#Local_News
Published_ 20 December 2023
တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် လန်ချန်း-မဲခေါင်ဒေသ နိုင်ငံများ အကြား ပူးပေါင်းဆောင်ရွက်မှုများ၊ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေသည် Jiangxi ပြည်နယ်၊ ဒုတိယ အုပ်ချုပ်ရေးမှူး H.E. Mr. Xia Wenyong နှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေသည် Jiangxi ပြည်နယ်၊ Yingtan မြို့၌ ဒီဇင်ဘာ ၁၉ ရက်တွင် ကျင်းပခဲ့တဲ့ “2023 Forum on Lancang-Mekong Local Government Cooperation and Dialogue between Historic and Cultural Cities of Lancang-Mekong Countries” သို့ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံအနေဖြင့် ယူနန်ပြည်နယ်၊ ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ချုံချင့်မြူနီစီပါယ်မြို့တို့နှင့် ပြည်နယ်အစိုးရခြင်း ချိတ်ဆက်ဆောင်ရွက်နေမှုများ၊ လန်ချန်း -မဲခေါင် နိုင်ငံများရှိ ပြည်နယ်အစိုးရများအကြား ချိတ်ဆက်ဆောင်ရွက်ခြင်းဖြင့် ဒေသခံ ပြည်သူများအကြား ကူးလူးဆက်ဆံမှု၊ ယဉ်ကျေးမှုဖလှယ်မှု၊ အပြန်အလှန် ရင်းနှီးမြှုပ်နှံမှု၊ ကုန်စည်ကူးသန်းရောင်းဝယ်မှုများ ပိုမိုတိုးတက် ချိတ်ဆက်လုပ်ဆောင်နိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်သာမက မဲခေါင်ဒေသ ၅ နိုင်ငံတို့၏ ပြည်နယ်အစိုးရများနှင့် ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
အဆိုပါအခမ်းအနားသို့ Jiangxi ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး H.E. Mr. Xia Wenyong၊ Chinese People's Association for Friendship with Foreign Countries (CPAFFC) ဒုတိယ ဥက္ကဋ္ဌ Mr. Yuan Mindao၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများမှ မြို့တော် ဝန်များ၊ ရန်ကုန်မြို့ ဒုတိယမြို့တော်ဝန် ဦးညီညီ ဉီးဆောင်ပြီး မန္တလေးမြို့စည်ပင်သာယာရေး ကော်မတီ၊ အတွင်းရေးမှူး ဦးဝင်းမောင် ပါဝင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြပါတယ်။
Dialogue between Historic and Cultural cities of Lanchang-Mekong countries အစီအစဉ်၏ Session 2: Carrying Forward Traditional Culture for Cultural Innovation and Mutual Learning ခေါင်းစဉ်ဖြင့် ရန်ကုန်မြို့ ဒုတိယ မြို့တော်ဝန် ဦးညီညီ က လည်းကောင်း၊ Session 3: Developing Tourism Resources for Common Prosperity ခေါင်းစဉ်ဖြင့် မန္တလေးမြို့စည်ပင်သာယာရေး ကော်မတီ၊ အတွင်းရေးမှူး ဦးဝင်းမောင် တို့က ဆွေးနွေးခဲ့ကြပါတယ်။
#Local_News #လန်ချန်း-မဲခေါင်ဒေသ #ymg_mnn #Yangon_Media_Group
"The Ruenသင်္ဘောကုမ္ပဏီရဲ့ဝက်ဆိုက်ကို MSF အနေဖြင့် email ပေးပိုပြီး မြန်မာသင်္ဘောသားတွေရဲ့အခြေအနေကိုစုံစမ်းထားပေးမယ့် အကြောင်းပြန်လာတာမျိုးမရှိသေးဘူး" မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားအလုပ်သမားများအဖွဲချုပ်(MSF) ဥက္ကဌဦးစိုးမင်းအောင်
#Local_News
Published 20 December 2023
#The Ruen #ပင်လယ်ဓားပြ #မြန်မာသင်္ဘောသား
#tthl #Yangon_Times
#Local_News
Published 20 December 2023
အခုရက်ပိုင်းအတွင်းညအပူချိန်ကျဆင်းမည့်ဒေသ(၄)ခုရှိပြီး ရန်ကုန်လည်း အအေးဓာတ်ရလာတော့မည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နောက်နှစ်ရက် ဒီဇင်ဘာ(၂၁)မှ(၂၂)ရက်အထိ ညအပူချိန်များ အနည်းငယ် လျော့နည်းနိုင်သည်ဟုဆိုသည်။
ခရစ်စမတ်ဒီဇင်ဘာ(၂၅)ရက်နီးလာလျှင် ရန်ကုန်လည်း အအေးဓာတ်ရတော့မည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ပြောသည်။
ထူးခြားသည့် ညအပူချိန်များအဖြစ် ဟားခါးမြို့တွင် (၂)ဒီဂရီစင်တီဂရိတ်၊ ကျောက်မဲမြို့နှင့် ဟဲဟိုးမြို့တို့တွင် (၆)ဒီဂရီစင်တီဂရိတ်စီနှင့် ပူတာအိုမြို့၊ လွိုင်လင်မြို့၊ မိုင်းယန်းမြို့၊ တီးတိန်မြို့နှင့် ပြင်ဦးလွင်မြို့တို့တွင် (၇)ဒီဂရီစင်တီဂရိတ်စီတို့ ဖြစ်ကြ ပါသည်။
နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်တို့ထက် (၂)ဒီဂရီစင်တီဂရိတ်နှင့် ကရင် ပြည်နယ်တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်ထက် (၃)ဒီဂရီစင်တီဂရိတ်ပိုခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ကြောင် သိရသည်။
#Local_News #ညအပူချိန်ကျဆင်းမည် #tthl #Yangon_Times
#Local_News
Published 20 December 2023
စစ်ကိုင်းတိုင်းဒေသကြီး မင်းကွန်းဒေသနှင့် ရွှေဘိုကျောက်မြောင်းတွင် ဧရာဝတီမြစ်အတွင်း နိုင်ငံခြားသားခရီးသွားများ ဧရာဝတီလင်းပိုင်ကြည့်ရှုရေးခရီးစဉ်ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလဆန်း၌ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် သားငှက်ထိန်းသိမ်းရေးအဖွဲ့(WCS)နှင့် စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး သားငှက်ထိန်းသိမ်းရေးအဖွဲ့(WCS)၊ ဟိုတယ်တည်းခိုရိပ်သာလုပ်ငန်းရှင်များအသင်းနှင့် ရေလုပ်ငန်းရှင်တစ်ဦးတို့ ပူးပေါင်း၍ ခရီးသွားရာသီတွင် လင်းပိုင်နှင့် သဘာဝအလှကိုချစ်မြတ်နိုးသည် နိုင်ငံခြားသားခရီးသွားများ ကြည့်ရှုလေ့လာနိုင်ရန် ဧရာဝတီလင်းပိုင်ကြည့်ရှုရေးခရီးစဉ်ကို ရေးဆွဲဆောင်ရွက်နေခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ဝန်းကျင်က လင်းပိုင်များ နေထိုင်ကျက်စားခဲ့ပြီး ဧရာဝတီမြစ်အတွင်း ကျက်စားသည့် လင်းပိုင်များကို ဧရာဝတီမြစ်အား အစွဲပြု၍ Ayeyarwady Dolphin ဟု အမည်ခေါ်တွင်ခဲ့ရာ အိမ်နီးချင်းနိုင်ငံများ၊ မဲခေါင်မြစ်တစ်လျှောက်နှင့် အိန္ဒိယနိုင်ငံတို့ရှိ လင်းပိုင်များကိုလည်း ဧရာဝတီလင်းပိုင်ဟု အသိအမှတ်ပြုခေါ်တွင်ခဲ့ခြင်းဖြစ်သည်။
