Published 8 February 2024
မြန်မာပြည်တောင်ဘက်စွန်းရှိ ကော့သောင်းနှင့် မြိတ်ကျွန်းစု၌ နေထိုင်ကျက်စားကြသောပင်လယ်ပျော် မော်ကင်း(ခေါ်) ဆလုံတိုင်းရင်းသား (Sea Gypsies)တို့၏ ရိုးရာယဉ်ကျေးမှုတစ်ခုဖြစ်သည့် ရိုးရာနတ်ကပွဲကို ဖေဖော်ဝါရီလ ဒုတိယပတ်နှင့် မတ်လအတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဆလုံရိုးရာ နတ်ကပွဲကို ပင်လယ်ပြင်၌ တစ်နှစ်ပတ်လုံး ငါး၊ ပုစွန် ပေါများစွာရရှိစေရန်၊ ကျန်းမာရေး ကောင်းမွန်စေရန်နှင့် ရိုးရာအမွေထိန်းသိမ်းမှုအဖြစ် ကျင်းပလေ့ရှိပြီး အဆိုပါနတ်ပွဲများကို ဖေဖော်ဝါရီ ၁၁ ရက်၌ ညောင်ဝှီးကျွန်း၊ ဖေဖော်ဝါရီ ၁၂ ရက်တွင် လငန်းကျေးရွာနှင့် မတ် ၁၀ ရက်တွင် မကြုံဂလက်ကျေးရွာတို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ကော့သောင်းမြို့နယ် စူငယ်ဘာလိုင်းကျေးရွာအုပ်စု မကြုံဂလက်ကျေးရွာ၌ ဆလုံနှင့်မြန်မာ၊ ညောင်ပင်အော်ကျေးရွာ၌ ကရင်လူမျိုးများနေထိုင်ကြပြီး အဆိုပါ ရိုးရာနတ်ကပွဲကို လက်ဆင့်ကမ်း အမွေတစ်ခုအဖြစ် ယနေ့တိုင် ကျင်းပလျက်ရှိကာ နတ်ဆရာများ စုပေါင်းပြီး ကျေးရွာအလိုက် ကျင်းပလေ့ရှိကြောင်း သိရသည်။
ကော့သောင်းမြို့နယ် အနီးရှိ ကျွန်းများနှင့် မြိတ်ကျွန်းစု၌ ဆလုံတိုင်းရင်းသားအများစု နေထိုင်လျက်ရှိပြီး မကြုံဂလက် ကျေးရွာ၌ အိမ်ခြေ ၄၀၀ ခန့်ဖြင့် ဆလုံတိုင်းရင်းသား အများဆုံးနေထိုင်လျက်ရှိရာ အစည်ကားဆုံး ရိုးရာနတ်ကပွဲအဖြစ် မကြုံဂလက်ကျေးရွာ၌ ရှေးယခင်မှစ၍ ယနေ့တိုင် အစဉ်အလာမပျက် ကျင်းပလျက်ရှိသည်။ ဆလုံတို့သည် ဗုဒ္ဓဘာသာနှင့်ခရစ်ယာန်ဘာသာ ကိုးကွယ်ကြပြီး အချို့မှာ နတ်ကိုးကွယ်ကြကြောင်း သိရသည်။
ဆလုံတိုင်းရင်းသားများအနေဖြင့် ရိုးရာနတ်ကပွဲများကို နှစ်စဉ်ကျင်းပလျက်ရှိသော်လည်း နတ်ကိုးကွယ်မှု လျော့နည်းလာလျက်ရှိကာ ယခင်က နတ်ဆရာတို့ထံ ဆေးကုသကြရာမှ ယခုအခါ ကျေးလက်ဆေးခန်း၌ ကုသကြပြီး ပညာရေးနှင့် ကျန်းမာရေးအသိ ပွင့်လင်းလာလျက်ရှိကာ မော်ကင်းဆလုံစာပေနှင့် ယဉ်ကျေးမှုအသင်းမှ ဆလုံတိုင်းရင်းသားတို့၏ ယဉ်ကျေးမှုနှင့် လူမှုဘဝဖွံ့ဖြိုးမှုအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားမှုနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအမံဖြင့် ဆလုံတိုင်းရင်းသားတို့၏ လူမျိုးစုမှတ်တမ်းရိုက်ကူး၍ နိုင်ငံတကာခရီးသွားများ ပိုမိုသိရှိလည်ပတ်နိုင်ရေး စီမံဆောင်ရွက်နေကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 8 February 2024
#YMG #Yangon_Times #Yangon_Media_Group
Published_ 8 February 2024
၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ တန်ဖိုး ၄၄၆ သန်းတန်ဖိုးရှိ မူးယစ်ဆေးဝါး များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးထိန်းချုပ်ရေးနှင့် လှုပ်ရှားဆောင်ရွက်မှုများကို ဗီယင်နာမြို့ အခြေစိုက် မြန်မာအမြဲတမ်းကိုယ်စားလှယ်က ရှင်းလင်းပြောကြားခဲ့ပါတယ်။
အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့က မကြာမီထုတ်ဝေမည့် ၂၀၂၃ ခုနှစ်အတွက် နှစ်စဉ်အစီရင်ခံစာနှင့် ဓာတုပစ္စည်းဆိုင်ရာ အစီရင်ခံစာများနှင့် ပတ်သက်၍ ရှင်းလင်းပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၇ ရက်တွင် ဩစတီးယားနိုင်ငံ၊ ဗီယင်နာမြို့ရှိ အပြည်ပြည်ဆိုင်ရာစင်တာ၌ ကျင်းပခဲ့ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်းနှင့် ဘာသာရပ်တာဝန်ခံ သံမှူး ဦးရဲမောင်သိမ်းတို့ တက်ရောက်ခဲ့ပါတယ်။
မြန်မာအမြဲတမ်းကိုယ်စားလှယ်က ဆွေးနွေးပြောကြားရာတွင် မြန်မာနိုင်ငံ အနေဖြင့် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအား ကုလသမဂ္ဂကွန်ဗင်းရှင်းများတွင် ပါဝင်သည့် အပြည်ပြည်ဆိုင်ရာ စံနှုန်းများနှင့် ပိုမိုကိုက်ညီစေရန် ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
၂၀၁၈ ခုနှစ်တွင် ထုတ်ပြန်ထားသည့် မူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒကို အကောင်အထည်ဖော်လျက်ရှိရာတွင် ဦးစားပေးကဏ္ဍ(၅)ရပ်အနေဖြင့် ရောင်းလိုအား လျှော့ချရေးနှင့် ဘိန်းအစားထိုးသီးနှံစိုက်ပျိုးရေး၊ ဝယ်လိုအားနှင့် မူးယစ်ဆေးဝါးအန္တရာယ် လျှော့ချရေး၊ သုတေသနပြုရေးနှင့် လူ့အခွင့်အရေးနှင့်အညီဆောင်ရွက်ရေးတို့ ဖြစ်ကြပြီး၊ အစိုးရအနေဖြင့် ကိုယ့်အားကိုယ်ကိုးလျက် မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်း ရာတွင် အထူးစစ်ဆင်ရေးများကို နိုင်ငံတစ်ဝန်း၌ ဆောင်ရွက်လျက်ရှိတယ်လို့ ပြောဆိုပါတယ်။
၂၀၂၂ ခုနှစ်တွင်လည်း အမေရိကန်ဒေါ်လာ ၆၄၂ သန်း တန်ဖိုးရှိ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို ဖျက်ဆီးခဲ့ပြီး ဒေသတွင်းအဖွဲ့အစည်းများနှင့် မိတ်ဆွေနိုင်ငံများ၊ ဒေသပြင်ပမှ မိတ်ဆွေနိုင်ငံများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ တစ်ကမ္ဘာလုံးအတွက် အန္တရာယ်ရှိသည့် မူးယစ်ဆေးဝါး ပြဿနာကို တိုက်ဖျက်ရာတွင် UNODCနှင့် နိုင်ငံတကာအသိုက်အဝန်းတို့အနေဖြင့် ဖွံ့ဖြိုးဆဲ မြန်မာနိုင်ငံနှင့်လည်း လက်တွဲပူးပေါင်းဆောင်ရွက်ရန်နှင့် ကူညီပံ့ပိုးပေးရန်တိုက်တွန်းခဲ့ပါတယ်။
