မြစ်ကမ်းဘေးမှာ လုံးချင်းတဲလေးတွလည်း စီစဉ်ပေးထားတယ်၊ အလှဓာတ်ပုံ လေးတွေရိုက်ဖို့ ဆောင်းတွင်းပွင့်လင်းရာသီရောက်လို့နေကြာပန်းလေးတွေပြန်စိုက်နေပြီ၊ ဒီဇင်ဘာလကုန်လောက်ဆို ဧည့်သည်တွေမြစ်ကမ်းဘေးမှာ အမှတ်တရဓာတ်ပုံလေးတွေရိုက်လို့ရအောင် ဒါလေးတွေတော့ တိုးချဲ့လုပ်ဆောင်နေပါတယ်'
#Local_News
Published 21 December 2023
#'ပုဂံ_ညောင်ဦး #နေရာလေးတွေထပ်တိုးချဲ့ထား
#YMG/ NN #Yangon_Times
"ဒီဇင်ဘာလမှာထိုင်းသွားတဲ့သူတွေတိုးလာသော်လည်း ဗုဒ္ဓဂါယာသွားသူတွေကတော့ မနှစ်ကထက်နည်းသွားတယ်။အခုနှစ်မှာ မြန်မာမှထိုင်းသို့သွားရောက်လည်ပတ်တဲ့သူတွေတိုးလာပြီး ကိုဗစ်မတိုင်ခင်က အခြေအနေအထိဖြစ်လာတယ်"မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဌဦးနောင်းနောင်းဟန်
#Local_News
Published 21 December 2023
#ဗုဒ္ဓဂါယာ #မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း
#tthl #Yangon_Times
#Local_News
Published 21 December 2023
မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံကို ဒီဇင်ဘာ ၂၁ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ညီလာခံတွင် ပြည်သူလူထု အကျိုးပြု အဆိုပြုချက်(၄)ခုကို တင်ပြဆွေးနွေးကြမည်ဟုဆိုသည်။
ညီလာခံမတိုင်မီ ဒီဇင်ဘာလ၂၀ရက်က အကြိုညှိနှိုင်းဆွေးနွေးပွဲကျင်းပခဲ့ပြီး သဘာပတိအဖြစ် ဆောင်ရွက်သည့် တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးက ညီလာခံနှင့်ပတ်သက်သော လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။
ပထမဦးစွာ ညီလာခံတွင် တင်သွင်းမည့် အဆိုပြု ချက်(၄)ခုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင်-အဆို-(၁) “တိုင်းရင်းဆေးပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာမှ တိုင်းရင်းဆေးတက္ကသိုလ်များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်” အဆိုနှင့်ပတ်သက်၍ တိုင်းရင်းဆေးတက္ကသိုလ်အနေဖြင့် နိုင်ငံတကာရှိ တိုင်းရင်းဆေးတက္ကသိုလ်များ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊
အဆို-(၂)“ဘေးဥပဒ် အန္တရာယ်ကင်းရှင်းပြီး အရည်အသွေးနှင့် အာနိသင်ပြည့်ဝသည့် ပိုမိုကောင်းမွန်သော ဦးစီးဌာနသုံး တိုင်းရင်းဆေးဝါးများ ပေါ်ထွက်လာစေရေးအတွက် သုတေသနလုပ်ငန်းများ၊ အသိပညာပေးလုပ်ငန်းများ ဝိုင်းဝန်းဆောင်ရွက်ရန်” အဆိုနှင့်ပတ်သက်၍ မိမိတို့၏ ဦးစီးဌာနသုံး ဆေးဝါးများအား သုတေသနလုပ်ဆောင်ရန်အတွက် ရည်ရွယ်ပြီး သုတေသနသင်တန်းများ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်းနှင့် ယင်းသင်တန်းများကိုလည်း တက်ရောက်ကြစေလိုကြောင်း၊
အဆို-(၃) “တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအရည်အသွေးများ ပိုမိုတိုးတက်မြင့်မားလာစေရန် တိုင်းရင်းဆေးပညာရှင်များအတွက် ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်းများ ဖွင့်လှစ်နိုင်ရေး ဆက်စပ်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်”အဆိုနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် တိုင်းရင်းဆေးရပ်ဝန်း တစ်ခုလုံးအားရည်ရွယ်၍ ပညာရပ်ဆိုင်ရာ အရည်အသွေးမြှင့်သင်တန်းများ ဖွင့်လှစ်ပို့ချရန်အတွက် ရည်ရွယ်ခဲ့ပါကြောင်း၊
