#Local_News
Published_13 May 2024


▪️ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)မှ ခရိုင် (၁၄)ခရိုင်အတွက် ထရန်စဖော်မာအသစ်နှင့်စပ်ဆက်ပစ္စည်းများဝယ်ယူရန်အိတ်ဖွင့်တင်ဒါခေါ်ယူထားကြောင်းသိရသည်။

 

▪️ မေလ(၁၃)ရက်ထုတ်နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် ခရိုင်(၁၄)ခရိုင်အတွင်းရှိ ထရန်စဖော်မာများ ပြုပြင် ထိန်းသိမ်းရန်အတွက်လိုအပ်သည့် ထရန်စဖော်မာ Oilများ၊ ခရိုင်(၁၄)ခရိုင်အတွင်းရှိ ကန်ထရိုက်တိုက်များ မီးရရှိစေရေးအတွက်လိုအပ်သည့် ထရန်စဖော်မာနှင့် ဆက်စပ်ပစ္စည်းများအား မြန်မာကျပ်ငွေဖြင့် ဝယ်ယူရန် တင်ဒါခေါ်လိုက်ခြင်းဖြစ်သည်။

 

▪️ တင်ဒါပုံစံနှင့်အချက်အလက်များကို ဌာန၏သတ်မှတ်နှုန်းထားအတိုင်း ယနေ့မေလ(၁၃)ရက်မှစတင်လျှောက် ထားနိုင်ပြီး မေလ(၂၈)ရက်တွင် တင်ဒါပိတ်မည်ဖြစ်ကြောင်း တင်ဒါကော်မတီမှဖော်ပြထားကြောင်း သိရသည်။

 

▪️ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်မီးများသည် အချိန်ဖြင့်သာရရှိကြပြီး ပြီးခဲ့သည့်အပတ်များတွင် ဓာတ်အားစနစ် ချို့ယွင်းခြင်း၊လေပြင်းတိုက်ခတ်ခြင်းကြောင့်တာဝါတိုင်ပျက်စီးခြင်းများကြောင့် ပုံမှန်လျှပ်စစ်မီးလာချိန်ထက် လျော့နည်းခဲ့ကြောင်းနှင့်ပုံမှန်အတိုင်းလျှပ်စစ်မီးမှန်အောင်ပေးနိုင်ရန်ကြိုးပမ်းလျက်ရှိကြောင်း ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)၏ ထုတ်ပြန်ချက်များအရသိရသည်။

 

#tthl #Yangon_Times