အဆိုပါအခမ်းအနားသို့ INCB ဥက္ကဋ္ဌက အစီရင်ခံစာများနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြား ခဲ့ပြီးနောက်၊ တက်ရောက်လာကြသည့် ကိုယ်စားလှယ်အများအပြားက ပြန်လည်ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိပါတယ်။
Ymg_mnn
#Local_News
#Published_ 8 February 2024
#YMG #Yangon_Times #Yangon_Media_Group
Published 08 February 2024
တောင်ကိုရီးယားနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ သဘောတူညီချက်အားလုံးကို ဖျက်သိမ်းရန် မြောက်ကိုရီးယား ပြည်သူ့လွှတ်တော်ညီလာခံချုပ်မှာ မဲပေးဆုံးဖြတ်ခဲ့ကြောင်း မြောက်ကိုရီးယားရဲ့ KCNA သတင်းဌာနက ကြာသပတေးနေ့မှာ ဖော်ပြလိုက်ကာ ကိုရီးယားနှစ်နိုင်ငံရဲ့ ဆက်ဆံရေး ဆက်လက်ဆိုးရွားလာပါတယ်။
ကွမ်ဂန်တောင် ခရီးသွားလုပ်ငန်းစီမံကိန်း လည်ပတ်မှုဆိုင်ရာ အထူးဥပဒေအပါအဝင် တောင်ကိုရီးယားနဲ့ စီးပွားရေးဆက်ဆံမှုဆိုင်ရာ ဥပဒေများကို ဖျက်သိမ်းရန်လည်း ညီလာခံမှာ မဲပေးဆန္ဒပြုခဲ့ကြပါတယ်။
အရှေ့ဘက်နယ်စပ် မြောက်ပိုင်းရှိ တောင်တန်းခရီးသွားလုပ်ငန်းဟာ ၂၀၀၀ ပြည့်နှစ်အစောပိုင်းတွေမှာ နှစ်နိုင်ငံဆက်ဆံရေး ပြုလုပ်စဥ် စတင်ခဲ့တဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဖြစ်ပြီး တောင်ကိုရီးယား ခရီးသွားဧည့်သည်ပေါင်း ၂ သန်းနီးပါး လာရောက်ခဲ့ပါတယ်။
ကန့်သတ်နယ်မြေထဲသို့ ဝင်ရောက်လာတဲ့ တောင်ကိုရီးယား ခရီးသွားတစ်ဦးကို မြောက်ကိုရီးယားအစောင့်များ ပစ်သတ်လိုက်ပြီးနောက် ၂၀၀၈ ခုနှစ်မှာ ထိုစီမံကိန်းကို ရပ်ဆိုင်းခဲ့ကြပါတယ်။
ကွမ်ဂန်စီမံကိန်းမှာ ဒေါ်လာ ၅၆၄ သန်းကျော် မြှုပ်နှံထားတဲ့ ဟွန်ဒိုင်းအာဆန်ကတော့ အဆိုပါ မဲပေးဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ပြောကြားခြင်း မရှိသေးပါဘူး။
မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးကို ထိန်းချုပ်ထားတဲ့ တောင်ကိုရီးယား စည်းလုံးညီညွတ်ရေး ဝန်ကြီးဌာနက မြောက်ကိုရီးယားရဲ့ လုပ်ရပ်ဟာ အံ့အားသင့်စရာ မရှိသလို ယင်းတို့ပိုပြီး အထီးကျန်ရစ်လာလိမ့်မယ်လို့ ပြောကြားလိုက်ကာ ထိုကဲ့သို့ တစ်ဖက်သတ် ဆုံးဖြတ်ချက်မျိုးကို အသိအမှတ်မပြုဘူးလို့ အရာရှိတစ်ဦးက ဆိုလိုက်ပါတယ်။
တောင်ကိုရီးယား ကုမ္ပဏီပေါင်း ၁၂၅ ခုနဲ့ မြောက်ကိုရီးယား လုပ်သားပေါင်း ၅ သောင်းခွဲ ခန့်အပ်ထားတဲ့ ကေဆောင်စက်မှုဇုန် စီးပွားရေးပူးပေါင်း စီမံကိန်းနဲ့ ပတ်သက်ပြီး အထူးဥပဒေအကြောင်းကိုတော့ KCNA က မဖော်ပြခဲ့ပါဘူး။
မြောက်ကိုရီးယားမှ နျူကလီးယား ၅ ကြိမ်မြောက်နဲ့ တာဝေးပစ်ပဲ့ထိန်းဒုံးကျည်များ စမ်းသပ်ပြီးနောက် တောင်ကိုရီးယားဘက်က ထိုစီမံကိန်းကို ရပ်ဆိုင်းလိုက်ပြီး ၂၀၁၆ ခုနှစ်မှာ ကုမ္ပဏီများ ဆုတ်ခွာသွားကာ စက်မှုဇုန်ပြိုကွဲသွားပါတယ်။
