#Local_News
Published 22 December 2023
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့အတွင်း လက်လုပ်စိန်ပြောင်းများဖြင့်ပစ်ခတ်ခဲ့ကြ၍ ဒေသခံ၂ ဦး သေဆုံးကာ ကလေးငယ် ၄ ဦးအပါအဝင် ၈ ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။
ယနေ့ ဒီဇင်ဘာလ ၂၁ ရက်နံနက် ၉ နာရီခန့်က လောင်းလုံးမြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ရုံးကို PDF များက မီးရှို့ဖျက်ဆီးပြီး ပြန်လည်ဆုတ်ခွာထွက်ပြေးသွားစဉ် မြို့ပြင်အရောက်၌ ရပ်ကွက်အတွင်းသို့ လက်လုပ်စိန်ပြောင်းဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ယင်းကြောင့် လောင်းလုံးမြို့(ခ)ရပ်ကွက်၊ အောင်ချမ်းသာ ဘုရားကြီးအနီးရှိ ဆောက်လုပ်ရေးကုမ္ပဏီမှ အလုပ်သမားတန်းလျားသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အဆိုပါ အလုပ်သမားတန်းလျားတွင် နေထိုင်သည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံးကာ အပြစ်မဲ့ကလေးငယ် ၄ ဦးအပါအဝင် ၈ ဦး ဗုံးစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယခုအခါ အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပရဟိတ အသင်းအဖွဲ့များက လောင်း လုံးမြို့မှ ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူလျက်ရှိကြောင်းသိရှိရသည်။
#Local_News #လက်လုပ်စိန်ပြောင်းများဖြင့်ပစ်ခတ် #၂ဦး သေဆုံး #၈ဦးဒဏ်ရာရ #Yangon_Times/PP
#World_Health
Published 22 December 2023
ရောဂါကူးစက်မှုများ၊ မအီမသာဖြစ်ခြင်းများ မဖြစ်စေရန်အတွက် သန့်စင်ခန်းကို မှန်ကန်စွာ သန့်ရှင်းအောင်ထားဖို့က အရေးကြီးပါတယ်။
အိမ်သာသုံးစက္ကူများအစား ရေပန်းအသုံးပြုဖို့ကို ဂျပန်သိပ္ပံပညာရှင်များ အကြံပြုနေကြပြီး ဒီနည်းလမ်းက ရောဂါကူးစက်မှုတွေကို သိသိသာသာ လျှော့ချနိုင်တယ်လို့ ဆိုပါတယ်။
အိမ်သာသုံးစက္ကူ အသုံးပြုသူတွေထက် ရေပန်းအသုံးပြုသူတွေဟာ လက်တွေဟာ ဘက်တီးရီးယားပါနိုင်ခြေ ၁၀ ဆပိုနည်းကြောင်း တွေ့ရှိဖော်ပြခဲ့ကြပါတယ်။
အိမ်သာသုံးစက္ကူ အသုံးပြုခြင်းကြောင့် Clostridium difficile ဘက်တီးရီးယား ပျံ့နှံ့စေပြီး ဝမ်းပျော့စေကာ အူလမ်းကြောင်း ရောင်ရမ်းခြင်းရောဂါများ ဖြစ်နိုင်ပါတယ်။
အမေရိကမှာ C.difficile ကူးစက်သူ နှစ်စဥ်ငါးသိန်းခန့်ရှိနေပြီး သေဆုံးသူသောင်းဂဏန်းခန့် ရှိပါတယ်။
နယူးယော့ခ်မှ ဒေါက်တာ အီဗန်ဂိုးလ်စတိုင်းက အိမ်သာသုံးစက္ကူတွေဟာ ထင်ထားသလို မသန့်ရှင်းကြောင်း၊ ရေပန်းအသုံးပြုဖို့ကို တိုက်တွန်းလိုကြောင်း ပြောပြခဲ့ပါတယ်။
