#World_News
Published 10 May 2024
▪️ အစ္စရေးလ်က ရှိသမျှဖြင့် တိုက်ခိုက်ရန် အသင့်ဖြစ်နေပြီလို့ ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟူက ကြာသပတေးနေ့က ပြောကြားလိုက်ကာ ဂါဇာစစ်ဆင်ရေးနဲ့ ပတ်သက်ပြီး လက်နက်ထောက်ပံ့မှုများ ရပ်ဆိုင်းမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် သတိပေးခဲ့တဲ့အပေါ် ခုခံတုန့်ပြန်လိုက်ပါတယ်။

 

▪️ အစ္စရေးလ်က ဂါဇာတောင်ပိုင်းမှ ရာဖာမြို့ကို ခြိမ်းခြောက်နေတာ ကြာရှည်နေပြီဖြစ်ပြီး ယခုသီတင်းပတ်အတွင်း အရပ်သားအချို့ တိမ်းရှောင်ထွက်ပြေးခဲ့ပြီ ဖြစ်ပါတယ်။

 

▪️ စစ်ပြေးရှောင်လာတဲ့ ပါလက်စ်တိုင်း ၁ သန်းကျော် ခိုလှုံနေတဲ့ရာဖာမြို့မှာ ဟားမတ်စ်တိုက်ခိုက်ရေးသမား ထောင်ဂဏန်းခန့်နဲ့ ဖမ်းဆီးခံထားရတဲ့ အစ္စရေးလ်ဓားစာခံ ဒါဇင်ခန့် ရှိနေနိုင်တယ်လို့ အစ္စရေးလ်ဘက်က ဆိုထားပါတယ်။

 

▪️ အရပ်သားများ ဘေးကင်းလုံခြုံရေး သေချာမှုမရှိဘဲနဲ့ ရာဖာကိုကျူးကျော်မယ့် ကိစ္စကို အမေရိကန်အစိုးရက မထောက်ခံဘူးလို့ သတိပေးထားပါတယ်။

 

▪️ အစ္စရေးလ်တို့ကလည်း ရာဖာကို မသိမ်းဘဲ အောင်ပွဲမရနိုင်ဘူးလို့ ဆိုထားပါတယ်။



▪️ အမေရိကန်က ဗုံးလက်နက်တင်ပို့မှုများ ရပ်ဆိုင်းထားခြင်းနဲ့ ပတ်သက်ပြီး အစ္စရေးလ်အစိုးရ နှုတ်ပိတ်နေခဲ့ကာ ရာဖာမြို့ကို မကျူးကျော်ဖို့ ဘိုင်ဒင်က လူသိရှင်ကြား သတိပေးထားပါတယ်။

 

▪️ အစ္စရေးလ်တို့ တစ်ဦးတည်းရပ်တည်ရမယ် ဆိုရင်လည်း ဒီတိုင်းရပ်တည်သွားမှာဖြစ်ပြီး ရှိသမျှဖြင့် တိုက်ခိုက်သွားမယ်လို့ အစ္စရေးလ်ဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။

 

▪️ ဂါဇာစစ်ပွဲနဲ့ ပတ်သက်ပြီး သဘောထား မတိုက်ဆိုင်တာတွေကို ဘိုင်ဒင်နဲ့အတူ ကျော်လွှားနိုင်မယ်လို့ ဝန်ကြီးချုပ်က ပြောကြားသွားပါတယ်။

 

▪️ အစ္စရေးလ်ရဲ့ ရန်သူတွေရော မိတ်ဆွေတွေရောကို ပြောပြချင်တာက အစ္စရေးလ်ဟာ သူများလက်အောက် အရောက်မခံနိုင်ကြောင်း၊ မားမားမတ်မတ် ရပ်တည်ပြီး ရည်မှန်းချက်တွေ အောင်မြင်အောင် ပြုလုပ်မှာဖြစ်ကြောင်း၊ ဟားမတ်စ် ဟက်ဇ်ဘိုလာတို့ကို တိုက်ခိုက်ပြီး ဘေးကင်းလုံခြုံမှု ရယူမှာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဂဲလန့်က ပြောကြားခဲ့ပါတယ်။

 

▪️ ရာဖာမြို့ကို ကျူးကျော်ဖို့အတွက်နဲ့ အခြားစစ်ဆင်ရေး အစီအစဥ်များအတွက် အစ္စရေးလ်တပ်တွေမှာ လက်နက်ခဲယမ်း အလုံအလောက်ရှိတယ်လို့ အစ္စရေးလ်စစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ အကြီးအကဲ ဒန်နီယယ်ဟာဂရီက ပြောပြခဲ့ပါတယ်။

 

#Source: Reuters