မြောက်ကိုရီးယားဟာ တောင်ကိုရီးယားကို စစ်ဘက်ဆိုင်ရာ ရန်သူအဖြစ် မှတ်ယူထားပြီး တင်းမာမှုလျှော့ချရန် ရည်ရွယ်ကာ ၂၀၁၈ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ စစ်ဘက်ဆိုင်ရာ သဘောတူညီချက်ကိုလည်း ယမန်နှစ်က ဖျက်သိမ်းခဲ့ပါတယ်။
Source: Reuters
#World_Politics
#Published_ 8 February 2024
#YMG #Yangon_Times #Yangon_Media_Group
Published 8 February 2024
နိုင်ငံခြားငွေဈေးကွက်သို့ ကန် ဒေါ်လာ ၈ သန်း ယနေ့ ထပ်မံထုတ်ရောင်းလိုက်ပြီးယခုနှစ် တစ်လကျော်ကာလအတွင်း ဒေါ်လာ ၉၉ သန်းနီးပါးအထိ ရောင်းချပေးထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှသိရသည်။
သွင်းကုန်လုပ်ငန်းများ အဆင်ပြေစေရန် နိုင်ငံခြားငွေကြေးဈေးကွက်သို့ ဗဟိုဘက်က ဒေါ်လာ၊ ထိုင်းဘတ်နှင့် တရုတ်ယွမ်ငွေတို့ကိုထုတ်ရောင်းပေးနေခြင်းဖြစ်ကာ ဇန်နဝါရီ ၁ ရက်တွင်ဒေါ်လာ ၁၂ ဒသမ ၉၃ သန်း၊ ဇန်နဝါရီ ၅ ရက်တွင် ဒေါ်လာ ၁၆ သန်း၊ ဇန်နဝါရီ ၁၅ ရက်တွင် ဒေါ်လာ ၁၅ သန်း၊ ဇန်နဝါရီ ၂၅ ရက်တွင် ဒေါ်လာ ၉ သန်း၊ ဇန်နဝါရီ ၂၆ ရက်တွင် ဒေါ်လာ ၅ သန်း၊ ဇန်နဝါရီ ၂၉ ရက်တွင် ဒေါ်လာ ၉ သန်း၊ ဖေဖော်ဝါရီ ၁ ရက်တွင် ဒေါ်လာ ၁၃ သန်း၊ ဇန်နဝါရီ ၅ ရက်တွင် ဒေါ်လာ ၁၁ သန်းနှင့် ယနေ့ တွင် ဒေါ်လာ ၈ သန်း ထပ်မံထုတ်ရောင်းပေးခဲ့၍ တစ်လကျော်အတွင်း ကိုးကြိမ်ရောင်းချပေးခဲ့ပြီး စုစုပေါင်း ဒေါ်လာ ၉၈ ဒသမ ၉၃ သန်း ထုတ်ရောင်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထို့အတူ ဇန်နဝါရီ ၁၉ ရက်တွင် ထိုင်းဘတ် သန်း ၅၀၊ ဇန်နဝါရီ ၂၅ ရက်တွင် ထိုင်းဘတ် သန်း ၂၀၀ နှင့် ဇန်နဝါရီ ၂၆ ရက်တွင် ထိုင်းဘတ် သန်း ၅၀ နှင့် ယနေ့တွင် ထိုင်းဘတ်သန်း ၂၀၀ ထပ်မံထုတ်ရောင်း၍ တစ်လတွင်း စုစုပေါင်း ထိုင်းဘတ်သန်း ၅၀၀ ထုတ်ရောင်းပေးခဲ့သလို ဇန်နဝါရီ ၁ ရက်တွင် အမေရိကန်ဒေါ်လာ ၄ သန်းနှင့်ညီမျှသော တရုတ်ယွမ်ငွေအား SWAP Facility (ကျပ်ငွေကို အပေါင်ယူပြီး ၎င်းနှင့်ညီမျှသော နိုင်ငံခြားငွေထုတ်ပေးခြင်း) စနစ်ဖြင့် ဗဟိုဘဏ်က ထုတ်ရောင်းပေးထားကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 8 February 2024
#YMG #Yangon_Times #Yangon_Media_Group

Published 8 February 2024
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ဘုရားကြီးလမ်း ဆုံအနီး အမှတ်(၃) ရပ်ကွက် မင်းလမ်းနှင့် ရန်ကုန်- မန္တလေးလမ်းဟောင်းဘေးရှိ ဌေးဌေးမြတ် ရေခဲမုန့်ဆိုင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံကသိရသည်။