အဆို-(၄)တိုင်းရင်းဆေးပညာဖြင့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်” အဆိုနှင့်ပတ်သက်၍ တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်းနှင့် မြန်မာနိုင်ငံတိုင်းရင်းဆေးဝါး ထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း စသည်တို့နှင့်ပူးပေါင်း၍ ကွင်းဆင်းဆေးကုသခြင်း၊ ပညာပေးလုပ်ငန်းများကို ထဲထဲဝင်ဝင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်လိုကြောင်း စသည့်အဆိုများနှင့် ပတ်သက်၍ ညီလာခံကိုယ်စားလှယ်များအား အဖွဲ့ငယ်များဖွဲ့စည်းပြီး အဖွဲ့အလိုက် ပါဝင်သင့်သော ပညာရှင်ကြီးများပါဝင်ကာ နယ်ပယ်အသီးသီးမှ ကျွမ်းကျင်သူများကလည်း ဝိုင်းဝန်းဆွေးနွေးပေးကြစေလို ကြောင်းထည့်သွင်း ပြောကြားခဲ့သည်။
(၂၂)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲ အကြိုညှိနှိုင်းဆွေးနွေးပွဲ ကျင်းပရာ သဘာပတိအဖြစ် ဒေါက်တာစုစုဒွေး၊ ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းဆေးပညာဦးစီးဌာနက ဆောင်ရွက်ပြီး သဘာပတိအဖွဲ့ဝင်များအဖြစ် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း(ဗဟို)ဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် မြန်မာနိုင်ငံ တိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမောင်မောင်ဦးတို့က ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
#Local_News #မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံ #အဆိုပြုချက်(၄)ခု #tthl #Yangon_Times
#Local_News
Published-21 December-2023
ဂျပန်နိုင်ငံရောက် မြန်မာလုပ်သားများအနေဖြင့် ဝင်ငွေခွန်၂ ရာခိုင်နှုန်းပေးဆောင်ရာတွင်သက်သာခွင့်အဖြစ် အခွန်ငွေ ထက်ဝက်ခန့် ပြန်လျော့ပေး မည်ဖြစ်ကြောင်း ဂျပန်နိုင်ငံဆိုင်ရာတိုကျိုမြို့ မြန်မာသံရုံးက ယနေ့တွင်ထုတ်ပြန်ကြေညာထားသည်။
ဝင်ငွေခွန်၂ရာခိုင်နှုန်း ပေးဆောင်ရာတွင် ဝင်ငွေရရှိမှုအပေါ် မူတည်ကာ အုပ်စုနှစ်စုခွဲပြီး ဝင်ငွေ၏ နှစ်ရာခိုင်နှုန်းပေးဆောင်ရမည့်အပေါ် သက်သာခွင့်များ ထပ်မံပေးအပ်လိုက်ခြင်းဖြစ်ကြောင်းသိရသည်။
အခွန်ပေးဆောင်ရာတွင် တစ်လပျှမ်းမျှဝင်ငွေ ယန်းနှစ်သိန်း သတ်မှတ်ပြီး၊ ဝင်ငွေခွန် ၂ရာခိုင်နှုန်းအရ ယန်း (၄၀၀၀)ပေးဆောင်သွားရမည်ဖြစ်ရာ၊ အဆိုပါ ယန်း(၄၀၀၀)အနက် သက်သာခွင့်အဖြစ် ယန်း(၂၀၀၀)သာ ပေးဆောင် သွားရတော့မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖေါ်ပြထားသည်။
သတ်မှတ်ထားသည့် တစ်လ၀င်ငွေ ယန်းနှစ်သိန်းထက်လျော့နည်းစွာရရှိသူများအနေဖြင့် အထောက်အထားများ တင်ပြလာပါက ၄င်းတို့အတွက် တစ်လပျှမ်းမျှ ဝင်ငွေယန်းတစ်သိန်းခွဲ သတ်မှတ်ပြီး အခွန် ၂ရာခိုင်နှုန်းအရ ယန်း(၃၀၀၀)သတ် မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အခွန် ၂ရာခိုင်နှုန်းအရ ယန်း(၃၀၀၀)ကို သက်သာခွင့်အနေဖြင့် ယန်း (၂၀၀၀) လျော့ပေးမည် ဖြစ်သောကြောင့် လစဉ်ဝင်ငွေခွန်အဖြစ် ယန်း(၁၀၀၀)ပေးဆောင် သွားရမည်ဖြစ်ကြောင်းသိရသည်။
ဝင်ငွေခွန်ပေးဆောင်သူများအတွက် တိုကျိုမြို့ မြန်မာသံရုံးက ဝင်ငွေခွန်ပေးဆောင်မှုပြေစာ အထောက်အထားများထုတ်ပေးမည်ဖြစ်ပြီး၊ ဝင်ငွေအထောက် အထား လက်မှတ်ထုတ်ယူချင်သူများအတွက် ၄င်းတို့ အမှန်တကယ်ပေးဆောင်ခဲ့သည့်ဝင်ငွေပမာဏနှင့် ပျှမ်းမျှဝင်ငွေပမာဏတို့ကို ထည့်သွင်းဖော်ပြ၍ ထောက်ခံစာထုတ်ပေးသွားမည်ဖြစ် ကြောင်းဆိုသည်။
ဂျပန်နိုင်ငံရောက်မြန်မာလုပ်သားများအနေဖြင့် ယခု ၂၀၂၃ ခုနှစ် အောက်တိုဘာ (၁)ရက်မှစတင်၍ ဝင်ငွေ၏ ၂%ရာ ခိုင်နှုန်းကို ပေးဆောင်ကြရမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
