Published_ 4 September 2023
ကရင်ပြည်နယ် ၊ မြဝတီမြို့ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးကို Drone ၂ စီး ဖြင့် ဗုံးသီး ၂ လုံးကြဲချ တိုက်ခိုက်ခဲ့သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့နှင့်နိုင်ငံ့ဝန်ထမ်းအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ က သိရသည်။
ယမန်နေ့ စက်တင်ဘာလ ၃ ရက် ည ၇ နာရီခန့်က မြဝတီမြို့၏အနောက်တောင်ဘက် မီတာ ၄၀၀၀ ခန့်အကွာ မှ KNLA နှင့် PDF တို့က Drone ၂ စီး ဖြင့် ဗုံးသီး ၂ လုံးကြဲချ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းထုတ်ပြန် ချက်တွင် ဖော်ပြ ထားသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် ရုံးအဆောက်အဦအချို့လည်း ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။
Yangon_Times/PP
#Local_News
#YMG #Yangon_Times
Published_ 4 September 2023
ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇယ်လန်စကီက ကာကွယ်ရေးဝန်ကြီး အိုလက်ခ်ဆီရက်ဇ်နီကော့ဗ်ရဲ့ နေရာကို အစားထိုးခန့်အပ်ရန် စီစဥ်နေကြောင်း စက်တင်ဘာ ၃ ရက်နေ့က ကြေညာလိုက်ပါတယ်။
ဒါဟာ ကာကွယ်ရေးဝန်ကြီးဌာနအတွင်း ချဥ်းကပ်ပြောင်းလဲမှု တစ်ခုဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။
အိုလက်ခ်ဆီရက်ဇ်နီကော့ဗ်ဟာ ရုရှား-ယူကရိန်း စစ်ပွဲကြီးမှာ ရက်ပေါင်း ၅၅၀ ကျော်ကြာအောင် ဖြတ်သန်းခဲ့ကြောင်း၊ စစ်ပွဲပေါ် ချဥ်းကပ်ပုံအသစ်တွေ၊ စစ်ဘက်ဆိုင်ရာမှာရော လူမှုအသိုင်းအဝိုင်းမှာပါ အခြားသော ဆက်ဆံလုပ်ကိုင်ရေးပုံစံမျိုးတွေ လိုအပ်နေတယ်လို့ ယုံကြည်ကြောင်း ဇယ်လန်စကီက ညနေခင်းမိန့်ခွန်းမှာ ပြောကြားသွားပါတယ်။
ရက်ဇ်နီကော့ဗ်နေရာမှာ အစားထိုးမယ့်လူအဖြစ် ယမန်နှစ်က တိုင်းပြည်ဘဏ္ဍာရန်ပုံငွေအဖွဲ့မှာ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်နေခဲ့တဲ့ ခရိုင်းမီးယားတာတာလူမျိုး ရပ်စ်တမ်အူမာရော့ဗ်ကို အမည်တင်ပြခဲ့ပါတယ်။
ယခုဆိုရင် အူမာရော့ဗ်က ကာကွယ်ရေးဝန်ကြီးဌာနရဲ အကြီးအကဲ ဖြစ်သင့်ကြောင်း၊ ပါလီမန်အနေနဲ့ သူ့ကို ထောက်ခံဖို့ မျှော်လင့်ကြောင်း ပြောကြားသွားပါတယ်။
ဒီလိုကြေညာချက်ကြောင့် ၂၀၂၂ ဖေဖော်ဝါရီလ ယူကရိန်းပဋိပက္ခစစ်ပွဲအတွင်း ယူကရိန်းကာကွယ်ရေးဌာနမှာ အကြီးမားဆုံး လှုပ်ခတ်မှုကြီး ဖြစ်လာဖွယ်ရှိပါတယ်။
၂၀၂၁ နိုဝင်ဘာလမှာ ကာကွယ်ရေးဝန်ကြီး ဖြစ်ခဲ့တဲ့ ရက်ဇ်နီကော့ဗ်က စစ်ပွဲအတွက် အနောက်တိုင်းမှ စစ်ရေးကူညီမှု ဒေါ်လာဘီလီဘံနဲ့ချီ ရရှိစေရန် ကူညီနိုင်ခဲ့ပေမယ့် ကာကွယ်ရေးဝန်ကြီးဌာနမှာ အဂတိလိုက်စားမှု စွပ်စွဲချက်တွေ ထွက်ပေါ်နေခဲ့ပါတယ်။
ကာကွယ်ရေးဝန်ကြီး ပြောင်းလဲဖို့က ပါလီမန်လွှတ်တော်မှ အတည်ပြုရမှာဖြစ်ပြီး အခုကိစ္စမှာ ဥပဒေပြုအမတ်အများစုမှ ထောက်ခံသွားဖွယ်ရှိနေပါတယ်။