ဧရာဝတီလင်းပိုင်များ မျိုးသုဉ်းမှုမရှိစေရန် ငါးလုပ်ငန်းဦးစီးဌာနမှ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး မြစ်အတွင်း ဘက်ထရီ ရှော့တိုက်ငါးဖမ်းခြင်း၊ မျှောပိုက်ချခြင်းတို့မှ လင်းပိုင်များ ထိခိုက်နာကျင်သေဆုံး မှုမရှိစေရန် ရေချိုငါးလုပ်ငန်းဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခြင်း၊ ကျေးရွာများတွင် အသိပညာပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ဧရာဝတီလင်းပိုင်သည် နုတ်သီးတို ပြုံးရွှင်သောမျက်နှာရှိပြီး အသက်ခုနစ်နှစ်နှင့် ကိုးနှစ်အရွယ်၌ မျိုးပွားနိုင်လေ့ရှိကာ ၁၄ လအကြာ ကိုယ်ဝန်ဆောင်လျက် လူသားတို့ကဲ့သို့ နို့တိုက်သတ္တဝါအဖြစ် တစ်ကြိမ်သာသားဖွယ်လေ့ရှိပြီး အသက် ၃၀ မှ ၅၀ အထိနေထိုင်ရှင် သန်လေ့ရှိကြောင်း သိရသည်။
#Local_News #ဧရာဝတီလင်းပိုင်ကြည့်ရှုရေးခရီးစဉ် #YMG/LW #Yangon_Times
#Local_News
Published 20 December 2023
မန္တလေးတွင် သဲများသယ်ဆောင်လာသည့် Faw ကားနှင့် ဆိုင်ကယ်တို့ တိုက်မိမှုဖြစ်ပွားခဲ့ကာ အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်းမဏီစလလူမှု/နာမှုကူညီရေးအသင်း(မန္တလေးမြို့)ထံမှ သိရသည်။
ဒီဇင်ဘာလ ၂၀ရက် နေ့လည်ပိုင်းအချိန်က မန္တလေးမြို့၊ ၄၁လမ်း၊ ၈၄လမ်းနှင့် ၈၃လမ်းကြားတွင် ကားနှင့် ဆိုင်ကယ် တိုက်မိမှု ဖြစ်ပွားခဲ့ကာ ဆိုင်ကယ်မောင်းသူအမျိုးသားမှာ သေဆုံးသွားခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်ပွားကြောင်း အကြောင်းကြားချက်အရ အသင်းက ထွက်ခွာသွားရောက် ကူညီပေးခဲ့ကြောင်း သိရသည်။
သေဆုံးသွားသူမှာ အသက် ၄၀ခန့်ရှိပြီး ယင်း၏ ရုပ်အလောင်းကို မန္တလေးအထွေထွေပြည်သူ့ဆေးရုံကြီးသို့ အသင်းမှ ကူညီပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
#Local_News #Faw ကားနှင့်ဆိုင်ကယ်တိုက်မိ #အမျိုးသားတစ်ဦးသေဆုံး #YMG/LW #Yangon_Times
ဖရဲသယ်ယူပို့ဆောင်တဲ့လမ်းကြောင်းတွေကြန့်ကြာတာ၊ နောက်တရုတ်ပြည်မှာလည်းအအေးလှိုင်းဖြတ်နေတော့ အသီးဈေးတွေကျတယ်၊ လမ်းတွေမှာအရမ်းကြာတယ်လေ၊ စိုက်ကွင်းရယ်၊စိုက်တဲ့မြေအမျိုးအစားရယ်၊ထားတဲ့အချိန်ရယ်၊ လမ်းကြောင်းအနေအထားရယ်ပေါ်မူတည်ပြီးတော့အသီးတွေက မလတ်ဆတ်တော့ပယ်တာတွေများတယ်၊
#Local_News
Published 20 December 2023
#တရုတ်အအေးလှိုင်း #မြန်မာ့ဖရဲအရည်အသွေး
#YMG/NN #Yangon_Times
ခရစ္စမတ်နှင့်နှစ်သစ်ကူးပိတ်ရက်အတွက်ခရီးသွားလာရောက်ဖို့ ကျွန်တော်တို့ဘက်မှာ လောင်စာဆီရှားတဲ့ပြသနာကြောင့်ကိုယ်ပိုင် ကားနဲ့လာမယ်လူတွေကလည်းနည်းနည်းတန့်သွားတာပေါ့၊ တန်ဆောင်တိုင်ထက် ပါးပါတယ်၊ နောက်တန်ဆောင်တိုင်က ဘိုကင်ပျက်တာတွေလည်းရှိခဲ့တော့ ဘိုကင်ကွန်ဖမ်း ကြိုမလုပ်ကြဘူး၊