ဖေဖော်ဝါရီ ၈ ရက်(ယနေ့) နံနက် ၆ နာရီ ၂၀ မိနစ် အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။
အခင်းဖြစ်နေရာသို့ ပဲခူးမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် တစ်စီး၊ ရေသယ်ယာဉ် တစ်စီး၊ ဘုရားကြီးနယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ် တစ်စီး၊ ရေသယ်ယာဉ် တစ်စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် ၆ နာရီ ၄၅ မိနစ် အချိန်တွင် မီးငြိမ်းသွားကြောင်း သိရသည်။
မီးလောင်သည့်အကြောင်းအရာနှင့်ပျက်စီးဆုံးရှုံးမှု များကို သက်ဆိုင်ရာ က စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 8 February 2024
#YMG #Yangon_Times #Yangon_Media_Group



#World_Health
Published 08 February 2024
ခါးကိုက်ကျောနာခြင်းဟာ ကျောရိုးဆစ်များရဲ့ အဓိကကျန်းမာရေး ပြဿနာတစ်ခုဖြစ်နေပါတယ်။
လည်ပင်းနဲ့ တင်ပါးနေရာကြားမှာ နာကျင်ကိုက်ခဲခြင်းမျိုး ခံစားရတဲ့ ဝေဒနာတစ်မျိုး ဖြစ်ပါတယ်။
ကြာရှည်စွာ အလုပ်လုပ်ကိုင်ရခြင်း၊ ကိုယ်နေဟန်ထား မမှန်ခြင်း၊ အဝလွန်ခြင်းတို့က ခါးကိုက်ရတဲ့ အဓိက အကြောင်းအရင်းတွေ ဖြစ်ပြီး ပြင်းထန်တဲ့အခြေအနေမှာ ဆေးကုသမှု ခံယူရတတ်ပါတယ်။
အချိန်မီ သင့်လျော်တဲ့ ကုသမှု၊ ကိုယ်လက်လှုပ်ရှားပြုလုပ်ခြင်းနဲ့ ကိုယ်နေဟန်ထား မှန်ကန်စွာ နေထိုင်ခြင်းတို့ဖြင့် ထိုဝေဒနာ လျော့ပါးနိုင်ပါတယ်။
ခါးကိုက်ကျောနာဝေဒနာ သက်သာစေမယ့် နည်းလမ်းတွေကတော့ ..
(၁) ကိုယ်နေဟန်ထား မှန်ကန်စွာနေထိုင်ခြင်း
သင့်တင့်မှန်ကန်တဲ့ ကိုယ်နေဟန်ထားဖြင့် ကျောဘက်ရှိ ကြွက်သားများ ဝန်ပိခြင်းကို သက်သာစေပြီး ကြာရှည်စွာ မတ်တပ်ရပ်ရပါက ထိုင်ခုံပုပေါ်ကို ခြေတစ်ဖက်အလှည့်ကျ တင်ခြင်းဖြင့် ကျောဘက်ကြွက်သားများကို ပြေလျော့စေပါတယ်။
(၂) ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ခြင်း
လေ့ကျင့်ခန်းတွေ ပုံမှန်ပြုလုပ်ခြင်းဖြင့် အဆစ်အမြစ်တွေရဲ့ လှုပ်ရှားနိုင်စွမ်း မြှင့်တင်ပေးကာ ခါးကိုက်ကျောနာ ပြဿနာများ သက်သာစေရန် ကူညီပေးပါတယ်။
(၃) ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း
ကိုယ်အလေးချိန်များပြီး အဝလွန်တဲ့အခါ ကျောရိုးမအပေါ် ဖိအားများစေပြီး ခါးကိုက်ကျောနာ ပြဿနာများ ဖြစ်စေပါတယ်။
(၄) ကျန်းမာရေးနှင့်ညီညွတ်စွာစားခြင်း
အာဟာရမျှတစွာ စားသုံးခြင်း၊ ဆေးလိပ်ရှောင်ရှားခြင်းတို့ဖြင့် ကျောနဲ့ခါးကျန်းမာရေးကို ကောင်းမွန်စေပြီး ကယ်လ်စီယံနဲ့ ဗိုက်တာမင်ဒီ ကြွယ်ဝတဲ့ အစားအစာများက အရိုးကျန်းမာရေးကို တိုးတက်စေပါတယ်။
(၅) ဖိစီးမှုလျော့ဆေးများ ရှောင်ရှားခြင်း
စိတ်ဓာတ်ကျသူတွေ၊ စိုးရိမ်ပူပန်တတ်သူတွေမှာ ခါးကိုက်ကျောနာခြင်း အဖြစ်များပြီး ကြွက်သားတွေမှာ ဖိအားများလာကာ ကျောမအီမသာ ဖြစ်စေတာကြောင့် ဖိစီးမှုတွေကို လှုပ်ရှားခြင်းဖြင့် ဖြေလျှော့သင့်ပါတယ်။
ခါးကိုက်ကျောနာခြင်းအပြင် ထုံကြဥ်၊ အားနည်းခြင်း၊ ခြေထောက်တွေအထိ နာကျင်လာခြင်းတို့ ဖြစ်လာရင် စောစီးစွာကုသမှု ခံယူသင့်ပါတယ်။
#World_Health #ခါးကိုက်ကျောနာဝေဒနာသက်သာ #နည်းလမ်း(၅)မျိုး #Source: DoctorNDTV
#World_Science
Published 08 February 2024
အဆင့်မြင့် မျိုးဆက်သစ် တယ်လီစကုပ်များဖြင့် လာမယ့်ဆယ်စုနှစ်တွေမှာ အာကာသပြင်ပရှိ ဂြိုဟ်သားသက်ရှိများကို ရှာဖွေနိုင်ဖွယ်ရှိတယ်လို့ Astronomical ဂျာနယ်မှာ ဖော်ပြထားပါတယ်။
အလွန်ကြီးမားသော တယ်လီစကုပ် (ELT)များဖြင့် သိပ္ပံပညာရှင်တွေဟာ ကျောက်စိုင်ဂြိုဟ် ၁၀ ခုကို အထူးပြုပြီး အောက်ဆီဂျင်၊ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ မီသိန်း၊ ရေ စတဲ့လက္ခဏာများကို ရှာဖွေသွားမှာ ဖြစ်ပါတယ်။
ဒီအချက်အလက်တွေ ရှိတယ်ဆိုရင် ထိုဂြိုဟ်ပေါ်မှာ သက်ရှိ ရှိနေတယ်လို့ ယူဆရမှာဖြစ်ပါတယ်။
ELT တွေဖြင့် အနီးဆုံး ပြင်ပဂြိုဟ် ၂ ခုဖြစ်တဲ့ Proxima Centauri b နဲ့ GJ 887 b တို့ရဲ့ ဆန်းကြယ်မှုတွေကို ကူညီဖြေရှင်းနိုင်ခဲ့ပါတယ်။
ELT များဖြင့် စိတ်ချရတဲ့ လေ့လာမှု ပြုလုပ်နိုင်မှာ ဖြစ်ပေမယ့် ဂြိုဟ်တိုင်းကို တိုက်ရိုက်ပုံဖော်ရန် မဖြစ်နိုင်ဘူးလို့ သတိပေးထားပါတယ်။
လေ့လာမှုထဲမှာ ဥရောပ ELT တွေထဲက မီတာ ၃၀ တယ်လီစကုပ်နဲ့ ဧရာမမက်ဂယ်လန် တယ်လီစကုပ်တို့ပါဝင်ကာ ပြင်ပဂြိုဟ်တွေကို တိုက်ရိုက်ပုံဖော်တဲ့ စွမ်းရည်တွေ ပါဝင်ပါတယ်။
ကြယ်တွေမှ အလွန်အမင်း ထွန်းလင်းနေခြင်းကို ဖြတ်ကျော်ဖို့ နည်းပညာတွေ အသုံးပြုထားပါတယ်။
ဒါပေမဲ့ ဒီနည်းလမ်းတွေက အခက်အခဲများစွာရှိပြီး အောင်မြင်စွာ ဆောင်ရွက်နိုင်ဖို့ အချိန်နဲ့ ကြိုးပမ်းအားထုတ်မှု များစွာ လိုအပ်ပါတယ်။
ဒါ့အပြင် ပြင်ပဂြိုဟ်တွေရဲ့ လေထုကိုလည်း လေ့လာနိုင်မှာ ဖြစ်ပါတယ်။
လေထုဆန်းစစ်လေ့လာဖို့အတွက် ELT တွေမှာ METIS နဲ့ HARMONI ဆိုတဲ့ ကိရိယာများ တပ်ဆင်ထားပါတယ်။
#World_Science ##ပြင်ပဂြိုဟ်များတွင်ဂြိုဟ်သားသက်ရှိများ #သိပ္ပံပညာရှင်များဖော်ထုတ် #Source: WION
ကမ္ဘာ့ကာကွယ်ရေးပြပွဲ ဒုတိယမြောက်အကြိမ်ကို ဆော်ဒီအာရေဗျမြိုတော် ရီယက်ဒ်မှာ တနင်္ဂနွေနေ့က စတင်ပြသခဲ့ပြီး တရုတ်ကာကွယ်ရေး ကိုယ်စားလှယ်များနဲ့ တရုတ်လေတပ်တိုမှ တက်ရောက်ခဲ့ကြပါတယ်။
#World_Event
