#Local_News
Published 19 December 2023
လာမည့်ဇန်နဝါရီလဆန်း၌ပြုလုပ်မည့် ဟင်းသီးဟင်းရွက် သစ်သီးဝလံနှင့်ပန်းမန်ပြပွဲပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့်ပန်းမန်များကို ဒီဇင်ဘာလ (၃ဝ) ရက်နောက်ဆုံးထားပေးပိုရမည်ဖြစ်ကြောင်း ရနကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
အဆိုပါ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်ပြပွဲပြိုင်ပွဲကို ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ (၁) ရက်မှ (၇) ရက်အထိ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြိုနယ်ရှိ ကန်တော်ကြီး သဘာဝဥယျာဉ် ပုလဲ/မဟာမြိုင်ကျွန်း ဆင်ဖြူတော်ရုပ်တုများနှင့် စိုက်ပျိုးရေးပြတိုက်အနီး၌ ကျင်းပမည်ဖြစ်ရာ ပြိုင်ပွဲဝင်ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့်ပန်းမန်များကို ဒီဇင်ဘာလ (၃ဝ) ရက် နံနက် (၈) နာရီမှ ညနေ (၅) နာရီအတွင်း ပြိုင်ပွဲကျင်းပမည့်နေရာသို ပေးပိုရမည်ဖြစ်ပြီး မြေ ယာရှုခင်း (Land- scaping) ပြိုင်ပွဲကို ဒီဇင်ဘာလ (၂၉) ရက်မှ (၃၁) ရက်အထိ အပြီးပြင်ဆင်ရမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ သစ်သီးအလှပုံဖော်ပြိုင်ပွဲကို ဒီဇင်ဘာလ (၃၁) ရက် ညနေ (၃) နာရီမှ (၅)နာရီအထိ၊ ပန်းအလှပြင်ဆင်ခြင်းပြိုင်ပွဲကို ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ (၁) ရက် နံနက် (၅) နာရီခွဲမှ (၇) နာရီအထိ ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲ၌ သစ်သီးဝလံပြိုင်ပွဲ (တစ်လုံးချင်း)၊ သစ်သီးဝလံပြိုင်ပွဲ(ဥစား)၊ သစ်သီးဝလံပြိုင်ပွဲ(အခိုင်လိုက်)၊ သစ်သီးဝလံပြိုင်ပွဲ (အသီးပါအပင်)၊ ဟင်းသီးဟင်းရွက်ပြိုင်ပွဲ (အရွက်)၊ (အထုပ်)၊ (ဥစား)၊ (အလုံးလိုက်)၊ (အသီးပါအပင်)၊ မြေယာရှုခင်းပြိုင်ပွဲ၊ပြည်ပသစ်ခွပြိုင်ပွဲ (ကတ်တလီယာ)၊ (ဗန်ဒါ)၊ (ဒန်ဒရိုဗီယမ်)များနှင့် သစ်ခွအခြားအုပ်စုပြိုင်ပွဲ၊ ပြည်တွင်းသစ်ခွပြိုင်ပွဲများ ပါဝင်ကြောင်း သိရသည်။
ထို့အပြင် အရွက်အလှပင်ပြိုင်ပွဲ (Indoor)(Outdoor)၊ ရာသီပန်းပြိုင်ပွဲ၊ သက်ကြီးပုပင်ပြိုင်ပွဲ (Bonsai) (၆ လက်မအောက်)နှင့် (၆ လက်မနှင့် ၁ဝ လက်မကြား)နှင့် (၁၀ လက်မအထက်)၊ အလှပြင်ဆင်ခြင်းပြိုင်ပွဲ၊ သစ်သီးအလှပြင်ဆင်ခြင်းပြိုင်ပွဲနှင့် ပန်းအလှပင်ပြိုင်ပွဲ စသည့် ပြိုင်ပွဲအမျိုးအစားများလည်း ပါဝင်ပြီး မည်သူမဆိုဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။
