Published_ 15 July 2023
မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ-၁၉ အသင်းသည် ၂၀၂၃ အာဆီယံ အမျိုးသမီး ယူ-၁၉ ပြိုင်ပွဲ တတိယလုပွဲတွင် အိမ်ရှင် အင်ဒိုနီးရှား အမျိုးသမီး ယူ-၁၉ အသင်းကို ပင်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ယူပြီး တတိယ ကြေးတံဆိပ် ရရှိခဲ့သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ၁၉ အသင်းတွင် ပွဲထွက်ကစားသမားများအဖြစ် ဂိုး-ဖီးဗေ၊ နောက်တန်း- မေသက်မွန်မြင့်၊ ခင်ဌေးကြိုင်၊ ဖြူဖွေး၊ ကြယ်စင်၊ အလယ်တန်း- ဖြူဖြူဝင်း၊ ဝေဖူးအိမ်၊ စန္ဒာလင်း၊ ယွန်းဝတီလှိုင်၊ ရှေ့တန်း- ယဉ်လွန်းအိမ်၊ ဇင်မိုးပြည့်တို့ ပါဝင်ကစားခဲ့ကြပြီး လူစားဝင် ကစားသမားများအဖြစ် သဲအိမွန်သောင်း၊ ဝေဟင်ဖြိုး၊ ယုယုနိုင်၊ သိင်္ဂီထွေး တို့ ဝင်ရောက်ကစားခဲ့ကြသည်။
မြန်မာအသင်းနှင့် အင်ဒိုနီးရှား အသင်းတို့သည် ဆုတံဆိပ် ရယူနိုင်ရေးအတွက် ကြိုးစားကစားခဲ့ကြသော်လည်း ပွဲပန်းမှုဒဏ်ကို ခံစားနေရသဖြင့် ရုန်းကန်ခဲ့ကြရသည်ဟု ဆိုသည်။
အင်ဒိုနီးရှားသည် အိမ်ရှင်အသင်းပီပီ ပရိသတ်အားပေးမှုများဖြင့် အင်တိုက်အားတိုက် ကစားသွားခဲ့ပြီး မြန်မာနောက်တန်းနှင့် ဂိုးသမားတို့ ကာကွယ်မှုများ ပြုလုပ်ခဲ့ကြရကြောင်း သိရသည်။
မြန်မာအသင်းအတွက် ဦးဆောင်ဂိုးကို ပထမပိုင်း ပွဲချိန် မိနစ်(၃၀)တွင် ယဉ်လွန်းအိမ်က သွင်းယူခဲ့ပြီး၊ အင်ဒိုနီးရှားအသင်းက ဒုတိယပိုင်းပွဲချိန် (၄၉)မိနစ်တွင် ပင်နယ်တီမှတဆင့် ပြန်လည်ချေပ ဂိုးရရှိခဲ့သည်။
လက်ကျန်ပွဲချိန်များတွင် နှစ်သင်းစလုံး အနိုင်ဂိုးရရှိရေးအတွက် ကြိုးစားကစားခဲ့ကြသော်လည်း ဂိုးထပ်မသွင်းနိုင်ကြသဖြင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ကြရကြောင်း သိရသည်။
ပင်နယ်တီ အဆုံးအဖြတ်တွင် လေးလုံးစီ ကန်ကြရာ မြန်မာဘက်မှ သိင်္ဂီထွေး၊ စန္ဒာလင်း၊ ဖြူဖြူဝင်း၊ ဖြူဖွေးတို့ ဂိုးဝင်အောင်ကန်သွင်းနိုင်ခဲ့ပြီး၊ အင်ဒိုနီးရှားဘက်မှ နှစ်ဂိုးသာသွင်းယူနိုင်သဖြင့် မြန်မာအသင်းက (၄-၂) ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ပွဲအပြီးတွင် မြန်မာအသင်း နည်းပြချုပ် ဒေါ်သက်သက်ဝင်းက “ပထမဦးစွာ အင်ဒိုနီးရှား အသင်းကို ချီးကျုးလိုပါတယ်။ အများကြီး တိုးတက်လာပြီးတော့ အကောင်းဆုံးလည်း အားထုတ်ကစားသွားကြပါတယ်။ ကျွန်တော်တို့အနေနဲ့ ပွဲချိန်အတွင်း အနိုင်ရချင်ရင် ဒီ့ထက်ပို အားထုတ်ကြိုးစားဖို့ လိုအပ်ပါသေးတယ်”ဟု ပြောကြားခဲ့သည်။
Yangon_Times/my
#Local_News
#YMG #Yangon_Times
ရန်ဘက်နိုင်ငံများဖြစ်တဲ့ အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံတို့မှ ချစ်သူရည်းစားအတွဲတစ်တွဲဟာ ဂိမ်းချက်တင်တစ်ခုမှာ တွေ့ဆုံပြီးနောက် နယ်စပ်ကိုဖြတ်ကျော်ပြီး အတူတကွ နေထိုင်နေကြပါတယ်။
#World_News
#Published_ 15 July 2023
#YMG #Yangon_Times
#Health_Matters
Published_ 15 July 2023
- အစားအစာတွေ စိတ်ချလက်ချ စားနိုင်တဲ့ဘဝတွေဖြစ်လာအောင် ဘယ်သူတွေက ဘာတွေလုပ်ရမလဲ ဆရာ ...??