ပါလီမန်အနေနဲ့ အူမာရော့ဗ်ကို ခန့်အပ်ရန် အသိအမှတ်ပြုမယ်လို့ ဇယ်လန်စကီက မျှော်မှန်းထားပါတယ်။
ဇယ်လန်စကီအနေနဲ့ အခြားစီမံကိန်းနေရာတွေမှာ တာဝန်ထမ်းဆောင်ရန် ကမ်းလှမ်းလာပါက ရက်ဇ်နီကော့ဗ်က လက်ခံသွားဖွယ်ရှိတယ်လို့ ပြောကြားခဲ့ကြောင်း ဒေသတွင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
ယူကရိန်းအစိုးရအဖွဲ့အတွင်း အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးများ ဆောင်ရွက်နေစဥ် ရက်ဇ်နီကော့ဗ်ကို ရာထူးမှထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။
ယူကရိန်းဟာ ဥရောပသမဂ္ဂလိုမျိုး အနောက်တိုင်းအဖွဲ့အစည်းများထံ ဝင်ရောက်ရန် ကြိုးပမ်းနေတာကြောင့် အဂတိလိုက်စားမှုတွေကို တိုက်ဖျက်ဖို့ လိုအပ်နေပါတယ်။
နိုင်ငံတကာ အကျင့်ပျက်ခြစားမှု ဖော်ပြခြင်းညွှန်းကိန်းများအရ စုစုပေါင်းအဆင့်သတ်မှတ်ချက် ၁၈၀ မှာ ယူကရိန်းက ၁၁၆ မှာရပ်တည်နေပါတယ်။
ရက်ဇ်နီကော့ဗ်ကို အကျင့်ပျက်မှုဖြင့် စွပ်စွဲထားတာမျိုး မရှိပေမယ့် ကာကွယ်ရေးဝန်ကြီးဌာနမှာတော့ စစ်တပ်အတွက် ပစ္စည်းများ အမြတ်ထုတ်ခြင်းကိစ္စများ ရှိနေတယ်လို့ သိရပါတယ်။
Source: WION
#Ukraine_Crisis
#YMG #Yangon_Times
#World_Health
Published 4 September 2023
ပတ်ဝန်းကျင်ရှိ ရေများနဲ့ စားစရာတွေမှာ ပလတ်စတစ်အမှုန်များ တွေ့ရှိမှုများပြားလာတာကြောင့် အဆိုပါ မိုက်ခရိုပလတ်စတစ်များ လူသားတွေနဲ့ သတ္တဝါတွေမှာ အပြုအမူပြောင်းလဲလာစေတဲ့အထိ သက်ရောက်မှုများကို လေ့လာခဲ့ကြပါတယ်။
ထိုလေ့လာမှုကို မော်လီကျူးသိပ္ပံ နိုင်ငံတကာဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။
သုတေသီတွေက ပလတ်စတစ်ညစ်ညမ်းခြင်းရဲ့ သက်ရောက်မှုတွေကို လေ့လာခဲ့ကြကာ ပလတ်စတစ်အမှုန်တွေက ပတ်ဝန်းကျင်ကို ညစ်ညမ်းစေသလိုမျိုး ခန္ဓာကိုယ်မှာလည်း ညစ်ညမ်စေကြောင်း တွေ့ရှိခဲ့ကာ အထူးသဖြင့် အသက်အရွယ်ကြီးသူတွေမှာ ပိုမိုဆိုးရွားစေပါတယ်။
လက်ရှိသုတေသန တွေ့ရှိချက်အရ ပလတ်စတစ်အမှုန်တွေဟာ ပတ်ဝန်းကျင်ကနေတဆင့် လူသားတစ်ရှူးတွေထဲမှာ စုပြုံလာကြောင်း၊ သတ္တဝါတွေအပေါ်မှာ ပလတ်စတစ်တွေရဲ့ ကျန်းမာရေးသက်ရောက်မှုတွေကို လေ့လာရတာက အနည်းအကျဥ်းသာ ရှိသေးကြောင်း ရိုင်ယန်တက္ကသိုလ်မှ ဇီဝဆေးပညာနဲ့ ဆေးဝါးသိပ္ပံ တွဲဖက်ပရော်ဖက်ဆာရော့စ်က ပြောပြခဲ့ပါတယ်။
ကြွက်တွေအစာစားရာကနေ ပလတ်စတစ်အမှုန် ထိတွေ့မှုကို ၃ ပတ်ကြာအောင် သုတေသနပြုလုပ်ခဲ့ရာ အပြုအမူပိုင်း ပြောင်းလဲမှုတွေ တွေ့ရသလို အသည်းနဲ့ ဦးနှောက်တို့မှာလည်း ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတာ မြင်တွေ့လိုက်ရပါတယ်။
လူတွေမှာ မှတ်ဉာဏ်ချို့ယွင်းလာခြင်း (ဒီမန်ရှာ)လက္ခဏာမျိုးကို ကြွက်တွေမှာ တွေ့ခဲ့ရပါတယ်။
မိုက်ခရိုပလတ်စတစ်တွေ ဦးနှောက်ထဲကို ဝင်ရောက်လာပါက အဓိကအက်ဆစ်ပရိုတိန်းများကို လျော့နည်းစေကာ အယ်လ်ဇိုင်းမား၊ စိတ်ဓာတ်ကျခြင်းတို့လို အာရုံကြောချို့ယွင်းလာတဲ့ ရောဂါများ ဆက်စပ်နေပါတယ်။