ရန်ကုန်မြို့တွင် ဟင်းသီး ဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်ပြပွဲ ပြိုင်ပွဲများကို ၁၉၉၃ ခုနှစ်မှ စတင်ကာ ၂၀၂၀ ပြည့်နှစ်အထိ နှစ်စဉ် ပြုလုပ်ခဲ့ပြီးနောက် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်များတွင် ပြပွဲပြိုင်ပွဲများကိုယာယီ ရပ်နားထားခဲ့ပြီးနောက် ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ၌ ၁၉ ကြိမ်မြောက်အဖြစ်ပြန်လည်ကျင်းပခဲ့ပြီးနောက် လာမည့် ၂၀၂၄ခုနှစ်တွင် လည်းဆက်လက်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
#Local_News #သစ်သီးဝလံ #ပန်းမန်ပြပွဲပြိုင်ပွဲ #YMG/NN #Yangon_Times
အိန္ဒိယဈေးနှုန်းသတ်မှတ်လိုက်တော့ ပြည်တွင်းဈေးတက်လာတယ်၊ ဗီယက်နမ်တို့ဘာတို့ နည်းနည်းပြန်ဝယ်ချင်တဲ့သဘောပေါ့၊ တောင်သူတွေအလုပ်ဖြစ်တယ်၊ အိန္ဒိယဘက်ကစောပိတ်လိုက်ရင် မိုးကြက်သွန်သမားတွေ ပိုစားသာသွားမယ်
#Local_News
Published 19 December 2023
#မြန်မာ့ကြက်သွန်နီ #တောင်သူများဈေးကောင်းရ
#YMG/NN #Yangon_Times
"အခုရက်ပိုင်းအတွင်းမှာတော့ ခရစ္စမတ်နဲ့ နယူးရီးယားအတွက် ဘိုကင်ပြန်တင်သူတွေနဲ့ ဟိုတယ်တွေ ပြန်ပြည့်လာတယ်။ အရင်က လုံခြုံရေး အခြေအနေအရ ကမ်းခြေခရီးစဉ်တွေ ဘိုကင်ပြန်ဖျက်သွားတာတွေရှိခဲ့တယ်"
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဌဦးနောင်းနောင်းဟန်
#Local_News
Published 19 December 2023
#ခရစ္စမတ် #နယူးရီးယား #ဘိုကင်ပြန်တင်သူတွေပြည့်လာ
#tthl #Yangon_Times
#Local_News
Published-19 December 2023
စက်သုံးဆီတင်သွင်းသော ကုမ္ပဏီများကို အမေရိကန်ဒေါ်လာ (၉.၇၂) သန်းကို ယမန်နေ့က ဗဟိုဘဏ်မှရောင်းချပေးခဲ့ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရသိရသည်။
ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေ (ဒေါ်လာ) ရောင်းဝယ်မှုတွင် ဈေးနှုန်းသတ်မှတ်ခြင်းမပြုတော့ဘဲ ဈေးကွက်ပေါက်ဈေးအတိုင်း လွတ်လပ်စွာရောင်းချခွင့်ကို ဒီဇင်ဘာ ၅ ရက်တွင် လွတ်လပ်စွာရောင်းဝယ်ခွင့်ပြုထားခြင်းဖြစ်ကြောင်းသိရသည်။
ထို့အတူ ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းအထိ လွတ်လပ်စွာ ရောင်းချနိုင်ရန် ခွင့်ပြုပေးခဲ့ပြီး စက်မှုဇုန်များအတွက် လိုအပ်သည့် စက်သုံးဆီများကို အဆိုပါပို့ကုန်ရငွေမှ မိမိအစီအစဉ်အတိုင်း ဝယ်ယူရန်နှင့် ဒေါ်လာလိုအပ်ခဲ့ပါကလည်း ဗဟိုဘဏ်မှ စိုက်ထုတ်ပေးထားမည်ဖြစ်ကြောင်း စက်မှုဇုန်လုပ်ငန်းရှင်များထံမှ သိရသည်။
လက်ရှိတွင် ပြည်ပမှ တင်သွင်းနေရသည့် ကုန်စည်များထဲတွင် စက်သုံးဆီသည် သွင်းကုန်ပထမ ဦးစားပေးအဖြစ် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ သတ်မှတ်ထားကြောင်း သိရသည်။
#Local_News #စက်သုံးဆီတင်သွင်း #ဒေါ်လာ၁၀သန်း #ဗဟိုဘဏ်ရောင်းချပေး #YMG/NN #Yangon_Times
