#Local_News
Published_13 May 2024


▪️ အမျိုးသားလူနာတစ်ဦးသည် တူမဖြစ်သူ၏အမျိုးသမီးအသည်းအလှူရှင်၏အသည်းကိုအသုံးပြုပြီး အသည်းအစားထိုးခွဲစိတ်ကုသနိုင်ခဲ့ခြင်းကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

 

▪️ တပ်မတော်တွင် ဆဌမအကြိမ်မြောက်အသည်းအစားထိုးခွဲစိတ်ကုသမှုဒုတိယနေ့အဖြစ် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံတပ်မတော်ဆေးရုံကြီးကုတင်(၁၀၀၀)ဆံ့ဆေးရုံ၌ အမျိုးသားလူနာဖြစ်သည့် ဦးဇော်ဌေးကို အသည်းအလှူရှင် ဖြစ်သည့် တူမဖြစ်သူဒေါ်နွယ်နွယ်ဝင်း၏အသည်းဖြင့် အစားထိုးခွဲစိတ်ကုသ ပေးနိုင်ခဲ့ကြောင်းသိရသည်။

 

▪️ အသည်းအစားထိုးဆောင်ရွက်ရာတွင်မနက်(၉)နာရီအချိန်တွင်း အသည်းစတင်ထုတ်ယူခဲ့ပြီး ထုတ်ယူရရှိလာ သည့်အသည်းကိုညနေ(၅)နာရီခန့်တွင် အသည်းလက်ခံလူနာထံသို့အစားထိုးခွဲစိတ်ကုသခြင်းများ ဆောင်ရွက် ခဲ့ကာ စုစုပေါင်း အသည်းအစားထိုးခွဲစိတ်ကုသချိန်(၁၀)နာရီခန့်ကြာမြင့်ခဲ့သည်ဟု ဆိုသည်။

 

▪️ ခွဲစိတ်ကုသပြီးနောက်ပိုင်း အသည်းအလှူရှင်ရော အသည်းလက်ခံလူနာနှစ်ဦးလုံးပါ ကျန်းမာရေးကောင်းမွန်ပြီး အထူးကြတ်မတ်ကုသခန်း၌လိုအပ်သည့်ပြုစုကုသခြင်းများကို သက်ဆိုင်ရာပါရဂူများ၊ ဆေးမှူးများ၊ သူနာပြု၊ ကျွမ်းကျင်သူများမှ ဆက်လက်ဆောင်ရွက်ပေးနေကြောင်း သိရသည်။

 

#tthl #Yangon_Times