#Local_News #ဂျပန်ရောက်မြန်မာလုပ်သား #ဝင်ငွေခွန်၂ ရာခိုင်နှုန်းပေးဆောင် #အခွန်ငွေထက်ဝက်ခန့်ပြန်လျော့ပေး #YMG/LW #Yangon_Times
#World_News
Published 21 December 2023
အစ္စရေးလ်အလံထောင်ထားတဲ့ သင်္ဘောအားလုံးကို ယခုအချိန်ကစပြီး မလေးရှားမှာ ကမ်းကပ်ခွင့်မပြုတော့ဘူးလို့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်က ဒီဇင်ဘာ ၂၀ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
အစ္စရေးလ်ကိုသွားမယ့် ဘယ်သင်္ဘောပဲဖြစ်ဖြစ် မလေးရှားဆိပ်ကမ်းတွေမှာ ကုန်တင်ခွင့်ကိုလည်း ပိတ်ပင်သွားမှာ ဖြစ်ပါတယ်။
ဒီလိုထုတ်ပြန်ကြေညာတာဟာ လူသားချင်းစာနာမှု အခြေခံစည်းမျဥ်းများကို လျစ်လျူရှုကာ နိုင်ငံတကာဥပဒေကို ချိုးဖောက်ပြီး ပါလက်စ်တိုင်းတွေကို ရက်စက်စွာ သတ်ဖြတ်မှုများ ဆက်တိုက်ပြုလုပ်နေတဲ့ အစ္စရေးလ်တို့ရဲ့ လုပ်ရပ်တွေကို တုန့်ပြန်လိုက်တဲ့ သဘောဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးလည်းဖြစ်တဲ့ အန်ဝါက ပြောကြားသွားပါတယ်။
ထိုကဲ့သို့ ဆုံးဖြတ်လိုက်တာဟာ မလေးရှား ကုန်သွယ်ရေးလှုပ်ရှားမှုများကို မထိခိုက်စေဘူးလို့ အစိုးရက ယုံကြည်နေပါတယ်။
အစ္စရေးလ်အခြေစိုက် ZIM သင်္ဘောကုမ္ပဏီကို ယခုကစပြီး မလေးရှားဆိပ်ကမ်းတွေမှာ ကမ်းကပ်ခွင့်ပိတ်ဆို့ဖို့ကိုလည်း အစိုးရက ဆုံးဖြတ်လိုက်ပါတယ်။
မှတ်တမ်းများအရ ၂၀၀၂ ခုနှစ်ကစတင်ကာ ဝန်ကြီးများအဖွဲ့က ထိုကုမ္ပဏီပိုင်သင်္ဘောများကို မလေးရှားမှာ ကမ်းကပ်ခွင့်ပြုခဲ့ပါတယ်။
အခုတော့ လက်ရှိအစိုးရက ယခင်ဆုံးဖြတ်ချက်တွေကို ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။
မလေးရှားက ပါလက်စ်တိုင်းအရေးကို အပြင်းအထန် ထောက်ခံနေပြီး အစ္စရေးလ်နဲ့ သံတမန်ဆက်ဆံရေး မရှိပါဘူး။
ဟားမတ်စ်တို့နဲ့ ဆက်ဆံရေးဖြတ်တောက်ဖို့ အနောက်တိုင်းက ဖိအားပေးနေတာကို အန်ဝါက ငြင်းဆိုထားပါတယ်။
အရှေ့အလယ်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး မလေးရှားက ပါလက်စ်တိုင်းကို ထောက်ခံတဲ့အနေနဲ့ အန်ဝါအပါအဝင် လူပေါင်း ၁၆,၀၀၀ လောက်ဟာ အောက်တိုဘာလက စုရုံးထောက်ခံခဲ့ကြပါတယ်။
မလေးရှားပညာရေး ဝန်ကြီးဌာနလက်အောက်ရှိ ပညာရေးအဖွဲ့အစည်း အားလုံးဟာ အောက်တိုဘာ ၂၉ ရက်နေ့မှ နိုဝင်ဘာ ၃ ရက်နေ့အထိကို ပါလက်စ်တိုင်းနှင့် တစည်းတလုံးထဲရှိတဲ့ ရက်သတ္တပတ်သတ်မှတ်ခဲ့ကာ လူ့အခွင့်အရေးနဲ့ လူ့တန်ဖိုးများအကြောင်း ကျောင်းသူကျောင်းသားတွေကို သင်ခန်းစာပို့ချခဲ့ပါတယ်။
#World_News #အစ္စရေးလ်ပိုင်သင်္ဘော #မလေးရှားဝန်ကြီးချုပ် #Source: CNA
#Local_News
Published 21 December 2023
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၂၄/၅)တွင် ဒီဇင်ဘာ ၂၁ ရက်နံနက် ၇နာရီ ၃၀ မိနစ်ခန့်က ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ၁၀ဦးရှိကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံက သိရသည်။