ရေပန်းပြောင်းလဲဖို့ အခက်အခဲရှိသူတွေအနေနဲ့ မှန်ကန်တဲ့ စက္ကူအမျိုးအစားနဲ့ သုတ်ပုံသုတ်နည်း အသုံးပြုခြင်းဖြင့် ရောဂါကူးစက်မှုများကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
တစ်ရွက်တည်းပါတဲ့ တစ်ရှူးစက္ကူတွေဆိုရင် မျက်နှာပြင်ကြမ်းတမ်းတာကြောင့် ဒဏ်ရာအနာတရများ ဖြစ်စေနိုင်ပါတယ်။
ဒီအတွက် ထူထဲပျော့ပျောင်းပြီး စုပ်ယူနိုင်စွမ်းကောင်းတဲ့ အိမ်သာသုံးတစ်ရှူးများ အသုံးပြုဖို့ ကျွမ်းကျင်သူများ အကြံပြုထားပါတယ်။
ပြင်းပြင်းထန်ထန် သုတ်ပါက ထိုနေရာမှာ ပွန်းပဲ့ဒဏ်ရာ ဖြစ်နိုင်ပါတယ်။
စအိုတဝိုက်နေရာကို အိမ်သာတက်ပြီးတိုင်း သန့်ရှင်းရေးလုပ်သင့်ပေမယ့် ညင်သာစွာ ပြုလုပ်သင့်ပါတယ်။
အမျိုးသမီးတွေ သန့်ရှင်းရေးလုပ်တဲ့အခါမှာ အရှေ့ကနေ အနောက်သို့ သုတ်သွားမှသာ ဆီးလမ်းကြောင်းထဲ ပိုးဝင်တာမျိုး ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
အမျိုးသမီးတွေရဲ့ ဆီးလမ်းပြွန်က တိုတာကြောင့် ဆီးလမ်းကြောင်းပိုးဝင်တာ အဖြစ်များပေမယ့် အမျိုးသားတွေမှာလည်း ပိုးဝင်တာမျိုး ရှိတတ်ပါတယ်။
ဘိုထိုင်အိမ်သာတွေမှာ ရေဆွဲချတဲ့အခါ အဖုံးမပိတ်ဘဲ ရေဆွဲပါက အဖုံးပိတ်တာထက် ဘက်တီးရီးယား ကူးစက်နိုင်ခြေ ၁၂ ဆ ပိုများပါတယ်။
ထိုကဲ့သို့ မှန်ကန်တဲ့ အိမ်သာသုံးစက္ကူ၊ သင့်လျော်တဲ့ သုတ်ပုံသုတ်နည်း၊ ရေမဆွဲချခင် အဖုံးပိတ်ခြင်းတို့က လူတစ်ဦးချင်းစီနဲ့ လူအများရဲ့ ကျန်းမာရေးကို ကာကွယ်ပေးသွားမှာ ဖြစ်ပါတယ်။
#World_Health #ရောဂါကူးစက်မှု #အိမ်သာသန့်ရှင်းမှုနည်းလမ်း #Source: The Jerusalem Post
#World_Technology
Published 22 December 2023
ဩစတြေးလျမှ သုတေသီတွေဟာ ကမ္ဘာ့ပထမဆုံး လူ့ဦးနှောက်အဆင့်ကွန်ပျူတာကို တည်ဆောက်နေပြီး လာမယ့်နှစ်မှာ အွန်လိုင်းမှာ အသုံးပြုသွားမှာဖြစ်ပါတယ်။
DeepSouth လို့ခေါ်တဲ့ စူပါကွန်ပျူတာကို ဆစ်ဒနီရှိ နိုင်ငံတကာနျူရိုမောဖစ်စနစ်စင်တာ (ICNS)က Intel ၊ Dell တို့နဲ့ပူးပေါင်းကာ ဆစ်ဒနီအနောက်ပိုင်းတက္ကသိုလ်မှာ တည်ဆောက်မှာ ဖြစ်ပါတယ်။
သာမန်ကွန်ပျူတာတွေနဲ့ မတူတာက DeepSouth ဟာ့ဒ်ဝဲဆားကစ်ပြားတွေဟာ လူ့ဦးနှောက်က အာရုံကြောကလပ်စည်းတွေ လုပ်ဆောင်တဲ့ပုံစံမျိုး အသုံးချပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။
အလားတူ ကွန်ပျူတာမျိုးကို ယခင်ကလည်း ပြုလုပ်ဖူးပေမယ့် DeepSouth ကတော့ လက်ရှိမှာ အကြီးမားဆုံးဖြစ်ပါတယ်။
ယခုစူပါကွန်ပျူတာဟာ လူ့ဦးနှောက်တစ်ခုမှာ လုပ်ဆောင်တဲ့ အာရုံကြောကလပ်စည်း အရေအတွက်နဲ့ တူညီတဲ့ ၂၂၈ ထရီလီယံအထိ စွမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။
