#Local_News
Published 13 May 2024


▪️ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံရပြီးနောက် ရန်ကုန်-မော်လမြိုင်၊ မော်လမြိုင်-ရန်ကုန် ရထားခရီးစဉ်များကို မေလ ၁၃ ရက်နေ့ (ယနေ့)တွင် တိုးချဲ့ ပြေးဆွဲနေကြောင်း မော်လမြိုင်ဘူတာကြီးမှ သိရသည်။

 

▪️ မော်လမြိုင်-ရန်ကုန် လေအိတ်ရထား အမှတ် ၁ကို မနက် ၈နာရီ ၃၀အချိန်တွင် လည်းကောင်း၊မော်လမြိုင်-ရန်ကုန် လေအိပ်ရထား အမှတ်၂ ကို မနက်၉နာရီ ၁၅တွင် လည်းကောင်း တိုးချဲ့ပြေးဆွဲနေကြောင်း သိရသည်။

 

▪️ မော်လမြိုင်-ရန်ကုန် ရထားခရီးစဉ်ကို ယခင်ပုံမှန်ပြေးဆွဲနေသည့် နံနက် ၈ နာရီခွဲ ရထားသာရှိပြီး လက်ရှိမှာ ၉ နာရီ ၁၅ မိနစ်‌တွင် ထွက်ခွာပြေးဆွဲမည့် ရထားခရီးစဉ် ထပ်တိုးချဲ့ခဲ့ကြောင်းသိရသည်။

 

▪️ ရထားလက်မှတ်များ ကို နံနက် ၇ နာရီမှ ၁၂ နာရီအထိ တစ်ကြိမ်၊ နေ့လည် ၁ နာရီမှ ၃ နာရီအထိ တစ်ကြိမ် ရောင်းချပေးလျက်ရှိပြီး အထက်တန်းလက်မှတ်များအား သုံးရက်ကြိုစနစ်ဖြင့် လည်းကောင်း၊ ရိုးရိုးတန်းလက်မှတ်များကို တစ်ရက်ကြိုစနစ်ဖြင့်လည်းကောင်း ဝယ်ယူနိုင်ကြောင်း မော်လမြိုင်ဘူတာကြီးမှ အသိပေးကြေညာ ထားသည်။

 

#YMG/LW #Yangon_Times