ယာဉ်တိုက်မှုဖြစ်စဉ်တွင် မိုင်တိုင်အမှတ် (၃၂၄/၅)အနီး မောင်းနှင်လျက်ရှိသည့် Hijet ယာဉ်အား လာရားတူနောက်မှ မောင်းနှင်းလာသော Nissan Caravan ယာဉ်မှ ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယာဉ်တိုက်မှုဖြစ်ကြောင်း သတင်းရရှိသဖြင့် ပြင်စည်အမြန်လမ်းမီးသတ်စခန်းမှ မီးသတ်ယာဉ် (၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် Hijet ယာဉ်ပေါ်ပါလာသည့် အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၉)ဦး စုစုပေါင်း(၁၀)ဦး တို့ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း Nissan Caravan ယာဉ်ပေါ်ပါ လာသည့်အမျိုးသား(၂)ဦး မှာထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရသူများကို ပြင်စည် 192 သူနာတင်ယာဉ်ဖြင့် နွားထိုးကြီးဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#Local_News #ရန်ကုန်-မန္တလေး အမြန်လမ်း #ယာဉ်တိုက်မှုဖြစ် #လူ၁၀ဦးထိခိုက်ဒဏ်ရာရ #YMG/LW #Yangon_Times
#World_Health
Published 21 December 2023
မုန်လာဥနီဖျော်ရည် သောက်သုံးခြင်းဟာ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ရောင်ရမ်းခြင်းကို လျော့ကျစေတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။
မုန်လာဦနီဖျော်ရည်မှာ တွေ့ရတဲ့ ဇီဝသတ္တိကြွ ဒြပ်ပေါင်းတွေဖြစ်တဲ့ ဖယ်ကာရီနောနဲ့ ဖယ်ကာရင်ဒိုင်အောတို့ကို ဒိန်းမတ်တောင်ပိုင်း တက္ကသိုလ်မှ သုတေသီများက ထည့်သွင်းလေ့လာခဲ့ကြတာ ဖြစ်ပါတယ်။
အသက် ၂၀ မှ ၅၅ နှစ်ကြား ကျန်းမာတဲ့လူ ၁၄ ယောက်ကို မုန်လာဥနီဖျော်ရည် မသောက်သုံးခင်နဲ့ သောက်ပြီး ၁ နာရီအကြာတို့မှာ သွေးစစ်ဆေးမှု ပြုလုပ်ခဲ့ပါတယ်။
ထိုအခါမှာ ရောင်ရမ်းခြင်းနဲ့ဆိုင်တဲ့ ဆီးချိုရောဂါ၊ ကင်ဆာရောဂါတို့လို ဝေဒနာသည်တွေအတွက် အကျိုးရှိစေနိုင်တယ်လို့ ယုံကြည်ခဲ့ကြပါတယ်။
ကိုယ်ခံအားစနစ်အတွက် အရေးကြီးတဲ့ ဗိုက်တာမင်အေ ထုတ်လုပ်ဖို့ လိုအပ်တဲ့ ဘီတာကယ်ရိုတင်းဟာ မုန်လာဥနီမှာ အများဆုံးပါဝင်ကြောင်း အာဟာရပညာရှင် အီလာနာမူလ်စတိန်းက ပြောပြခဲ့ပါတယ်။
မုန်လာဥနီ အတောင့်လိုက်ဖြင့် စမ်းသပ်ပါက ပိုပြီးအကျိုးရှိစေနိုင်တယ်လို့လည်း အကြံပြုသွားပါတယ်။
မုန်လာဥနီမှာပါဝင်တဲ့ အမျှင်ဓာတ်က အူလမ်းကြောင်း ကျန်းမာရေးနဲ့ ရောဂါခုခံနိုင်စွမ်းတို့ကို ကူညီပေးပါတယ်။
ဒါ့အပြင် သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးတာကြောင့် ရောင်ရမ်းခြင်းကို လျော့ကျစေနိုင်ပါတယ်။
ဒါကြောင့် မုန်လာဥနီကို စားသုံးပြီး ဖျော်ရည်လုပ်သောက်ကြဖို့ လူတွေကို အသိပေးချင်ပါတယ်လို့ ပြောပြသွားပါတယ်။ သုတေသီတွေကတော့ ဒီထက်ပိုပြီး ကျယ်ပြန်တဲ့စမ်းသပ်ချက်များ ပြုလုပ်ပြီး မုန်လာဥနီရဲ့ အကျိုးသက်ရောက်တွေကို ပိုမိုသိရှိအောင် ပြုလုပ်ရန်လိုအပ်သေးတယ်လို့ ဖော်ပြထားပါတယ်။
#World_Health #မုန်လာဥနီဖျော်ရည် #ကင်ဆာနှင့်ဆီးချိုဝေဒနာရှင် #Source: New York Post
#World_Health
Published 21 December 2023
အချိန်ကာလ ၂ နှစ်ခန့်အတွင်း တစ်နေ့ကို အားဖြည့်အချိုရည် ၄ ဘူးခန့် ပုံမှန်သောက်သုံးခဲ့တဲ့ အသက် ၂၁ နှစ်အရွယ်ယောကျ်ားလေးကို ဆရာဝန်များ ကုသခဲ့ပြီးနောက် အားဖြည့်အချိုရည်များ အလွန်အကျွံသောက်ခြင်းဟာ နှလုံးဖောက်ခြင်းအန္တရာယ်နဲ့ ဆက်စပ်နေနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။
အဆိုပါ ယောက်ျားလေးဟာ အားစိုက်အသက်ရှူဖို့ ခက်ခဲခြင်း၊ လဲလျောင်းနေစဥ် အသက်မရှူနိုင်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်းတို့ကို ၄ လတိုင်အောင် ခံစားရပြီးနောက် အထူးကြပ်မတ်ကုသမှု ခံယူခဲ့ရပါတယ်။
သူဟာ နေ့စဥ် ၅၀၀ မီလီလီတာပါတဲ့ အားဖြည့်အချိုရည် ၄ ဘူး အမြဲတမ်းသောက်နေပြီး တစ်ဘူးမှာဆိုရင် ကဖင်းဓာတ် ၁၆၀ မီလီဂရမ်နဲ့ တော်ရင်း၊ အခြားပါဝင်ပစ္စည်းများ ပါဝင်ကာ ဒီလိုမျိုး သောက်သုံးလာတာ ၂ နှစ်ခန့်ရှိပြီ ဖြစ်ပါတယ်။