ပလတ်စတစ်က ဦးနှောက်လုပ်ဆောင်ချက်တွေကို ထိခိုက်ပုံတွေ၊ အာရုံကြောချို့ယွင်းလာတဲ့ ရောဂါတွေ ဖြစ်ပေါ်လာစေပုံတို့ကို ပရော်ဖက်ဆာရော့စ်က ဆက်ပြီး လေ့လာချင်နေပါတယ်။
Source: The Jerusalem Post #World_Health #ပလတ်စတစ်အမှုန် #ခန္ဓာကိုယ်တွင်းစနစ်
#Yangon_Times
#World_Health
Published4 September 2023
ကင်ဆာဝေဒနာရှင်များ အထူးသဖြင့် အဆုတ်ကင်ဆာနဲ့ ရင်သားကင်ဆာဖြစ်သူတွေမှာ အာဟာရစားသောက်မှုက အရေးပါတဲ့ကဏ္ဍက ပါဝင်နေပါတယ်။
ကင်ဆာရောဂါ ကနဦးအဆင့်တွေမှာ အာဟာရဖြင့် ထိရောက်စွာ ကုသနိုင်တယ်လို့ ပညာရှင်များက ဆိုပါတယ်။
ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ ကောက်ပဲသီးနှံများက ရင်သားကင်ဆာလူနာတွေအတွက် အကျိုးဖြစ်စေတယ်လို့ ဒေလီ ရာဂျစ်ဂန္ဒီကင်ဆာသုတေသနစင်တာမှ အတိုင်ပင်ခံ ဒေါက်တာပန်ကပ်ဂိုယဲလ်က ပြောပြသွားပါတယ်။
ကင်ဆာကုသစဥ်အတွင်း ကုသနည်းတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ကာမိစေဖို့ အာဟာရ ညီညွတ်စွာ စားသောက်ဖို့က အရေးကြီးကြောင်း၊ အိန္ဒိယအစားအစာတွေထဲက ပဲအမျိုးမျိုး၊ ဒိန်ချဥ်တို့ဟာ တစ်ရှူးလုပ်ဆောင်ချက်နဲ့ ကိုယ်ခံအားလုပ်ဆောင်ချက်တို့အတွက် အရေးကြီးကြောင်း ပြောပြသွားပါတယ်။
ဓာတ်ရောင်ခြည်၊ ဓာတုကုထုံးတို့ဖြင့် ကုသနေစဥ် အာဟာရမျှတစွာ စားသုံးပေးပါက ဆိုးကျိုးများကို လျော့နည်းစေနိုင်ကာ လူနာရဲ့အသက်ဘဝကို တိုးတက်ကောင်းမွန်စေမှာ ဖြစ်ပါတယ်။
ဗိုက်တာမင် -အေ၊ စီ၊ အီး၊ ဆယ်လီနီယမ်၊ ဇင့်တို့က ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဖြစ်ကာ ကုသမှုကာလနဲ့ ကုသပြီးစီးစဥ်ကာလတို့မှာလည်း ဘေးထွက်ဆိုးကျိုးများကို လျော့ပါးစေပါတယ်။
အိုမီဂါ-၃ ဖက်တီးအက်ဆစ်ဆိုရင် ဓာတ်ရောင်ခြည်၊ ဓာတုကုထုံးများခံယူထားတဲ့ အဆုတ်ကင်ဆာလူနာတွေမှာ ရောင်ရမ်းခြင်းကို ထိန်းညှိပေးနိုင်ပါတယ်။
ဘီတာ-ခရစ်ပ်တိုဇန်သင်းများတဲ့အခါ အဆုတ်ကင်ဆာဖြစ်နိုင်ချေနဲ့ ပျံ့ပွားမှုတို့ကို လျှော့ချပေးနိုင်ပြီး အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေမှာ ပါဝင်တဲ့ ဖောလိတ်က ဆေးလိပ်သမားတွေမှာ အဆုတ်ကင်ဆာဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။
ကုသခံယူတဲ့ ကုထုံးပေါ်မူတည်ပြီး အစားအစာပြောင်းလဲနိုင်ကာ ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ ကာဗိုဟိုက်ဒရိတ်၊ ပရိုတိန်း၊ အဆီဓာတ်တို့ကို မျှတစွာ စားသုံးသင့်တယ်လို့ မွမ်ဘိုင်း ပီဒီဟင်ဒူဂျာဆေးရုံနဲ့ ဆေးဘက်ဆိုင်ရာ သုတေသနစင်တာမှ ဒေါက်တာဗီဂျေးပါတေးလ်က ပြောပြသွားပါတယ်။
Source: India Today #World_Health #ကင်ဆာအစောပိုင်းအဆင့်ကုသ
#Yangon_Media_Group
#Local_News
Published 4 September 2023
