#World_Health
Published 09 May 2024
▪️ သဘာဝသစ်သီးဖျော်ရည်တွေက ကျန်းမာရေးနဲ့ ပိုမိုသင့်လျော်မယ်လို့ ယူဆထားကြပေမယ့် မကောင်းတဲ့ အချက်တွေလည်း ရှိနေနိုင်ပါတယ်။
 
▪️ (၁) သကြားပါဝင်မှုများခြင်း
သစ်သီးတွေကို ဖျော်ရည်လုပ်လိုက်တဲ့အခါ သကြားပါဝင်မှု မြင့်မားလာတာကြောင့် ရေနဲ့ရောသောက်တာမျိုး ပြုလုပ်သင့်ပါတယ်။
 
▪️ (၂) အမျှင်ဓာတ်နည်းသွားခြင်း
အသီးမှာပါဝင်တဲ့ အမျှင်ဓာတ်တွေက ဖျော်ရည်လုပ်လိုက်တဲ့အခါ နည်းပါးသွားတာကြောင့် ထွက်သွားတာ အမျှင်ဖတ်တွေကို ပြန်ထည့်သောက်သင့်ပါတယ်။
 
▪️ (၃) အာဟာရဓာတ်များ ဆုံးရှုံးခြင်း
အသီးတွေမှာပါဝင်တဲ့ ဗိုက်တာမင်နဲ့ အာဟာရဓာတ်များ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဟာ ဖျော်ရည်လုပ်တဲ့အခါ ဆုံးရှုံးသွားတတ်ပါတယ်။
 
▪️ (၄) ကယ်လိုရီများခြင်း
အသီးဖျော်ရည်တွေမှာ ကယ်လိုရီမြင့်မားပြီး အများအပြား သောက်သုံးပါက ကိုယ်အလေးချိန် တက်စေနိုင်ပါတယ်။
 
▪️ (၅) အက်ဆစ်ဓာတ်ပါဝင်ခြင်း
အချဥ်ပါတဲ့ အသီးတွေဟာ အက်ဆစ်ဓာတ်ဖြစ်စေပြီး အစာမကြေ အက်ဆစ်လျှံတက်ခြင်းတို့ ဖြစ်တတ်ပါတယ်။
 
▪️ (၆) ရောဂါပိုးဝင်ရောက်နိုင်ခြင်း
အသီးတွေကို အရည်ညှစ်တဲ့အခါ သေချာသန့်သန့်ရှင်းရှင်း မကိုင်တွယ်ပါက အစားအစာနဲ့ ပတ်သက်တဲ့ ရောဂါများ ဝင်ရောက်နိုင်ပါတယ်။
 
▪️ (၇) ဆေးဝါးများနှင့်ဓာတ်ပြုနိုင်ခြင်း
အချို့သော အသီးနဲ့ ဖျော်ရည်တွေက ဆေးဝါးများနဲ့ ဓာတ်ပြုနိုင်ကာ အာနိသင်ကျဆင်းတာမျိုး ဘေးထွက်ဆိုးကျိုး ဖြစ်တာမျိုး ဖြစ်တတ်ပါတယ်။
 
▪️ (၈) ကုန်ကျစရိတ်များခြင်း
ဖျော်ရည်တွေကို ဝယ်သောက်ရတာဟာ ဈေးကြီးတတ်တာကြောင့် အိမ်မှာလုပ်သောက်တာက ဈေးသက်သာနိုင်ပါတယ်။
 
▪️ (၉) သွားပိုးစားနိုင်ခြင်း
အသီးဖျော်ရည်တွေက သကြားပါဝင်မှု မြင့်မားတာကြောင့် မကြာခဏ သောက်သုံးပြီး ခံတွင်းသန့်ရှင်းရေး သေချာမလုပ်ပါက သွားပိုးစားခြင်းမျိုး ဖြစ်တတ်ပါတယ်။

#Source: DoctorNDTV