အရင်ကလည်း အစာမကြေခြင်း၊ လက်တုန်ခြင်း၊ ရင်တုန်ခြင်းတို့ ခံစားရပြီး ဆေးကုသမှု မခံယူခဲ့ပါဘူး။
ဆေးရုံမရောက်ခင် ၃ လအတွင်းမှာ နေမကောင်းဖြစ်နေတာကြောင့် တက္ကသိုလ်ပညာသင်ယူခြင်းကိုလည်း မပြုလုပ်နိုင်ခဲ့ပါဘူး။
သွေးစစ်ဆေးချက်များ၊ ဓာတ်မှန်ရိုက်ခြင်းများအရ နှလုံးနဲ့ ကျောက်ကပ်တို့ ယိုယွင်းနေပြီး အင်္ဂါအစားထိုးဖို့ လိုအပ်သည်အထိ ပျက်စီးနေပါတယ်။
ကျောက်ကပ်အစားထိုးဖို့ လိုအပ်နေဆဲဖြစ်ပေမယ့် အားဖြည့်အချိုရည် လုံးဝမသောက်တော့ဘဲ ဆေးကုသမှုခံယူပြီးနောက် နှလုံးလက္ခဏာများနဲ့ လုပ်ဆောင်ချက်များ သိသိသာသာ တိုးတက်လာပါတယ်။
ဒါဟာ လူနာတစ်ဦးရဲ့ အခြေအနေသာ ရှိတာဖြစ်ပြီး ထိုကဲ့သို့ဖြစ်ပွားတဲ့ လူအများအပြား ရှိနေနိုင်ကာ အားဖြည့်အချိုရည်များ သောက်သုံးခြင်းရဲ့ နှလုံးသွေးကြောရောဂါ အန္တရာယ်များအကြောင်းကို သုတေသန ပြုစုသူများက ဖော်ပြခဲ့ကြပါတယ်။
ကဖင်းဓာတ်ကြောင့် အာရုံကြောစနစ်ကို အလွန်အမင်းလှုံ့ဆော်ခြင်းအပြင် အားဖြည့်အချိုရည်တွေကလည်း သွေးပေါင်ချိန်မြင့်စေပြီး နှလုံးခုန်နှုန်းမမှန်ခြင်းကို ဖြစ်စေနိုင်တယ်လို့ သိထားကြပါတယ်။
အားဖြည့်အချိုရည် အလွန်အကြူး သောက်သုံးခြင်းရဲ့ နှလုံးသွေးကြောအန္တရာယ်များအကြောင်း ရှင်းရှင်းလင်းလင်း သတိပေးသင့်တယ်လို့ ဖော်ပြထားပါတယ်။
ဒီအချိုရည်တွေက စွဲလမ်းစေပြီး ကလေးငယ်တွေမှာ ဝယ်ယူရလွယ်ကူလွန်းတယ်လို့ ထောက်ပြထားပါတယ်။
#World_Health #အားဖြည့်အချိုရည် #အလွန်အမင်းသောက်သုံး #Source: DoctorNDTV
ကင်ညာနိုင်ငံမှာ လျှပ်စစ်ဓာတ်အား ခွဲဝေပေးခြင်းနဲ့ပတ်သက်တဲ့ ပြဿနာလုံးပန်းနေရပြီး မကြာသေးမီက တစ်တိုင်းပြည်လုံး ဓာတ်အားဖြတ်တောက်မှု ၃ ကြိမ်ဖြစ်ပေါ်ခဲ့ကာ စီးပွားရေးနဲ့ စက်မှုလုပ်ငန်းတွေမှာ အခက်အခဲများ တွေ့ကြုံခဲ့ကြပါတယ်။
#World_Crisis
Published 20 December 2023
#စီးပွားရေးနှင့်စက်မှုလုပ်ငန်းများထိခိုက် #လျှပ်စစ်ဓာတ်အားဖြတ်တောက်မှု
#Yangon_Times #YMG_News #Yangon_Media_Group
20 December 2023
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် မန္တလေးအပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲကို မြန်မာနိုင်ငံရှိ Mandalay Convention Center တွင် စတင်ကျင်းပခဲ့ပါသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ အကြီးဆုံး နိုင်ငံတကာ ကုန်သွယ်မှု လုပ်ငန်းများစုဝေးရာဥယျာဉ်ဇုန် - တရုတ်နိုင်ငံ(ယူနန်) ရှေ့ပြေး လွတ်လပ်သောကုန်သွယ်ရေးဇုန်၏ ကူမင်းဒေသ နိုင်ငံတကာကုန်သွယ်မှု လုပ်ငန်းစု ဥယျာဉ်ဇုန် (အောက်ပါစာပိုဒ်များတွင်" ဥယျာဉ်ဇုန်" ဟု ခေါ်ဆိုပါမည်) သည် ပူးပေါင်းထုတ်လုပ်ထားသော အမှတ်တံဆိပ် ၄၀ ကျော်၏ ကုန်ပစ္စည်းများကို ကုန်စည်ပြပွဲ၌ ပါဝင်ပြသခဲ့ပါသည်။ ဥယျာဉ်ဇုန် သည် မန္တလေးအပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲတွင် ပထမဆုံးအကြိမ် ပါဝင်ပြသ မြန်မာနိုင်ငံတွင် ကျင်းပသည့် ကုန်စည်ပြပွဲတွင် ဥယျာဉ်ဇုန်သည် ပထမဆုံးအကြိမ်အဖြစ် တရားဝင် ပါဝင်ခြင်းဖြစ်ပါသည်။ ဥယျာဉ်ဇုန် သည် ပူးပေါင်းထုတ်ကုန် အမှတ်တံဆိပ် ၄၀ ကျော်မှ အရည်အသွေးမြင့် ထုတ်ကုန်များကို ပြပွဲသို့ ယူဆောင်လာပါသည်။ ကုန်ပစ္စည်းအမျိုးအစားများမှာ အိမ်သုံးပစ္စည်းများ၊ နေ့စဉ်သုံး ဓာတုပစ္စည်းများ၊ နေ့စဉ်သုံးပစ္စည်းများ၊ သရေစာများ၊ အာဟာရ ပစ္စည်းများ၊ ဟင်းခတ်အမွှေးအကြိုင်များ၊ ယူနန်ဒေသထွက်ကုန်များ၊ စာရေးကိရိယာများ၊ အားကစားပစ္စည်းများ စသည်တို့ ပါဝင်ပါသည်။ ယင်းပြပွဲတွင် ဥယျာဉ်ဇုန်မှ ပါဝင်ပြသသည့် အဓိက ရည်ရွယ်ချက် ၃ ချက် ရှိပါသည်။ ပထမအနေဖြင့် တရုတ်နိုင်ငံ၏ အမှတ်တံဆိပ်များကို ကမ္ဘာသို့ မြှင့်တင်ရန်၊ တရုတ်နိုင်ငံ၏ အရည်အသွေးမြင့် ထုတ်ကုန်များကို လူအများ ပိုမိုခံစားနိုင်စေရန်ဖြစ်ပါသည်။ ဒုတိယအနေဖြင့် မြန်မာနိုင်ငံရှိ ကုန်အမှတ်တံဆိပ် အေးဂျင့်များနှင့် ဒေသခံ e-commerce တိုက်ရိုက်ထုတ်လွှင့်သူများ ပူးပေါင်း၍ အွန်လိုင်းနှင့် အော့ဖ်လိုင်း ပေါင်းစပ်ထားသော အပြည့်အ၀ စျေးကွက်ရှာဖွေရေး ဆန်းသစ်တီထွင်မှု ပုံစံသစ်ကို ပူးပေါင်းဖန်တီးနိုင်ရန် အခွင့်အလမ်းများကို ရှာဖွေရန်၊ တိုးတက်မှုကိုမြှင့်တင်ကာ အပြန်အလှန်အောင်မြင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု အကျိုးအမြတ်အတူခံစားရန် ဖြစ်ပါသည်။ တတိယအချက် အနေဖြင့် မတူကွဲပြားမှုများကို သရုပ်ပြရန်၊ ဥယျာဉ်ဇုန်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ပြင်ပကမ္ဘာသို့ အားကောင်းစေပြီး ဥယျာဉ်ဇုန်နှင့် ဥယျာဉ်ဇုန်အတွင်း အခြေချလုပ်ကိုင်သည့် လုပ်ငန်းရှင်များ "ကမ္ဘာတစ်ဝှမ်းသို့သွားရောက်ခြင်း" အား အကောင်အထည် ပေါ်စေရန်ဖြစ်ပါသည်။ ကုန်စည်ပြပွဲ အလွန်စည်ကား ကုန်စည်ပြပွဲသည် အလွန်စည်ကားပြီး ဥယျာဉ်ဇုန် ပြခန်းများတွင် ကုန်ပစ္စည်းမျိုးစုံဖြင့် ပူးပေါင်းထုတ်ကုန် အမှတ်တံဆိပ် ၄၀ ကျော်မှ ကုန်ပစ္စည်းများကို ပြသထားပါသည်။ ပြပွဲဧရိယာ အတွင်းရှိ လေထုသည် နွေးထွေးပြီး အဆုံးမရှိ လာရောက်ကြည့်ရှုသူများလည်း များပြားပါသည်။ ဝန်ထမ်းများဟာလည်း ဥယျာဉ်ဇုန်၏ အားသာချက်များနှင့် ထုတ်ကုန်အင်္ဂါရပ်များကို စိတ်အားထက်သန်စွာ မိတ်ဆက်ကာ ဖောက်သည်များနှင့် နက်နက်ရှိုင်းရှိုင်း ဖလှယ်မှုနှင့်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် ဥယျာဉ်ဇုန်သည် ထုတ်ကုန်ပြသမှု၊ သရုပ်ပြမှုများနှင့် ရှင်းပြချက်များမှ တစ်ဆင့် ပရိသတ်များနှင့် အလားအလာရှိသော မိတ်ဖက်များကို ပိုမိုဆွဲဆောင်နိုင်ရန် အရောင်းမြှင့်တင်ရေး ဝန်ထမ်းများကိုလည်း စီစဉ်ပေးထားပါသည်။ ကုန်စည်ပြပွဲ တစ်ခုလုံးသည် စီးပွားရေး အခွင့်အလမ်းများနှင့် ပူးပေါင်းဆောင်ရွက်မှု အငွေ့အသက်များ ပြည့်နှက်နေပြီး ဥယျာဉ်ဇုန် ပြခန်းများသည် ဧည့်သည်များနှင့် အလားအလာရှိသော မိတ်ဖက်များစွာ၏ အာရုံစိုက်မှုကို ရရှိခဲ့ပါသည်။ ဥယျာဉ်ဇုန်တာဝန်ခံ၏ ပြောကြားချက်အရ အဆိုပါ ပြပွဲသည် ဥယျာဉ်ဇုန်နှင့် AJ Myanmar Group တို့ ပူးပေါင်းပြီး အပြန်အလှန် အကျိုးပြုသည့် ကြိုးပမ်းမှုဖြစ်ကာ နှစ်ဘက်စလုံးအတွက် အလွန်အရေးကြီးကြောင်း သိရှိရပါသည်။ ဥယျာဉ်ဇုန်နှင့် AJ Myanmar Group အကြား ပူးပေါင်းဆောင်ရွက်မှုသည် တရုတ်နှင့် မြန်မာအကြား စီးပွားရေးနှင့် ကုန်သွယ်မှု ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေမည်ဖြစ်ပါသည်။ ယူနန်ပြည်နယ်ရှိ အကြီးဆုံး နိုင်ငံတကာ ကုန်သွယ်မှု လုပ်ငန်းများစုဝေးရာ ဥယျာဉ်ဇုန် CHINA · YUNNAN PILOT FREE TRADE ZONE INTERNATIONAL TRADE ENTERPRISE CLUSTER PARK သည် No.367, Yi'an Road, Guandu District, Kunming City, Yunnan Province, China တွင်တည်ရှိပြီး ဧရိယာ ၁၀,၀၀၀ စတုရန်းမီတာ ကျော်ကျယ်ဝန်းကာ ယူနန်ပြည်နယ်ရှိ အကြီးဆုံး နိုင်ငံတကာ ကုန်သွယ်မှု လုပ်ငန်းစု ဥယျာဉ်ဇုန် ဖြစ်ပါသည်။ Guandu District တွင် ဖွဲ့စည်းထားသော လွတ်လပ်သောကုန်သွယ်မှု