DeepSouth က လက်ရှိစူပါကွန်ပျူတာတွေထက် ပိုမိုစွမ်းဆောင်ရည် ကောင်းတာမျိုး မဟုတ်ပေမယ့် လူ့ဦးနှောက်မှာ ဘယ်လိုအလုပ်လုပ်လဲဆိုတာကို ပိုမိုလေ့လာနိုင်မှာ ဖြစ်တယ်လို့ ICNS အဖွဲ့မှ ပရောဂျက်ခေါင်းဆောင် အန်ဒရီဗန်ရှိတ်ခ်က ပြောပြသွားပါတယ်။
သုတေသီများအနေနဲ့ ဦးနှောက်ကို စမ်းသပ်ချင်တဲ့အခါ ဒီကွန်ပျူတာကို အသုံးချနိုင်ပြီး လူလုပ်အသိဉာဏ်(AI) ပုံစံသစ်များ ဖန်တီးဖို့အတွက်လည်း အသုံးဝင်လာနိုင်ပါတယ်။
DeepSouth ဟာ အလွန်မြန်ဆန်ပြီး အလွန်ကျယ်ပြန့်တဲ့ အပြိုင်လုပ်ဆောင်ချက်များကို ဓာတ်အားနည်းပါးစွာဖြင့် ထောက်ကူပေးနိုင်မှာ ဖြစ်ပါတယ်။
ပိုမိုကြီးမားတဲ့ စနစ်အတွက် တိုးချဲ့ခြင်းဖြစ်ဖြစ် ပိုမိုသေးငယ်တဲ့စနစ်အတွက် ခွဲခြမ်းပိုင်းဖြတ်ခြင်းဖြစ်ဖြစ် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
ဦးနှောက်ပုံစံကို အတုယူပြီး လက်ရှိပုံစံများထက် AI လုပ်ဆောင်ချက်များကို ပိုမိုထိရောက်တဲ့နည်းလမ်းများဖြင့် ဖန်တီးနိုင်မှာလည်း ဖြစ်ပါတယ်။
#World_Technology #လူ့ဦးနှောက်အဆင့်ကွန်ပျူတာ #Source: WION
အီတလီနိုင်ငံ ဘိုလော့ဂ်နာမြို့ရှိ အထင်ကရမျှော်စင်ကြီး ၂ ခုထဲက တစ်ခုဖြစ်တဲ့ ဂါရီဆင်ဒါမျှော်စင်ဟာ ပြိုကျနိုင်တဲ့အန္တရာယ်ရှိတယ်လို့ အာဏာပိုင်များတွေ့ရှိခဲ့ပြီးနောက် အရေးပေါ်ထိန်းသိမ်းပြုပြင်ရန် ပိတ်သိမ်းလိုက်ပါတယ်။
#World_Attraction
Published 21 December 2023
#ဘိုလော့ဂ်နာမြို့ #မျှော်စင်ပြိုကျနိုင်
#Daily_News
Published 21 December 2023
၁။ မြန်မာများထိုင်းနိုင်ငံကို အများဆုံးသွားရောက်လည်ပတ်နေ၊ ဗုဒ္ဓဂါယာခရီးစဉ်သွားသူများပုံမှန်သာရှိ
၂။ ပလင်းကမ်းသာယာဆင်စခန်း၌ခရစ္စမတ်နှင့် နှစ်သစ်ကူးပွဲတော်ကာလများတွင် ခရီးသွားများအပန်းဖြေနိုင်ရန် ပြင်ဆင်မှုများတိုးမြှင့်ဆောင်ရွက်နေ
၃။ ပြောင်းဈေး မြင့်လာသော်လည်း သယ်ယူပို့ဆောင်ရေးစရိတ်များလာသဖြင့် တောင်သူတွေအကျိုးအမြတ်နည်းဟုဆို
၄။ ဘိုလော့ဂ်နာမြို့ရှိနာမည်ကျော်မျှော်စင်ပြိုကျနိုင်သည့် အန္တရာယ်ရှိသဖြင့် ပိတ်သိမ်းထားရကာ အတားအဆီးများဖြင့်ကာကွယ်ထား ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
အကြောင်းအမျိုးမျိုးကြောင့် ပိုဆောင်ရေးလမ်းကြောင်းတွေ ပိတ်နေတဲ့အတွက် ပြည်တွင်းမှာမွေးမြူထွက်ရှိတဲ့ ဇီဝဇိုး ငှက်သိုက်ကုန်ကြမ်းကို တရုတ်ကို တင်ပို့မှုရပ်ထားရကာ ပြည်တွင်းဈေးကွက်ကိုသာ အားထားနေရတယ်လို့ ဇီဝဇိုးဌက်သိုက်မွေးမြူထုတ်လုပ်သူတွေထံက သိရပါတယ်။