#Health_Matters #စိတ်ချလက်ချစားနိုင်တဲ့ဘဝ
#Dr.KML #YMG #Yangon_Media_Group
#Health_Matters
Published_ 15 July 2023
- ဘေးမကင်းတဲ့ အစားအစာတွေကြောင့် ပြည်သူ့ကျန်းမာရေးအပေါ်ဆိုးကျိုးသက်ရောက်မှု အတိုင်းအတာ ...??
#Health_Matters #စိတ်ချလက်ချစားနိုင်တဲ့ဘဝ
#Dr.KML #YMG #Yangon_Media_Group
#Daily_News
Published_ 15 July 2023
၁။ သံဃာတော်(၇၀၀၀)ကျော်ကို ဆေးဝါးလှူဒါန်းမည့် ဆေးပဌာန်းပူဇော်ပွဲ ကျင်းပမည်
၂။ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကတဆင့် ဆန်တင်ပို့ရန် ယူနန်အစိုးရနှင့်ဆွေးနွေးနေ
၃။ One Friday Fight-25 ပြိုင်ပွဲတွင် ထွန်းမင်းနိုင် ရှုံးပွဲကြုံခဲ့
၄။ အချစ်အတွက် အားလုံးကိုအံတုခဲ့သည့် ပါကစ္စတန်အမျိုးသမီးနှင့် အိန္ဒိယအမျိုးသားစုံတွဲ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Time #Daily_News #YMG
#Health_Matters
Published_ 15 July 2023
- အစားအစာ ဘေးကင်းလုံခြုံမှုအခြေအနေ တိုးတက်နေသလား ဆုတ်ယုတ်နေသလား ဆရာ ...??
#Health_Matters #စိတ်ချလက်ချစားနိုင်တဲ့ဘဝ
#Dr.KML #YMG #Yangon_Media_Group
Published_ 15 July 2023
‘၂၀၂၃ အပြည်ပြည်ဆိုင်ရာလူငယ်များ နွေရာသီစခန်းချပွဲနှင့် ယဉ်ကျေးမှုဖလှယ်ပွဲ’ (BRIDGE Summer Camp - 2023) သို့တက်ရောက်ရန်နှင့် ဂျပန်နိုင်ငံရှိ ဂျပန်မိသားစုတွင်Home Stayနေထိုင်ရန် မြန်မာကျောင်းသားလူငယ်ခြောက်ဦး ဂျပန်နိုင်ငံသို့ ဇူလိုင်လ၁၄ရက်၌သွားရောက်ခဲ့ကြောင်းသိရသည်။
အဆိုပါ “၂၀၂၃ အပြည်ပြည်ဆိုင်ရာ လူငယ်များ နွေရာသီစခန်းချပွဲနှင့် ယဉ်ကျေးမှုဖလှယ်ပွဲ’’ကို
၂၀၂၃ ဇူလိုင် ၁၅ ရက်မှ ၂၅ ရက်အထိ Asia Pacific Children Convention (APCC) ကကြီးမှူးပြီး ဂျပန်နိုင်ငံ ဖူကူအိုကာ (Fukuoka) မြို့၌ကျင်းပမည်ဖြစ်သည်။
ယင်းပွဲကိုပါဝင်တက်ရောက်ရန်အတွက် မြန်မာ-ဂျပန်အသင်း(MJA)မှဦးစီး ရွေးချယ်စေလွှတ် သည့် Junior Ambassadorကျောင်းသားကျောင်းသူ လေးဦးအပါအဝင် ကျောင်းသားလူငယ်ခြောက်ဦး သည် မြန်မာ-ဂျပန်အသင်းအတွင်းရေးမှူးက အုပ်ချုပ်သူအဖြစ် ဦးဆောင်လိုက်ပါပြီးဇူလိုင် ၁၄ ရက် ညနေပိုင်းတွင် ရန်ကုန်လေဆိပ်မှ ဂျပန်နိုင်ငံသို့ထွက်ခွာသွားခြင်းဖြစ်သည်။
မြန်မာကျောင်းသား လူငယ်အဖွဲ့သည် အာရှပစိဖိတ်ဒေသ ၄၁ နိုင်ငံမှ ကျောင်းသားလူငယ်များနှင့်အတူ စခန်းချပွဲနှင့်ယဉ်ကျေးမှုပွဲတော်သို့ ပါဝင်တက်ရောက်မည် ဖြစ်ပြီး ဂျပန်မိသားစုများ နေအိမ်တွင်လည်း Home Stay အဖြစ်နေထိုင်ကြမည်ဖြစ်သည်။
