#Local_News
Published_10 May 2024


▪️ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ၂၀၂၄ခုနှစ် မေ(၂၃)မှဇွန်(၂) ရက်အထိသတ်မှတ်ထားကြောင်း ပညာရေး ဝန်ကြီးဌာနမှ သိရသည်။

 

▪️ (၅)နှစ်အရွယ်ကလေးများကို KGတန်းနှင့် ‌(၆)နှစ် အရွယ် ကလေးများကို Grade-1အတန်းသို့ အပ်နှံရမည်ဟုဆိုသည်။

 

▪️ ကျောင်းအပ်နှံရာတွင်အဆင်ပြေစေရန် ရည်ရွယ်ပြီး ကျောင်းအုပ်၊ ဆရာ၊ ဆရာမ၊ ဝန်ထမ်း၊အမှုထမ်း၊ အရာထမ်းများလိုက်နာရမည့်အချက်များကိုလည်း  ဝန်ကြီးဌာနမှ သတ်မှတ်ထုတ်ပြန်ထားသည်။

 

▪️ ကျောင်းအပ်လက်ခံရာတွင် ကျောင်းအပ်ခငွေကြေး၊ အခကြေးငွေမယူရန်၊ ငွေကြေးနှင့်လက် ဆောင်ပစ္စည်းမယူရန်၊ အတန်းတံဆိပ်၊ ကျောင်းတံဆိပ်အခြားမည်သည့်ပစ္စည်းမှ မရောင်းရန် သတ်မှတ်ထုတ်ပြန်ထားသည်။

 

▪️ ယင်းအပြင် ဂိမ်းစွဲလမ်းမှုမရှိအောင် နှင့်မူးယစ်ဆေးဝါး၊အရက်၊ဘီယာ၊ဆေးလိပ်၊ ကွမ်းယာများ  မသုံးစွဲအောင် မိဘ၊ ဆရာပူး‌ပေါင်းဆောင်ရွက်ရန်  လိုသည်ဟုဆိုသည်။

 

▪️ ကျန်းမာရေးဆိုင်ရာနှင့်ပတ်သက်၍ ကိုယ်အပူချိန်မြင့်ခြင်း၊ နှာစေး၊ ချောင်းဆိုးခြင်းဖြစ်ပါက ကျောင်း သိုမလာဘဲ နီးစပ်ရာ ဆေးရုံ၊ဆေးခန်း၌ကုသရန်နှင့် (၁၂)နှစ်ပြည့်ကျောင်းသား၊ကျောင်းသူများ ကိုဗစ်ကာကွယ်ဆေးထိုးနှံနိုင်ရန် သက်ဆိုင်ရာကျန်းမာရေးဌာနဖြင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယာဉ်အန္တရာယ်ကိုလည်း ဂရုစိုက်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

 

#tthl #Yangon_Times