မေးတာစုံစမ်းတာတွေတော့နေ့တိုင်းရှိပါတယ်၊
#Local_News
Published 20 December 2023
#ခရစ္စမတ်နှင့်နှစ်သစ်ကူးပိတ်ရက် #ဂေါ်ရန်ဂျီကျွန်း
#YMG/NN #Yangon_Times
ယခုနှစ် နွေစပါး စိုက်ပျိုးမယ့် ရာသီမှာတောင်သူတွေထွန်ယက်စိုက်ပျိုးနိုင်ဖို့အတွက်
စက်သုံးဆီကို စိုက်ဧကတစ်ဧကကို စက်သုံးဆီ ၄ဂါလံ နှုန်းနဲ့ ရောင်းချပေးမယ်လို့ မြန်မာနိုင်ငံ
ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများ အသင်းထံက သိရပါတယ်။
#Local_News
Published 20 December 2023
#စက်သုံးဆီ #နွေစပါးတစ်ဧက
#YMG/LW #Yangon_Times
"တက္ကသိုလ်ခြေလျင်နှင့် တောင်တက်အသင်း၊ သဘာဝခေါ်သံဖောင်ဒေးရှင်းရဲ့(၂၈)ကြိမ်မြောက် ဂုဏ်ထူးဆောင်နာယကကြီးများ ပူဇော်ကန်တော့ပွဲမှာနာယကကြီး(၂၅)ဦးကို ပူဇော်ကန်တော့မယ်။ သွားရေးလာရေးအခက်အခဲတွေရှိနေသေးတဲ့အတွက် နယ်ဝေးတောင်တက်ခရီးစဉ် မသွားဖြစ်သေးဘဲ နောက်ပိုင်းသွားရေးလာရေး အဆင်ပြေပါက အနီးအနားမှတောင်တက်ခရီးစဉ် တွေပြန်လည်သွားရောက်ဖို့ရှိတယ်" တက္ကသိုလ်ခြေလျင်နှင့် တောင်တက်အသင်း၊ သဘာဝခေါ်သံဖောင်ဒေးရှင်းဥက္ကဌဆရာဦးမျိုးသန့်
#Local_News
Published 20 December 2023
#တက္ကသိုလ်ခြေလျင်နှင့်တောင်တက်အသင်း #သဘာဝခေါ်သံဖောင်ဒေးရှင်း
#tthl #Yangon_Times
#Local_News
Published 20 December 2023
ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ နိုဝင်ဘာလကုန်အထိရှစ်လတာအတွင်း ပြည်ပနိုင်ငံများသို့ မြန်မာ့ပျားရည် မက်ထရစ်တန် ၁၄၀၀ ကျော် တင်ပို့ထားကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပျားလုပ်ငန်းဌာန၊ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ သိရသည်။
အဆိုပါ ရှစ်လတာကာလအတွင်း ပုဂ္ဂလိကကဏ္ဍမှ ပြည်ပနိုင်ငံများသို့ ပျားရည်တင်ပို့မှုအနေဖြင့် မက်ထရစ်တန် ၁၄၄၁ ဒသမ ၁၂ တန် တင်ပို့ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၆၂ သန်း ရရှိထားကြောင်းသိရသည်။
မြန်မာနိုင်ငံမှ မွေးမြူထုတ်လုပ်သည့် ပျားရည်ကို ပြည်ပနိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံနှင့် တရုတ်နိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ပျားရည်တင်ပို့ရာတွင် ဂျပန်နိုင်ငံသို့ ၉၄၈ ဒသမ ၉၂ တန် ဖြင့် အများဆုံးတင်ပို့ပြီး ထိုင်းနိုင်ငံသို့ ၃၂၂ ဒသမ ၂ တန်၊ တရုတ်နိုင်ငံသို့ တန် (၁၅ဝ) နှင့် တောင်ကိုရီးယားနိုင်ငံသို့ တန် (၂ဝ) တင်ပို့ထားကြောင်း သိရသည်။
ပျားရည်ထုတ်လုပ်မှုအနေဖြင့် နှမ်းပျားရည်၊ ဆီးပျားရည်၊ ပန်းနှမ်း ပျားရည်၊ နေကြာပျားရည်၊ လိုက်ချီးပျားရည်ဟူ၍ ထုတ်လုပ်လျက်ရှိကြောင်း၊ပျားရည်ကို ပြည်တွင်း၌ ဆေးဝါးအဖြစ် အသုံးပြုမှုများသကဲ့သို့ ပြည်ပနိုင်ငံများသို့ တင်ပို့မှုမှလည်း နိုင်ငံခြားဝင်ငွေရရှိကြောင်း သိရသည်။