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ရေတပ်ကိုယ်စားလှယ်အဖွဲ့ဝင်များက အချက် ၅ ချက် ကို ဆွေးနွေး၍ သဘောတူလက်မှတ်ထိုးခဲ့ကြကြောင်း နစက သတင်းထုတ်ပြန်ရေး အဖွဲ့က ထုတ်ပြန်ထားသည်။
ရန်ကုန်မြို့တွင် စက်တင်ဘာလ ၂ ရက်က ပြုလုပ်သည့် ဆဋ္ဌမအကြိမ်မြောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံရေတပ်ဦးစီးအရာရှိများ တွေ့ဆုံဆွေးနွေးပွဲ (6th Myanmar-Bangladesh Navy to Navy Staff Talks) တွင် အထက်ပါအတိုင်း လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။
ယင်းအချက် ၅ ချက်မှာ ရေကြောင်းလုံခြုံရေး ၊ နှစ်နိုင်ငံပူးပေါင်း ကင်းလှည့်ခြင်းဆိုင်ရာ ကိစ္စ ၊ နှစ်နိုင်ငံရေ တပ်စစ်ရေယာဉ်များနှင့် အရာရှိ စစ်သည်များ အပြန် အလှန် အလည်အပတ်ခရီးစဉ် ဆိုင်ရာ ကိစ္စ၊ သတင်း အချက် အလက် ဖလှယ် ခြင်း ဆိုင်ရာကိစ္စများနှင့် ပင်လယ်ပြင် ညစ်ညမ်းမှုကာ ကွယ်ရေးဆိုင် ရာကိစ္စများ ဖြစ်ကြောင်း သိရသည်။
#Local_News #မြန်မာ-ဘင်္ဂလားဒေ့ရှ် #သဘောတူလက်မှတ်ထိုးခဲ့
#Yangon_Times/PP
"တစ်ချို့ကလေးတွေမှာ မွေးရာပါချို့ယွင်းချက်လေးတွေ၊ ရောဂါတွေပါလာတတ်လို့ ကျန်းမာရေးစစ်ဆေးပေးခြင်းဖြင့် အချိန်မီကုသပေးနိုင်မှာဖြစ်ပါတယ်။ မွေးဖွားပီး ၃ ရက်ကနေ ၅ ရက်အတွင်းမှာကတည်းက ကလေးမှာရုပ်ပိုင်းဆိုင်ရာချို့ယွင်းချက်ရှိ၊ မရှိကို စစ်ဆေးဖို့လိုပါတယ်။ဒါ့အပြင်ကလေးရဲ့ ကိုယ်အလေးချိန်တိုင်းတာတာ၊ အရပ်တိုင်းတာတာ၊ ဦးခေါင်းအရွယ်အစားတိုင်းတာတာတွေလည်းပြုလုပ်ပေးဖို့လိုပါတယ်" .........လို့ပြောပြလာတဲ့ ....... ဒေါက်တာသက်တင်ငြိမ်း (ကလေးအထူးကုဆရာဝန်ကြီး၊ ကန်သာယာအထူးကုဆေးရုံးကြီး)
#Health_Matter #ဒေါက်တာသက်တင်ငြိမ်း(ကလေးအထူးကုဆရာဝန်ကြီး၊ကန်သာယာအထူးကုဆေးရုံးကြီး)
#Published_3 September 2023
#YMG #Yangon_Times
#Local_News
Published-3-September-2023
ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ ပါရမီဂုံးလမ်းမပေါ်ရှိ ဂုံးတံတားအကျော် ရေမြောင်းအတွင်း ပိုင်ရှင်မဲ့ အမျိုးသားအလောင်းတစ်လောင်း ယနေ့ ဩဂုတ် (၃)ရက် မွန်းလွဲပိုင်းက တွေ့ရှိခဲ့ကြောင်း မျှဝေခံစားတွဲလက်များ ပရဟိတအသင်းထံက သိရသည်။
ယင်း အမျိုးသားအလောင်းအား ရပ်ကွက်နေပြည်သူအချို့က တွေ့ရှိခဲ့ခြင်းဖြစ်ပြီး၊ အသင်းသို့ အကြောင်းကြားလာခဲ့ခြင်းကြောင့် သွားရောက် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
" လူလတ်ပိုင်းဘဲဗျ။ ဘာ့ကြောင့်သေလည်းဆိုတာလည်းမသိရဘူး။ ဒီပတ်ဝန်းကျင်အနီးအနားကလည်းမဟုတ်ဘူးလို့ ပြောနေကြတယ်။ ဘယ်သူဆိုတာကိုတော့ ကိုယ်ပတ်ဝန်းကျင်အနီးအနားကသူတွေ ကတဆင့် စုံစမ်းနေတုန်းဘဲ"၊ ဟု အနီးပတ်ဝန်းကျင်တွင်နေထိုင်သူတစ်ဦးက ဆိုသည်။
သေဆုံးနေသူ ပိုင်ရှင်မဲ့အမျိုးသားရုပ်အလောင်းကို M.W.K.S လူမှုကူညီရေးအသင်းယာဉ်ဖြင့် စံပြဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။