မြေပဲအတောင့်ကို ပွဲခမယူဘဲ ကာလပေါက်ဈေးအတိုင်းပေးတဲ့အပြင် ရောင်းချပြီးပါကရသည့် အမြတ်ငွေ၏ ၂၀ ရာခိုင်နှုန်းကို နိုင်ငံတကာ ပို့ကုန်လုပ်ငန်းရှင်က ပြန်ပေးမှာ ဖြစ်တဲ့မြေပဲ စိုက်တောင်သူတွေ လာရောက်ရောင်းချမှုများတယ်လို့ တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့ထံက သိရပါတယ်။
#Local_News
Published 19 December 2023
#အမြတ်ငွေ၂၀ရာခိုင်နှုန်းပေး #တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့ #မြေပဲစိုက်တောင်သူ
#YMG/LW #Yangon_Times
#Local_News
Published_ 19 December 2023
ရုရှားခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်ရေးအတွက် ပြည်ဝင်ဗီဇာ ဖြေလျော့ပေးမှုများ၊ ကြိုဆိုရေးအစီအစဉ်များနှင့် မြှင့်တင်ကြော်ငြာရေးကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိကြောင်း စိန့်ပီတာစဘတ်မြို့၌ ဒီဇင်ဘာ ၁၃ ရက်မှ ၁၅ ရက်အထိ ပူးပေါင်းစီစဉ် ကျင်းပပြုလုပ်တဲ့ စိန့်ပီတာစဘတ်နိုင်ငံတကာခရီးသွားလုပ်ငန်းဖိုရမ်၌ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ပြောကြားခဲ့ပါတယ်။
ဝန်ကြီးက မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအခြေအနေများ၊ ရုရှားနိုင်ငံနှင့် ခရီးသွားလုပ်ငန်းပူးပေါင်း ဆောင်ရွက်မှုအခြေအနေများ၊ မြန်မာနိုင်ငံသို့ ရုရှားခရီးသွားများ ပိုမိုတိုးတက်လာရောက်ရေး Welcome Russia Program in Myanmar ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
စပိန်၊ ဂျော်ဒန်၊ အိန္ဒိယ၊ ယူအေအီး၊ ကာတာနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ်များက နိုင်ငံတကာနှင့်ဒေသတွင်း စီမံကိန်းဖော်ဆောင်မှုများ၊ ဗီဇာ၊ ငွေကြေးစနစ်များနှင့် ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေးကိစ္စရပ်များကို ပါဝင်ဆွေးနွေးကြပါတယ်။
ဒီဇင်ဘာ ၁၄ ရက်တွင် Four Seasons Hotel ၌ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၏ ပြည်ဝင်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုရလဒ်များနှင့် အနာဂတ်အစီအစဉ်များ ရှင်းလင်းတင်ပြခြင်း ဆွေးနွေးပွဲနှင့် နိုင်ငံတော်ဦးစားပေး လုပ်ငန်းအစီအစဉ်များအရ ခရီးစဉ်ဒေသ အသစ်များဖော်ထုတ်သည့် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး မြန်မာ-ရုရှား နှစ်နိုင်ငံကြား ခရီးသွားလုပ်ငန်းပူးပေါင်း ဆောင်ရွက်ရေး မြှင့်တင်နိုင်ဖို့ ဆွေးနွေးခဲ့ပါတယ်။