ယင်းယဉ်ကျေးမှုပွဲတော် အခမ်းအနားကို ဖူကူအိုကာမြို့တွင်ဇူလိုင်၂၁ရက် (သောကြာနေ့)ဒေသစံတော် ချိန် ၁၄:၃၀ နာရီ (မြန်မာစံတော်ချိန်၁၂:၀၀နာရီ) တွင်ကျင်းပမည်ပြီးYouTubeမှ တိုက်ရိုက်ထုတ်လွှင့် (Live) မည်ဖြစ်ရာ မြန်မာလူငယ်အဖွဲ့သည် အမှတ်စဉ်(၁၁) အဖြစ် မြန်မာစံတော်ချိန် ၁၃:၁၀ နာရီတွင် ဖျော်ဖြေ ကပြရမည်ဖြစ်ကြောင်း သိရသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times
Published_ 15 July 2023
မရမ်းကုန်းမြို့နယ် ဥက္ကလာလမ်းမ ကျောက်ရေတွင်းအနီးတွင် ယမန်နေ့ညပိုင်းက ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား၁ဦးသေဆုံးခဲ့ကြောင်း သုဇိတာပရဟိတအဖွဲ့ကသိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၁၄ ရက် ၊ ည ၁၁ နာရီခန့်တွင် မရမ်းကုန်းမြို့နယ် ဥက္ကလာလမ်းမ ကျောက်ရေတွင်းအနီးတွင် အိမ်စီးကားနှင့်ဟိုက်ဂျက်ယာဉ်တို့ ဝင်တိုက် မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
"ည ၁၁ လောက် မှာ ဟိုက်ဂျက်နဲ့ အိမ်စီးကား တိုက်တာပါ။ ဟိုက်ဂျက်ပေါ်မှာ ပါလာတဲ့ အမျိုးသား၂ဦးမှာ ၁ဦးသေဆုံးသွားပါတယ်။ ဟိုက်ဂျက်ကားကလည်း တော်တော်လေး ပျက်စီးသွားတယ်"ဟု အဆိုပါလူမှုကူညီရေးအသင်းကသိရသည်။
အခင်းဖြစ်ပွားရာသို့ သက်ဆိုင်ရာပရဟိတအသင်းများ ပူးပေါင်းကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်းလည်း သိရသည်။
#Yangon-Times/BM
#Local_News
#YMG #Yangon_Times
သူ့ရဲ့ One Friday Fight-25 တတိယမြောက်ပွဲစဉ်မှာ ရှုံးပွဲ ကြုံတွေ့ခဲ့ရပြီဖြစ်ပါတယ်။
မလေးရှားဖိုက်တာရဲ့ အလဲထိုးနဲ့ ရှုံးနိမ့်ခဲ့ရတာလည်းဖြစ်ပါတယ်။
Yangon Times/my
#Local_News
#Published_ 15 July 2023
#YMG #Yangon_Times
နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းက တဆင့်ဆန်တင်ပို့ရန် ယူနန်အစိုးရနှင့်ဆွေးနွေးနေ
လာမယ့်ပွင့်လင်းရာသီမှာ တစ်လကို ဆန်တန်ချိန် နှစ်သိန်း တင်ပို့နိုင်ဖို့ မျော်မှန်းထား
Yangon Times/my
#Local_News
#Published_ 15 July 2023
#YMG #Yangon_Times
ကျိုက်သုတ်စေတီ၏ဆေးပဌာန်းပူဇော်ပွဲပြုလုပ်မည်
‘(၁၃၈)ကြိမ်မြောက် ကျိုက်သုတ်စေတီရဲ့ ဆေးပဌာန်းပူဇော်ပွဲမှာ မွန်ပြည်နယ်ရှိ ဘုန်းတော်ကြီးကျောင်းတွေက သံဃာတော်(၇၀၀၀)ကျော်ကို အာယုဒါနဆေးဝါးအလှူလှူဒါန်းသွားမယ်’
(ကျိုက်သုတ်စေတီတော် ဂေါပကအဖွဲမှ တာဝန်ရှိသူတစ်ဦး)
Yangon_Times/tthl
#Local_News
#Published_ 15 July 2023
#YMG #Yangon_Times
Published_ 15 July 2023