#YMG/my #Local_News #ပိုင်ရှင်မဲ့အမျိုးသားအလောင်းတွေ့
#Yangon_Times
#Local_News
Published-3-September-2023
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပေါက်တောကျေးရွာရှိ ရေလှောင်ကန်အတွင်း အမျိုးသားတစ်ဦး ရေနစ်သေဆုံးမှု ၁၈နာရီအကြာမှ သေဆုံးလျက် ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသားသည် ယမန်နေ့ စက်တင်ဘာလ (၂)ရက် မွန်းလွဲ(၂)နာရီ (၁၀)မိနစ်အချိန်ခန့်တွင် ယင်းရေလှောင်ကန်အတွင်း ဆင်းချိုးရာမှ ရေနစ်ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။
ရေနစ်ပျောက်ဆုံးနေကြောင်း ပြင်ဦးလွင်မြို့နယ်၊ မီးသတ်စခန်းနှင့် ရတနာပုံမြို့သစ်နယ်မြေ မီးသတ်စခန်းတို့က သတင်းရရှိခြင်းကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြရာ ယနေ့ စက်တင်ဘာလ( ၃)ရက်နံနက် (၈)နာရီ (၃၅)မိနစ်အချိန်တွင် သေဆုံးလျက်ရှာဖွေတွေ့ရှိခဲ့သည်ဟု မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
လက်ရှိတွင် ရေနစ်သေဆုံးသူအမျိုးသားအလောင်းကို PR(သေမှုသေခင်း)ဖွင့်လှစ်၍ သန္တိသုခလူမှုကူညီရေးအသင်းယာဉ်ဖြင့် ပြင်ဦးလွင်ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းသိရသည်။
#YMG/my #Local_News #ပြင်ဦးလွင် #အမျိုးသားတစ်ဦး ရေနစ်သေဆုံး
#Yangon_Times
#Local_News
Published 3 September 2023
ကိုယ်ပိုင်ကျောင်းများ၊ နိုင်ငံတကာ သင်ရိုးသင် ပုဂ္ဂလိကကျောင်းများနှင့် ပုဂ္ဂလိက အဆင့်မြင့်ပညာ ကျောင်းများ ကို အဖွဲ့ ၂ ဖွဲ့ဖြင့် စစ်ဆေးမှုပြုလုပ်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက သိရသည်။
စစ်ဆေးမှုများ ပြုလုပ်ရန် အထက်မြန်မာပြည်ရှိအခြေခံပညာကိုယ်ပိုင်ကျောင်းများ၊ နိုင်ငံတ ကာသင်ရိုးသင် ပုဂ္ဂလိကကျောင်းများနှင့်ပုဂ္ဂလိကအဆင့်မြင့်ပညာကျောင်းများ စိစစ်စစ်ဆေးရေးအဖွဲ့နှင့် အောက်မြန်မာပြည်ရှိ အခြေခံပညာကိုယ်ပိုင်ကျောင်းများ၊ နိုင်ငံတကာသင်ရိုးသင် ပုဂ္ဂလိကကျောင်းများနှင့် ပုဂ္ဂလိကအဆင့်မြင့် ပညာကျောင်းများ စိစစ်စစ်ဆေးရေးအဖွဲ့တို့ ကို ဖွဲ့စည်းထားပြီး ဖြစ်ကြောင်းသိရသည်။
အထက်မြန်မာပြည်ရှိအခြေခံပညာကိုယ်ပိုင်ကျောင်းများ၊နိုင်ငံတကာသင်ရိုးသင်ပုဂ္ဂလိကကျောင်းများနှင့်ပုဂ္ဂလိကအဆင့်မြင့်ပညာကျောင်းများ စိစစ်စစ်ဆေးရေးအဖွဲ့ တွင် လေ့လာဆန်းစစ်အကဲဖြတ် ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်က အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူကာ အဖွဲ့ဝင်များအဖြစ် မန္တလေးတက္ကသိုလ်၊မန္တလေး နိုင်ငံ ခြား ဘာသာတက္ကသိုလ်၊ပညာရေးသုတေသန(စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန)၊မန္တလေးပညာရေးဒီဂရီ ကောလိပ်၊တိုင်းဒေသကြီးပညာရေးမှူး (မန္တလေးတိုင်းဒေသကြီးပညာရေးမှူးရုံး)၊ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန တို့က အဖွဲ့ဝင်များအဖြစ် တစ်ဦးစီ ပါဝင်ကြကြောင်း သိရသည်။