ဒစ်ဂျစ်တယ် ဆိပ်ကမ်းနှင့် စျေးကွက်ဝယ်ယူရေး ကုန်သွယ်မှုပလက်ဖောင်းကို အခြေခံ၍ ဥယျာဉ်ဇုန်သည် ထောက်ပံ့ရေးကွင်းဆက်၊ စက်မှုကွင်းဆက်နှင့် အခြားအခြေခံအရင်းအမြစ်များကို ပေါင်းစပ်ကာ ကျယ်ကျယ်ပြန့်ပြန့် နိုင်ငံခြားကုန်သွယ်မှုကို ထောက်ပံ့ပေးသည့် ဝန်ဆောင်မှုများကို ပံ့ပိုးပေးကာ နိုင်ငံတကာနှင့် စီးပွားရေးလုပ်ငန်းများကို ဆွဲဆောင်လျက်ရှိပါသည်။ ဥယျာဉ်ဇုန်သည် "Liangyatong" နိုင်ငံခြားကုန်သွယ်မှု ကျယ်ကျယ်ပြန့်ပြန့် ဝန်ဆောင်မှုပေးသည့် ပလက်ဖောင်းနှင့် နယ်စပ် ဖြတ်ကျော် e-commerce စင်တာ၊ ဒစ်ဂျစ်တယ် ဝန်ဆောင်မှု ကုန်သွယ်မှုစင်တာ၊ နိုင်ငံခြား ကုန်သွယ်မှု လုပ်ငန်းစုဝေးရာ စင်တာ၊ နိုင်ငံတကာ ထုတ်ကုန်ရွေးချယ်ရေးစင်တာ၊ ကုန်သွယ်မှု ဒေတာစင်တာ၊ နိုင်ငံခြားငွေပေးချေမှုစင်တာ၊ အရည်အချင်းပြည့်မီသည့် လူတော်စုဆောင်း ရေးစင်တာစသည်များကိုအဓိကထားလျက် လွတ်လပ်သောကုန်သွယ်မှုနယ်မြေ Guandu District ရှိ အလုံးစုံသော နိုင်ငံတကာကုန်သွယ်မှုလုပ်ငန်းစုပလက်ဖောင်းကို ဖန်တီးခဲ့ပါသည်။ လက်ရှိတွင် ဥယျာဉ်ဇုန်၏လုပ်ငန်းသည် အဓိကအားဖြင့် ကဏ္ဍကြီးသုံးခုပါဝင်ပါသည်- (၁) ပြည်ပကုန်သွယ်မှုအထွေထွေဝန်ဆောင်မှုဖြစ်ပါသည်။ ပုံမှန်ကုန်သွယ်မှု၊ နယ်စပ်ဖြတ် ကျော် အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေး (e-commerce)၊ စျေးကွက်ဝယ်ယူရေး၊ ပြန်လည်တင်ပို့ ရောင်းဝယ်ရေး စသည့်ကုန်သွယ်မှုနည်းလမ်းများအပေါ် အာရုံစိုက်ကာ၊ အင်တာနက်ပလက်ဖောင်းမှတဆင့် ပြည်တွင်း ပြည်ပလုပ်ငန်းများကို အရည်အချင်းပြည့်မီအောင် ဆောင်ရွက်ပေးခြင်း၊ ကုန်စည် စစ်ဆေးခြင်းနှင့် အကောက်ခွန်ကြေညာခြင်း၊ နိုင်ငံတကာ ထောက်ပံ့ပို့ဆောင်ရေး၊ နိုင်ငံရပ်ခြား သိုလှောင်ရုံ၊ နိုင်ငံခြားငွေ စုဆောင်းခြင်းနှင့် ငွေပေးချေခြင်း၊ ပို့ကုန်အခွန်ငွေ ပြန်အမ်းပေးခြင်းများ၊ အကြွေးအာမခံ ဘဏ္ဍာငွေ၊ နယ်စပ်ဖြတ်ကျော်လုပ်ကိုင်ခြင်း စသည့်ပြည်ပကုန်သွယ်မှု One Stop ဝန်ဆောင်မှုများအား ဆောင်ရွက်ပေးပါသည်။ (၂) e-commerce ဝန်ဆောင်မှုဖြစ်ပါသည်။ တိုက်ရိုက်ထုတ်လွှင့်သည့် ပလက်ဖောင်းများ၊ တိုက်ရိုက်ထုတ်လွှင့်သည့်လူတော်များ၊ ထုတ်ကုန်ကွင်းဆက်စသည့် အရင်းအမြစ်များမှတဆင့် တိုက်ရိုက်ထုတ်လွှင့်သည့်ဝန်ဆောင်မှုများကို မြှင့်တင်ပေးနိုင်ပါသည်။ လက်ရှိတွင် အမှတ်တံဆိပ်နှင့် လုပ်ငန်းပေါင်း ၁၀၀ ကျော်သည် ဥယျာဉ်ဇုန်နှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိပါသည်။ SKU အမျိုးအစား ၁၀၀၀၀ ကျော်ရှိပါသည်။ (၃) လူ့စွမ်းအားအရင်းအမြစ် ဝန်ဆောင်မှုဖြစ်ပါသည်။ အာရှဒေသနှစ်ခုအတွက် လူ့စွမ်းအား အရင်းအမြစ်မျိုးစုံနှင့် အရည်အချင်းပြည့်မီသည့် လူတော်များပံ့ပိုးပေးရန်၊ အရည်အချင်းပြည့်မီသော လူတော်စုဆောင်းခြင်း၊ အရည်အချင်းပြည့်မီသော လူတော်မွေးထုတ်ခြင်း ၊ စီမံခန့်ခွဲမှု အတိုင်ပင်ခံနှင့် ခေါင်းဆောင်ရှာဖွေခြင်း ဝန်ဆောင်မှုများကဲ့သို့သော ဆက်စပ်စီးပွားရေးလုပ်ငန်းများနှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်မည်ဖြစ်ပါသည်။ နိုင်ငံရပ်ခြား မိတ်ဖက်များကို ရှာဖွေ ဥယျာဉ်ဇုန်သည် နိုင်ငံရပ်ခြားတွင် ကုန်အမှတ်တံဆိပ်အေးဂျင့်များနှင့် e-commerce တိုက်ရိုက်ထုတ်လွှင့်သူများကို ရှာဖွေလျက်ရှိပါသည်။ တစ်ချိန်တည်းမှာပင် ဥယျာဉ်ဇုန် သည် Facebook ပလက်ဖောင်းတွင် အကောင့်ဖွင့်ထားပြီး စိတ်ပါဝင်စားသူများသည် "LYT Myanmar" အကောင့်ကို ရှာဖွေကာ အသေးစိတ်အချက်အလက်များအတွက် ဥယျာဉ်ဇုန်သို့ ဆက်သွယ် နိုင်ပါသည်။