Published 7 February 2024
#ကမ္ဘာ့ကာကွယ်ရေးပြပွဲ #ဆော်ဒီအာရေဗျမြို့တော်တွင်စတင်ပြသ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 7 February 2024
၁။ တရုတ်နှစ်ကူးနားနီးသော်လည်း ဝယ်လိုအားလျော့ကျ၍ ဖရဲစိုက်တောင်သူများတွက်ခြေကိုက်မှုနည်းပါးနေ
၂။ ဂိုးသမားအောင်ကျော်ကျော်ကို ရန်ကုန်ယူနိုက်တက်လူငယ်အသင်းအတွက် ဂိုးနည်းပြအဖြစ်ပြန်လည်ခေါ်ယူ
၃။ ဝူရှူးအားကစားနည်း စိတ်ဝင်စားသူများအတွက် နွေရာသီသင်တန်းအခမဲ့သင်ကြားပေးမည်
၄။ ဒုတိယအကြိမ်မြောက် ကမ္ဘာ့ကာကွယ်ရေးပြပွဲအား ဆော်ဒီအာရေဗျမြို့တော်တွင် စတင်ပြသ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
မတ်ပဲတစ်တန် ၃၆ သိန်းကျော်အထိ မြင့်တက်လာ 'အိန္ဒိယကုန်သည်တွေဈေးကစားနေတာနဲ့ ပြည်တွင်းကမတ်ပဲကုန်သည်တွေ အတက်ဈေးစောင့်ပြီး အရောင်းအဝယ်လုပ်နေတာကြောင့် မြန်မာ့မတ်ပဲဈေးနှုန်းတွေ မြင့်တက်လာတာပါ၊ အိန္ဒိယနိုင်ငံ ချနိုင်းဈေးကွက်မှာ ယခင်လကာလတူနှိုင်းယှဉ်ချက်အရ ဈေးနှုန်းခြားနားချက် ၆.၅% အထိမြင့်တက်လာတာဖြစ်ပြီး မြန်မာမတ်ပဲပြည်တွင်းဈေးနှုန်းရဲ့ ယခင်လနဲ့ ယခုလ ဈေးနှုန်းခြားနားချက်ကတော့ ၁၄%ဖြစ်ပါတယ်'
#Local_News
Published_ 7 February 2024
#မတ်ပဲတစ်တန်၃၆သိန်းကျော် #ဈေးနှုန်းခြားနားချက်
#YMG/NN #Yangon_Times
"အခုနှစ်ဟာ နဂါးနှစ်ဖြစ်လို နဂါးအကနဲ့လာဘ်ဖွင့် လာဘ်ခေါ်ရတဲ့ဝန်ဆောင်မှုတွေပိုမိုဆောင်ရွက်ပေးနေရတယ်"
မိုးနဂါးခြင်္သေ့အဖွဲ့မှ တာဝန်ရှိသူတစ်ဦး
#Local_News
Published_ 7 February 2024
#တရုတ်နှစ်သစ်ကူးချိန် #နဂါးအကနဲ့လာဘ်ဖွင့်လာဘ်ခေါ်
#tthl #Yangon_Times
#Local_News
Published 7 February 2024
နိုင်ငံအတွင်းဖြစ်ပေါ်နေသည့်လက်နက်ကိုင်ပဋိပက္ခများသည် နိုင်ငံပြိုကွဲပျက်စီးရေးနှင့် တိုင်းရင်းသားပြည်သူအားလုံး အတိဒုက္ခရောက်ရေးကိုသာ ဦးတည်နေသဖြင့် သက်ဆိုင်သူအားလုံးက မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်တို့ဖြင့် နိုင်ငံနှင့်ပြည်သူကို ကာကွယ်စောင့်ရှောက်ပေးကြရန် နစကဥက္ကဌ ကပြောကြားလိုက်သည်။
အထက်ပါပြောကြားချက်မှာ(၇၇) နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ထည့်သွင်းပြောကြားထားခြင်းဖြစ်သည်။
