#Local_News
Published 13 May 2024

▪️ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင်ပြုလုပ်မည့်လာမည့် ဇူလိုင်လအတွင်း ကိုရီးယားသွင်းကုန်ပြပွဲ ၂၀၂၄ (Korea Import Fair – KIF 2024)တွင် မြန်မာများလာရောက်ပြသရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။

▪️ အဆိုပါ ကိုရီးယားသွင်းကုန်ပြပွဲ -၂၀၂၄ (Korea Import Fair – KIF 2024) ကို တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ အစည်းအဝေးနှင့် ပြပွဲကျင်းပရေးစင်တာ (Convention & Exhibition Center – COEX)တွင် ဇူလိုင်လ (၄) ရက်မှ (၆) ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

▪️ ယင်းပြပွဲကို  ပြည်ပနိုင်ငံများမှ ထုတ်ကုန်များကို ကိုရီးယားနိုင်ငံရှိ သွင်းကုန်တင်သွင်းသူများနှင့် Korea Importers Association – KOIMA အဖွဲ့ဝင်ကုမ္ပဏီများအား မိတ်ဆက်ပေးရန် ရည်ရွယ်၍ ကိုရီးယားနိုင်ငံ သွင်းကုန်တင်သွင်းသူများအသင်း (Korea Importers Association – KOIMA) ကကြီးမှူး၍ နှစ်စဉ် ကျင်းပလျက်ရှိပြီး  KIF 2024 သည် (၂၁) ကြိမ်‌မြောက်ပွဲဖြစ်ကြောင်း သိရသည်။

▪️ အဆိုပါပြပွဲကို ကိုရီးယားနိုင်ငံ ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီး ဌာန၏ ကုန်ကျစရိတ်ဖြင့် ကျင်းပပေးသွားမည်ဖြစ်ပါကြောင်း၊ KIF ပြပွဲများသည် ပြည်ပထွက်ကုန်များကို တစ်နေရာတည်းတွင်ပြသနိုင်သည့် တစ်ခုတည်းသောပြပွဲ ဖြစ်သည့် အတွက် နိုင်ငံတွင်းရှိ သွင်းကုန်လုပ်ငန်းရှင်များကိုသာမက ပြည်သူများ၏ စိတ်ဝင်စားမှုကိုပါ ဆွဲဆောင်နိုင်သည့် ပြပွဲတစ်ခုဖြစ်ကာပြပွဲကာလအတွင်း ဆွေးနွေးပွဲများနှင့် B2B ဆွေးနွေးပွဲများကိုပါ ကျင်းပသွားမည်ဖြစ်သည့်အတွက် မြန်မာနိုင်ငံမှပို့ကုန်ပစ္စည်းများ ကိုရီးယားဈေးကွက်အတွင်းဝင်ရောက်နိုင်ရန် လာရောက်ပြသစေလိုကြောင်း ဖိတ်ခေါ်မှုများပြုထားကြောင်းလည်း သိရသည်။

#YMG/NN #Yangon_Times