အောက်မြန်မာပြည်ရှိအခြေခံပညာကိုယ်ပိုင်ကျောင်းများ၊ နိုင်ငံတကာသင်ရိုးသင် ပုဂ္ဂလိကကျောင်းများနှင့် ပုဂ္ဂလိကအဆင့်မြင့်ပညာကျောင်းများ စိစစ်စစ်ဆေးရေးအဖွဲ့တွင် မြန်မာနိုင်ငံတိုင်းရင်းသားဘာသာ စကား ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ကအဖွဲ့ခေါင်းဆောင်အဖြစ်တာဝန်ယူပြီး ရန်ကုန်တက္ကသိုလ်၊ ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ အဆင့်မြင့်ပညာဦးစီး ဌာန၊ ပညာရေးသုတေသန(စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန) ၊ ဆရာအတတ်ပညာဦးစီးဌာန၊ တိုင်းဒေသကြီး ပညာရေးမှူး ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန တို့က အဖွဲ့ဝင်များအဖြစ် တစ်ဦးစီ ပါဝင်ကြကြောင်း သိရသည်။
ယင်း စိစစ်စစ်ဆေးရေးအဖွဲ့ (၂) ဖွဲ့က အဆိုပါ ကိုယ်ပိုင်ကျောင်းများ၊ နိုင်ငံတကာသင်ရိုးသင်ပုဂ္ဂလိကကျောင်း များ၊ ပုဂ္ဂလိက အဆင့်မြင့်ပညာကျောင်း များကို Checklist နှင့် Data Collection Form များ အသုံးပြုကာ သတင်းအချက်အလက်များ ကောက်ယူခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်း၊ ဥပဒေနှင့်အညီ ကျောင်းမှတ်ပုံတင် ရှိ မရှိ ကျောင်းဖွင့်လှစ်သင်ကြားရန် ခွင့်ပြုမိန့် ရှိ မရှိ၊ ကျောင်းအင်္ဂါရပ်၊ဥပဓိရုပ် ပြည့်စုံကောင်းမွန်မှု ရှိ မရှိ စစ်ဆေးခြင်းမည် ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် သင်ကြားမှု၊ ကျောင်းသားလက်ခံမှု၊ ငွေကြေး ကောက်ခံမှု၊ အခွန်ထမ်းဆောင်မှု၊ အုပ်ချုပ်မှု၊ ဝန်ထမ်း လစာပေးမှုတို့သည် စည်းကမ်းနှင့် ညီ မညီ စစ်ဆေးခြင်း၊ ပြဋ္ဌာန်းထားသော ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် အညီ မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်း၊ သက်တမ်း တိုးမြှင့် ခြင်း၊ ပေါင်းစည်းခြင်း၊ အပြီးပိတ်သိမ်းခြင်း၊ သင်တန်းရပ်နားခြင်းတို့ကို ဆောင်ရွက်နိုင်ရန်အတွက် ကွင်းဆင်းစစ် ဆေးခြင်း များပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်စေရန် မြန်မာ့ယဉ်ကျေးမှု မပျောက်ပျက်စေရန် အမျိုးသား သင်ရိုး ညွှန်းတမ်းကော်မတီက သတ်မှတ်ထားသည့် မြန်မာစာ၊ မြန်မာ့သမိုင်းနှင့် မြန်မာ့ပထဝီဝင် သင်ရိုးညွှန်းတမ်းအ ပြည့်အစုံကို သင်ကြားခြင်း ရှိ မရှိ စစ်ဆေးခြင်း၊ဇာတိသွေး၊ ဇာတိမာန်ထက်သန်စေမည့် အလေ့အကျင့်ကောင်း များ (နိုင်ငံတော်အလံအလေးပြုခြင်း၊ နိုင်ငံတော်သီချင်းသီဆိုခြင်း) ကို ပြုစုပျိုးထောင်ပေးနိုင်မှု ရှိ မရှိ စိစစ်ခြင်း၊ သင်ရိုးညွှန်းတမ်းနှင့် သင်ရိုးမာတိကာများသည် အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီ၏ သတ်မှတ်ချက် များနှင့် ကိုက်ညီမှု ရှိ မရှိ စစ်ဆေးခြင်း၊ကျောင်းဆရာများ၏ ရရှိထားသောဘွဲ့ နှင့် သင်ကြားသောဘာသာရပ် ကိုက်ညီမှု ရှိ မရှိ စစ်ဆေးခြင်း၊ပြည်ပနိုင်ငံများ၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများနှင့် ဘာသာတရားများကို ထည့်သွင်းစည်း ရုံး သင်ကြားပို့ချမှု ရှိ မရှိ စစ်ဆေးခြင်း၊အတန်းအလိုက် သင်ကြားမှုများဆောင်ရွက်ရာတွင် နိုင်ငံရေးအရောင်အ သွေးပ ါရှိမှုရှိ မရှိနှင့် ဘာသာရေး၊ နိုင်ငံရေး စွက်ဖက်လွှမ်းမိုးမှု ရှိ မရှိ စစ်ဆေးခြင်း၊ ပညာရေးဝန်ကြီးဌာနသို့ စစ်ဆေးတွေ့ ရှိချက်များကိုသတ်မှတ်ကာလအတွင်း အစီရင်ခံစာ တင်သွင်းခြင်း တို့ကို လုပ်ဆောင်ကြမည် ဖြစ်ကြောင်း သိရသည်။
#Local_News #ကိုယ်ပိုင်ကျောင်း #သင်ရိုးသင်ပုဂ္ဂလိကကျောင်း
#Yangon_Times/PP
#Local_News
Published-3-September-2023
“ဟိုက်ကွေး"အမည်ရှိ တိုင်ဖုန်းမုန်တိုင်းကြောင့် မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့်တိုင်းများတွင် မိုးပိုကြီးလာနိုင်ဟု မိုး/ဇလ ယနေ့တွင် သတိပေးထားသည်။
ယနေ့ နံနက်ပိုင်း၌ ဖိလစ်ပိုင်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော "ဟိုက်ကွေး"အမည်ရှိ တိုင်ဖုန်းမုန်တိုင်းသည်အနောက်မှ အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနေရာမှ ညနေပိုင်းအချိန်တွင် ထိုင်ဝမ်ကျွန်းအရှေ့ပိုင်းကို စတင်ဖြတ်ကျော် လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
ဟိုက်ကွေး မုန်တိုင်းကြောင့် ကချင်ပြည်နယ်၊ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)၊ ကယားပြည်နယ် တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာနိုင်ကြောင်း ဆိုသည်။
ထို့အပြင် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်ဟု ထုတ်ပြန်ထားသည်။
အဆိုပါ မုန်တိုင်းအရှိန်ကြောင့် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေကြောင်း သိရသည်။
ယင်းအတွက် ယနေ့မွန်းတည့်မှ နောက် (၂၄) နာရီအတွင်း တတနင်္သာရီကမ်းရိုး တန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအခြေအနေမှာ ရေပြင်လေသည် တစ်နာရီ ပင်လယ်မိုင် (၃၅)မိုင်အထိ တိုက်ခတ်ကာ လှိုင်းကြီးနိုင်ပြီး လှိုင်းအမြင့် (၈) ပေမှ (၁၀)ပေခန့်အထိရှိနိုင်ကြောင်း ခန့်မှန်းထားသည်။
အလားတူ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအခြေအနေမှာ ရေပြင်လေသည် တစ်နာရီ ပင်လယ်မိုင် (၃၀)အထိထိုက်ခတ်၍လှိုင်းအသင့်အတင့်ရှိကာ လှိုင်းအမြင့်မှာ(၅)ပေမှ (၇)ပေခန့်ထိရှိနိုင်ကြောင်း ထုတ်ပြန်ထားသည်။
#YMG/my #Local_News #“ဟိုက်ကွေး"အမည်ရှိ တိုင်ဖုန်းမုန်တိုင်း #မိုး/ဇလ သတိပေး
#Yangon_Times
#Local_News
Published-3-September-2023
ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်၊ စွတ်ဆန်လန်မြို့နယ်၊ အမှတ် ၂၊ ကန်ဖန်ကျေးရွာတွင် စက်တင်ဘာ ၂ ရက်၊ ညနေ ၆ နာရီအချိန့်ခန့်က တရားမဝင် ဝင်ရောက်လာသည့်မြန်မာနိုင်ငံသား၇ဦး ဖမ်းဆီးခံခဲ့ရကြောင်းထိုင်းနိုင်ငံရှိ သတင်းဌာနတစ်ခုမှ သိရသည်။
ရနောင်းခရိုင် တာဝန်ရှိသူများက နယ်မြေလုံခြုံရေးအတွက် ကင်းလှည့်နေစဉ် ဖန်ငါခရိုင်ဘက်သို့ ဦးတည်မောင်းနှင်နေသည့် အနက်ရောင် အိမ်စီးကား ၁ စီးအား သင်္ကာမကင်းဖြစ် သဖြင့် စစ်ဆေးရာတွင် ကားပေါ်၌ တရားမဝင်နည်းလမ်းဖြင့် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား အမျိုးသား ၄ ဦး၊ အမျိုးသမီး ၃ ဦး၊ စုစုပေါင်း ၇ ဦးအား တွေ့ရှိကာ ဖမ်းဆီးအရေးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ဆေးချက်အရ ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်သို့ သွားရောက်အလုပ်လုပ်ကိုင်ရန် ကော့သောင်းမြို့မှတဆင့် နယ်စပ်ဖြတ်ကျော်လက်မှတ် "Border Pass" ၇ ရက်နေထိုင်ခွင့်လက်မှတ်ပြုလုပ်၍ဝင်ရောက်လာခြင်းဖြစ်ပြီး ပွဲစားခအဖြစ် တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၁၈၀၀၀ စီပေးချေခဲ့ရကြောင်း သိရသည်။
ထို့ကြောင့် ဖမ်းဆီးရမိသူ မြန်မာနိုင်ငံသား ၇ ဦးနှင့် ၎င်းတို့ထံမှ ဝန်ဆောင်ခရယူကာ ကားနှင့်ခေါ်ဆောင်လာသည့် ထိုင်းနိုင်ငံသူ ယာဉ်မောင်းအမျိုးသမီးအား ထိုင်းနိုင်ငံ ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် စွတ်ဆန်လန်ရဲစခန်းသို့ ပို့ဆောင်ထားကြောင်း သိရသည်။
#YMG/my #Local_News #ထိုင်းနိုင်ငံ #ရနောင်းတွင်ဖမ်းဆီးခံရ
#Yangon_Times
#Local_News
Published-3-September-2023
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝယ်လိုအား ကောင်းနေတာကြောင့် ဂျင်းတပိဿာလျှင် ကျပ်၇၀၀၀နီးပါး အထိ ဈေးမြင့်နေကြောင်းအောင်ပန်းရှိ ဂျင်းဝယ်ရောင်းသည့်ကုန်သည်များထံကသိရသည်။
ပြီးခဲ့သည့် သြဂုတ်လလယ်ပိုင်းမှစတင်၍ ပြည်ပဝယ်လိုအား ရှိလာသည့်အတွက် ဂျင်း ဈေးကွက်မှာ ဈေးမြင့်သို့ တဖြည်းဖြည်း ရောက်ရှိလာခဲ့ကြောင်းသိရသည်။
"ဂျင်း ဈေးကွက်က ပြည်ပ ဝယ်လိုအားကောင်းနေတယ် ဘင်္ဂလားဒေ့ရှ်က အဝယ် ပိုများတဲ့ ဂျင်းဥမအခက်ကြီးက ဈေးကွက်ထဲ ရှားတော့ စိုက်ပျိုးသူတွေဆီကနေ မနည်းလိုက်စုရတယ် ဒါကြောင့် အခြားအမျိုးစားဈေးအနည်းငယ်အတတ်အကျရှိပေမယ့် ဂျင်းဥမအခက်ကြီးကတော့ အခုဈေးထက် မြင့်ဖို့ပဲရှိမယ်""ဟု အောင်ပန်းမှ ဂျင်းကုန်သည်တစ်ဦးက ပြောသည်။
အောင်ပန်း ကုန်စည်ဈေးကွက်တွင် ဂျင်းဥမ အခက်ကြီး အသန့်တစ်ပိဿာလျှင် ၆၅၀၀မှ ၆၇၀၀ကျပ် ၊ ဂျင်းဥမ မြေနီ ဘောင်တုတ် အလတ်စ တစ်ပိဿလျှင် ၅၃၀၀မှ ၅၅၀၀ကျပ် ၊ ဂျင်းဥမ အသေးစတစ်ပိဿာလျှင် ၄၀၀၀ကျပ် ၊ ထိုးဂျင်း ခေါ် ဂျင်းအပယ်စ တစ်ပိဿာလျှင် ၂၈၀၀ခန့်ရှိကြောင်းသိရသည်။
#YMG/my #Local_News #ဘင်္ဂလားဒေ့ရှ်နိုင်ငံ #ဂျင်းတစ်ပိဿာ
ကျပ်၇၀၀၀နီးပါးဖြစ် #Yangon_Times
Page 857 of 1776