ခရီးသွားလုပ်ငန်းအတွက် လေကြောင်းချိတ်ဆက်မှုမှာအရေးကြီးပြီး မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံ တို့အကြား တိုက်ရိုက်လေကြောင်းပျံသန်းမှုများလည်း ရှိလာပါကြောင်း၊ မြန်မာ-ရုရှားခရီးသွားလုပ်ငန်း ဖိုရမ်ကျင်းပနိုင်ရေးအတွက် စိန့်ပီတာစဘတ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း၊ နှစ်နိုင်ငံ အစိုးရချင်း၊ ပုဂ္ဂလိကချင်း နီးကပ်စွာ လက်တွဲ ဆောင်ရွက်သွားလိုကြောင်း ပြောပါတယ်။
ဒီဇင်ဘာ ၁၅ ရက်တွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် စိန့်ပီတာစဘတ် အစိုးရအဖွဲ့တွင် စိန့်ပီတာစဘတ်အစိုးရပြည်ပဆက်ဆံရေးကော်မတီ ဒုတိယဥက္ကဌ၊ မစ္စတာ ဗီချေစလပ်ကော်ဂါနော့ဗ်၊ စိန့်ပီတာစဘတ်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဒုတိယဥက္ကဌ မစ္စ နာနာဂဗီချီယာ တို့ ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံပါတယ်။
မြန်မာ-ရုရှား နှစ်နိုင်ငံ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးနှင့် အပြန်အလှန် လာရောက်လည်ပတ်မှုများ တိုးတက် လာစေရေး၊ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး၊ ရုရှားနိုင်ငံမှ အကူအညီပေးရေး၊ ဆောင်ရွက်ဆဲဖြစ်သည့် မြန်မာ-စိန့်ပီတာစဘတ် virtual forum ကိုမကြာမီကာလအတွင်း ဆောင်ရွက်နိုင်ရေး၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ပုဂ္ဂလိက အချင်းချင်းချိတ် ဆက်၍ tourist package များဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြပါတယ်။
အဆိုပါဖိုရမ်သို့ နိုင်ငံပေါင်း (၄၀)ကျော်မှ လူဦးရေ (၁၀၀၀) ကျော် တက်ရောက်ကြပြီး ကမ္ဘာအနှံ့က အောင်မြင်သည့် ခရီးသွားလုပ်ငန်းအလေ့အကျင့် ကောင်းများနှင့် အမျိုးသားစီမံကိန်းများနှင့်ပတ်သက်၍ အတွေ့အကြုံများကို မျှဝေနိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သတင်းရရှိပါတယ်။
#Local_News #ပြည်ဝင်ဗီဇာဖြေလျော့ပေးမှု #ကြိုဆိုရေးအစီအစဉ် #ymg_mnn #Yangon_Media_Group
#Local_News
Published-19 December2023
FMI ကုမ္ပဏီအုပ်စုသည် ပြည်တွင်း အပန်းဖြေဝန်ဆောင်မှု ဈေးကွက်ကို တိုးချဲ့ရန် လုပ်ဆောင်လျက်ရှိပြီး စိန်ခေါ်မှုများနှင့် ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ကြောင်း FMI ၏ ထုတ်ပြန်ချက်အရ သိရသည်။
FMI ကုမ္ပဏီအုပ်စု၏ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းကဏ္ဍတွင် ပါဝင်သော Memories Group သည် ပြည်တွင်း အပန်းဖြေဝန်ဆောင်မှု ဈေးကွက်ကို တိုးချဲ့ရန် လုပ်ဆောင်လျက်ရှိပြီး နာမည်ကြီးလူသိများသော အဆောက်အအုံများ (Boutique Hotel)၊ ရန်ကုန်မြို့ရှိ Governor Residence နှင့် British Club တို့ကို စီမံခန့်ခွဲရန် စာချုပ်ချုပ်ဆိုထားကြောင်းသိရသည်။
သို့သော်နိုင်ငံတကာခရီးသွားဧည့်သည်များ လာရောက်မှု သိသိသာသာ ကျဆင်းခြင်းနှင့် ပြည်တွင်းခရီးသွား ဝန်ဆောင်မှုလုပ်ငန်းများ ကောင်မွန်စွာ လည်ပတ်နိုင်မှု နှေးကွေးခြင်းတို့ကြောင့် စိန်ခေါ်မှုများနှင့် ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ကြောင်း သိရသည်။
ထို့အပြင် FMI ကုမ္ပဏီအုပ်စု (First Myanmar Investment Public Co., LTD) အနေဖြင့် ဘဏ်ချေးငွေ အမျိုးမျိုးနှင့် ဘဏ်ဝန်ဆောင်မှုလုပ်ငန်း၊ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများမှ ဝင်ငွေပို၍ရရှိလာခြင်းကြောင့် ယခု ၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်ဝက်တွင် ယခင်နှစ်ကာလတူထက် ဝင်ငွေ ၄၄ ရာခိုင်နှုန်းနီးပါးနှင့် အမြတ်ငွေ ၆၈ ရာခိုင်နှုန်းကျော် တိုးတက်ရရှိခဲ့ကြောင်းသိရသည်။
#Local_News #FMI ကုမ္ပဏီအုပ်စု #အပန်းဖြေဝန်ဆောင်မှုဈေးကွက် #YMG/NN #Yangon_Times
#Local_News
Published 19 December 2023
ခရစ္စမတ်နေ့သည် ခရစ်ယာန်ဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း ရန်ကုန်မြို့ရှိ ဘုရားကျောင်းများတွင် ဆီမီးရောင်စုံများထွန်းညှိပြီး ဝတ်ပြုဆုတောင်းခြင်း၊ဓမ္မတေးသီချင်းများသီဆိုခြင်း၊လှူဒါန်းခြင်းများဆောင်ရွက်လေ့ရှိကြကြောင်း သိရသည်။
ခရစ္စမတ် Christmasအချိန်ကာလ၌ ဘုရား၀တ်ပြုခြင်း အချိန်များကိုရန်ကုန်မြို့ရှိ စိန့်မေရီကာသီဒြယ်ဘုရားကျောင်းမှကြိုတင်ကြေညာထားကြောင်း သိရသည်။
ဒီဇင်ဘာလ၂၅ရက်( တနင်္လာနေ့ )ခရစ္စမတ်ပွဲတော်ကြီး နေ့တွင်မစ္ဆားတရားတော်မြတ်ကို Christmas Day နံနက် ၆:၀၀နာရီ ၊ နံနက် ၈:၀၀နာရီ (Myanmar Language)၊နံနက် ၁၀ နာရီ၊ညနေ ၅ နာရီတွင် (Myanmar Language)ဖြင့်ကျင်းပပြုလုပ်မည်ဖြစ်သည်။
ခရစ္စမတ်အကြို မစ္ဆားတရားတော်မြတ်ကို ဒီဇင်ဘာလ ၂၄ရက် ( တနင်္ဂနွေနေ့) Christmas Vigil Mass၊ ညနေ Evening (4:30 pm) Christmas Carol ၊ညနေ ၅:၀၀ နာရီတွင်(Myanmar Language)ဖြင့်ဝတ်ပြုမည်ဖြစ်ကြောင်း သိရသည်။
ယင်းနေ့တွင် နံနက် ၆:၀၀နာရီ ၊ နံနက် ၈:၀၀နာရီ (Myanmar Language)၊နံနက် ၁၀ နာရီတို့တွင် မစ္ဆားတရားတော်မြတ် ပုံမှန်ရှိမည်ဖြစ်ကြောင်း သိရသည်။
#Local_News #ခရစ္စမတ် #ဘုရား၀တ်ပြုချိန် #tthl #Yangon_Times
ဒီဇင်ဘာ ၁၉ (ရိုက်တာ)
တရုတ်နိုင်ငံ ချင်ဟိုင်း-တီဘက်မြေပြန့်လွင်ပြင်ရဲ့ မြောက်ဘက်စွန်းက ဝေးလံပြီးတောင်ထူထပ်တဲ့ စီရင်စုတစ်ခုမှာ တနင်္လာနေ့ သန်းခေါင်ယံ မတိုင်ခင် ပြင်းအား ၆.၂ အဆင့်ရှိငလျင်ကြီးလှုပ်ရှားသွားလို့ အနည်းဆုံး လူ၁၁၈ ဦးသေဆုံးပြီး ရာပေါင်းများစွာဒဏ်ရာရရှိခဲ့ပါတယ်။
အာဏာပိုင်တွေဟာ ကယ်ဆယ်ရေးလုပ်ငန်းတွေချက်ခြင်းဆောင်ရွက်ခဲ့ပေမယ့် သုညဒီဂရီအောက်အေးခဲနေတဲ့ အဲဒီဒေသမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် စိန်ခေါ်မှုတွေဖြစ်စေပါတယ်။