#Local_News #ပျားရည်တန်ချိန်၁၄၀၀ကျော် #ဂျပန်အများဆုံးဝယ်ယူ #YMG/ NN #Yangon_Times
#Local_News
Published 20 December 2023
မြန်မာနိုင်ငံမှ ကိုရီးယားနိုင်ငံရှိ စိုက်ပျိုးရေးလုပ်ငန်းများတွင် လုပ်ကိုင်ရန် ရာသီချိန် လုပ်သားစေလွှတ်ရေးနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ မူအားဖြင့် ခွင့်ပြုထားပြီးဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန မှ သိရသည်။
ကိုရီးယားနိုင်ငံ၏ ရာသီချိန်လုပ်သား အလုပ်အကိုင်သည် ၈ လလုပ် ၄ လ နားစနစ်ဖြင့် ကာလတို လုပ်ကိုင်ရခြင်းဖြစ်သည့်အပြင် မြန်မာနိုင်ငံမှ လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်သကဲ့သို့ ကိုရီးယားနိုင်ငံမှ စိုက်ပျိုးရေးနည်းပညာများကို သင်ယူလေ့လာရန် အခွင့်အလမ်းများလည်းရရှိနိုင်ခြင်းဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှသိရသည်။
ထို့ပြင် လုပ်အားခအနေဖြင့် ကြည့်မည်ဆိုပါကလည်း ဒေသတွင်းနိုင်ငံများထက် လစာပိုမိုရရှိခြင်းဖြစ်သည့်အပြင် ပြည်သူလူထု၏ စားဝတ်နေရေးနှင့် လူမှုအဆင့်အတန်းပိုမိုမြင့်တက်လာစေမည်ဖြစ်သောကြောင့် မြန်မာနိုင်ငံလုပ်သားများ၏ အကျိုးစီးပွားကို ရှေးရှု၍ စေလွှတ်လိုခြင်းဖြစ်ကြောင်း သိရသည်။
ရာသီချိန်လုပ်သား စေလွှတ်ခြင်းလုပ်ငန်းစဉ်အရ ကိုရီးယားသမ္မတနိုင်ငံ၊ တရားရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ပထမဉီးစွာ ကိုရီးယားနိုင်ငံ ဒေ သန္တရအစိုးရနှင့် မြန်မာနိုင်ငံဒေသအစိုးရတို့ (Region to Region) နားလည်မှုစာချွန်လွှာ ( MoU ) လက်မှတ်ရေးထိုးခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ဒေသန္တရ အစိုးရအချင်းချင်း MOU လက်မှတ် ရေးထိုးရတာ ဖြစ်သည့်အတွက် MOU ကို ကိုရီးယားသမ္မတနိုင်ငံရှိ သက်ဆိုင်ရာ ပြည်နယ်များမြို့တော်များမှ မြို့တော်ဝန် အုပ်ချုပ်ရေးမှူုးများနှင့် မြန်မာနိုင်ငံ နေပြည်တော်ကောင်စီ တိုင်းဒေသကြီးပြည်နယ် အစိုးရအဖွဲ့များမှ အလုပ်သမားရေးရာဝန်ကြီးများနှင့် လက်မှတ်ရေးထိုးနိုင်ရန် ဆောင်ရွက်ထားသလို အလုပ်သမားဝန်ကြီးဌာန လက်အောက်ရှိ တိုင်းဒေသကြီး ပြည်နယ် ဦးစီးမှုးများ နှင့် လက်မှတ်ရေးထိုးရန်လည်းဆောင်ရွက်ထားရှိကြောင်း သိရသည်။
ကိုရီးယားသမ္မတနိုင်ငံ တရားရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ရရှိပြီးနောက် ဒေသန္တရ အစိုးရအချင်းချင်း MoU ရေးထိုးပြီးပါက လုပ်သားစုဆောင်းခြင်း ၊ ရွေးချယ်ခြင်း ၊ စေလွှတ်ခြင်းစသည့် လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ရာသီချိန်စိုက်ပျိုးရေးလုပ်သားများစေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ရာသီချိန်လုပ်သားများစေလွှတ်ရာတွင် နိုင်ငံ့ပုံရိပ်ထိခိုက်မှုရှိစေမည့် လုပ်သားများ ထွက်ပြေးခြင်း၊ တရားမဝင်နေထိုင်ခြင်း၊ ပြန်ပို့ခံရခြင်းများ မရှိစေရေးကြီးကြပ်ဆောင်ရွက်ရန်လည်း သက်ဆိုင်ရာအေဂျင်စီများအား လမ်းညွှန်ထားရှိကြောင်းအလုပ်သမားဝန်ကြီးဌာနမှ သိရသည်။
