆) မိုင် ခန့်အကွာ၊ မြန်မာနိုင်ငံပြည်တွင်း (တွံတေးမြို့၏ မြောက်-အနောက်မြောက်ဘက် (၆)မိုင် ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၆.၇၉) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၉၁) ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၄) အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိကြောင်းထုတ်ပြန်ထားကြောင်း သိရသည်။
၂၀၂၃ခုနှစ်အတွင်းရန်ကုန်တိုင်း၊မန္တလေးတိုင်း၊ဧရာဝတီတိုင်း၊စစ်ကိုင်းတိုင်း၊ပဲခူးတိုင်းတို့တွင်မြေငလျင်ငယ်များ ဆက်တိုက်လှုပ်ခတ်မှုများရှိခဲ့ပြီး တစ်ကျော့ပြန်ငလျင်ကြီးများလှုပ်ခတ်နိုင်သဖြင့်အဆောက်အဦးများကြိုတင် ပြင်ဆင်ထားသင့်ကြောင်း မြေငလျင်ပညာရှင်များမှအသိပေးထားကြောင်း သိရသည်။
Yangon-Times/tthl
#Local_News
#Published 16 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 16 December 2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၈၉)ရပ်ကွက်၊ စက်မှုဇုံ(၁)၊ ဦးရွှေဘင်လမ်းရှိ ဘိလပ်မြေအုတ်စက်ရုံအတွင်းရှိ ဘိလပ်မြေဖျော်သည့်စက်အတွင်း လူ(၁)ဦးညပ်မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဒီဇင်ဘာ ၁၆ ရက် နံနက် ၉နာရီ ၅၀မိနစ်အချိန်ခန့်က ဖြစ်ပွားခဲ့ ခြင်းဖြစ်ကာ ယင်းညှပ်နေသူအား ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ရာ ၁၀ နာရီ အချိန်တွင် ကယ်ထုတ်ပေးနိုင်ခဲ့ကြောင်းသိရသည်။
အဆိုပါ လူနာအား ပိတောက်ကွေ့သမလူမှုကူညီရေးအသင်းယာဉ်ဖြင့် စံပြဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲကြောင်း သိရသည်။
Yangon-Times/LW
#Local_News
#Published 16 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 16 December 2023
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် အလုပ်လုပ်ကိုင် မြန်မာအလုပ်သမားတစ်ဦးသည် မလေးရှား နိုင်ငံ၏ တရားဝင် ရောင်းချသည့် ၆ လုံးထီ ပေါက်ခဲ့ကာ မြန်မာငွေ ကျပ်သိန်း၁၅၀၀ နီးပါးရရှိခဲ့ကြောင်းနှလုံးလှ ပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့ ထံက သိရသည်။
အဆိုပါ ကံထူးရှင်သည် ၎င်းကိုင်ဆောင်ထားသည့် ပတ်စပို့စ်နံပါတ်ကို (၆)လုံးထီထိုးခဲ့ရာမှ ထီဆုပေါက်ခဲ့တာဖြစ်ပြီး မလေးရှားငွေ ရင်းဂစ် (၂၀၀၀၀၀)ဆု၊မြန်မာကျပ်ငွေ သိန်း (၁၅၀၀) ခန့်ကို ရရှိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ထီဆုပေါက်သူမှ ဆုငွေထုတ်ယူရန် နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့ကို ဆက်သွယ်အကူအညီတောင်းခံခဲ့သောကြောင့် အဖွဲ့တာဝန်ရှိသူများ က ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ကာယကံရှင်နဲ့အတူ ဆုငွေသွားရောက်ထုတ်ယူပေးခဲ့ကြောင်းသိရသည်။