နေမထွက်ခင်ကစပြီး နာရီပေါင်းများစွာ ကယ်ဆယ်ရေးတွေလုပ်ပြီးတဲ့နောက် လူ ၂၀ ဦးပျောက်ဆုံးနေတာသိကြရပါတယ်လို့ တရုတ်နိုင်ငံပိုင် မီဒီယာတွေက သတင်းရေးသားကြပါတယ်။
ငလျင်ဟာ ကန်ဆုနှင့် အနီးကပ်ပြည်နယ် နယ်စပ်မှ (၅)ကီလိုမီတာအကွာမှာ ဗဟိုပြုလှုပ်ရှားခဲ့တာဖြစ်ပြီး ချင်ဟိုင်းပြည်နယ် နေရာတော်တော်များများမှာ ငလျင်ဒဏ်ကို ခံစားသိရှိကြရတယ်လို့ ဆင်ဟွာသတင်းဌာနကရေးသားပါတယ်။
တနင်္လာနေ့ ည ၁၁နာရီ ၅၉မိနစ်မှာ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်ဆုပြည်နယ်ရဲ့ ကျီရှီရှန်းစီရင်စုမှာ ငလျင်ဟာ မြေအောက် ၆.၂ မိုင်အကွာကနေ လှုပ်ရှားခဲ့တာဖြစ်ပါတယ်။
ကန်ဆုပြည်နယ်မှာ အင်္ဂါနေ့မနက် ၇နာရီ ၅၀မိနစ်အထိ သေဆုံးသူပေါင်း ၁၀၅ဦးရှိသွားပြီး မနက်၉နာရီခွဲအထိ ဒဏ်ရာရသူ ၃၉၇ဦးရှိပါတယ်။ အဲဒီအထဲက ၁၆ဦးဟာ စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ ပြည်နယ်အာဏာပိုင်တွေက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားပါတယ်။
ချင်ဟိုင်းမှာတော့ သေဆုံးသူ ၁၃ ဦးရှိပြီး ၁၈၂ ဦးဒဏ်ရာရရှိထားပါတယ်လိုသိရပါတယ်။
ရေ၊မီး၊သယ်ယူပို့ဆောင်ရေး၊ဆက်သွယ်ရေးနှင့်အခြား အခြေခံအဆောက်အဦတွေ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပေမယ့် အရာရှိတွေက အသေးစိတ်ကိုထုတ်မပြောပါဘူး။
-ymg/knl
#Local_News
Published 19 December 2023
မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA)တွင် အသင်းဝင်ထားသည့် ပြည်တွင်းပြည်ပအထည်ချုပ်လုပ်ငန်းများအားကောက်ခံသည့် နှစ်စဉ် အသင်းဝင်ကြေးကို ခေတ်နှင့် လျော်ညီသော အသင်းဝင်ကြေးနှုန်းထားပြောင်းလဲကောက်ခံမည်ဖြစ်ကြောင်း(MGMA) က ထုတ်ပြန်ကြေညာသည်။
ယခင်က နှစ်စဉ်ကြေး ငါးသောင်းကျပ်နှုန်းကောက်ခံရာမှ လက်ရှိ ငွေကြေးနှုန်းထား ပြောင်းလဲမှုအရခေတ်နဲ့လျော်ညီအောင် ၂၀၂၄ ခုနှစ်မှစပြီး နှစ်စဉ်ကြေးကို မြန်မာနိုင်ငံသားပိုင် အထည်ချုပ်လုပ်ငန်းများအနေဖြင့် ယခင် ငါးသောင်းကျပ်ကနေ ယခု တစ်သိန်းကျပ် ပေးဆောင်ရမှာဖြစ်ပြီး နိုင်ငံခြားသားပိုင် ဖက်စပ်လုပ်ငန်းတွေအနေဖြင့် ယခင်
ငါးသောင်းကျပ်မှ ယခု သုံးသိန်း ကျပ် ပေးဆောင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
