#World_Health
Published 14 May 2024


▪️ ဗြိတိန်ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီကြီး အက်စ်ထရာဇန်နက်ကာ (AstraZeneca)က ယင်းတို့ထုတ်လုပ်တဲ့ ကိုဗစ်ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးများအကြောင်းကို တရားရုံးစာရွက်စာတမ်းတွေထဲမှာ ပထမဆုံးအကြိမ် ဝန်ခံပြီးရက်ပိုင်းအကြာမှာပဲ တစ်ကမ္ဘာလုံးမှ ကာကွယ်ဆေးများကို ရုတ်သိမ်းကြောင်း ကြေညာလိုက်ပါတယ်။

 

▪️ နောက်ဆုံးထွက် ကာကွယ်ဆေးအများအပြား ရှိလာတဲ့အတွက်ကြောင့် တစ်ကမ္ဘာလုံးမှ အက်စ်ထရာဇန်နက်ကာ ကာကွယ်ဆေး ရုတ်သိမ်းခြင်းအစီအစဥ်ကို ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပါတယ်။

 

▪️ နောက်ဆုံးပေါ် မွမ်းမံထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးတွေ ထွက်ရှိလာသဖြင့် ရောင်းအားကျသွားတာကြောင့် ရုတ်သိမ်းရဖို့ဖြစ်လာကြောင်း ရုတ်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

 

▪️ ယင်းတို့ရဲ့ ကိုဗစ်ကာကွယ်ဆေးများ ရောင်းအားကျဆင်းသွားသဖြင့် ယမန်နှစ်က အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ကာကွယ်ဆေးတွေနဲ့ အဝလွန်ခြင်းကုသဆေးဘက်ကို စတင်လှုပ်ရှားခဲ့ပါတယ်။

 

▪️ ဒါပေမဲ့ အက်စ်ထရာဇန်နက်ကာဟာ မျှော်မှန်းထားတာထက် ပိုမြတ်အောင် ရောင်းချနိုင်ခဲ့ပါတယ်။

 

▪️ ယင်းတို့ရဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးဟာ သွေးခဲခြင်းနဲ့ ဆက်စပ်နေတဲ့ TTS အခြေအနေ ဖြစ်နိုင်ဖွယ်ရှိတယ်လို့ တရားရုံးစာတမ်းထဲမှာ မကြာသေးမီက ဝန်ခံထားပါတယ်။

 

▪️ TTS ရောဂါက အသက်အန္တရာယ်ကို ခြိမ်းခြောက်စေနိုင်တဲ့အထိ ပြင်းထန်တဲ့ အခြေအနေဖြစ်ပါတယ်။

 

▪️ သူတို့ရဲ့ ဘေးထွက်ဆိုးကျိုးတွေကို လက်တွေ့စမ်းသပ်ချက်တွေထဲမှာလည်း ဖော်ပြထားပြီးဖြစ်ပါတယ်။

 

▪️ လက္ခဏာများအနေနဲ့ ကာကွယ်ဆေးထိုးပြီး ၄ ရက်မှ ၄၂ ရက်အတွင်း ခေါင်းကိုက်ခြင်း၊ အမြင်ဝါးခြင်း၊ အသက်ရှူကြပ်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ခြေထောက်ဖောရောင်ခြင်းတို့ ပေါ်ပေါက်တတ်ပါတယ်။

 

▪️ ဥရောပသမဂ္ဂကနေ ကာကွယ်ဆေးရုတ်သိမ်းဖို့ ဆုံးဖြတ်ချက်က မတ်လ ၅ ရက်နေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး မေလ ၇ ရက်နေ့မှာ စတင်အကျုံးဝင်မှာဖြစ်ကြောင်း တယ်လီဂရပ်ဖ်က ဖော်ပြထားပါတယ်။

 

▪️ ကိုဗီရှီးလ်လို့ခေါ်တဲ့ အက်စ်ထရာဇန်နက်ကာ ကိုဗစ်ကာကွယ်ဆေးဟာ သာမန်အအေးမိဗိုင်းရပ်စ်ကို ပြုပြင်ထားကာ မပျံ့ပွားအောင် ထိန်းသိမ်းပေးတာ ဖြစ်ပါတယ်။

 

▪️ ထိုကာကွယ်ဆေးရဲ့ အက်ဒီနိုဗိုင်းရပ်စ်က ကိုယ်ခံအားတုန့်ပြန်မှုကို လှုံ့ဆော်ပေးပြီး ကာကွယ်ဆေးရဲ့ အာနိသင်ကို ပိုမိုထိရောက်စေပါတယ်။

 

▪️ ယင်းကာကွယ်ဆေးတွေကို စံနှုန်းသတ်မှတ်ထားတဲ့ အေးခဲအပူချိန်မှာ ထိန်းသိမ်းပြီး သယ်ယူပို့ဆောင်နိုင်တာကြောင့် တစ်ကမ္ဘာလုံးကို ဖြန့်ဖြူးရလွယ်ကူစေပါတယ်။

 

#Source: India Today