အိုအိုင်စီကိုယ်စား ပါကစ္စတန်နိုင်ငံမှ စာရွက်စာတမ်းအမှတ်၊ A/HRC/53/L.30/Rev.1 ဖြင့် တင်သွင်းခဲ့သည့် ဆုံးဖြတ်ချက်အဆိုကို ယမန်နေ့ ဇူလိုင်လ ၁၄ ရက်တွင် ကောင်စီက အတည်ပြုချမှတ်ခဲ့ကြောင်း၊ဆွေးနွေးပွဲများနှင့် လတ်တလောချမှတ်ခဲ့သော ဆုံးဖြတ်ချက်အဆို တို့သည် မြန်မာပြည်သူများအပေါ် အမုန်းစကားမြောက်ကြောင်းနှင့် ယဉ်ကျေးမှုနှင့်တိုင်းရင်းသားမျိုးစုံ ပါဝင်သော မြန်မာ့အသိုက်အဝန်းအကြား စိတ်ဝမ်းကွဲပြားစေရန် လှုံ့ဆော်ရာရောက်ကြောင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(အိုအိုင်စီ)က တင်သွင်းခဲ့သော ဆုံးဖြတ်ချက် အဆိုအရ ဆွေးနွေးပွဲတစ်ရပ်ကို ပြီးခဲ့သည့် ဇွန်လ၂၁ ရက် တွင် ကျင်းပခဲ့ကြောင်း၊ ဥရောပသမဂ္ဂ (အီးယူ)က တင်သွင်းခဲ့သော ဆုံးဖြတ်ချက်အဆိုအရ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးနှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူတို့နှင့် အပြန်အလှန်ဆွေးနွေးပွဲများကို လက်ရှိ ဇူလိုင်လ ၆ ရက်တွင်ကျင်းပခဲ့သေးကြောင်းလည်း သိရသည်။
မြန်မာအရေးကိစ္စသည် ပြည်တွင်းရေးသာဖြစ်ပြီး နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအပေါ် မည်သည့်ခြိမ်းခြောက်မှုမျှ မဖြစ်ပေါ်စေသည့်အတွက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ (၅၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလတွင် အတည်ပြု၊ ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာများနှင့် ဆုံးဖြတ်ချက်အဆိုတို့တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုတရားရုံး (ICC) တို့ရည်ညွှန်းဖော်ပြမှုများကို မြန်မာနိုင်ငံက ပြင်းထန်စွာ ကန့်ကွက်ပယ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ဂျီနီဗာမြို့တွင် ဇွန်လ ၁၉ ရက်မှ ဇူလိုင်လ ၁၄ ရက်ထိ ကျင်းပခဲ့သည့် လူ့အခွင့်အရေး ကောင်စီ၏ (၅၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကာလအတွင်း မြန်မာနိုင်ငံဆိုင်ရာ အစည်းအဝေးများကို သက်ဆိုင်ရာ နိုင်ငံမပါဘဲ ကျင်းပခဲ့ပြီး ယင်းမှာကောင်စီ၏မူဝါဒများနှင့် ရည်ရွယ်ချက်တို့နှင့် သွေဖည်လျက်ရှိကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်က ဖော်ပြထားသည်။
"ဆွေးနွေးပွဲများနှင့် လတ်တလောချမှတ်ခဲ့သော ဆုံးဖြတ်ချက်အဆို တို့သည် မြန်မာပြည်သူများအပေါ် အမုန်းစကားမြောက်ကြောင်းနှင့် ယဉ်ကျေးမှုနှင့်တိုင်းရင်းသားမျိုးစုံ ပါဝင်သော မြန်မာ့အသိုက်အဝန်းအကြား စိတ်ဝမ်းကွဲပြားစေရန် လှုံ့ဆော်ရာရောက်ကြောင်း စိုးရိမ်စွာဖြင့် မှတ်သားရသည်။ ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်မြောက်ပိုင်းဖြစ်စဉ် ပေါ်ပေါက်ခဲ့ရသည့် အကြောင်းရင်းကို မျက်ကွယ်ပြုခြင်းဖြင့် လက်တွေ့မြေပြင်အခြေအနေကို