MGMA အသင်း ဆက်လက်ရပ်တည်နိုင်ရေးသည် နှစ်စဉ်ကြေး မပျက်မကွက်ပေးသွင်းမှုအပေါ်တွင်လည်း မူတည်နေပြီး အသင်းအနေနှင့် နှစ်စဉ်ကြေးကို ၂၀၀၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ တစ်နှစ်ကို ကျပ် ငါးသောင်းနှုန်း သတ်မှတ်ကာ ကောက်ခံခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထို့ပြင်မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းသည် အကျိုးအမြတ်ခွဲဝေခံစားသည့် အသင်းမျိုးမဟုတ်ဘဲ အသင်းသားများ အကျိုးကိုဆောင်ရွက်ပြီး မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်း လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေးစင်တာ သင်တန်းကျောင်းကို တည်ထောင်ကာ သင်တန်းတွေကို အခမဲ့သင်ကြားပေးနေကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံထားသည့် အထည်ချုပ်စက်ရုံပေါင်း ၅၀၀ ကျော်ရှိပြီး တရုတ်အထည်ချုပ်လုပ်ငန်း ၃၀၀ ခန့်ရှိကာ အလုပ်အကိုင်အများဆုံးဖန်တီးပေးနိုင်တဲ့ လုပ်ငန်းကဏ္ဍဖြစ်ကြောင်း သိရသည်။
#Local_News #အထည်ချုပ်လုပ်ငန်းရှင်များအသင်း #(MGMA) #YMG/LW #Yangon_Times
#World_News
Published 19 December 2023
ယီမင်မှ ဟူသီသူပုန်များ ကုန်သည်များကို တိုက်ခိုက်နေခြင်းမှ ကာကွယ်ရန်အတွက် နိုင်ငံအများအပြားဟာ ပင်လယ်နီတောင်ပိုင်းနဲ့ အေဒင်ပင်လယ်ကွေ့တို့မှာ ပူးတွဲကင်းလှည့်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် သဘောတူညီခဲ့ကြကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ပြောပြသွားပါတယ်။
အီရန်မိတ်ဖက် ဟူသီအဖွဲ့က ဒီလိုမျိုး တိုက်ခိုက်ရခြင်း ရည်ရွယ်ချက်ဟာ ပါလက်စ်တိုင်းတို့ကို ထောက်ခံတဲ့သဘောဖြစ်ကြောင်း ဆိုလိုက်ပါတယ်။
ပင်လယ်နီမှာ ရောက်ရှိလာမယ့် အမေရိကန်ဖွဲ့စည်းတဲ့ မည်သည့်မဟာမိတ်အဖွဲ့ကိုမဆို ဟူသီအဖွဲ့က ရင်ဆိုင်နိုင်လိမ့်မယ်လို့ ဟူသီပိုလစ်ဗျူရိုအဖွဲ့ဝင် မိုဟာမက်အယ်ဘွတ်ခ်ဟေတီက တနင်္လာနေ့က ပြောပြသွားပါတယ်။
အရှေ့အလယ်ပိုင်းရှိ အမေရိကန်ရေတပ် ဌာနချုပ်တည်ရှိရာ ဘာရိန်းနိုင်ငံသို့ ရောက်ရှိလာတဲ့ လွိုက်အော်စတင်က အမေရိကန်ဦးဆောင်တဲ့ နိုင်ငံတွေထဲမှာ ဗြိတိန်၊ ဘာရိန်း၊ ကနေဒါ၊ ပြင်သစ်၊ အီတလီ၊ နယ်သာလန်၊ နော်ဝေး၊ ဆေရှဲလက်စ်၊ စပိန်တို့ပါဝင်တယ်လို့ ပြောကြားသွားပါတယ်။
ဒါဟာ စုပေါင်းဆောင်ရွက်ဖို့ လိုအပ်နေတဲ့ နိုင်ငံတကာ စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း၊ နိုင်ငံများစွာ ပါဝင်တဲ့ လုံခြုံရေးအဖွဲ့အစည်းသစ်တစ်ရပ် Operation Prosperity Guardian တည်ထောင်ရန် ကြေညာလိုက်ပြီဖြစ်ကြောင်း အော်စတင်က အင်္ဂါနေ့အစောပိုင်းမှာ ပြောကြားလိုက်ပါတယ်။
အစ္စရေးလ်အတွက် အမေရိကန်ရဲ့ ထောက်ခံမှုက ခိုင်မာကြောင်း၊ ဒါပေမဲ့ ဂါဇာမှာ ပါလက်စ်တိုင်းအရပ်သားတွေ သေကြေပျက်စီးနေရတဲ့အတွက် ယင်းတို့ကို ပိုမိုကာကွယ်ပေးရန် တိုက်တွန်းလိုကြောင်း အော်စတင်က တနင်္လာနေ့က ပြောပြခဲ့ပါတယ်။
