Published 14 May 2024

ရန်ကုန်မြို့တွင်းYBS မော်တော်ယာဉ်ကြီး မောင်းနှင်ရန်အတွက် ကျွမ်းကျင်ယာဉ်မောင်းများလိုအပ်လျှက်ရှိသောကြောင့် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီYRTC ၏ ကြီးကြပ်မှုဖြင့် ရန်ကုန်ဘတ်စ်ကားအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်ကYBS မော်တော်ယာဉ်ကြီး မောင်းသင်တန်းကျောင်းမှသင်တန်းသားများခေါ်ယူ နေကြောင်းသိရသည်။

အဆိုပါ YBSမော်တော်ယာဉ်ကြီး မောင်းသင်တန်းအမှတ်စဉ်၄/၂၀၂၄အား မေလနောက်ဆုံးအပတ်၌ ဖွင့်လှစ်သွားမည်ဖြစ်သည်။

"  သင်တန်းအမှတ်စဉ် ၄/၂၀၂၄ အတွက်သင်တန်းသားတွေစခေါ်နေပါပြီ၊ သင်တန်းက မေ၃၁ရက်နေ့မှာဖွင့်လှစ်မှာပါ၊သင်တန်းကာလကတစ်လကြာမြင့်ပါမယ်၊" ဟု ရန်ကုန်ဘတ်စ်ကားအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်မှတာဝန်ရှိသူတစ်ဦးကပြောသည်။

သင်တန်းတက်ရောက်လိုသူများသည်  "ခ"လိုင်စင်အနည်းဆုံးငါးနှစ်သက်တမ်းရှိရမည်ဖြစ်ပြီးအသက်၂၃နှစ်မှ ၅၅နှစ်အတွင်းရှိရမည်ဖြစ်ကြောင်းသိရသည်။

ထို့အပြင် အခြေခံပညာအလယ်တန်းအဆင့်အောင်မြင်ပြီးသူ အခြေခံယာဉ်မောင်းမောင်းနှင်နိုင်မှုအား သင်တန်းမှစစ်ဆေးရွေးချယ်မည်ဖြစ်ကာ သင်တန်းကာလ တစ်လတက်ရောက်ရမည်ဖြစ်ပြီးသင်တန်း‌ ကြေးမှာ တစ်ဦးလျှင် နှစ်သိန်းလေးသောင်းကျပ်ဖြစ်ကြောင်း သိရသည်။

လျှောက်လွှာများကို မှော်ဘီမြို့နယ်ရှိ ရန်ကုန်ဘတ်စ်ကားအများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်၌ ရယူ၍လျှောက်လွှာတင်သွင်းရမည်ဖြစ်ကြောင်း၊ သင်တန်းသားဦးရေကန့်သတ်ထားပြီး စိတ်ပါဝင်စားသူများအနေဖြင့် ၀၉-၇၆၆၀၂၉၂၈၀၊ ၀၉-၄၂၀၇၃၂၅၀၈၊၀၉-၇၇၉၅၅၈၅၅၂ သို့ ဆက်သွယ်မေးမြန်းနိုင် ကြောင်းသိရသည်။
Yangon-Times/NN
#Local_News
#Published_ 14 May 2024
#Yangon_Media_Group #YMG #Yangon_Times