#Local_News
Published 9 May 2024

▪️ ရာသီဥတုပူပြင်းသည့်အတွက် တောင်သမန်တံတားနှင့်အင်းသို့ ယခုလအတွင်း လာရောက်လည်ပတ်သူ တစ်ရက်လျှင် လူဦးရေ ၆၀၀ ကျော်အထိ ရှိလာကြောင်း တောင်သမန်တံတားပြုပြင်ထိန်းသိမ်းရေးအဖွဲ့မှ သိရသည်။

 

▪️ အဆိုပါ တောင်သမန်အင်းနှင့်တံတားသို့ ဧပြီလနောက်ဆုံးပတ်က လာရောက်လည်ပတ်ကြသော ပြည်တွင်း၊ ပြည်ပ ခရီးသွားမှာ တစ်ရက်လျှင် လူဦးရေ ၄ဝဝ ကျော်သာရှိခဲ့ခြင်းဖြစ်သည်။

 

▪️ ယခု မေလပထမပတ်အတွင်း၌မူ တစ်ရက်လျှင် လူဦးရေ ၆၀၀ ကျော်အထိ  ပြည်တွင်း၊ ပြည်ပ ခရီးသွားများလာရောက်လည်ပတ်နေကြကြောင်း သိရသည်။

 

▪️ ပြည်တွင်း၊ ပြည်ပခရီးသွားများသည် တောင်သမန်အင်းအတွင်းနေဝင်ဆည်းဆာအလှကို ငှက်လှေများဖြင့် ကြည့်ရှုလေ့ရှိကြရာ  ငှက်လှေအစီးရေ ၅ဝ ကျော်ဖြင့် ပြေးဆွဲပေးလျက်ရှိနေ ကြောင်းသိရသည်။

 

#YMG/ NN #Yangon_Times