#Local_News
Published- 13 May 2024


▪️ အမျိုးသားသွေးဌာန (ရန်ကုန်ဆေးရုံကြီး)မှ ဆေးရုံ ၃၈ ရုံနှင့်  Blood Management System(BMS) Software ဖြင့် ချိတ်ဆက်၍ လိုအပ်သောအချက်အလက်များကိုဖြန့်ဝေပေးလျက်ရှိပြီး သွေးကောင်း၊သွေးသန့်များစနစ်တကျရရှိရန်ဆောင်ရွက်ပေးနေကြောင်း နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင် ၁၀၀၀) ရောဂါဗေဒဌာနနှင့် သွေးဘဏ်မှ သိရသည်။

 

▪️ သွေးလိုအပ်သည့် လူနာများအဆင်ပြေစေရန် အမျိုးသားသွေးဌာန တစ် ခု ၊ မန္တလေး၊ မကွေး၊ မော်လမြိုင်၊ မြစ်ကြီးနား၊ တောင်ကြီး၊ ပုသိမ် နှင့် နေပြည်တော်တို့ရှိပြည်သူ့ဆေးရုံကြီးများတွင် တွဲဖက်ထားသည့်  သွေးလှူဘဏ် ခုနှစ်ခု၊ ခုတင် ၂၀၀ နှင့် ခုတင် ၁၀၀ ဆံ့ ဆေးရုံကြီးများမှလည်းဓါတ်ခွဲခန်းနှင့် တွဲဖက်ဆောင်ရွက်နေသည့်  သွေးဘဏ်များတိုးချဲ့ဖွဲ့စည်း‌ထားကြောင်းသိရသည်။

 

▪️ အဆိုပါသွေးဘဏ်များအနေဖြင့် သွေးလှူရှင်များ၏  လှူဒါန်းမှုများမှရရှိလာသည့်  သွေးများကိုသွေးအုပ်စုခွဲခြင်း၊ ပိုးစစ်‌ဆေးခြင်းများလုပ်ဆောင်ပေးကာရရှိလာသည့် ဒေတာအချက်အလက်များအား အမျိုးသားသွေးဌာန (ရန်ကုန်)မှ  ဆေးရုံကြီး ၃၈ ရုံ ၏ စင်တာများ ၊ သွေးလှူဘဏ်များတွင်  Software ကိုအသုံးပြု၍ လူနာများ၏ လိုအပ်သည့် သွေးများအတွက် လှူဒါန်းသူများ၏  သွေးအုပ်စု၊ ရောဂါ ကင်းမကင်းများ ကိုSoftwareဖြင့် သေချာတင်ပေးလျှက်ရှိကြောင်းသိရသည်။

 

▪️ ထိုသို့ဆောင်ရွက်ထားသည့်အတွက် နောက်တစ်ကြိမ်ထပ်မံလိုအပ်ပါက ယင်းအချက်အလက်များမှာများစွာအဆင်ပြေသည့်အပြင်  ဘားကုတ်များကိုလည်းသွေးအိတ်များတွင် ကပ်ပြီး  စနစ်တကျ ဆောင်ရွက်နေသည့် အတွက် အချိန်ကုန်သက်သာသည့်အပြင်အလှူရှင်ထံမှရရှိသည့် သွေးများကိုသွေးလိုအပ်သည့်  လူနာများဆီအရောက် စနစ်တကျ ပို့ပေးနေကြောင်းသိရသည်။

 

#YMG/ NN #Yangon_Times