ယင်းကံထူးရှင်မှ လိုက်ပါကူညီဆောင်ရွက်ပေးခဲ့သည့် နှလုံးလှအသင်း၏ ပရဟိတကူညီမှုများဆောင်ရွက်သည့် နေရာတွင် အသုံးပြုနိုင်ရန် ရင်းဂစ် (၅၀၀၀) ကို လှူဒါန်းပေးအပ်ခဲ့ကြောင်းသိရသည်။
ထီဆုကံထူးရှင်သည် မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ကနီမြို့နယ်မှ မလေးရှားနိုင်ငံသို့ လာရောက်အလုပ်လုပ်ကိုင်နေသူတစ်ဦးဖြစ်ကြောင်း သိရသည်။
Yangon-Times/LW
#Local_News
#Published 16 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 16 December 2023
အစ္စရေးလ်စစ်သားတွေဟာ အစ္စရေးလ်ဓားစာခံ ၃ ဦးကို ဘေးအန္တရာယ်ပြုမယ့်သူတွေလို့ မှားယွင်းစွာ ယူဆခဲ့ကာ အသေပစ်သတ်ခဲ့မိတယ်လို့ အစ္စရေးလ်စစ်တပ်က ဒီဇင်ဘာ ၁၆ ရက်နေ့ အစောပိုင်းမှာ ပြောကြားလိုက်ပါတယ်။
‘’ရှီဂျိုင်ယာမှာ တိုက်ခိုက်နေစဥ် အစ္စရေးလ်ကာကွယ်ရေးတပ် (IDF)က အစ္စရေးလ်ဓားစာခံ ၃ ဦးကို အန္တရာယ်ပေးမယ့်သူတွေလို့ မှားယွင်းစွာ ယူဆမိခဲ့ပါတယ်။ ဒီအတွက် ယင်းတို့ကို ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားခဲ့ပါတယ်’’ လို့ ထုတ်ပြန်ခဲ့ကာ အလွန်ဝမ်းနည်းကြေကွဲမိပါကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဒီဖြစ်ရပ်ကို IDF က ချက်ချင်းပြန်လည်သုံးသပ်နေပြီး အတွေ့အကြုံယူကာ IDF အဖွဲ့ဝင်အားလုံးသိရှိအောင် ဖြန့်ဝေထားပါတယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၇ ရက်နေ့က ဟားမတ်စ်စစ်သွေးကြွတွေဟာ အစ္စရေးလ်ဘက်ကို ကျူးကျော်ဝင်ရောက်ကာ လူပေါင်း ၁,၂၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ဓားစာခံ ၂၅၀ ခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
ယခုသေဆုံးသွားတဲ့ ဓားစာခံတွေက ယိုတမ်ဟိုင်းနဲ့ ဆမ်မာအယ်လ်တယ်လာကာတို့ ဖြစ်တယ်လို့ သိရပါတယ်။
ပြင်သစ်-အစ္စရေးလ်လူမျိုး အယ်လီယာတိုလ်ဒါနိုရဲ့ အလောင်းကိုတော့ အစ္စရေးလ်ကို ပြန်ပို့ထားပြီး သူကတော့ ဓားစာခံအဖွဲ့ထဲက မဟုတ်ဘူးလို့ အစ္စရေးလ်စစ်တပ်က သောကြာနေ့ အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။
အစ္စရေးလ်နဲ့ ဟားမတ်စ်တို့ရဲ့ စစ်ပွဲဆက်လက်ပြင်းထန်နေပြီး အစ္စရေးလ်က ဂါဇာကမ်းမြောင်ထံသို့ ထောက်ပံ့ကူညီမှုများကို ပြန်လည်ဖွင့်ပေးခဲ့ပါတယ်။
အရပ်သားများ ကာကွယ်ရေးနဲ့ အပစ်အခတ်ရပ်စဲရေးအတွက် အစ္စရေးလ်ကို နိုင်ငံတကာမှ ဖိအားပေးမှုများ တိုးမြှင့်လာပါတယ်။
အမေရိကန်က အစ္စရေးလ်ကို များစွာထောက်ပံ့ထားပြီး စစ်ရေးအကူအညီအတွက် ဒေါ်လာဘီလီယံချီ ပံ့ပိုးထားကာ အစ္စရေးလ်အနေနဲ့ ကိုယ်ပိုင်ကာကွယ်ခွင့်ရှိတယ်လို့ ထောက်ခံထားပေမယ့် ဂါဇာကမ်းမြောင်မှာ အသေအပျောက်စာရင်း မြင့်တက်နေတာကို အမေရိကန်ထိပ်သီး အရာရှိများက စိုးရိမ်နေကြပါတယ်။