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် လူငယ်များအပါအဝင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးသည် အသိပညာ၊ အတတ်ပညာနှင့် စဉ်းစားတွေးခေါ်နိုင်သည့် စွမ်းရည်များ ပြည့်စုံရန်လိုအပ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရေးအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်သည့် ဘက်စုံပညာရေးကို အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးသည် အခြေခံအုတ်မြစ်ဖြစ်သဖြင့် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူနိုင်ရေး၊ အနည်းဆုံး အလယ်တန်းအဆင့် (KG+9) ပြီးမြောက်သည်အထိ သင်ယူနိုင်ရေး၊ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးစသည့် အသက်မွေးဝမ်းကျောင်းပညာများကို အထက်တန်းအဆင့်တွင် သင်ယူနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
အထူးသဖြင့် ကျေးလက်ဒေသများ၊ နယ်စပ်ဒေသများအပါအဝင် တိုင်းရင်းသားဒေသများတွင် ပညာသင်ယူနိုင်မှု အခွင့်အလမ်းနည်းပါးနေကြောင်းတွေ့ရကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတစ်ဝန်းလုံး ပညာရေးကဏ္ဍကို မြှင့်တင်ပေးလျက်ရှိကြောင်း၊လူငယ်များကို အသိပညာ၊ အတတ်ပညာနှင့်အတူ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်တို့ရှိလာစေပြီး အမှန်နှင့်အမှား၊ အကောင်းနှင့်အဆိုးကို ခွဲခြားသိမြင်နိုင်စွမ်းရှိသည့် စွမ်းဆောင်ရည်မြင့်မားသော အနာဂတ်သားကောင်းရတနာများဖြစ်အောင် ပြုစုပျိုးထောင်ပေးရန်မှာ အရေး ကြီးသောအချက်ဖြစ်ပါကြောင်း၊ ထို့ကြောင့်လူငယ်များအား အနာဂတ်နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နိုင်စွမ်းရှိသော မျိုးဆက်သစ်များဖြစ်အောင် ပြုစုပျိုးထောင်ပေးကြရန်ကိုလည်း တိုက်တွန်းမှာကြား လိုကြောင်းဖော်ပြထားသည်။
ထို့အပြင် နိဂုံးချုပ်အားဖြင့် နိုင်ငံအတွင်းဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခများ၊ တိုက်ခိုက်ဖျက်ဆီးမှုများအားလုံးသည် နိုင်ငံပြိုကွဲပျက်စီးရေးနှင့် တိုင်းရင်းသားပြည်သူအားလုံး အတိဒုက္ခရောက်ရေးကိုသာ ဦးတည်နေသဖြင့် သက်ဆိုင်သူအားလုံးက မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်တို့ဖြင့် နိုင်ငံနှင့်ပြည်သူကို ကာကွယ်စောင့်ရှောက်ပေးကြပါရန်၊ နိုင်ငံ၏အနာဂတ်ဖြစ်သော လူငယ်မျိုးဆက်သစ်များကို တန်ဖိုးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်လာအောင် ပြုစုပျိုးထောင်ပေးကြပါရန်နှင့် ရှမ်းပြည်နယ်တစ်ခုလုံး အေးချမ်းသာယာ၍ ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်ကာ တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားပါစေကြောင်း ဆန္ဒပြုတိုက်တွန်းကြောင်း
သဝဏ်လွှာ၌ ဖော်ပြပါရှိကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 7 February 2024
#YMG #Yangon_Times #Yangon_Media_Group
Page 863 of 2004