#Local_News #ကိုရီးယားနိုင်ငံ #ရာသီချိန်စိုက်ပျိုးရေးလုပ်သား #YMG/LW #Yangon_Times
#Local_News
Published-20 December 2023
မြန်မာ့အထည်ချုပ်လုပ်ငန်း၏ ရာနှုန်းပြည့်နီးပါးဖြစ်သော၉၆ရာခိုင်နှုန်းခန့်မှာ လုပ်ငန်းလည်ပတ်ရာတွင် လက်ခစားစနစ်ကို (CMP) ကို အသုံးပြုလုပ်ကိုင်နေကြပြီး ငါး ရာခိုင်နှုန်းခန့်သာ ကိုယ်တိုင်ထုတ်လုပ်တင်ပို့သည့်စနစ် (FOB) အသုံးပြုနေကြောင်း ကမ္ဘာ့ဘဏ်၏ “မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းအစီရင်ခံစာ ၂၀၂၃” ၌ ဖော်ပြထားသည်။
ကမ္ဘာ့ဘဏ်၏ လေ့လာမှုအရ အထည်ချုပ်လုပ်ငန်းများ၏ စုစုပေါင်းထုတ်လုပ်မှုမှာ အသေးစားနှင့် အလတ်စားစက်ရုံများ လုပ်ငန်းကျဆင်းမှုကြောင့် ၂၀၁၉ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၂၀၂၂ ခုနှစ်မှာ (၇.၉) ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်းသိရသည်။
ကမ္ဘာ့ဘဏ်၏ အစီအစဉ်ဦးဆောင်သူနှင့် အကြီးတန်းစီးပွားရေးပညာရှင် ကင်မ်အယ်လန်အဒ်ဝပ်ကမကြာသေးခင်က ဖြစ်ပေါ်ခဲ့သည့် တိုးတက်ပြောင်းလဲမှုများကြောင့် အထည်ချုပ်လုပ်ငန်းများသာမက မြန်မာ့စီးပွားရေးတစ်ခုလုံး၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု အလားအလာအပေါ် ကြီးကြီးမားမား အဟန့်အတားဖြစ်စေနိုင်ကြောင်း ပြောကြားထားသည်။
အထည်ချုပ်လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နေကြသူများ၏ (၈၅) ရာခိုင်နှုန်းနှင့် စီမံခန့်ခွဲရေးအဆင့်ရာထူးအားလုံး၏ (၅၆) ရာခိုင်နှုန်းမှာ အမျိုးသမီးများ ဖြစ်ကြောင်း၊ နိုင်ငံအတွင်းက အထည်ချုပ်စက်ရုံတွေအနေဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် လုပ်ငန်းတိုးချဲ့နိုင်ရေးထက် လက်ရှိအခြေအနေအတိုင်း ရှင်သန်ရပ်တည်နိုင်ရေးကို ပိုပြီး အာရုံစိုက်နေရကြောင်းလည်း ဖော်ပြထားသည်။
၄င်းအပြင် အထည်ချုပ်လုပ်ငန်းများ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများတွင် တစ်ခုဖြစ်သည့် လျှပ်စစ်မီးရရှိရေးမှာ ၄င်းတို့၏ လုပ်ငန်းလည်ပတ်မှုအတွင်း အကြီးမားဆုံး စိန်ခေါ်မှုအဖြစ် ရှိနေပြီး အထည်ချုပ်လုပ်ငန်းတွေရဲ့ (၆၈) ရာခိုင်နှုန်းက တုံ့ပြန်ကြကြောင်း၊ပျမ်းမျှအားဖြင့် တစ်ရက်ကို နှစ်ကြိမ် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ပြီး တစ်ကြိမ်ကို (၃)နာရီခွဲခန့် ပြတ်တောက်တဲ့အတွက် ၂၀၂၂ ခုနှစ်အတွင်း အထည်ချုပ်လုပ်ငန်းတွေရဲ့ စုစုပေါင်း လျှပ်စစ်သုံးစွဲမှု (၆၂) ရာခိုင်နှုန်းက ကိုယ်ပိုင်မီးစက်များမှ ရရှိကြကြောင်း သိရသည်။
#Local_News #မြန်မာ့အထည်ချုပ်လုပ်ငန်း #CMP လက်ခစားစနစ် #YMG/ NN #Yangon_Times
Page 859 of 1932