(၃) လူ့စွမ်းအားအရင်းအမြစ် ဝန်ဆောင်မှုဖြစ်ပါသည်။ အာရှဒေသနှစ်ခုအတွက် လူ့စွမ်းအား အရင်းအမြစ်မျိုးစုံနှင့် အရည်အချင်းပြည့်မီသည့် လူတော်များပံ့ပိုးပေးရန်၊ အရည်အချင်းပြည့်မီသော လူတော်စုဆောင်းခြင်း၊ အရည်အချင်းပြည့်မီသော လူတော်မွေးထုတ်ခြင်း ၊ စီမံခန့်ခွဲမှု အတိုင်ပင်ခံနှင့် ခေါင်းဆောင်ရှာဖွေခြင်း ဝန်ဆောင်မှုများကဲ့သို့သော ဆက်စပ်စီးပွားရေးလုပ်ငန်းများနှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်မည်ဖြစ်ပါသည်။
နိုင်ငံရပ်ခြား မိတ်ဖက်များကို ရှာဖွေ
ဥယျာဉ်ဇုန်သည် နိုင်ငံရပ်ခြားတွင် ကုန်အမှတ်တံဆိပ်အေးဂျင့်များနှင့် e-commerce တိုက်ရိုက်ထုတ်လွှင့်သူများကို ရှာဖွေလျက်ရှိပါသည်။ တစ်ချိန်တည်းမှာပင် ဥယျာဉ်ဇုန် သည် Facebook ပလက်ဖောင်းတွင် အကောင့်ဖွင့်ထားပြီး စိတ်ပါဝင်စားသူများသည် "LYT Myanmar" အကောင့်ကို ရှာဖွေကာ အသေးစိတ်အချက်အလက်များအတွက် ဥယျာဉ်ဇုန်သို့ ဆက်သွယ် နိုင်ပါသည်။


၂၀ ဒီဇင်ဘာ ၂၀၂၃
တရုတ်နိုင်ငံအနေနှင့် မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် သက်ဆိုင်တဲ့အဖွဲ့တွေအကြား ထိတွေ့ဆက်ဆံဆွေးနွေးရေးတွေကို ခိုင်မာစွာထောက်ခံတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားလိုက်ပါတယ်။
“ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမြောက်ပိုင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုထောက်ခံပါတယ်။ မြန်မာနိုင်ငံက သက်ဆိုင်တဲ့အဖွဲ့တွေထိတွေ့ ဆက်ဆံဆွေးနွေးကြဖို့ ထောက်ခံအားပေးမှုတွေနှင့် ပံ့ပိုးမှုတွေလုပ်ခဲ့ပါတယ်။ ဒီပြဿနာနှင့်ပတ်သက်လို့ တရုတ်နိုင်ငံရဲ့ ရပ်တည်ချက် ဟာ တစ်သတ်မတ်တည်းပဲဖြစ်တယ်။ သဘောတူထားခဲ့ကြတာတွေကို သက်ဆိုင်တဲ့အဖွဲ့တွေက အရှိန်မြှင့် လုပ်ဆောင်နိုင်ပြီး အဆုံးစွန်သည်းခံကြကာ မြေပြင်အခြေအနေသက်သာလျော့ပါးလာအောင်တက်ကြွစွာဆောင်ရွက်တာ၊ ပြတ်တောင်းပြတ်တောင်းဖြစ်ပွား နေတဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေကို မဆိုင်းမတွစီမံထိန်းသိမ်းတာ၊ ပြီးတော့ မြန်မာပြည်မြောက်ပိုင်းအခြေအနေတွေကို အကျသက်သာညှင်သာစေဖို့အတူတကွလုပ်ဆောင်တာတွေကို မျှော်လင့်ပါတယ်” လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဝမ်ဝေပင်းက ဒီဇင်ဘာ ၁၉ရက်ကပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ကြားဝင်စေ့စပ်မှုနှင့် မြန်မာပြည်မြောက်ပိုင်းမှာ ယာယီအပစ်အခတ်ရပ်စဲဖို့သဘောတူထားသော်လည်း ပဋိပက္ခတွေဆက်ဖြစ်နေတဲ့အပေါ် ဝမ်ဝေပင်းက ပြောကြားခဲ့တာဖြစ်ပါတယ်။
Source CCTV+
-ymg/knl
#Daily_News
Published 20 December 2023
၁။ တက္ကသိုလ်ခြေလျင်နှင့် တောင်တက်အသင်းကိုဦးဆောင်ခဲ့သည့်နာယကကြီး(၂၅)ဦးကို ပူဇော်ကန်တော့မည်
၂။ နွေစပါးတစ်ဧကလျှင် စက်သုံးဆီ ၄ဂါလံ နှုန်းဖြင့်ရောင်းချမည်ဟု မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုး ထုတ်လုပ်သူများ အသင်းကြေညာ
၃။ ခရစ္စမတ်နှင့်နှစ်သစ်ကူးပိတ်ရက်အတွက် ဂေါ်ရန်ဂျီကျွန်းသို့ လည်ပတ်ရန်စုံစမ်းမှုများရှိနေသော်လည်း ကြိုတင်ဘိုကင်တင်မှုနည်းပါးနေ
၄။ တစ်တိုင်းပြည်လုံးလျှပ်စစ်ဓာတ်အားဖြတ်တောက်မှုများကြောင့် ကင်ညာတွင် စီးပွားရေးနှင့်စက်မှုလုပ်ငန်းများထိခိုက်နေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Page 858 of 1932