#World_Health
Published 09 May 2024


▪️ အမေရိကန်လူမျိုး ၃၆၁၆၄ ဦးရဲ့ ကယ်လ်စီယမ် စားသုံးမှုကို သုတေသီများး ဆန်းစစ်ခဲ့ကြရာ နံနက်စာနဲ့ ညစာစားချိန်အတွင်း ကယ်လ်စီယမ် စားသုံးခြင်းက နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေ လျော့ကျစေတယ်လို့ တွေ့ရှိထားပါတယ်။

 

▪️ ညစာစားချိန်မှာ ကယ်လ်စီယမ် စားသုံးမှု ၅ ရာခိုင်နှုန်း လျှော့ချပြီး နံနက်စာ စားချိန်မှာ ၅ ရာခိုင်နှုန်း ပိုမိုစားသုံးခြင်းဖြင့် နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေ ၆ ရာခိုင်နှုန်း ကျဆင်းစေပါတယ်။

 

▪️ အစားအစာထဲမှာပါတဲ့ ကယ်လ်စီယမ်က သွေးအဆီဓာတ်၊ သွေးပေါင်ချိန်တို့ကို ကောင်းမွန်စေတယ်လို့ သုတေသီများ မှတ်ချက်ပြုထားပါတယ်။

 

▪️ နှလုံးဖောက်ခြင်း၊ နှလုံးရပ်ခြင်း၊ လေဖြတ်ခြင်းစတဲ့ နှလုံးသွေးကြောရောဂါတွေဟာ ကမ္ဘာတဝှမ်းမှာ သေဆုံးမှုအများဆုံးဖြစ်ရတဲ့ အကြောင်းအရင်း ဖြစ်နေပါတယ်။

 

▪️ နေ့ပိုင်းမှာဆိုရင် ကယ်လ်စီယမ် ဖြစ်ပျက်မှုအတွက် လိုအပ်တဲ့ ဟော်မုန်းတွေ မြင့်တက်တာကြောင့် ကယ်လ်စီယမ်စုပ်ယူမှုက နေ့ပိုင်းမှာ ပိုအားကောင်းကြောင်း အာဟာရပညာရှင် မယ်လာနီမာဖီရစ်ချ်တာက ပြောပြသွားပါတယ်။

 

▪️ အသက် ၁၉ နှစ်မှ ၇၀ ကြား အမျိုးသားတွေနဲ့ ၁၉ နှစ်မှ ၅၀ ကြား အမျိုးသမီးတွေဟာ တစ်နေ့ကို ကယ်လ်စီယမ် ၁၀၀၀ မီလီဂရမ် သောက်သုံးသင့်ပြီး အသက် ၇၁ နှစ်အထက် အမျိုးသားတွေနဲ့ အသက် ၅၁ နှစ်အထက် အမျိုးသမီးတွေကတော့ ၁၂၀၀ မီလီဂရမ် လိုအပ်ပါတယ်။

 

▪️ နို့တစ်ခွက်မှာဆိုရင် ကယ်လ်စီယမ် ၃၀၀ မီလီဂရမ်ခန့် ပါဝင်ပါတယ်။

 

▪️ အရွက်၊ အခွံမာသီး၊ အစေ့အဆန်များ၊ နို့ထွက်ပစ္စည်းများ စားသုံးသူတွေဟာ ကယ်လ်စီယမ် ဖြည့်စွက်စာ မလိုအပ်ဘူးလို့ ရစ်ချ်တာက ဆိုပါတယ်။

 

#Source: New York Post