ထင်ဟပ်နိုင်မည် မဟုတ်ပါ။ ကောင်စီ၏ ဆွေးနွေးပွဲအမျိုးမျိုးကို အသုံးချ၍ တစ်ဖက်သတ်ဇာတ်ကြောင်းများ ဖန်တီးနေစေကာမူ ကော့ဘဇားရှိ စခန်းများတွင် တိုက်ပွဲများနှင့် လက်နက်ကိုင်တိုက်ခိုက်မှုများက အကာမူဂျာဟီဒင် ခေါ် အာဆာ အကြမ်းဖက်အဖွဲ့၏ အကြမ်းဖက်လုပ်ရပ် များကို သက်သေပြလျက်ရှိသည်။ ယင်းအကြမ်းဖက်မှုများကြောင့် ၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်မှ အတင်းအကြပ် နေရပ်စွန့်ခွာခဲ့မှုများ ပေါ်ပေါက်စေခဲ့ပြီး ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို ယနေ့ထက်တိုင် ဟန့်တားလျက်ရှိသည်။လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး တင်ပြချက်တွင် သီးခြားကုလသမဂ္ဂရုံး တစ်ရုံးက ကိုင်တွယ်သည့် လူသားချင်းစာနာမှုဆိုင်ရာကိစ္စများကို အထူးပြုထားရာ လုပ်ငန်းများ ထပ်တူဖြစ်နေကြောင်းနှင့် မဟာမင်းကြီး၏ လုပ်ပိုင်ခွင့်ကို ကျော်လွန်နေကြောင်း ပြသရာရောက်သည်။ လူသားချင်းစာနာမှုဆိုင်ရာ သွားရောက်ခွင့်များငြင်းပယ်ကြောင်း မဟာမင်းကြီး၏အစီရင်ခံစာတွင် စွပ်စွဲချက်မှာ လွဲမှားလျက်ရှိသည်။"ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဆိုထားသည်။
မြန်မာနိုင်ငံအစိုးရအနေဖြင့် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း အီးယူအပါအဝင် သံရုံးများကို ခရီးသွားလာခွင့် ၆၂ ကြိမ်၊ ကုလသမဂ္ဂအေဂျင်စီများကို ၄၆ ကြိမ် နှင့် အာဆီယံလူသားချင်း စာနာထောက်ထားမှုအကူအညီပေးရေး ညှိနှိုင်းမှု ဗဟိုဌာန (AHA Centre) ကို ၁၀ ကြိမ် ခွင့်ပြုခဲ့သည့်အပြင် ရခိုင်ပြည်နယ်အစိုးရက ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကိုအကြိမ် ၆၀ ကျော်၊ အစိုးရမဟုတ်သောနိုင်ငံတကာအဖွဲ့အစည်းများကို အကြိမ် ၈၀ ကျော်နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)ကို အကြိမ်ပေါင်း ၅၀၀ ကျော် ခရီးသွားလာခွင့်ပြုခဲ့ကြောင်း၊အထူးအစီရင်ခံစာတင်သွင်းသူသည် ပြည်သူ ၆၀၉၁ ဦးကို သေဆုံးစေခဲ့သော ဖြစ်စဉ်များကို ဖုံးကွယ်ထားကြောင်း၊ မြန်မာနိုင်ငံ၏ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုများအတွက် ဖြည့်ဆည်းပေးသည့်အစိုးရပိုင်လုပ်ငန်းများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် အဖွဲ့ဝင်နိုင်ငံ များကို ထပ်မံတောင်းဆိုထားသည်မှာလည်း ပြည်သူများကိုထိခိုက်စေရန်နှင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအခွင့်အရေးကို ချိုးဖောက်ရန်အတွက်သာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
Yangon_Time/BM
#Local_News
#YMG #Yangon_Times
Page 861 of 1705