အစ္စရေးလ်တို့က ဟားမတ်စ်စစ်သွေးကြွများကို ကလဲ့စားချေချင်စိတ် များနေတာကြောင့် အရပ်သားသေဆုံးမှု များပြားနေတာကို နိုင်ငံတကာမှ အစိုးရတွေနဲ့ အဖွဲ့အစည်းတွေက စိုးရိမ်လာကြပါတယ်။
အမေရိကန်က အစ္စရေးလ်ကို သံတမန်ရေးအရ ထောက်ခံထားပြီး လက်နက်တွေ ထောက်ပံ့နေပေမယ့် သမ္မတဂျိုးဘိုင်ဒင်က အစ္စရေးလ်အနေနဲ့ အရပ်သားတွေကို မခွဲခြားဘဲ ပစ်ခတ်နေတာကြောင့် နိုင်ငံတကာ ထောက်ခံမှုတွေကို ဆုံးရှုံးနေရပြီလို့ ပြောကြားသွားပါတယ်။
စစ်ပွဲကြောင့် ဂါဇာမှာ အပျက်အစီးများသာ ကျန်ရှိတော့ပြီး အစာရေစာငတ်မွတ်နေကြကာ လူအများစု အိုးမဲ့အိမ်မဲ့ ဖြစ်နေကြပါတယ်။
#World_News #ပါလက်စ်တိုင်း #ဟူသီအဖွဲ့များ #Source: Reuters
Published 19 December 2023
ယနေ့ခေတ်မှာ လူအများက လှုပ်ရှားလေ့ကျင့်ခန်း မပြုလုပ်ချင်တဲ့ အကြောင်းပြချက်တွေ ရှိလာပြီး စိတ်မပါခြင်း၊ အားလပ်ချိန်နည်းပါးခြင်း၊ အားကစားခန်းမလို လူအများရှိတဲ့နေရာတွေကို မသွားလိုခြင်းတို့ ဖြစ်နေပါတယ်။
စိတ်အခြေအနေ တိုးတက်ဖို့ဆိုရင် ကိုယ်လက်လှုပ်ရှားမှုက မဖြစ်မနေ လိုအပ်တာကို သိရှိထားဖို့ လိုပါတယ်။
အပြင်မှာ မိနစ် ၄၀ ခန့် လမ်းလျှောက်ထွက်ခြင်းက စိတ်အခြေအနေကို တိုးတက်စေတယ်လို့ မကြာသေးမီက လေ့လာတွေ့ရှိထားပါတယ်။
လမ်းလျှောက်ထွက်ဖို့ ဘာပစ္စည်းကိရိယာမှ မလိုအပ်သလို စာရင်းသွင်းခြင်း၊ အခကြေးပေးခြင်းတို့လည်း မလိုအပ်ပါဘူး။
အကွာအဝေး ၅ ကီလိုမီတာကို အချိန်ဘယ်လောက်ယူပြီး လျှောက်သည်ဖြစ်စေ လောင်ကျွမ်းသွားတဲ့ ကယ်လိုရီပမာဏကတော့ အတူတူပဲဖြစ်ပါတယ်။
ဒါပေမဲ့ ကွာခြားသွားတာကတော့ လမ်းလျှောက်စဥ် အားစိုက်ထည့်ခြင်းနဲ့ လှုပ်ရှားမှု ပြင်းထန်ခြင်းအတိုင်းအတာအပေါ် မူတည်ပါတယ်။
မြန်မြန်နဲ့ အာရုံစူးစိုက်ပြီး လျှောက်လှမ်းတဲ့အခါ နှလုံးခုန်နှုန်း ပုံမှန်ပြန်ရောက်ဖို့နဲ့ ခန္ဓာကိုယ် ပြန်လည်သက်သာဖို့က အချိန်ပိုယူရပါတယ်။
ထိုအချိန်မှာ နှလုံးခုန်နှုန်း မြန်နေဆဲဖြစ်ပြီး ကယ်လိုရီတွေ ဆက်လက်လောင်ကျွမ်းစေပါတယ်။
ဖြည်းဖြည်းနဲ့ ပုံမှန်လျှောက်တဲ့အခါမှာတော့ နှလုံးခုန်နှုန်း ပုံမှန်ပြန်ဖြစ်ရန် ပိုမိုမြန်ဆန်ပြီး ကယ်လိုရီလောင်ကျွမ်းမှုက နည်းပါးသွားပါတယ်။
ဒါကြောင့် ပြင်းထန်စွာ လှုပ်ရှားမှုပြုလုပ်တဲ့အခါ အချိန်ပမာဏနည်းပါးရင်တောင် ခန္ဓာကိုယ်အတွက် ပိုမိုအကျိုးရှိစေပါတယ်။
အဆုံးသတ်မှာတော့ ဘယ်လိုပဲ လှုပ်ရှားလမ်းလျှောက်သည်ဖြစ်စေ အင်ဒေါ်ဖင်းဟော်မုန်း ထွက်စေကာ စိတ်အခြေအနေကို တိုးတက်စေတာကြောင့် အမြဲလှုပ်ရှားနေပြီး ကျန်းမာအောင် ပြုလုပ်သင့်ပါတယ်။
Source: The Jerusalem Post
#World_Health
#Published_ 19 December 2023
#YMG #Yangon_Times #YMG_News
#Yangon_Media_Group
Page 861 of 1932