#Local_News
Published 21 December 2023
#ဇီဝဇိုးငှက်သိုက် #တရုတ်ကိုတင်ပို့မှုရပ်ထား
#YMG/LW #Yangon_Times
"ကချင်၊ ချင်း၊ စစ်ကိုင်းတိုင်း(အထက်ပိုင်း) စတဲ့ မြန်မာနိုင်ငံအထက်ပိုင်းမှာ အအေးဓာတ်များရရှိနေပြီဖြစ်ပေမယ့် ရန်ကုန်၊ ပဲခူး၊ တနင်္သာရီစတဲ့ မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေကတော့ ခရစ္စမတ်ဒီဇင်ဘာ(၂၅)ရက်ဝန်းကျင်မှ ဇန်နဝါရီလအတွင်း အေးလာတော့မှာဖြစ်တယ်" မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးလှထွန်း
#Local_News
Published 21 December 2023
#ဒေသအချို့မိုးရွာ #ရန်ကုန်ပါအေးလာ
#tthl #Yangon_Times
#Local_News
#Published 21 December 2023
ခရစ္စမတ်နေ့အထိမ်းအမှတ်အဖြစ် ရန်ကုန် တိရစ္ဆာန်ဥယျာဉ်တွင် Christmas Party ပွဲကိုဒီဇင်ဘာလ(၂၃)ရက်ကနေ(၂၅)ရက်နေ့အထိ (၃)ရက်တိုင်တိုင်ကျင်းပမည်ဖြစ်ကြောင်း တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)မှသိရသည်။
ယင်းခရစ်စမတ်ပွဲ Yangon zoo “CHRISTMAS PARTY”ပွဲတွင် ဖျော်ဖြေရေးအစီအစဉ်များနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး
• Magic Show မျက်လှည့်
• Kids Talent Show ကလေးငယ်များTalent Show
• Photo Session With Birds ငှက်များဖြင့်ဓာတ်ပုံရိုက်ခြင်း
• Carol Singing
• ခေတ်ပေါ် အကများဖြင့်ဖျော်ဖြေခြင်း
• တေးဂီတအဖွဲ့များ၏ ဖျော်ဖြေခြင်းများအပြင်
လာရောက်လည်ပတ်သူများအတွက် လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ရောင်းချပေးမည့် ဈေးဆိုင်ခန်းများစွာလည်းပါဝင်မည်ဖြစ်ကြောင်း သိရသည်။
#Local_News #တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) #Christmas Party #tthl #Yangon_Times
#Local_News
Published-21 December 2023
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်၊ ကမ်းနားလမ်းတွင် နေအိမ်တိုက်ခန်း တစ်ခန်း မီးလောင်မှုဖြစ်ပွားကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သိရသည်။
တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်၊ ကမ်းနားလမ်း၊ ဈေးလမ်းတွင် ဒီဇင်ဘာ (၂၁)ရက်၊ နေ့လည် (၁၂)နာရီခွဲခန့် အချိန်က နေအိမ်တိုက်ခန်း တစ်ခန်း မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ တာမွေမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီးနှင့် မင်္ဂလာတောင်ညွန့်မြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးတိုဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နေ့လည် (၁၂)နာရီ (၃၈)မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး နေ့လည် (၁၂)နာရီ (၃၉)မိနစ်အချိန် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခန်း မီးလောင်မှုကြောင့် လူ/တိရိစ္ဆာန် ထိခိုက်မှု တစ်စုံတစ်ရာမရှိကြောင်း၊ ဖြစ်စဉ်နှင့် ပတ်သက်၍ မီးသတ်တပ်ဖွဲ့မှ လိုအပ်သည်များ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
#Local_News #တိုက်ခန်းမီးလောင်မှုဖြစ်ပွား #YMG/ NN #Yangon_Times
#Local_News
Published- 21 December 2023
မြိတ်မြို့တွင် အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးနှင့် စက်မှုဇုန်စီမံကိန်းဖော်ဆောင်နိုင်ပါက ဒေသရေထွက်ကုန်များ နိုင်ငံတကာဈေးကွက်ထံ ထိုးဖောက်ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
ဒီဇင်ဘာ၂၀ ရက်က တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စီမံကိန်းအကောင်အထည်ဖော်မည့် မြိတ်ကော်ပိုရေးရှင်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်တို့အကြား ဖြစ်မြောက်နိုင်စွမ်း ရှိ/မရှိ လေ့လာဆန်းစစ် ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်က မြေဧရိယာ ၇၃၈.၁၉ ဧကအပေါ်တွင် စီမံကိန်းဆောင်ရွက်ခွင့်ပြုရန် မြိတ်ကော်ပိုရေးရှင်းဘက်မှတင်ပြလာမှုအပေါ် တိုင်းအစိုးရအဖွဲ့မှ ပြည်ထောင်စုအစိုးရရုံးထံ တင်ပြခဲ့ရာမှ သဘောတူကြောင်း အကြောင်းပြန်ခဲ့ကြောင်းပြောသည်။
ထို့အပြင် မြိတ်မြို့ နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးနှင့် စက်မှုဇုန်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါက ဒေသရေထွက်ကုန်များ နိုင်ငံတကာဈေးကွက်ထံ ထိုးဖောက်ဝင်ရောက်နိုင်မည့် အခြေအနေ တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ စီမံကိန်းပထမဆင့်ဖြစ်သည့် ငါးလေလံဈေး တည်ဆောက်ရေးအတွက် ကန်ဒေါ်လာသန်း ၁၅၀ ခန့် ရင်းနှီးမြှုပ်နှံပြီး ဆိပ်ကမ်းအာဏာပိုင်မြေပေါ်တွင် အကောင်အထည်ဖော်ရန် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ သွားရောက်ခဲ့တဲ့ မြိတ်ခရီးစဉ်အတွင်း နစကဥက္ကဌမှ မြေနေရာသတ်မှတ်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
၄အပြင် ကျန်ရှိသည့် စက်မှုဇုန်စီမံကိန်းအတွင်း၌ စက်မှုဇုန်၊ အိမ်ရာ စသည့် အခြေခံအဆောက်အအုံများ ပါဝင်လာမည် ဖြစ်ပြီး တည်ဆောက်ရေးလုပ်ငန်းများ ဆောက်ရွက်ရန် မြေဧက ၂၀၀၀ ခန့် လိုအပ်ကြောင်း သိရသည်။