အစ္စရေးလ်အနေနဲ့ အကြမ်းဖက်တိုက်ခိုက်တာတွေကို ရပ်တန့်သင့်တယ်လို့ ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ ဥရောပသမဂ္ဂ၊ ဩစတြေးလျအပါအဝင် အနောက်တိုင်းနိုင်ငံ အများအပြားမှ တောင်းဆိုလိုက်ကြပါတယ်။
Source: WION
#World_News
#Published 16 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 16 December 2023
ကြက်ဥပြုတ်စားခြင်းဟာ ကိုယ်အလေးချိန်ချတဲ့ နည်းလမ်းထဲမှာ အပါအဝင်ဖြစ်ပြီး ပုံမှန်စားသုံးခြင်းဖြင့် ၂ ပတ်အတွင်း ၂၅ ပေါင်ခန့်ကျစေနိုင်တယ်လို့ ပညာရှင်များ လေ့လာဖော်ပြထားပါတယ်။
ထိုစားသောက်ပုံစံက မနက်စာကို အနည်းဆုံး ကြက်ဥပြုတ် ၂ လုံး၊ အသီးတစ်မျိုး စားသုံးပြီး နေ့လယ်စာနဲ့ ညစာကို ကြက်ဥ၊ ကာဗိုဟိုက်ဒရိတ်နည်းတဲ့ ဟင်းသီးဟင်းရွက်များဖြင့် စားသုံးရတာ ဖြစ်ပါတယ်။
ဒီလိုစားသောက်ပုံက ကယ်လိုရီနဲ့ ကာဗိုဟိုက်ဒရိတ် နည်းပါးပြီး ကိုယ်အလေးချိန်ကျစေတဲ့ နည်းလမ်းဖြစ်ပေမယ့် ရေရှည်မှာ အာဟာရဓာတ် မညီမျှမှု ဖြစ်စေနိုင်တယ်လို့ နယူးယော့ခ်အခြေစိုက် အာဟာရပညာရှင် အယ်ရင်ပယ်လင်စကီဝိတ်က ပြောပြခဲ့ပါတယ်။
ကြက်ဥပြုတ် စားသောက်ထိန်းသိမ်းမှု ပုံစံထဲမှာ ရှောင်ရှားရမယ့် အစားအစာများစွာ ပါဝင်နေတာကြောင့် အာဟာရဓာတ် ချို့တဲ့မှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
ရေတိုထိရောက်မှုမှာတော့ တစ်ပတ်အတွင်း ၅ ပေါင်ကျသွားတယ်လို့ တစ်တော့မှာ လူတစ်ဦးက ဖော်ပြသွားပါတယ်။
အစပိုင်းမှာ ရေဓာတ်ပါဆုံးရှုံးတာကြောင့် ကိုယ်အလေးချိန် ကျဆင်းသွားတာဖြစ်ကြောင်း၊ တကယ်တမ်းမှာ ကိုယ်တွင်းအဆီတွေ ကျဆင်းသွားတာ မဟုတ်ကြောင်း ဒေါက်တာက ရှင်းပြခဲ့ပါတယ်။
ကြက်ဥမှာ အာဟာရဓာတ်များစွာ ပါဝင်ပြီး ဗိုက်တာမင် အေ၊ ဘီ၁၂၊ ဒီ၊ ဘီ၂၊ ဘီ၇၊ ဆယ်လီနီယမ်၊ အိုင်အိုဒင်းတို့ မြင့်မားစွာ ပါဝင်သလို ကိုလက်စ်ထရောလ်နဲ့ ပြည့်ဝဆီများလည်း ပါဝင်နေပါတယ်။
ကြက်ဥပြုတ်နည်းလမ်းကို စမ်းကြည့်ချင်သူတွေအနေနဲ့ ရက်သတ္တပတ် အနည်းငယ်လောက် အဆင်ပြေနိုင်ပေမယ့် ရေရှည်အတွက်တော့ မသင့်လျော်နိုင်ဘူးဆိုတဲ့ ကိစ္စက အစိုးရိမ်ရဆုံး ဖြစ်နေပါတယ်။
နောက်ဆုံးမှာတော့ ထိုအတောအတွင်း ကျသွားခဲ့တဲ့ ကိုယ်အလေးချိန်တွေ ပြန်တက်လာနိုင်ကာ ပိုပြီးတော့ပင် များလာနိုင်ပါတယ်။
အသင့်လျော်ဆုံးနည်းလမ်းကတော့ ပညာရှင်တွေနဲ့ တိုင်ပင်ပြီး မိမိအတွက် ရေရှည်အထိပါ အကျန်းမာဆုံးနည်းလမ်းကို ဆွေးနွေးသင့်ပါတယ်။
Source: New York Post
#World_Health
#Published 15 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Page 865 of 1932