Published 14 May 2024

ပင်လယ်ရေ‌ကြောင်းမှတဆင့် ‌ဆန်တန်ချိန် ၁၈,၀၀၀ကျော်နှင့် ပြောင်းဆံ တန်ချိန်၂၃၀,၀၀၀ ကျော်တင်ပို့မည် ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ထိုသို့တင်ပို့ရာတွင် လာမည့် မေ (၁၅) ရက်တွင် ဆူးလေဆိပ်ကမ်း (SPW) မှ  ဆန်တန်ချိန် (၆,၀၀၀)၊အလုံ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (AIPT) မှ  ဆန်တန်ချိန် (၁၂,၅၀၀) စုစုပေါင်း ဆန်တန်ချိန် ၁၈,၅၀၀ကို တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဆူးလေဆိပ်ကမ်း (SPW) မှပြောင်းဖူးစေ့တန်ချိန် (၇၁၉၀၀) နှင့် မြန်မာ့စက်မှုဆိပ်ကမ်း (MIP)မှ ပြောင်းဖူးစေ့တန်ချိန် (၅၃၅၀၀)၊ အလုံ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (AIPT) မှ ပြောင်းဖူးစေ့တန်ချိန် (၅၈၄၀၀) ၊ ဆန်တန်ချိန် (၁၂၅၀၀) ၊ ယခင်ဗိုလ်အောင်ကျော်ဆိပ်ကမ်း (The Myanmar Terminal- TMT)မှ ပြောင်းဖူးစေ့ တန်ချိန် (၂၉၅၀၀)၊ မင်းထက်မင်းဆိပ်ကမ်း (MHM)မှ ပြောင်းဖူးစေ့တန်ချိန် (၅၄၀၀)၊ Yangon International Gateway Terminal(YIGT)မှ ပြောင်းဖူးစေ့တန်ချိန် (၁၁၀၀၀) ၊ Myanmar Five Star Line (MFSL) ဆိပ်ကမ်းမှ ပြောင်းဖူးစေ့တန်ချိန် (၂၇၀၀) စုစုပေါင်း တန်ချိန် (၂၃၂၄၀၀) တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းမှထွက်ရှိသည့်ပြောင်းကို ထိုင်းနိုင်ငံသို့ အဓိကတင်ပို့လေ့ရှိပြီး အိန္ဒိယ၊ဖိလစ်ပိုင်စသည့်နိုင်ငံများကိုလည်းတင်ပို့လေ့ရှိကြောင်းသိရသည်။

ဆန်ကိုမူ တရုတ်စသည့်နိုင်နီးချင်းနိုင်ငံများအပြင် ဥရောပ၊အာဖရိကနိုင်ငံများသို့လည်းတင်ပို့လေ့ရှိကြောင်းသိရသည်။
#Yangon_Times/NN
#Local_News
#Published_ 14 May 2024
#Yangon_Times #YMG_News #Yangon_Media_Group