#Local_News #စက်မှုဇုန်စီမံကိန်းဖော်ဆောင်နိုင် #ငါးလေလံဈေး #YMG/NN #Yangon_Times
#Local_News
Published 21 December 2023
ယခုနှစ်လေးလတာအတွင်း ဆီစက်လုပ်ငန်းရှင်များအား သန်းပေါင်း ၁၇၀၀ ကျော် ထုတ်ချေးထားပြီးဖြစ်ကာ ဒုတိယအကြိမ် ချေးငွေအဆိုပြုလွှာအတွက် ချေးငွေစံသတ်မှတ်ချက်များနှင့် ကိုက်ညီသော ဆီစက်လုပ်ငန်းရှင်များအား အမြန်ဆုံးထုတ်ချေးပေးသွားရန် လိုအပ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၏ ပြောကြားချက်အရ သိရသည်။
ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၏ (၅/၂၀၂၃-၂၀၂၄) ကြိမ်မြောက် အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အစည်းအဝေးတွင် ဒုတိယဝန်ကြီးက ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေကို ပထမအကြိမ် ချေးငွေအဆိုပြုလွှာခေါ်ယူပြီး Project Management Unit နှင့် PFI ဘဏ်များမှ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ၂၀၂၃ ခုနှစ် ဇူလိုင်လမှ အောက်တိုဘာလအထိ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ခုနစ်ခုတို့မှ လုပ်ငန်းရှင် ၂၁ ဦးသို့ ငွေကျပ် ၁၇၇၃ သန်း ထုတ်ချေးထားပြီးဖြစ်ကြောင်း၊ ယခုဒုတိယအကြိမ် ချေးငွေအဆိုပြုလွှာ ခေါ်ယူပြီးဖြစ်၍ ချေးငွေစံသတ်မှတ်ချက်များနှင့် ကိုက်ညီသောလုပ်ငန်းရှင်များကို ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေများ အမြန်ဆုံးထုတ်ချေးပေးသွားရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ပြည်တွင်းစားသုံးဆီဖူလုံရေးတွင် နိုင်ငံတော်မှဆီထွက်သီးနှံများ တိုးတက်ထွက်ရှိရေးကို အားပေးဆောင်ရွက်လျက်ရှိသည့်နည်းတူ ဆီစက်များအဆင့်မြှင့်တင်ရေးနှင့် ဆီစက်လုပ်ငန်းများ တိုးချဲ့နိုင်ရေးအတွက် အတိုးနှုန်းသက်သာသောချေးငွေများကို စနစ်တကျစိစစ်၍ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
#Local_News #သန်းပေါင်း၁၇၀၀ကျော်ထုတ်ချေး #ဒုတိယအကြိမ်ချေးငွေ #YMG/ NN #Yangon_Times
ပြည်ပက၀ယ်လိုအားကောင်းလာတဲ့အတွက် ပြောင်းဈေးမြင့်လာပေမယ့် သယ်ယူပို့ဆောင်ရေး စရိတ်တွေက ယခင်ကထက် ပိုများလာတဲ့အတွက် ဈေးမြင့်ပေမယ့် ပြောင်းစိုက်တောင်သူ အကျိုးအမြတ်ရရှိတာ နည်းတယ်လို့ မြန်မာနိုင်ငံပြောင်းစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်သူများအသင်းထံက သိရပါတယ်။
#Local_News
Published 21 December 2023
#ပြောင်းဈေးမြင့်လာ #အကျိုးအမြတ်နည်း
#YMG/LW #Yangon_Times
Page 857 of 1932